အချင်းကပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

၂မိနစ်တိုင်း ၂မိနစ်တိုင်းမှာ ကိုယ်ဝန်ဆောင်ပြဿနာတွေကြောင့် အမျိုးသမီးတစ်ဦးဟာ သေဆုံးနေရပါတယ်။ ဒီလို မိခင်တွေသေဆုံးနေရခြင်းရဲ့ အဓိက ဦးဆောင်နေတဲ့ အကြောင်းရင်ေးတွကတော့ postpartum hemorrhage လို့ခေါ်တဲ့ မိခင်ရဲ့ မွေးလမ်းကြောင်းထဲက သွေးတွေ ဒလဟောဆင်းတာက ထိပ်ဆုံးကပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ အချင်းကပ်ကျန်နေခဲ့လို့ပါ။

အချင်းကပ်တယ်ဆိုတာ ဘာလဲ။

– ကလေးမွေးဖွားတဲ့ လုပ်ငန်းစဉ်မှာ အခြေခံအားဖြင့် အပိုင်း ၃ပိုင်းရှိပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အချင်းကျခြင်းဖြစ်ပေါ်ပါတယ်။ ဒီအချိန်မှာတော့ မိခင်ရဲ့ သားအိမ်က စပြီးညှစ်ပါတယ်။ အချင်းနဲ့ ဆဲလ်အမြှေးပါးတွေကို သူမရဲ့ ခန္ဓါကိုယ်အပြင်ဘကကို ထုတ်ပေးပါတယ်။ တကယ်လို့များ အချင်းနဲ့ အမြှေးပါးဟာ မွေးဖွားပြီး နာရီဝက်ကနေ မိနစ် ၆၀အတွင်းမှာမှ မိခင်ရဲ့ ဗိုက်အပြင်ကို မထွက်နိုင်ခဲ့ရင် ဒါကို အချင်းကပ်တယ်လို့ သတ်မှတ်ပါတယ်။

အချင်းကပ်ခြင်းဟာ မိန်းမကိုယ်ကနေ အကြာကြီးနဲ့ အများကြီး သွေးဆင်းတာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် ဒါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတစ်ခုပါပဲ။

အချင်းကပ်ခြင်းရဲ့ အကြောင်းရင်းများ

တကယ်လို့များ အမျိုးသမီးတစ်ယောက်က အချင်းကပ်နေတယ်ဆိုရင်တော့ ဒီအခြေခံအဆင့် ၃ဆင့်ထဲက တစ်ဆင့်ဆင့်မှာရှိနေလို့ပါ။

· Placenta Adherens ( Uterine Atony)

အားနည်းခြင်းကြောင့် ဒါမှမဟုတ် ညှစ်အားမရှိတော့ခြင်းကြောင့် အချင်းက ထွက်ကျမလာတော့တာပါ။

· အချင်းပိတ်နေခြင်း

အချင်းက ဗိုက်ထဲကနေ ကွာကျလာခဲ့တာတောင်မှ မိခင်ရဲ့ တစ်ဝက်လောက်ပိတ်နေတဲ့ သားအိမ်ခေါင်းကြောင့် အပြင်ကို ထွက်ကျမလာတော့တဲ့အခါ

· Adherent placenta

ဒီအချင်းဟာ သားအိမ်နံရံအတွင်းထဲထိဝင်နေတာမျိုးပါ။ ဒါကြောင့် သူ့ကို ပုံမှန်ညှစ်ထုတ်ရုံနဲ့ ခွဲခြားလို့မရပါဘူး။ ဒီအခြေအနေမှာတော့ အမျိုးအစား ၃မျိုးခွဲခြားလို့ရပါတယ်။ Placenta accreta, placenta increta, နဲ့ placenta percreta ဆိုပြီး အချင်းရဲ့အခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။

အချင်းကပ်ခြင်းကို ဘယ်လိုလူမျိုးတွေမှာ ပိုပြီးတွေ့ရသလဲ။

– အသက် ၃၀နှစ်နဲ့ အထက် အမျိုးသမီးတွေ

– မွေးဖွားခြင်း အဆင့် ၁ နဲ့ ၂ မှာ သာမန်ထက် ပိုကြာကြာခံစားခဲ့ကြရတဲ့ အမျိုးသမီးတွေ

– ကလေးအသေမွေးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ရက်မစေ့ခင် မွေးဖွားတဲ့ အမျိုးသမီးတွေ

– ပထမတစ်ကြိမ်ခွဲမွေးထားတဲ့ အမျိုးသမီးတွေ ပိုပိုခွဲထားလေလေ အချင်းကပ်နိုင်ချေ ပိုများလေလေပါပဲ။

– Placenta previa ကိုခံစားနေရတဲ့ အမျိုးသမီးတွေ ( အချင်းဟာ ဝမ်းအောက်ပိုင်းမှာတည်ရှိနေတာမျိုး ဒါမှမဟုတ် သားအိမ်ခေါင်းက အပြည့်အဝပိတ်ဆို့နေတာမျိုး)

အချင်းကပ်ခြင်းအတွက် ကုသမှုများ

တကယ်လို့များ မိခင်ရဲ့ အချင်းက ကလေးမွေးဖွားတဲ့ အဆင့် (၃)ဆင့်မြောက်မှာတောင် မကျလာသေးရင် သူမရဲ့ဝမ်းဆွဲက ညှစ်အားပိုကောင်းစေဖို့ ဆေးတွေထိုးပေးနိုင်ပါတယ်။ တကယ်လို့များ ဒီအခြေအနေတွေ ဆက်ဖြစ်လာယ်ဆိုရင် မေ့ဆေးကုသမှုခံယူရမှာဖြစ်ပြီး ဆရာဝန်က သူမ သားအိမ်ထဲ လက်နှိုက်လို့ အချင်းကိုဆွဲထုတ်ရမှာပါ။ ရောင်ရမ်းခြင်းနဲ့ ပုံမှန်ညှစ်နေတာတွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပဋိဇီဝဆေးတွေကိုပါ ဒီကိစ္စတွေအပြီးမှာ သောက်သုံးရနိုင်ပါတယ်။

မွေးဖွားပြီးစဉ်မှာ အချင်းကပ်နေရင် တွေ့ရမယ့် လက္ခဏာများ

အချင်းကို ခွာထုတ်ပြီးတာတောင်မှ သားအိမ်တွင်းမှာ အချင်းအစတွေ ကပ်ကျန်နေတတ်ပါသေးတယ်။ ဒီလိုပြဿနာအများစုမှာတော့ စိုးရိမ်စရာမလိုဘဲ ရက်အနည်းငယ်အတွင်းမှာ အစလေးတွေ ပြန်ထွက်လာနိုင်ပါတယ်။

ဒီအချိန်အတွင်းမှာတော့ မိခင်ဟာ ဗိုက်နာမှု အနည်းအကျဉ်းကို ခံစားရနိုင်ပေမယ့် အောက်ပါ လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်သို့မဟုတ် သားဖွားဆရာမကို ချက်ချင်းဆက်သွယ်ပါ။

– အဖျားတက်ခြင်း

– ပြင်းပြင်းထန်ထန်ညှစ်ခြင်းကြောင့် ဗိုက်ပြင်းပြင်းထန်ထန် နာကျင်ခြင်း

– မိန်းမကိုယ်မှ သွေးထွက်ခြင်း

– မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

– နို့မထွက်ခြင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    အချင်းကပ်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. K Zin Thwe
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 2 mins read
    Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း)

    Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Hlaing Min Ko Ko
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2017 . 4 mins read