ဘာကြောင့်တရားဝင်ကလေးဖျက်ချခြင်းကမီးဖွားခြင်းထက်ပိုဘေးကင်းတယ်ပြောရသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 17, 2018
Share now

တရားဝင်ကလေးဖျက်ချခြင်းအန္တရာယ်များ

တရားဝင်ကလေးဖျက်ချခြင်းကြောင့် အမျိုးသမီးတစ်ယောက်မှာ ဖြစ်လာနိုင်တဲ့အန္တရာယ်အများအပြားရှိပါတယ်။ အဲ့ဒါတွေကတော့-

သားအိမ်ပိုးဝင်ခြင်း

ကိုယ်ဝန်ဖျက်ချခြင်း ၁၀ ခုမှာ ၁ ခုလောက်တော့ အမြဲသားအိမ်ပိုးဝင်ပါတယ်။ ပဋဇီဝပိုးသတ်ဆေးဖြင့်ကုသရတယ်။

ကိုယ်ဝန်ဆောင်ခြင်းအစိတ်အပိုင်းများကျန်ခဲ့ခြင်း

ကိုယ်ဝန်ဖျက်ချပြီးတဲ့အခါ ကိုယ်ဝန်ဆောင်စဉ်က တချို့သောအစိတ်အပိုင်းများ လုံးဝအစင်ဖယ်မပစ်နိုင်တာမျိုး ရှိနိုင်ပါတယ်။ ထိုအခြေအနေမျိုးဆိုရင်တော့ ဆက်လက်ပြီးကုသမှုခံယူရပါမယ်။ ကလေးဖျက်ချခြင်း အခါ ၂၀ မှာ တစ်ခုလောက်တော့ ထိုအခြေအနေမျိုးဖြစ်တတ်တယ်။

သားအိမ်ခေါင်းထိခိုက်ခြင်း

သားအိမ်အဝင်ဝဖြစ်တဲ့ သားအိမ်ခေါင်းထိခိုက်ခြင်းဟာ ကိုယ်ဝန်ဖျက်ချခြင်း အခါ ၁၀၀ မှာ ၁ ခါရှိပါတယ်။

သားအိမ်ထိခိုက်ခြင်း

တရားဝင်ခွဲစိတ်ကလေးဖျက်ခြင်းအခါ ၁၀၀၀ မှာ ၂၅၀ သားအိမ်ထိခိုက်ခြင်းရှိတယ်။

သွေးထွက်လွန်ခြင်း

ကိုယ်ဝန်ဖျက်ချခြင်းအခါ ၁၀၀၀ မှာ တစ်ခါဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ သွေးသွင်းဖို့လိုလိမ့်မယ်။

မီးဖွားခြင်းရဲ့အန္တရာယ်များ

မီးဖွားခြင်းရဲ့အန္တရာယ်တွေကတော့-

မွေးဖွားချိန်ကြာမြင့်ခြင်း

သားဦးမိခင်တွေဟာ ဒီအခြေအနေကြုံတွေ့ရတတ်ပါတယ်။ ထိုအခြေအနေဟာ မိခင်ရောကလေးပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကလေးအနေအထားမမှန်ခြင်း

ကလေးအနေအထား မွေးဖွားရန်ခက်ခဲနေခြင်းဖြစ်တယ်။

ချက်ကြိုးကျွံခြင်း၊ ချက်ကြိုးတွင်းသွေးမစီးနိုင်ခြင်း

ချက်ကြိုးမှာဖြစ်တတ်တဲ့မူမမှန်ခြင်းတွေဖြစ်တယ်။

ဘာကြောင့်တရားဝင်ကလေးဖျက်ချခြင်းကမီးဖွားခြင်းထက်အန္တရာယ်နည်းရသလဲ

တရားဝင်ကလေးဖျက်ချခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ နာကျင်စေတဲ့ အတေ့ွအကြုံတစ်ခုပါ။ ဒါပေမယ့် အံ့သြစရာကောင်းအောင်ပဲ သုတေသနတွေက တရားဝင်ကလေးဖျက်ခြင်းက မီးဖွားခြင်းထက် ပိုအန္တရာယ်နည်းတယ်ဆိုပါတယ်။

ကလေးမီးဖွားခြင်းနဲ့ တရားဝင်ကလေးဖျက်ချခြင်းကြောင့်ရနိုင်တဲ့ ဘေးအန္တရာယ်တွေကို သားဖွားမီးယပ်ပညာက လေ့လာခဲ့ပါတယ်။ လေ့လာမှုတွေအရ မီးဖွားခြင်းနေစဉ် သို့ မီးဖွားအပြီးမှာ မီးဖွားခြင်းကြောင့်သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ဟာ ကလေးဖျက်ချခြင်းကြောင့်ရတဲ့ အန္တရာယ်ထက် ၁၄ ဆများတယ်ဆိုပါတယ်။

လေ့လာမှုတွေအရ ၁၉၉၈ နဲ့ ၂၀၀၅ ခုနှစ်ကြားကာလတွေမှာ ၁၁၀၀၀ သောကလေးများမွေးဖွားခြင်းနဲ့အတူ မိခင်တစ်ယောက် သေဆုံးနေပါတယ်။ ထိုအချိန်မှာ တရားဝင်ဆရာဝန်နဲ့ ကလေးဖျက်ချခြင်း ၁၆၇၀၀၀ အကြိမ်မှာသာ မိခင်တစ်ယောက်သေပါတယ်။ အဓိကအကြောင်းအရင်းကတော့ ကိုယ်ဝန်ဆောင်ခြင်းဟာ ၉ လတာကြာမြင့်ပါတယ်။ ထိုရှည်လျားတဲ့ကာလအတွင်းမှာ မမျှော်လင့်တဲ့နောက်ဆက်တွဲပြဿနာတွေများစွာဖြစ်နိုင်ပါတယ်။ ချီကာကိုမှာရှိတဲ့ အီလီနွိုက်တက္ကသိုလ်က သားဖွားမီးယပ်ဆရာဝန် Bryna Harwood ကတော့ တရားဝင်ကိုယ်ဝန်ဖျက်ခြင်းဟာဘေးကင်းတယ်လို့ဆိုပါတယ်။ ခုနောက်ပိုင်းမှာပြုလုပ်လာကြတဲ့ ဆေးဝါးဖြင့် သို့ ခွဲစိတ်မှုဖြင့် ကလေးဖျက်ချခြင်းတွေဟာ နှစ်မျိုးစလုံးဘေးကင်းတယ်ဆိုတယ်။ နောက်ဆက်တွဲရောဂါပြဿနာဖြစ်နိုင်ပေမယ့် အမတန်သေးငယ်ပြီး ခွဲစိတ်ဖျက်ခြင်းကတော့ ရောဂါပိုးဝင်နိုင်ချေရှိကာ ဆေးဝါးဖြင့်ဖျက်ခြင်းကတော့ ဆေးဓါတ်ပြုခြင်းတွေဖြစ်နိုင်တယ် ဆိုပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေ ဘာတွေဂရုစိုက်ရမလဲ

ကိုယ်ဝန်ပျက်ကျ မိခင်ကျန်းမာရေး ရင်သွေးဆုံးရှုံးခြင်း ကိုယ်ဝန် ကိုယ်ဝန်ဆောင်ခြင်း ဘေးထွက်ဆိုးကျိုး မိခင်လောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အိပ်ရေးပျက်ခံ၊ အလုပ်လုပ်တတ်တဲ့ ကိုယ်ဝန်ဆောင် တွေ ပျက်ကျနိုင်ခြေပိုများ

ကိုယ်ဝန်ဆောင် မိခင်လောင်း မိခင်ကျန်းမာရေး ကိုယ်ဝန်ဆောင်ချိန် ကလေးဖွံ့ဖြိုးမှု ကိုယ်ဝန် ကိုယ်ဝန်ပျက်ကျခြင်း ကလေးကျန်းမာရေး အလုပ်လုပ်ခြင်း အိပ်ရေးပျက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

ကလေး လေဒီ ကလေးယူ ကိုယ်ဝန်ရ ကိုယ်ဝန်ဆောင် ပြင်ဆင်ခြင်း မိခင်ကျန်းမာရေး အမျိုးသမီးကျန်းမာရေး ခန္ဓာကိုယ်ကြံ့ခိုင်မှု အာဟာရဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ

နို့နာ မိခင်နို့ နို့တိုက်ခြင်း ကလေးအာဟာရ နို့ကြောင်းပိတ်ခြင်း မိခင်ကျန်းမာရေး နို့တိုက်မိခင် မိခင်နို့ရည် သိထားသင့်တဲ့အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
မိခင်ကျန်းမာရေး ဒီဇင်ဘာ 30, 2019

သင့်အတွက် ရွေးချယ်ထားသည်

မဖြစ်မနေ ကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်

မဖြစ်မနေကျော်လွှားရမယ့် မေမေတို့ရဲ့ စိတ်ဓာတ်ကျ ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 21, 2020

ဗိုက်ခွဲမွေးထားတဲ့ မေမေတွေနဲ့ နောက်ဆက်တွဲ ခါးနာခြင်းဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2020
ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2020
ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် က နာတာ စိုးရိမ်ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 31, 2020