ကိုယ်ဝန်ဆောင်ကာလ

ဂုဏ်ယူပါတယ်။ သင်ဘဝထဲကို ဘေဘီလေး ရောက်ရှိနေပါပြီ။ ဒီအချိန်မှာ စိုးရိမ်တာ၊ စိတ်ပူတာတွေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတွေပါ။ ဒါပေမယ့် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလတလျှောက် ကျွန်ုပ်တို့က သင်နဲ့အတူ ရှိနေပေးမှာပါ။ ကိုယ်ဝန်ဆောင် အပတ်စဉ်လိုက် ဖွံ့ဖြိုးမှုတွေကို ဒီနေရာမှာ ကိုယ်တိုင် ဝင်ရောက်လေ့လာလိုက်ပါ။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစားအသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။ ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ […]

ကိုယ်ဝန်ဆောင်ကာလ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ဆောင်ကာလ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ!

ကိုယ်ဝန်ဆောင်ချိန်ဆိုတာက နည်းနည်းလေးမှာ အတိမ်းအစောင်း မခံတဲ့ ကာလပေါ့။ ဒီလို အစစအရာရာ အမှားမခံနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ကိုယ်ဝန်ဆောင်ချိန်ဆိုတာက အမျိုးသမီး တစ်ယောက်အဖို့ အတော်လေး ဂရုစိုက်ရတဲ့ ကာလဖြစ်သလို များစွာသော အပြောင်းအလဲတွေကို တွေ့ကြုံခံစားရတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဒီလို တွေ့ကြုံရတဲ့ အပြောင်းအလဲတွေက ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေကို တွေ့ကြုံရတာပါ။  ဒီလို တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေထဲမှာ စားသောက်မှုပုံစံ ပြောင်းလဲတာမျိုး ရှိသလို ဝမ်းချုပ်တာ၊ အိပ်စက်မှု အလေ့အထ ပြောင်းလဲတာ၊ အသားအရေ ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအချက်တွေအပြင် ဝမ်းအမည်းရောင်တွေ သွားတာမျိုးက ဘာကြောင့် ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/digestive-health/other-digestive-health-issues/bloody-or-tarry-stools/ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ!

ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ! ကိုယ်ဝန်ဆောင်မေမေ လေတအေ့အေ့ တက်နေရတာက အစာအိမ်ထဲမှာ လေတွေ ရှိနေတာကြောင့်ပါ။ ဒါကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အစာခြေစနစ် အခြေအနေ တစ်ရပ်လို့ပဲ ဆိုရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာ၊ အစာကြေခဲတာတွေအပြင် လေအောင့်တာ လေချဉ်တက်တာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။  လေတက်တာကတော့ ကိုယ်ဝန်ဆောင်မေမေတွေမှာမှာ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း လေတအေ့အေ့ တက်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက အူထဲမှာ လေတွေဖြစ်နေပြီး လေတွေက အစာခြေစနစ်ထဲမှာ လှည့်လည်ရင်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။ အူလမ်းကြောင်းထဲမှာ လေတွေ အများကြီး ဖြစ်လာရတာကြောင့်လည်း လေတအေ့အေ့တက်တာကို ဖြစ်စေတာပါ။ ဒီလို အစာခြေစနစ်ထဲမှာ လေတွေ ရှိနေတာက လေတက်စေတာအပြင် ဗိုက်အောင့်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-senna-buds-eat-during-pregnancy/ ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ ဘာကြောင့်လဲ! ကိုယ်ဝန်ဆောင်မေမေ လေခဏခဏတက်နေရတာ က […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းလပြည့်နေ့နဲ့ တွဲပြီးမြင်လေ့ရှိတဲ့ အစားအစာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ မယ်ဇလီဖူးပါ။ မယ်ဇလီဖူးက ဆေးပေါင်းခတယ်။ ဆေးဖက်ဝင်တယ်ဆိုတော့ ကိုယ်ဝန်ဆောင်မေမေတွေရော ဆေးဖက်ဝင် အောင် ဆေးပေါင်းခမယ့် တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်လေး စားလို့ ရမလားဆိုတာကို တွေးနေပြီလား! ဒါဆိုရင်တော့ မယ်ဇလီဖူးကို မစားခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ပါဦးနော်။ မယ်ဇလီဖူး ဆိုတာက မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးလေ့ ရှိပါတယ်။  https://hellosayarwon.com/healthy-eating/nutrition-facts/senna-health-benefits/ မယ်ဇလီဖူးမှာ ဘာတွေပါလဲ! ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ ကလိုရိုဖီး ကယ်လ်ဆီယမ် သံဓာတ် နီကာဆင် ဘိုင်အိုတင် ဖောလစ်အက်ဆစ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် ပိုတက်ဆီယမ် ​ဗီတာမင် […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာကို ပြောနေစရာတောင် မလိုအောင် အားလုံး သိထားပြီးဖြစ်မှာပါ။ ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါပါတယ်။ ဒီလို အာဟာရပြည့်ဝစေဖို့လို့ ပြောလိုက်ရင် မေမေတော်တော်များများ ပြေးမြင်တာက ကိုယ်ဝန်ဆောင် ဗီတာမင်လို့ လူသိများတဲ့ ဖောလစ်အက်ဆစ်ကိုပါ။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်ကို မှီဝဲဖို့ လိုသလို အခြားအာဟာရတွေကို ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်လေး တစ်ခုဖြစ်တဲ့ ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/pregnancy/being-pregnant/all-about-being-pregnant/ ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ ကယ်လ်ဆီယမ်ကို တော်တော်များများ တွဲသိထားမိနိုင်တာက အရိုးနဲ့ သွားတွေကို […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ

တရားထိုင်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာပါ အမျိုးမျိုးသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုပြီး သီချင်နေပြီလား! မေမေတို့ရေ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။ ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပြီး ကိုယ်ဝန်ဆောင်မေမေကို စိတ်ပိုင်းဆိုင်ရာ အရလည်း အနားရစေနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲ ဖြစ်စေပြီး  စိတ်ခံစားမှု အတက်အကျ မြန်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာမျိုးကို ခံစားရစေနိုင်ပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိုးရိမ်စိတ် များတာကိုလည်း ပြေလျော့စေနိုင်တာပေါ့။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eating-potatoes-during-pregnancy/ တရားထိုင်တယ် ဆိုတာ တရားထိုင်တယ်ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ

ကိုယ်ဝန်ပျက်ကျ ဒါမှမဟုတ် ဖျက်ချထားတဲ့ အမျိုးသမီးတွေက ဆီးပြန်စစ်ကြည့်တဲ့အခါ နှစ်ကြောင်းပေါ် နေတာကို သတိထားမိကြပါတယ်။ ဒီအခါမှာ သူတို့ရဲ့ ကိုယ်ဝန်က တကယ်ရော ပျက်ကျတာ ဟုတ်ရဲ့လား။  အထဲမှာ တစ်ခုခုများ ဖြစ်နေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သူတို့မေးကြတာကတော့ ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ ဆိုတာပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းဆိုတာ hCGလို့ ခေါ်တဲ့ Human chorionic gonadotropin ကို ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ အလွယ်ခေါ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေ ထွက်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်အပြင် တခြား အခြေအနေတွေမှာလည်း ထွက်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်လို့ ယူဆရင်တော့ hCGကို စစ်ပြီး ရှိမရှိ ပြောလေ့ရှိပါတယ်။ အိမ်သုံး ဆီးစစ်တံနဲ့ ကိုယ်ဝန်စစ်တယ်ဆိုတာကလည်း ဆီးထဲက hCGကို စစ်တာ ဖြစ်ပါတယ်။ hCGက ဆီးထဲမှာရော သွေးထဲမှာပါ ရှိပါတယ်။ […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင်

ပြုတ်ပဲ စားစား၊ အားလူးကို ပြုတ်လို့ ထောင်း ဆီဆမ်းပြီး နယ်စားစား၊ ကင်စားစား၊ ဟော့ပေါ့၊ စွပ်ပြုတ်တို့ထဲ ထည့်စားစား၊ ကြော်စားစား စားလို့ ကောင်းတဲ့ အာလူးကို စားချင်ပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေလို့ စားလို့ ရပါ့မလားဆိုပြီး စိတ်ပူနေတဲ့ လေဒီဗိုက်လေးတွေ ရှိလား ...... ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိစေမလဲဆိုတာကို သေချာ သိရှိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အာလူး ဆိုတာ အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင်

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာစေတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားသုံးပေးတာက မည်သူ့ကိုမဆို အချိန်တိုင်းမှာ ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီလိုပါပဲ အစစအရာရာ ဂရုစိုက်ဖို့ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးလို့ ရမလား။ ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို အခုတစ်ခေါက် ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/prenatal-massage-benefits/ ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။ အရိုးတွေကို သန်မာစေတယ်  အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကယ်လ်ဆီယမ် ပြည့်ဝသလို အမျှင်ဓာတ်နဲ့ အမျိုးမျိုးသော ဗီတာမင်တွေလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကပဲ […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ

မျောက်ငိုသီးကို အရင်ကတော့ သိသူ နည်းပေမယ့် အခုနောက်ပိုင်းတော့ အွန်လိုင်းက တဆင့်ရောင်းချမှုတွေ၊ ဟင်းချက်နည်း ဗီဒီယိုတွေကနေတဆင့် တော်တော်များများက ရင်းနှီးလာကြပြီ ဖြစ်ပါတယ်။ ဓညင်းသီးနဲ့ အရသာ ခပ်ဆင်ဆင် ဆူပေမယ့် မျောက်ငိုသီးက ဓညင်းသီးလို မဟုတ်ဘဲ ကျန်းမာရေးကို ထောက်ကူပေးပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့ ဒီအသီးလေးကို ကိုယ်ဝန်ဆောင်မေမေတွေရော စားလို့ရမလား ဆိုပြီး သိချင်နေမယ့် မေမေတွေ ရှိမယ်ထင်နော်။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ  ဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။ မျောက်ငိုသီး ဆိုတာ မျောက်ငိုသီး ဆိုတာက ပဲတောင့်ရှည်လိုမျိုး အသီးလေးပါ။ အစေ့လေးတွေ ထင်းနေအောင် အစေ့အိမ်မှာ အစီအရီ မြင်ရပါတယ်။ မျောက်ငိုသီးက ဓညင်းသီးလို အရသာ ရှိသလို အနံ့လေးကလည်း နည်းနည်း […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!

ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာတတ်ကြ ပါတယ်။ ဒီလို ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ထက် ပိုနေပါတယ်။ ဒီအခြေအနေက အဝလွန်တာကို ရောက်လာပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ! ဆိုတာကို  ပြောပြပေးချင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်ရင် ဘာတွေ ဖြစ်နိုင်မလဲ! ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်မယ်ဆိုရင် ကိုယ်ဝန်ဆောင် သွေးတိုး ကိုယ်ဝန်ဆောင် ဆီးချို ကိုယ်ဝန်ဆိပ် တက်တာ လမစေ့ဘဲ မွေးတာ ကလေးက ထွားလွန်းပြီး မွေးရခက်တာ အိပ်ဟောက် အသက်ရှူရပ်တာ ခွဲမွေးရတာ နောက်တစ်ကြိမ် […]

ad iconadvertisement
ad iconadvertisement

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း