ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ဝန် ဖျက်ချခြင်းဆိုတာ ဆေးဝါး (သို့) ခွဲစိတ်ပြီး အမျိုးသမီးရဲ့ သားအိမ်အတွင်းမှ သန္ဓေသားကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်ဝန် ဖျက်ချခြင်းကစိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ရရှိနိုင်တာမို့ သေချာစဉ်းစားသင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်က မိခင်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်မပြုပါ။ ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းကို ဗဟုသုတအနေနဲ့ ဆက်လက်လေ့လာကြရအောင်။ အထူးသဖြင့် တရားဝင် မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချတဲ့အခါ အောက်ပါဆိုးကျိုးတွေ ရနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ ကတော့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အန္တရာယ်များ ကိုယ်ဝန် ဖျက်ချပြီး ပထမ ၂-၄ ပတ်အတွင်းမှာ အမျိုးသမီးဟာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ မိန်းမကိုယ်မှ သွေးဆင်းခြင်း ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဗိုက်နာခြင်း ဖျားခြင်း ရှားပါးပေမယ့် ပြင်းထန်တဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချခြင်း နည်းလမ်းများ

ကလေးဖျက်ချခြင်းကို မလိုချင်ဘဲ ကလေးရသွားတာ ဒါမှမဟုတ် မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်ဝန်ဆက်ဆောင်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ပြုလုပ်တတ်ကြပါတယ်။ အမေရိကန် အမျိုးသမီး ၁၀ ယောက်မှာ ၃ ယောက်ဟာ ကလေးဖျက်ချ ဖူးတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ကလွဲပြီး ကိုယ်ဝန်ဖျက်ချခြင်း ကို တရားဝင် ခွင့်မပြုထားပါဘူး။ ဥပဒေအရ ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး တရားမဝင် ကိုယ်ဝန်ဖျက်ချတာကို ထောင်ဒဏ်အထိ အရေးယူနိုင်ပါတယ်။ ဒါကြောင့် မလိုချင်တဲ့ ကိုယ်ဝန်မရအောင် အစတည်းက သေသေချာချာ တားဖို့ လိုပါတယ်။ ကလေးဖျက်ချခြင်း မပြုခင် မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆေးပညာဘုတ်အဖွဲ့ရဲ့ တရားဝင် ကလေးဖျက်ချခွင့်ရတယ်ဆိုရင် ကိုယ်ဝန်ဆက်ရှိနေခြင်းက မိခင်ကို အသက်အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို ဆေးပညာဘုတ်အဖွဲ့က အတည်ပြုပေးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ ကိုယ်ဝန်ဖျက်ချတဲ့ နည်းလမ်းတွေ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ဗိုက်နာရခြင်းအကြောင်းရင်းများ

ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်နာခြင်းကို ဘယ်အချိန်မှာ စိုးရိမ်သင့်ပါသလဲ။ ကိုယ်ဝန်ဆောင်စဉ် ဗိုက်နာခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ သင့်မှာ ကလေးငယ်ကို သယ်ဆောင်နေရပြီး ကလေးငယ်ဟာ နောက်ထပ် နှစ် ၂၀ ကြာရင် ခြောက်ပေရှည်ပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ ကျော်နိုင်ပါတယ်။ ဒါကြောင့် အနည်းငယ် နာကျင်မှုဟာ နားလည်နိုင်ဖွယ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအနည်းငယ် နာကျင်မှုဟာ သင့်ရဲ့ နေ့ရက်တွေကို ဖျက်စီးနေပြီဆိုရင်တော့ သင်ဟာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကို ပြသသင့်ပြီ ဖြစ်ပါတယ်။ ဗိုက်နာခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းများ Round Ligament အရွတ်နာကျင်မှု သင် ကိုယ်အနေအထားပြောင်းလိုက်ရင် သက်တောင့် သက်သာ မရှိတဲ့ နာကျင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ Round Ligament နာကျင်မှုဟာ ဗိုက်အောက်ပိုင်း ( သားအိမ်တွင်း) မှစတင်ပြီး ပေါင်ဘက်ပိုင်းကို ဆင်းသွားပါတယ်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အိမ်သုတ်ဆေးငွေ့က ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား

အိမ်သုတ်ဆေးအငွေ့ တွေဟာ ပုံမှန်လူတွေအတွက်တောင် စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သူတို့ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက်ဆိုရင် အန္တရာယ်ရှိမရှိ သိလိုကြခြင်းဟာ သဘာဝကျပါတယ်။   အိမ်သုတ်ဆေးအငွေ့ တွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိပါသလား။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ မရှိပါဘူး။ ဆေးသုတ်ခြင်းကထွက်လာသော အငွေ့ တွေကို ရှူမိခြင်းဟာ သင်နဲ့ သင့်ကလေးငယ်ကို ဓါတုပစ္စည်းများစွာနဲ့ ထိတွေ့ စေပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဓါတုပစ္စည်းတွေဟာ ကလေးငယ်ကို ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာကို တိကျစွာ ပြောနိုင်ခြင်း မရှိပါဘူး။ သင်ရှူသွင်းလိုက်တဲ့ ဓါတုပစ္စည်းတွေတဲ့ တိကျတဲ့ပမာဏကို တိုင်းတာဖို့ ခက်ခဲနိုင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဘယ်လောက် အန္တရာယ် ရှိလဲဆိုတာ တိကျစွာပြောဖို့ ခက်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီအငေ့ွတွေ ရှူမိခြင်းဟာ ကလေးငယ်ကို မွေးရာပါ ချို့ယွင်းချက်တွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်စိတ်ကျရောဂါ ဖြစ်ရင် ကလေးမှာ လမစေ့ဘဲ မွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်နိုင်ခြေ များစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု များခြင်းက လမစေ့ဘဲ ကလေး စောမွေးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ မိခင် စိတ်ဓာတ်ကျခြင်း လိုမျိုးပဲ ဖခင်မှာ စိတ်ဓာတ်ကျခြင်း ဖြစ်ပါက ကလေး စောမွေးခြင်းကို ဖြစ်စေနိုင်တယ်လို့ ယူဆချက်များ ရှိလာပါပြီ။ ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် လို့ ယူဆရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် ကလေးလေးတွေကို လမစေ့ဘဲ မွေးဖွားရတာက မိခင်စိတ်ဓာတ်ကျတာကြောင့်တင် မဟုတ်ဘဲ ဖခင်မှာ စိတ်ကျရောဂါ ဖြစ်ခြင်းနဲ့လည်း ဆက်စက်နေပါတယ်။ ဖခင် စိတ်ဓာတ်ကျခြင်း ဖြစ်တဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ခြေလက်တွေဖောင်းနေခြင်းကိုပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ခြေထောက်တွေ ဘာကြောင့်ဖောင်းနေတာလဲ။ ဒါကို ပုံမှန်ပြန်ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲ။ သင်ကိုယ်ဝန်ဆောင်တဲ့ကာလ ဒုတိယမြောက် ၃လမှာ ခြေထောက်တွေရောင်လာတာကြောင့် ဖိနပ်တွေကလည်း အနည်းငယ်ကြပ်လာတယ်လို့ စပြီးခံစားရလာပါလိမ့်မယ်။ ဒါကအဆင်မပြေဖြစ်စေနိုင်ပေမယ့် အရောင်ကျသွားအောင်လုပ်ဖို့နဲ့ ပိုပြီးနေလို့ကောင်းအောင် လုပ်လို့ရနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ခြေချင်းဝတ်တွေနဲ့ ခြေဖမိုးတွေဘာကြောင့် အရမ်းကြီး ရောင်ကိုင်းနေရတာလဲ။ သင်ခံစားနေရတာကို edema လို့ခေါ်ပါတယ်။ ဒါဟာ သင့်ရဲ့တစ်သျှူးတွေထဲမှာ အရည်ပိုတွေ စုမိလာတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄ပုံ၃ပုံလောက်မှာ ကိုယ်ဝန်ပတ် ၂၂ပတ်ကနေပြီး ၂၇ပတ်လောက်ထိ Edemaဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယ၃လထဲဝင်လာတဲ့အခါမှာ သင့်မှာ amniotic fluid တွေပိုနေရင် သို့မဟုတ် အမြွှာကိုယ်ဝန်ဆောင်ထားရင် edema က ပိုဆိုးလာနိုင်ပါတယ်။ နေ့ဘက်တွေ အဆုံးသတ်ချိန်နဲ့ နွေရာသီတွေမှာ ပိုပြီးရောင်လာနိုင်ပါတယ်။ မွေးပြီးချိန်မှာတော့ ခြေထောက်ရောင်တာတွေ ကျသွားပါလိမ့်မယ်။ ဒီလိုရောင်ယမ်းခြင်းအားလုံးဟာ သင့်ခန္ဓါကိုယ်က အရည်တွေကိုစုဆောင်းပြီး သင်နဲ့သင့်ကလေးကိုထောက်ပံ့ပေးနေရတာကြောင့်ဖြစ်ရတာပါ။ ဒီအရည်တွေဟာ သင့်ရဲ့ဆဲလ်တွေထဲမှာနေပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်တွေမှာဘာကြောင့်ချက်စူလာရတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ချက်မှာအပြောင်းအလဲတချို့ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးပြောင်းလဲမှုကတော့ ချက်စူလာခြင်းဖြစ်တယ်။ ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချက်စူလာရတာလဲ ချက်ဟာအမှန်တော့ အမာရွတ်တစ်ခုပါ။ ကျွန်ုပ်တို့မွေးဖွားစဉ်အခါက ချက်ကြိုးဖြတ်လိုက်တဲ့နေရာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ချက်ပုံစံမတူတတ်ကြပါဘူး။ တချို့ကအပြင်ကို စူထွက်နေတတ်ပြီး တချို့ကတော့အတွင်းကို ချိုင့်နေတတ်ပါတယ်။ ပုံမှန်အတွင်းကို ချိုင့်ဝင်နေတတ်သော ချက်ဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်ကိုစူထွက်လာတတ်တယ်။ ကိုယ်ဝန်လရင့်လာလို့ ဝမ်းဗိုက်တဖြေးဖြေးကြီးလာနဲ့အမျှ ချက်နားတစ်ဝိုက်ကအရေပြားကို အပြင်ကိုတွန်းထုတ်သလိုဖြစ်တာကြောင့် ချက်စူသွားတတ်ပါတယ်။ ဒါပေမယ့် မိခင်လောင်းတိုင်းဖြစ်တတ်တာတော့မဟုတ်ဘူး။ ဝမ်းဗိုက်အလျင်မြန်ဆုံးဖွံ့ထွားတတ်တဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ဒုတိယပိုင်းမှာ များသောအားဖြင့် စူလာတတ်ပါတယ်။   ချက်စူလာတာဟာစိုးရိမ်စရာရှိလား ကိုယ်ဝန်ဆောင်ကာလမှ ချက်စူလာခြင်းက ပုံမှန်အဖြစ်အပျက်တစ်ခုပါ။ ဗိုက်ပူလာတာနဲ့အမျှ တွန်းအားတက်လာတာကြောင့် ချက်စူလာရခြင်းပါ။ ဒါပေမယ့် ချက်စူထွက်ခြင်းဟာ အူကျွံခြင်းကြောင့်လည်းဖြစ်နိုင်တာမို့ ချက်နားတဝိုက်မှာ နာကျင်တာ သို့မဟုတ် တစ်ခုခုထိုးထွက်နေသလို ခံစားရတယ်ဆိုရင်တော့ အူကျွံတာဖြစ်နိုင်ပါတယ်။ အူကျွံတာဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ချက်နားမှာ အူကျွံခြင်းဖြစ်တယ်။ ချက်နားမှာအူကျွံတာဟာ ဝမ်းဗိုက်နံရံကအပေါက်ငယ်လေးက တစ်ဆင့်ဖြစ်တတ်တာပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နှင့် သယ်လ်ဆီးမီးယား (thalassaemia)ရောဂါ

Thalassemia ရောဂါဆိုတာဘာလဲ။ Thalassemia ဆိုတာ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ သွေးရောဂါတမျိုးဖြစ်တယ်။ တကယ်လို့ သင့်မှာThalassemia ရောဂါရှိနေပြီဆိုရင် သင့်ခန္ဓါကိုယ်ထဲမှာ သွေးနီဥပမာဏနဲ့ ဟေမိုဂလိုဘင် ပမာဏက ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥထဲမှာ ပါဝင်တဲ့ ပစ္စည်းတမျိုးဖြစ်ပြီး အောက်ဆီဂျင်ကို တကိုယ်လုံးက အဂါၤတွေဆီသယ်ပို့ပေးတဲ့ အလုပ်လုပ်ဆောင်ပါတယ်။ Thalassemia ရောဂါကြောင့် သွေးအားနည်းတာနဲ့ မောပန်းလွယ်တာတွေဖြစ်လာနိုင်တယ်။ ကိုယ့်မှာ thalassemia ရောဂါရှိနေမှန်း ဘယ်လိုသိနိုင်မလဲ။ thalassemia ရောဂါရဲ့ လက္ခဏာတွေက အားနည်းမယ်။ ပင်ပန်းနွမ်းနယ်နေမယ်။ အသားအရေဖြူဖျော့မယ်။ မျက်နှာကအရိုးတွေငေါလာမယ်။ အရပ်အမောင်းပုသေးမယ်။ ဆီးမည်းမယ်။ ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဝေဒနာရှင်တယောက်နဲ့ တယောက် ပြတဲ့ လက္ခဏာတွေကတော့ အနည်းအကျဉ်း ကွဲလွဲကောင်းကွဲလွဲလိမ့်မယ်။ thalassemia ရောဂါက ကလေးဆီကိုရော ကူးနိုင်သလား။ thalassemia ဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါတခုပါ။ ငုပ်လျှိုးနေတဲ့ ဗီဇ(recessive gene)က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်

ကိုယ်ဝန်ဆောင်နေစဉ် ဝလာတယ် ဆိုတာ ပုံမှန် ဖြစ်ရပ်ပဲလို့ လူတွေက ယုံကြည်ကြပါတယ်။ သင့်ကလေး ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေ ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ သင့်ကိုယ်အလေးချိန်ကို မထိန်းနိုင်ခဲ့ဘူးဆိုရင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေး အခြေအနေကို အန္တရာယ်ပေးနိုင်ခြေ မြင့်မားလာစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် ကို လေ့လာလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန် တိုးလာတာဟာ သဘာဝ ပါပဲ။ ဒါပေမယ့် သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ ဒါက ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် တွေကတော့ (၁) ဆီးချိုရောဂါ ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓာတ်မြင့်တက်လာဖို့ လွယ်ကူပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အဆိုပါအမျိုးသမီးတွေရဲ့ ကလေးတွေဟာ အသက်၃နှစ်အရွယ်မှာ အဝလွန်လာနိုင်ဖို့များပါတယ်။ မွေးစမှာလည်း အသားဝါရောဂါ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ အချိန်ပိုလုပ်ရင် မွေးလာမယ့် ကလေးက ညှက်သွားနိုင်လား

ကိုယ်ဝန်ဆောင်ကာလမှာ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတာဟာ မွေးလာမယ့် ကလေးရဲ့ အရွယ်အစားအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လေ့လာမှု အသစ်တခုရဲ့ အဆိုအရ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ တပတ်ကို နာရီ၄၀ထက်ပိုပြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးလာမယ့်ကလေးဟာ ပုံမှန်ထက်ပိုသေးနိုင်တယ်လို့ သိရပါတယ်။ အကြာကြီး မတ်တပ်ရပ်ရရင် မွေးလာမယ့် ကလေးဟာ သေးနိုင်တယ် ဒီလေ့လာမှုမှာ ဘာကိုဆက်ပြီးတွေ့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြာကြာ မတ်တပ်ရပ်ရတဲ့ အလုပ်တွေ (ဥပမာ အရောင်းစာရေး၊ကလေးပြုစုစောင့်ရှောက်ရေးအလုပ် ဒါမှမဟုတ် စာသင်ကြားရေးအလုပ်မျိုး) လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မွေးလာတဲ့ ကလေးတွေရဲ့ ခေါင်းဟာ မွေးပြီးကာစမှာ ပုံမှန်ထက် တစ်စင်တီမီတာပိုသေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်ချိန်များများလုပ်ရတာဟာလည်း ကလေးရဲ့ ပေါင်ချိန်အပေါ် သက်ရောက်မှုရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဒီလေ့လာမှုမှာ ပါတဲ့ အမျိုးသမီးတွေရဲ့ တဝက်နီးနီးလောက်ဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း