ကမ္ဘာတစ်ဝှမ်းရှိ ကလေး၁၀၀၀ခန့်မှာ တစ်ယောက်ဟာ ဦးခေါင်းခွံမပါဘဲ မွေးလာခြင်း၊ ကျောရိုးနှစ်ခွဖြစ်ခြင်းစတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာတတ်ကြပါတယ်။ လေ့လာချက်များစွာအရ ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မွေးရာပါချို့ယွင်းချက်တွေရှိတဲ့ ကလေးများကို မွေးနိုင်ချေနည်းပါးတယ်လို့ သိရှိရပါတယ်။