ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက်နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 2 mins read
Share now

မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရ အနစ်နာခံရတာတွေကတော်တော်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ဘေဘီလေးကိုနို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ကာလအတွင်းမှာရောပေါ့။ နို့တိုက်မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ခေါင်းထဲကကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။ ဖျားမှ ခေါင်းကိုက်မှမဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီးချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကိုပြောပြပေးပါရစေနော်။

နို့တိုက်မေမေဘာဆေးမှသောက်လို့မရဘူးလား………..

နို့တိုက်မေမေတစ်ယောက်ဖြစ်နေတာကြောင့်ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက်ဘေးကင်းစိတ်ချရပါတယ်။ အကြောင်းကတော့သောက်လိုက်တဲ့ဆေးတွေက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကိုရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့်ဘေဘီလေးဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့်ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့်ပြောချင်တာက နို့တိုက်မေမေကဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီးဆေးမသောက်ဘဲ အတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။

နာကျင်ကိုက်ခဲတဲ့အခါ …..

နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ ပါရာစီတမောလောက်ကိုတော့ စိတ်ချလက်ချ သောက်လို့ရပါတယ်။ စွဲသောက်ဖို့တော့ မသင့်ပါဘူး။ တခြားဆေး သောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

သန်ထနေတယ်ဆိုရင်……..

နို့တိုက်မေမေတစ်ယောက် သန်ထနေတယ်ဆိုရင် သန်ချဆေးသောက်လို့ရပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ သန်ချဆေးဖြစ်ဖို့အတွက်ကတော့ ဆရာဝန်နဲ့သေချာလေးတိုင်ပင်ဖို့လိုပါမယ်။

ဖျားနာတဲ့အခါ……..

နို့တိုက်မေမေတွေလည်း အအေးမိဖျားနာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဖျားတာကိုဆေးမသောက်ဘဲမနေသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြိး အဖျားသက်သာစေဖို့ ဆေးသောက်ပေးလို့ရပါတယ်။

နှာစေး၊နှာပိတ်ဖြစ်တဲ့အခါ……

ရေနွေးငွေ့ရှုရှိုက်ပေးလို့ရပါတယ်။ နှာခေါင်းထဲကို ဆားရည်အစက်ချပေးလို့ရပါတယ်။ Nasal spray သုံးပေးလို့ရပါတယ်။pseudoephedrine ပါဝင်နေတဲ့ဆေးတွေက မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့် မသောက်သင့်ပါဘူး။

ချောင်းဆိုးတဲ့အခါ………

ချောင်းဆိုးတာက ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတာမျိုးရှိနိုင်ပါတယ်။ တကယ်လို့ ကုသမှုခံယူမှဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ချောင်းဆိုးသက်သာစေအောင် ဆေးသောက်လို့ရပါတယ်။ pseudoephedrine ပါဝင်နေတဲ့ဆေးတွေကိုတော့ မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်သလို ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့်ရှောင်ရပါမယ်။

လည်ချောင်းနာတဲ့အခါ……..

လည်ချောင်းနာတဲ့အခါamylmetacresol၊ dichlorobenzyl alcohol နဲ့ cetylpyridinium တို့ကို အသုံးပြုပေးလို့ရပါတယ်။ အိုင်အိုဒင်းပါတဲ့ဆေးတွေကိုတော့ မသုံးသင့်ပါဘူး။

နို့တိုက်မေမေ မသောက်သင့်တဲ့ဆေးဝါးတွေကဘာတွေများလဲ……..

နို့တိုက်မေမေတစ်ယောက်က အခြားသူတွေလိုမျိုးဆေးတိုင်းနဲ့တော့ မတည့်နိုင်ပါဘူး။ နို့တိုက်မေမေအနေနဲ့ရှောင်သင့်တဲ့ဆေးတွေက

  • ကင်ဆာရောဂါအတွက် သောက်သုံးရတဲ့ဆေးတွေ
  • နှလုံးရောဂါအတွက် သောက်သုံးရတဲ့ဆေးတွေ
  • စိတ်ကျရောဂါအတွက် သောက်ရတဲ့ဆေးတွေ
  • MRI Scan အတွက် ထိုးရတဲ့ဆေးတွေ
  • ဝက်ခြံနဲ့အရေပြားပြဿနာအတွက် သောက်သုံးရတဲ့ဆေးတွေ
  • ဆေးဖက်ဝင်တယ်ဆိုတဲ့ဆေးမြစ်တွေ၊အရွက်တွေက နို့တိုက်မေမေတွေနဲ့လုံးဝမသင့်တော်ပါဘူး။

ဒါကြောင့်ပြောချင်တာက နို့တိုက်မေမေတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်ဆိုပေမယ့် မတော်တဆဆိုတဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့် ဖျားနာတာမျိုး၊ နာမကျန်းမာတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ဆေးဝါးတွေသောက်သုံးပြီးဆေးကုသမှုခံယူဖို့ပြောပါရစေ။မေမေကျန်းမာမှဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့နော်……………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

အသားအရေ အာဟာရ Safflower အသားအရေကျန်းမာမှု ဟင်းချက်ဆီ ဝက်ခြံ ချွေးပေါက် ရောင်ရမ်းမှု ဆားဝက်ခြံ ပေါင်းတင် အုတ်ဂျုံ နေလောင်တာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း လေ့ကျင့်ခန်း ရေချိုး မနက်စာ ပင်ပန်းနေရတာ ဦးနှောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ညဘက် အိပ်ချိန် မမှန်တာ အိပ်ရာဝင်ချိန် ကွန်ပျူတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဘက်တီးရီးယား ကိုယ်ခံအားစနစ် အစာအိမ် အူလမ်းကြောင်း လေ့ကျင့်ခန်း ကျန်းမာရေး အားကစား ပိုးသတ်ဆေး ဘေးထွက်ဆိုးကျိုး ဖျားနာ အိပ်ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေး ဘေးထွက်ဆိုးကျိုး ဘက်တီးရီးယား ဗိုက်အောင့်ဗိုက်နာ ဖျားနာ နေလောင်ဒဏ် အရေပြား အစာအိမ် ဓာတ်မတည့် မိန်းမကိုယ် သွေးမတိတ် မှိုစွဲ အင်ပျဉ်ထ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 1 min read
အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 1 min read
ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read