ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ နို့ချိုတိုက်ကျွေးနေချိန်မှာလည်း စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုမှာပါ။ ဒါ့အပြင်ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့လည်း စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ ခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်တာကြောင့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် စားသောက်မှုပုံစံကိုသေချာလေးဂရုစိုက်ဖို့လိုမှာပါ။