ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာပြီး ညီညွတ်မျှတတဲ့အစာအာဟာရကိုစားသုံးခြင်းက မိခင်လောင်းနဲ့ သန္ဓေသားကို အကာအကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးကိုပဲအားထားသောက်ကြတယ် ဆိုပေမယ့်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလိုအပ်တဲ့ အာဟာရဓာတ်ပေါင်းစုံကို ရရှိစေဖို့ အစားအစာရွေးချယ်မှုမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။