ကိုယ်ဝန်ဆောင်စဉ် အသားပြား စတိခ့် (steak) စားရန်အတွက် လမ်းညွှန်မှုများ

    ကိုယ်ဝန်ဆောင်စဉ် အသားပြား စတိခ့် (steak) စားရန်အတွက် လမ်းညွှန်မှုများ

    ပရိုတိန်းဟာ ဖွံ့ဖြိုးမှုနဲ့ကြီးထွားမှုအတွက် အရေးပါတဲ့အာဟာရဓါတ်တစ်မျိုးပါ။ ပရိုတိန်းကို ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို တည်ဆောက်ပြုပြင်ဖို့ နဲ့စွမ်းအင်အတွက် လိုအပ်ပါတယ်။ အထူးသဖြင့် ဦးနှောက်၊ ကြွက်သားနဲ့ သွေးတွေအတွက်ပါ။ ဒါပေမယ့် အချို့သော ပရိုတိန်းရင်းမြစ်တွေကို ကိုယ်ဝန်ဆောင်နေစဉ် မစားဖို့နဲ့ လက်လျှော့လိုက်ရဖို့ရှိပါတယ်။ ဒီအရာတွေက သင့်ကလေးကို အန္တရာယ်ပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ် အသားစားရင် ဘာတွေကို စိုးရိမ်နေရမလဲ။

    အသားဟာ ပရိုတိန်းဓါတ်ရော သံဓါတ်ပါကြွယ်ဝပါတယ်။ အမဲသားမှာ ဝက်သား သို့မဟုတ် ကြက်သားတွေထက် သံဓါတ်အမြင့်ဆုံးပါဝင်ပါတယ်။

    အသားကင် အသားပြား စတိခ့် (steak)ကို လုံးဝကျက်နေအောင်ချက်ထားပြီး ပန်းရောင်သို့မဟုတ်သွေးတွေမကျန်တော့သည်ထိ အရည်တွေခြောက်ခမ်းသွားအောင်ချက်ထားမယ်ဆိုရင်တော့ စိတ်ချလက်ချစားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အနီရောင်အမဲသားမှာ Listeria (လစ်စတီးရီးယား) ဘက်တီးရီးယားတွေပါဝင်လို့ပါ။ ဒီအခြေအနေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အလွန်ကို အန္တရာယ်များပါတယ်။

    Listeria (လစ်စတီးရီးယား) ဟာ Listeriosis (ပြင်းထန်အစာအဆိပ်သင့်ပုံစံတစ်မျိုး) လို့ခေါ်တဲ့ အခြေအနေကိုဖြစ်ပေါ်စေပါတယ်။ လူအများစုကတော့ Listeria (လစ်စတီးရီးယား) ပါဝင်တဲ့အစာတွေကို စားမိလည်း နေမကောင်းဖြစ်ခဲကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အခြားလူတွေနဲ့ယှဉ်လိုက်ရင် Listeriosis ဖြစ်နိုင်ချေပိုများပြီး ဒီအခြေအနေကြောင့်ပဲ အန္တရာယ်ကြီးတဲ့ နေမကောင်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေချိန်မှာ Listeriosis ကို ကလေးငယ်ဆီကိုလည်း ပြန့်ပွားစေနိုင်ပါတယ်။ ဒါတွေဟာ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်တဲ့ကလေးမွေးဖွားခြင်းနဲ့ သွေးထဲဘက်တီးရီးယားဝင်ခြင်းလို အသက်အန္တရာယ်ပေးနိုင်တဲ့ ပိုးဝင်ခြင်းတွေ နဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

    အသားဟာ စိတ်ချရတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။

    အသားကျက်မကျက်သိနိုင်တဲ့ နည်းလမ်း ၃ခုရှိပါတယ်။

    • စားစရာတွေကို သန့်သန့်ရှင်းရှင်းပြင်ဆင်ပါ။ အစာတွေမကိုင်ခင်နဲ့ကိုင်ပြီးချိန်တွေမှာ လက်ကိုသေချာဆေးကြောပါ။
    • လုံခြုံစွာသိမ်းဆည်းပါ။ ရေခဲသေတ္တာရဲ့ အပူချိန် ကို ၄၀ ဒီဂရီ ဖာရင်ဟိုက် (၄ ဒီဂရီ ဆဲလ်စီးရပ်စ်) နဲ့ အောက်မှာ ထားပါ။
    • ဘေးကင်းအောင်ချက်ပါ။ စားစရာတိုင်းတဲ့ သာမိုမီတာ (food thermometer)ကိုအသုံးပြုပါ။ သင်ကကြည့်ရုံနဲ့ ကျက်မကျက်သိနိုင်မှာ မဟုတ်ဘူးလေ။ အမဲသားကို ၁၄၅ ဒီဂရီဖာရင်ဟိုက်ထိချက်ပါ။ သာမိုမီတာမရှိဘူးဆိုရင် အသားရဲ့အလယ်မှာ ပန်းရောင်လုံးဝမရှိတော့သည်ထိချက်ပါ။

    အစာကြောင့်ဖြစ်တဲ့ နေမကောင်း ထိုင်မသာဖြစ်မှုတွေ ကိုဖြစ်စေနိုင်တဲ့ အခြားသော စားစရာတွေထဲမှာ ဆူရှီ၊ မကျက်တကျက်အသားတွေနဲ့ ကြက်ဥအစိမ်းတွေ မရောနိစ့်တွေ သေချာပေါက်ပါဝင်ပါတယ်။ သင်ဘာစားမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပါစေ။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်အတွက်ပဲသင်စားနေတာမဟုတ်ပါဘူး။ အသက်၂ သက်စာ စားနေရတာမို့ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    What’s not safe to eat in pregnancy?, http://www.babycentre.co.uk/x568574/whats-not- safe-to-eat-in- pregnancy.

    Accessed August 21, 2016.

    Is it safe to eat meat while pregnant?, http://www.babycenter.com/0_is-it- safe-to- eat-meat- while-pregnant_10415140.bc.

    Accessed August 21, 2016.

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။