ဖခင်ရဲ့ စိတ်ဓာတ်ကျရောဂါက မမွေးသေးတဲ့ ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်ပါသလဲ။
ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့ ဖခင် စိတ်ကျရောဂါ ဖြစ်ခြင်းက အဲ့ဒီကိုယ်ဝန်ဆောင်အပေါ် များစွာ သက်ရောက်မှု ရှိတယ်လို့ သုတေသနပညာရှင်များက ယူဆကြပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့ ဖခင်က စိတ်ကျရောဂါ ဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကို ကောင်းကောင်း ဂရုမစိုက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအနေအထားမှာ ကိုယ်ဝန်ဆောင်မိခင်က ခင်ပွန်းဖြစ်သူအတွက် ပူပန်ရတာကြောင့် ကိုယ်ဝန်ကြောင့်အပြင် အအခြားသော စိုးရိမ်ပူပန်မှု များစေပါတယ်။ ဒီလို စိုးရိမ်မှုတွေက စိတ်ဖိစီးမှုကို ဖြစ်စေလာစေပါတယ်။
ဖခင်က စိတ်ဓာတ်ကျမှုက မိခင်အပေါ်မှာ ရိုက်ခတ်တာကြောင့် မိခင် စိတ်ကျရခြင်းရဲ့ အကျိုးဆက် အနေနဲ့ သန္ဓေသားပေါ် သက်ရောက်ပြီး လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး ဖြစ်လာရတာပါ။
စိတ်ကျ ရောဂါကို ကုသတဲ့ ဆေးများကို သုံးစွဲနေသူဖြစ်ရင် ဒီဆေးများတွေက သုက်ပိုးကို ထိခိုက်စေနိုင်သလား ဆိုတာကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်သင့်ပါတယ်။
ဖခင်အနေနဲ့ စိတ်ကျဝေဒနာ ခံစားရတဲ့ အခါမျိုးမှာ ဘာလုပ်သင့်ပါသလဲ။
ကိုယ်ဝန်ဆောင်ချိန်က မိဘများအတွက် အံ့သြဖွယ် ကောင်းသော ခရီးရှည် တစ်ခုနဲ့ တူပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စိတ်ကျရောဂါ ခံစားရတဲ့အခါ သင်အပြစ်မကင်းသလို ခံစားရန်၊ ရှက်ရန် မလိုပါ။ ယောက်ျားတစ်ယောက် အနေနဲ့ သင့်အဖော်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ပေးနိုင်တာက များများစားစား မရှိပါဘူး။
သင့်မှာလည်း အခြား ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျခြင်းကို ဖြစ်စေမည့် အရာများကို ရှင်းလင်းထားရန် လိုအပ်ပါတယ်။ သင်ကိုယ်တိုင် ထိန်းချုပ်ရ ခက်ခဲနေရင် ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။