ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

ကိုယ်ဝန်ဆောင်စဉ်အချိန်တွင် သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ပုံမှန်အချိန်ထက် ရေဓါတ်ပိုမိုလိုအပ်ပါတယ်။ ဗိုက်ထဲက ကလေးကရေမသောက်နိုင်တဲ့အတွက် မိခင်ကရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

ရေဓါတ်ခန်းခြောက်တာကိုဘယ်လိုသိနိုင်မလဲ။

ခန္ဓါကိုယ်အပူချိန်တက်လာခြင်းက ရေဓါတ်နည်းနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပဲပေါ့။ သင့်ခန္ဓါကိုယ်မှာရေဓါတ် ပြည့်ဝနေရင် ခန္ဓါကိုယ်အပူချိန်ကို ကောင်းမွန်စွာထိန်းညှိထားနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆီးအရောင်ဟာ အဝါရောင်ရင့်ရင့်ပြောင်းလာပြီဆိုရင် သင်ရေများများသောက်ဖို့လိုပြီဆိုတာသိလိုက်ပါ။ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အခြားသော လက္ခဏာ တွေကတော့

  • အာခြောက်ပြီးစေးကပ်နေခြင်း
  • မကြာခဏရေငတ်ခြင်း
  • နုံးချိနေခြင်း
  • ဆီးသွားနည်းခြင်း
  • ခေါက်ကိုက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးနောက်ခြင်း

အထက်ပါ လက္ခဏာ တွေအပြင် ရေဓါတ်ခန်းခြောက်ခြင်း အလွန်အမင်းဆိုးရွားလျှင်

  • စိတ်ဂနာမငြိမ်ဖြစ်ခြင်း
  • သတိလစ်ချင်သလိုဖြစ်ခြင်း
  • ဆီးအလွန်နည်းခြင်း သို့မဟုတ် လုံးဝဆီးမသွားခြင်း
  • မျက်တွင်းချိုင့်ဝင်နေခြင်း
  • အသက်ရှူနှုန်းမြန်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • သွေးပေါင်ချိန်ကျဆင်းခြင်း

ဘာကြောင့် ရေဓါတ်ခန်းခြောက်ရတာလဲ။

ခန္ဓါကိုယ်မှအသုံးပြုနေသော ရေပမာဏ ထက် သောက်သုံးသောရေပမာဏက နည်းသောအခါ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ အာဟာရ အဓိကပံ့ပိုးပေးတဲ့ အချင်းဖြစ်ပေါ်မှု အတွက် ရေဓါတ်များစွာလိုအပ်ပါတယ်။ ရေဓါတ်ခန်းခြောက်ရခြင်းရဲ့ အဓိကဖြစ်စေသော အကြောင်းရင်းများမှာ –

  • လေ့ကျင့်ခန်း လုပ်ဆောင်မှု့များခြင်း
  • အလွန်အမင်း ဝမ်းလျှောခြင်း
  • အန်ခြင်း
  • အဖျားတက်ခြင်း
  • ချွေးထွက်လွန်ခြင်း
  • ရေသောက်သုံးမှု နည်းခြင်း တို့ဖြစ်ပါတယ်။

ရေဓါတ်ခန်းခြောက်ခြင်း က ကိုယ်ဝန်အပေါ်ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ။

ရေဓါတ်ခန်းခြောက်ခြင်း ကြောင့် အောက်ပါဆိုးကျိုးများဖြစ်ပွားစေနိုင်ပါတယ်။

  • ကလေး၏ အာရုံကြောဆိုင်ရာ ချို့ယွင်းမှု့
  • ရေမြွှာရည် နည်းပါးခြင်း
  • လမစေ့ မွေးဖွားခြင်း
  • နို့ထွက်နည်းခြင်း
  • မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း

ရေဓါတ်ခန်းခြောက်ခြင်း မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

သေချာတာကတော့ ရေနှင့် အခြားအရည်များများ သောက်သုံးဖို့လိုအပ်ပါတယ်။ ကဖင်းဓါတ်ပါဝင်သော ပစ္စည်းများ စားသုံးမှုကိုလည်းလျှော့ချဖို့လိုပါတယ်။ ကဖင်းဓါတ်က ဆီးသွားများစေတဲ့အတွက် ရေဓါတ်ဆုံးရှုံးမှုကိုများစေနိုင်ပါ တယ်။ ချွေးထွက်လွန်ခြင်း မဖြစ်အောင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းနှင့် ပူပြင်းတဲ့ရာသီမှာ အပြင်ထွက်တာ ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ဘယ်နေရာကိုသွားသွား အပြင်သွားတိုင်း ရေတစ်ဘူးအမြဲဆောင်သွားပါ။ တစ်နေ့ရေ မည်သည့် ပမာဏလောက် သောက်ဖြစ်တယ်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ နေ့စဉ် အနည်းဆုံး ရေ ၁၂ ဖန်ခွက် သောက်ဖို့လိုအပ်ပါတယ်။

အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေရင်တော့ အစားစားနေရင်းရေမသောက်ဘဲ အချိန်အနည်းငယ်ခြားပြီးမှသောက် ပါ။ မနက်ပိုင်း ပျို့အန်တာ အလွန်ဆိုးရွားလျှင် ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI ဘယ်ဟာကို ရွေးကြမလဲ ။ ။

    CT တို့ MRI တို့ဆိုတာ ခုနောက်ပိုင် းအရမ်းကို ခေတ်စားပြီး အသုံးဝင်တဲ့ပုံရိပ်ဖော် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    နွေရာသီမှာ ရေဓါတ်ခန်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်မယ်

    ခုရက်ပိုင်း ရာသီဥတုက အရမ်းပူတယ်နော်။ ဒီလိုမျိုး ရာသီဥတုပူပြီဆိုရင် လူတော်တော်များများ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ကိုယ်ဝန်ဆောင်ချိန် တီဘီဆေးသောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား ။ ။

    တီဘီရောဂါဆိုတာ လေထဲကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ကိုယ့်နားမှာ ဆေးသေချာကုမထားတဲ့တီဘီရောဂါသည်ရှိနေပြီဆိုရင် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

    Ultrasound ( အာထရာဆောင်း ) ဆိုတာဘာလဲ ။ ။ Ultrasound ဆိုတာ သူ့နာမည်အတိုင်းပဲ ultra အဆင့်မြင့်နည်းပညာနဲ့ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    သင့်အတွက် ရွေးချယ်ထားသည်

    ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

    ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
    Immune thrombocytopenia (ITP) ကြောက်စရာကောင်းတဲ့ သွေးရောဂါတစ်မျိုး ။ ။

    Immune thrombocytopenia (ITP) ကြောက်စရာကောင်းတဲ့ သွေးရောဂါတစ်မျိုး ။ ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2019 . 2 mins read
    Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

    Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 5, 2019 . 2 mins read
    အီဘိုလာ (Ebola) ဆိုသည်မှာ

    အီဘိုလာ (Ebola) ဆိုသည်မှာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2019 . 2 mins read