ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းတွေကြောင့်ရလာတဲ့ဝက်ခြံတွေအတွက် နည်းလမ်းတချို့

အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝက်ခြံတွေအနည်းငယ်မှ ဆိုးဆိုးရွားရွားထိရနိုင်ပါတယ်။ ထိုဟော်မုန်းကြောင့်ရလာတဲ့ ဝက်ခြံတွေအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းတချို့အကြောင်း ကြည့်လိုက်ရအောင်။ ကိုယ်ဝန်ဆောင်ချိန်မှာဘာကြောင့်ဝက်ခြံတွေပေါက်ရသလဲ ကိုယ်ဝန်ဆောင်ချိန်မှာ ‘အန်ဒရိုဂျင်’ လို့ခေါ်တဲ့ အဖိုဟော်မုန်းများလာပါတယ်။ ဒီဟော်မုန်းက အဆီဂလင်းတွေပိုကြီးလာစေပြီး အဆီတွေပိုထွက်လာစေတယ်။ ထိုအဆီတွေက အပေါက်များကိုပိတ်သွားစေကာ ရောင်ရမ်းပေါက်ထွက်သွားစေပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမပိုင်းနဲ့ဒုတိယပိုင်းတွေမှာ အများအားဖြင့်ရတတ်ပါတယ်။ သင့်တော်တဲ့အသားအရေစောင့်ရှောက်မှုနည်းလေးတွေ မျက်နှာခဏခဏမသစ်ပါနဲ့ မျက်နှာခဏခဏသစ်ခြင်းဟာ သင့်မျက်နှာပေါ်က ပုံမှန်ရှိသင့်တဲ့အဆီတွေကို ဆေးပစ်လိုက်တာကြောင့် အဆီဂလင်းတွေကို အဆီပိုထုတ်စေပါလိမ့်မယ်။ အဆီထုတ်များခြင်းဟာ ဝက်ခြံပေါက်စေပါတယ်။ နောက်တစ်ချက်က ရေပူနဲ့မျက်နှာမသစ်ပါနဲ့။ ရေပူနဲ့မျက်နှာသစ်ခြင်းဟာ သင့်မျက်နှာကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒီနေရာမှာ မျက်နှာသန့်ဆေးကအရေးပါပါတယ်။ ဆပ်ပြာဓါတ်၊ အဆီဓါတ်မပါတဲ့ သန့်စင်ဆေးပျော့ပျော့နဲ့ အနည်းငယ်ရေနွေးနွေးလေးကိုသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ချေးချွတ်ဆေးမသုံးမပါနဲ့ ချေးချွတ်လိုက်တာဟာ အဆီပိုထုတ်စေပါလိမ့်မယ်။ နူးညံ့ညင်သာတဲ့နည်းနဲ့သာ အရေပြားသန့်စင်သင့်ပါတယ်။ နူးညံ့တဲ့အဝတ်ပိုင်းလေးနဲ့ မျက်နှာကိုစက်ဝိုင်းပုံပွတ်တိုက်သန့်စင်ပေးပါ။ အသားအရည်စိုပြေရန်အတွက်ကိုလည်း အဆီမပါသောပစ္စည်းများအသုံးပြုပါ။ သုံးရာမှာလည်း မျက်နှာကိုပွတ်ပစ်လိုက်ခြင်းမလုပ်ဘဲ အသာအယာတို့ထိပေးသင့်ပါတယ်။ ဟော်မုန်းကြောင့်ရလာတဲ့ ဝက်ခြံတွေအတွက် အသုံးဝင်နိုင်မယ့် သဘာဝနည်းတချို့ ပန်းသီးရှာလကာရည် ရေနဲ့ ပန်းသီးရှာလကာရည်ကို ၃ဆ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ အချိန်ပိုလုပ်ရင် မွေးလာမယ့် ကလေးက ညှက်သွားနိုင်လား

ကိုယ်ဝန်ဆောင်ကာလမှာ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတာဟာ မွေးလာမယ့် ကလေးရဲ့ အရွယ်အစားအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လေ့လာမှု အသစ်တခုရဲ့ အဆိုအရ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ တပတ်ကို နာရီ၄၀ထက်ပိုပြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးလာမယ့်ကလေးဟာ ပုံမှန်ထက်ပိုသေးနိုင်တယ်လို့ သိရပါတယ်။ အကြာကြီး မတ်တပ်ရပ်ရရင် မွေးလာမယ့် ကလေးဟာ သေးနိုင်တယ် ဒီလေ့လာမှုမှာ ဘာကိုဆက်ပြီးတွေ့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြာကြာ မတ်တပ်ရပ်ရတဲ့ အလုပ်တွေ (ဥပမာ အရောင်းစာရေး၊ကလေးပြုစုစောင့်ရှောက်ရေးအလုပ် ဒါမှမဟုတ် စာသင်ကြားရေးအလုပ်မျိုး) လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မွေးလာတဲ့ ကလေးတွေရဲ့ ခေါင်းဟာ မွေးပြီးကာစမှာ ပုံမှန်ထက် တစ်စင်တီမီတာပိုသေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်ချိန်များများလုပ်ရတာဟာလည်း ကလေးရဲ့ ပေါင်ချိန်အပေါ် သက်ရောက်မှုရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဒီလေ့လာမှုမှာ ပါတဲ့ အမျိုးသမီးတွေရဲ့ တဝက်နီးနီးလောက်ဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်း နဲ့ လိပ်ခေါင်းဖြစ်ခြင်းအကြောင်းသိကောင်းစရာ

လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာ၊လိပ်ခေါင်းဖြစ်တာ ဒါမှမဟုတ် နှစ်မျိုးလုံးကို ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။   ဝမ်းချုပ်တယ်ဆိုတာ ဘာလဲ။ တကယ်လို့ သင်ဟာ တပတ်ကို သုံးခါထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင် ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ထက် ပိုကြာကြာဝမ်းချုပ်ရင်တော့ ကာလရှည်ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အူတွေရဲ့လှုပ်ရှားမှုဟာ ပုံမှန်ထက်ပိုနှေးကွေးတာကြောင့် ဝမ်းချုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သုံးစွဲလေ့ရှိကြတဲ့ သံဓါတ်အားဖြည့်ဆေးတွေကလည်း ဝမ်းချုပ်တာကို အားပေးပါသေးတယ်။   လိပ်ခေါင်းဆိုတာ ဘာလဲ။ အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားရောင်ရမ်းတာကို လိပ်ခေါင်းလို့ အလွယ်ခေါ်ကြပါတယ်။ တချို့ လူနာတွေမှာဆိုရင် အဲ့ဒီ သွေးကြောလေးတွေဟာ ဖောင်းကားလွန်းနေပြီး အရမ်းတင်းနေတာကြောင့် ပါးလှပ်နေပြီး အပြင်ကိုကျွံထွက်လာတတ်ကာ နေရာတာ ကသိကအောင့်ဖြစ်ပြီး နာကျင်စေပါတယ်(အထူးသဖြင့် အိမ်သာတက်တဲ့ အချိန်တွေမှာပေါ့)။ ဒီနာကျင်ပြီး ကသိကအောက်ဖြစ်ရတဲ့ အခြေအနေဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အော်တစ်ဇင်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက အစပျိုးလာနိုင်တယ်ဆိုတဲ့ လက္ခဏာများ

အော်တစ်ဇင်ရောဂါဟာပညာရေး၊လူမှုပေါင်းသင်းဆက်ဆံရေးအစရှိတဲ့ကလေးရဲ့ဘဝမှာအရေးပါတဲ့အခြင်းအရာတွေကိုထိခိုက်စေတယ်ဆိုတာအားလုံးသိကြမှာပါ။ ဒါကြောင့်အော်တစ်ဇင်ကလေးကိုကုသရတယ်ဆိုတာအင်မတန်ခက်ခဲတဲ့တိုက်ပွဲတစ်ပွဲကိုတိုက်ရသလိုပဲအခက်အခဲတွေအများကြီးရှိပါတယ်။ ဒီနေရာမှာအံ့ဩဖို့ကောင်းတဲ့အချက်ကအော်တစ်ဇင်ဟာကလေးငယ်မိခင်ရဲ့ဝမ်းကြာတိုက်ထဲမှာရှိနေစဉ်ကတည်းကကိုစတင်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။ အော်တစ်ဇင်ဟာဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်။ အော်တစ်ဇင်ဟာသန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်လို့သုတေသီတွေကယူဆခဲ့ကြတာအချိန်အတော်ကြာခဲ့ပါပြီ။ ဒါ့အပြင်ဒီပြဿနာဟာစတင်မျိုးအောင်ချိန်ထဲက ဖြစ်ပွားနေခဲ့တာပါလို့လည်းဆိုပါတယ်။ ဒါပေမယ့်အော်တစ်ဇင်ဝေဒနာခံစားနေရတဲ့ကလေးတွေရဲ့ဦးနှောက်အပြင်အလွှာမှာပုံမှန်မဟုတ်ထိခိုက်ထားတဲ့နေရာလေးတွေရှိတာကိုတွေ့ရှိခဲ့တာတော့မကြာသေးပါဖူး။ အော်တစ်ဇင်ရောဂါဟာကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းကအစပျိုးလာနိုင်တယ်။ ဒီပြဿနာကိုလေ့လာအဖြေရှာဖို့အတွက်သုတေသနပညာရှင်တွေဟာကွယ်လွန်ပြီးကလေးနှစ်ဆယ့်နှစ်ယောက်ရဲ့ဦးနှောက်တစ်ရှူးတွေကိုလေ့လာခဲ့ကြပါတယ်။ အဲ့ဒီကလေးနှစ်ဆယ့်နှစ်ယောက်မှာတစ်ဝက်ဟာအော်တစ်ဇင်ရောဂါရှိခဲ့ပြီးနောက်တဝက်ကတော့ပုံမှန်ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ကတော့အော်တစ်ဇင်ရောဂါရှိသူကလေးတွေရဲ့ဦးနှောက်အပြင်လွှာမှာပုံမှန်မဟုတ်တဲ့နေရာလေးတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒီလိုပုံမမှန်နေရာလေးတွေဟာသန္ဓေသားဘဝမှာပဲ ဖြစ်ပေါ်နိုင်တယ်ဆိုတာကိုသိပ္ပံပညာရှင်များအနေနဲ့သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်အော်တစ်ဇင်ဟာမိခင်ဗိုက်ထဲမှာကတည်းကစတင်ဖြစ်ခဲ့လိမ့်မယ်လို့အခိုင်အမာယုံကြည်ရပါတယ်။ သုတေသနပညာရှင်တွေဟာတဆင့်တက်ပြီးအဆိုပါပုံမှန်မဟုတ်တဲ့နေရာလေးတွေရဲ့အခြေအနေအသေးစိတ်ကိုဆက်လက်လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာတဲ့အခါအော်တစ်ဇင်ကလေးတွေရဲ့ဦးနှောက်တစ်ရှူးမှာရှိနေတဲ့အဲ့ဒီနေရာလေးတွေဟာပုံမှန်ရှိရမယ့်မျိုးဗီဇဆိုင်ရာလက္ခဏာလေးတွေမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ထူးခြားတာကအဆိုပါမူမမှန်နေရာလေးတွေဟာဦးနှောက်ရဲ့အရေးပါအရာရောက်တဲ့နေရာတွေမှာတည်ရှိနေတယ်ဆိုတာပါပဲ။ စောစောသိစောစောကုရင်အခြေအနေကောင်းနိုင်တဲ့အော်တစ်ဇင်ရောဂါ ကံကောင်းတာကဦးနှောက်မှာရှိတဲ့ဒီပုံမမှန်နေရာလေးတွေဟာအရွယ်ခပ်သေးသေးဖြစ်ပြီးအခြေအနေအရမ်းကြီးမဆိုးခင်ရပ်ဆိုင်းသွားတာပါပဲ။ ဒါကြောင့်စောစီးစွာကုသနိုင်မယ်ဆိုရင်အတော်အကျိုးရှိမှာပါ။ မှန်ကန်တဲ့ကုသမှုကိုအသုံးပြုနိုင်မယ်ဆိုရင်မတ်တပ်ပြေးအရွယ်အော်တစ်ဇင်ကလေးတွေမှာအခြေအနေတိုးတက်လာနိုင်ပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ဦးနှောက်ဟာဒီအပြစ်အနာအဆာခပ်သေးသေးကိုကျော်လွှားကောင်းကျော်လွှားနိုင်မှာမို့ပါ။ ပညာရှင်တွေအားလုံးလက်ခံထားတာကတော့စောစောကုလေအခြေအနေကောင်းလေဆိုတာပါပဲ။ အော်တစ်ဇင်ကိုစောစီးစွာသိနိုင်မယ့်နည်းလမ်းအသစ်တွေကိုလည်းရှာဖွေနေကြပါတယ်။ အသေးစိတ်ထပ်စဉ်းစားမယ် >အော်တစ်ဇင်ဘာလို့ဖြစ်တာလဲ။ အော်တစ်ဇင်ဘာလို့ဖြစ်ရတာလဲဆိုတဲ့ကိစ္စမှာအဖြေရှာမရနိုင်သေးတဲ့ ပြဿနာတွေရှိနေပါတယ်။ ပထမတစ်ချက်ကကိုယ်ဝန်ရဲ့ဘယ်အဆင့်မှာအော်တစ်ဇင်စဖြစ်နိုင်တယ်ဆိုတာမသိရသေးပါဖူး။ ဒုတိယနဲ့ပိုအရေးကြီးတဲ့အချက်ကအပေါ်မှာပြောခဲ့တဲ့ပုံမှန်မဟုတ်တဲ့နေရာလေးတွေဟာလနုသေးတဲ့သန္ဓေသားလေးရဲ့ဦးနှောက်မှာဘာလို့လာဖြစ်နေရတာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ အော်တစ်ဇင်ဟာမျိုးရိုးဗီဇနဲ့ဆိုင်သလိုပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေအားလုံးကသဘောတူလက်ခံထားပါတယ်။ တချို့အနေအထားတွေမှာနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ပတ်သက်လို့သုတေသနပညာရှင်တွေအနေနဲ့လေ့လာစမ်းသပ်မှုတွေအများကြီးလုပ်ခဲ့ကြပြီးလေထုညစ်ညမ်းမှုနဲ့ကာလကြာရှည်ထိတွေ့တာ၊ဗီတာမင်ဘီ၊ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့တာဒါမှမဟုတ်ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်သောလိပ်ခေါင်းအတွက် သဘာဝ ဆေးနည်းရှစ်ချက်

လိပ်ခေါင်းရောဂါဟာကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်း)မှာအဖြစ်များပါတယ်။ လိပ်ခေါင်းဟာနာကျင်တာ၊ကသိကအောင့်ဖြစ်တာနဲ့စအိုကသွေးယိုစီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာအများစုမှာတော့ကလေးမွေးပြီးတာနဲ့လိပ်ခေါင်းပြန်ပျောက်သွားလေ့ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့သဘာဝဆေးနည်းတွေဟာသင့်ရဲ့လိပ်ခေါင်းရောဂါအတွက်အသုံးဝင်မှာပါ။ ရေနွေးစိမ်ပါ။ ဒီနည်းလမ်းလေးကရိုးရှင်းပါတယ်။ အိမ်သာတက်ပြီးတိုင်းဒါမှမဟုတ်တနေ့ကိုအကြိမ်ရေအနည်းငယ်သင့်အောက်ပိုင်းကိုရေနွေးထဲ၁၀မိနစ်- ၁၅မိနစ်လောက်စိမ်ပေးမယ်ဆိုရင်နာကျင်တာ၊ကသိကအောင့်ဖြစ်တာတွေကိုသက်သာစေမှာပါ။ ဒီလိုရေနွေးမစိမ်ခင်မှာသင့်အောက်ပိုင်းကိုသေချာစွာသန့်စင်ဖို့မမေ့ပါနဲ့။ ရေခဲအိတ်ကပ်ပါ။ ရေခဲဟာသင့်စအိုတဝိုက်ကသွေးကြောတွေကိုကျဉ်းစေပြီးနာကျင်တာနဲ့ရောင်ရမ်းတာတွေကိုသက်သာစေတဲ့အတွက်ရေခဲအိတ်ကပ်တာလည်းတကယ်အကျိုးရှိပါတယ်။ ရေခဲကပ်တဲ့အိတ်ကိုဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ရေခဲဟာအရေပြားကိုလောင်စေနိုင်တဲ့အတွက်ရေခဲကိုသင့်အရေပြားနဲ့တိုက်ရိုက်မထိမိစေဖို့သတိထားပါ။ စအိုနားတဝိုက်ကိုကပ်ပြီးတဲ့အခါအဲ့ဒီရေခဲအိတ်ထဲကရေခဲဒါမှမဟုတ်ရေကိုလုံးဝအသုံးမပြုပါနဲ့။ အိမ်သာသုံးစက္ကူကိုရေစွတ်ပြီးသုံးပါ။ ဒီနည်းလမ်းဟာလည်းတကယ်ပဲအသုံးဝင်လှပါတယ်။ အမျိုးသမီးအများစုဟာဒီနည်းလမ်းကိုသုံးပြီးအကျိုးရှိတာကိုတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်သင်လည်းစမ်းကြည့်လို့အကျိုးမယုတ်ပါဖူး။ စွတ်စိုနေတဲ့တစ်ရှူးဟာပုံမှန်တစ်ရှူးထက်သုံးရတာပိုပြီးသက်တောင့်သက်သာရှိတာကိုတွေ့ရမှာပါ။ လုပ်ရလည်းမခက်ပါဖူး။ အိမ်သာတက်ပြီးတစ်ရှူးနဲ့သန့်ရှင်းရေးမလုပ်ခင်မှာတစ်ရှူးကိုရေသန့်သန့်လေးနဲ့စွတ်ပေးလိုက်ရုံပါပဲ။ အရည်များများသောက်ပါ။ အရည်များများသောက်ရင်ဝမ်းပျော့စေတဲ့အတွက်ဝမ်းသွားရလွယ်ကူစေပါတယ်။ ဘယ်အရည်သောက်ရမလဲလို့မေးရင်ရေကတော့အကောင်းဆုံးပါ။ ဒါ့ကြောင့်တနေ့ကိုရေရှစ်ခွက်မှဆယ်ခွက်အထိသောက်ပေးသင့်ပါတယ်။ နွားနို့ဒါမှမဟုတ်သစ်သီးဖျော်ရည်တွေကိုလည်းသောက်လို့ရပါတယ်။ ဆီးသီးခြောက်ဖျော်ရည်ဟာလည်းဝမ်းပျော့စေတဲ့အတွက်သောက်သုံးသင့်ပါတယ်။ အမျှင်ဓါတ်များများစားပါ။ သင့်ရဲ့စားသောက်တဲ့ပုံစံကိုပြောင်းလဲပစ်ပါ။ ဂျုံ၊အစေ့အဆံ၊အသီးအရွက်၊သစ်သီးနဲ့ပဲတွေကိုများများစားပေးပါ။ အမျှင်ဓါတ်ဟာဝမ်းကိုပျော့စေတဲ့အတွက်ဝမ်းသွားရလွယ်ကူစေပါတယ်။ သင်နေ့စဉ်စားတဲ့အစားအသောက်ကနေအမျှင်ဓါတ်ကိုလုံလုံလောက်လောက်မရနိုင်ဖူးလို့ထင်ရင်အမျှင်ဓါတ်ပါတဲ့ ဖြည့်စွက်ဆေးတွေကိုသုံးစွဲနိုင်ပါတယ်။ အစာစားတဲ့အခါမှာလည်းအစာတွေအူလမ်းကြောင်းထဲမှာကပ်မနေစေဖို့ ဖြည်းဖြည်းချင်းကြေညက်အောင်ဝါးပါ။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်ကျန်းမာရေးအတွက်အရေးပါလှပါတယ်။ ကီးဂျဲလ်လေ့ကျင့်ခန်းကိုနေ့စဉ်လုပ်ကြည့်နိုင်ပါတယ်(ကီးဂျဲလ်လေ့ကျင့်ခန်းဆိုတာစအို၊မိန်းမကိုယ်နဲ့ဆီးအိမ်အပေါက်ဝနားကကြွက်သားတွေကိုသန်မာစေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်)။ ဒီလေ့ကျင့်ခန်းဟာစအိုနဲ့အူမကြီးအဆုံးပိုင်းနားတဝိုက်မှာသွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေတာမို့လိပ်ခေါင်းဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်။ တခြားလေ့ကျင့်ခန်းအနေနဲ့လမ်းဖြည်းဖြည်းမှန်မှန်လျှောက်တာကိုလည်းလုပ်ပေးနိုင်ပါတယ်။ တနေ့ကိုမိနစ်နှစ်ဆယ်ကနေနာရီဝက်အထိလမ်းလျှောက်ပေးနိုင်ပါတယ်။ ချည်သားအထည်တွေကိုပဲဝတ်ပါ။ ချည်သားပွပွချောင်ချောင်နူးနူးညံ့ညံ့လေးတွေကိုဝတ်ခြင်းအားဖြင့်လိပ်ခေါင်းနေရာကိုခြောက်သွေ့နေစေသလိုယားယံတာ၊နာကျင်တာတွေကိုလည်းလျော့နည်းသက်သာစေမှာဖြစ်လို့နေလို့ပိုအဆင်ပြေမှာပါ။ ညင်သာစွာသန့်စင်ပါ။ လိပ်ခေါင်းဖြစ်နေတဲ့နေရာကိုညင်ညင်သာသာလေးသန့်စင်ပါ။ အရမ်းမပွတ်ပစ်ပါနဲ့။ ရေသန့်သန့်ဒါမှမဟုတ်အယ်လ်ကိုဟောမပါတဲ့သန့်စင်ဆေးတွေကိုသုံးပြီးသင့်အောက်ပိုင်းကိုဆေးကြောသုတ်သင်ပါ(အထူးသဖြင့်အိမ်သာတက်ပြီးတိုင်းမှာပေါ့)။ အရောင်တွေပါတဲ့တစ်ရှူးတွေကိုသုံးရင်ဆိုးဆေးတွေကတဆင့်မလိုလားအပ်တဲ့ယားယံမှုတွေ၊ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက်တစ်ရှူးအဖြူကိုပဲသုံးတာအကောင်းဆုံးပါ။ လိပ်ခေါင်းရောဂါဟာကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပေါ်လာနိုင်ပြီးမီးဖွားပြီးတာနဲ့ပျောက်သွားလေ့ရှိပါတယ်။ တကယ်လို့သင့်အနေနဲ့ကိုယ်ဝန်ဆောင်နေစဉ်လိပ်ခေါင်းဖြစ်နေပြီဆိုရင်အပေါ်မှာဖတ်ခဲ့ရတဲ့သဘာဝနည်းလမ်းလေးတွေကိုအသုံးပြုပေးရင်လိပ်ခေါင်းဝေဒနာကိုသက်သာစေမှာဖြစ်ပြီးလိပ်ခေါင်းမရှိဖူးဆိုရင်လည်းကြိုတင်ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်စီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဘာလို့ရတာလဲ အောက်စီဂျင်ကို သယ်ဆောင်ဖို့ သွေးနီဥတွေမှာ ဟေမိုဂလိုဘင် လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးလိုအပ်ပြီး ဒီပရိုတင်းထုတ်လုပ်ဖို့ သံဓာတ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကလေးအတွက်ပါ သွေးထုတ်လုပ်ပေးနေရတဲ့အတွက် မူလလိုအပ်သော သံဓာတ်ထက် ပမာဏပိုလိုအပ်တယ်။ သံဓာတ်အလုံအလောက်မရှိပါက သင့်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ကလေးကို ထိခိုက်နိုင်လား ပြင်းထန်တဲ့ သွေးအားနည်းရောဂါကြောင့် နေ့မစေ့လမစေ့ မီးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့သော လေ့လာမှုတွေမှာ သန္ဓေသားသေဆုံးနိုင်ခြေနဲ့ပါ ဆက်စပ်နေတတ်တယ်လို့ ဖော်ပြကြတယ် (မမွေးခင် သို့မဟုတ် မွေးပြီးပြီးချင်း သေဆုံးခြင်း)။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေရှိမရှိဘယ်လိုသိမလဲ တကယ်လို့ ကိုယ်ဝန်ဆောင်ခြင်း တစ်ကြိမ်နဲ့ တစ်ကြိမ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တက်သင့်တယ်၊ တက်ဖို့လိုတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်တက်ရမလဲဆိုတာ ကွာခြားနိုင်ပါတယ်။ နဂိုတည်းက အဝလွန်နေတဲ့သူဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တွေ အများကြီး တက်မသွားအောင် ထိန်းထားဖို့ လိုပါတယ်။ အာဟာရပြည့်ဝဖို့ လိုအပ်တဲ့အချိန်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား ဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ဝတဲ့သူပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တက်ဖို့ လိုပါတယ်။ အဝလွန်နေတယ်ဆိုရင်တောင် စားသင့်တာ စားပြီး ကိုယ်အလေးချိန် ကျော်မသွားအောင် ထိန်းထားလို့ ရပါတယ်။   https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-green-leafy-vegetables-during-pregnancy/ ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့၊ တက်သင့်သလောက်ပဲ တက်ဖို့ စားအသောက်ကို ဂရုစိုက်ဖို့တော့ လိုတာပေါ့။ သကြားတွေနဲ့ ကစီဓာတ် ပါတာတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင် မိခင်တွေက နေ့စဉ် အစားအစာတွေထဲမှာ သကြား(အချို) တွေနဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ

အရေပြားလေးဖက်နာရောဂါရှိသူတွေကို ကလေးရော မိခင်အတွက်ပါ အန္တရာယ်တွေများတာကြောင့် ကိုယ်ဝန်မဆောင်ဖို့ဆရာဝန်တွေကအကြံပေးထားပါတယ်။ သို့သော်လည်း ရောဂါရှိသူအမျိုးသမီးအများစု ကိုယ်ဝန်ဆောင်ပြီး ကျန်းမာတဲ့ကလေးလေးတွေ မွေးဖွားနိုင်တာမျိုးတွေလည်းရှိပါတယ်။ တကယ်လို့သင်ဟာ အရေပြားလေးဖက်နာရောဂါရှိပြီး ကလေးယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ သင်သိထားရမယ့် ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေ၊ ပြဿနာတွေနဲ့ သင်နဲ့သင့်ကလေးအတွက် အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်က ကူညီနိုင်မှာတွေကို ဖော်ပြပေးလိုက်ပါတယ်။   ကိုယ်ဝန်ဆောင်ချိန်အတွက်အသင့်ပြင်ထားပါ အန္တရာယ်ကင်းတဲ့ကိုယ်ဝန်နဲ့ ကျန်းမာတဲ့ကလေးအတွက် ပထမဆုံးခြေလှမ်းက သင်ကိုယ်ဝန်မယူခင်ကတည်းက စတင်ပါတယ်။ တကယ်လို့ သင်ဟာကလေးယူဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီအချက်တွေလိုအပ်မှာပါ: -သင့်ရောဂါအခြေအနေမဆိုးရွားအောင် ကုသထိန်းသိမ်းပါ။ ကိုယ်ဝန်ယူစဉ် သင်ကျန်းမာနေလေလေ၊ အဆင်ပြေချောမွေ့တဲ့ကိုယ်ဝန်နဲ့ကလေးလေးရဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်လေလေဖြစ်ပါတယ်။ -ကိုယ်ဝန်ဆောင်ခြင်းဟာ ကျောက်ကပ်ပေါ်ဝန်ပိစေပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်ရောဂါရခြင်းဟာ ကိုယ်ဝန်ကိုဒုက္ခပေးနိုင်ပြီး ကလေးဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ပါက သင့်ရောဂါအခြေအနေ အနည်းဆုံး၆လလောက်ကြာအောင် သက်သာနေပြီဆိုကာမှ ကိုယ်ဝန်ဆောင်ဖို့အကြံပေးပါရစေ။ အထူးသဖြင့် သင့်ရောဂါက ကျောက်ကပ်ကိုထိခိုက်ထားတဲ့ အခြေအနေမျိုးမှာဆိုရင်ပေါ့။ -ဆေးကုသမှုအတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့ဆေးတွေကသင့်ကလေးကိုထိခိုက်နိုင်ပေမယ့် တချို့သောဆေးတွေက ကိုယ်ဝန်အတွက် အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်မယူခင်မှာ ကုသမှုကိုရပ်တန့်သင့်လား၊ ပြောင်းလဲသင့်လား […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား

ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား .... သင်က ရယ်မောနေရင်း ကနေ ရုတ်တရတ်ကြီး အကြောင်းအရင်း တိတိကျကျ မရှိဘဲ မျက်ရည် ဝဲလာတယ်၊ အလွယ်တကူ စိတ်ဆတ်လာတယ်။ ခင်ပွန်း ဖြစ်သူက ဘယ်လို လုပ်ပေးပေး၊ ဘာတွေပဲ ပြောပြော အရာမရောက်ဘူး။ ……..စသည်ဖြင့်…….ဘယ်လိုတွေပဲ ခံစားနေရတယ် ဆိုပါစေ၊ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား ဟော်မုန်းတွေ ပြောင်းလဲသွားခြင်းက သင့်ခံစားချက်တွေ အပြောင်းအလဲ မြန်စေပါတယ်။ ဓမ္မတာ လာစဉ်မှာ ဟော်မုန်းတွေ များတတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိန်းမနိုင် သိမ်းမရပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သင်ဟာ အကြောင်း မရှိဘဲ ငိုကြွေးတတ် ပါတယ်။ ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေကြောင့် သင် စိတ်မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ ဟော်မုန်းတွေက ဘာကြောင့် ခဏခဏ ငိုကြွေးစေတာလဲ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နဲ့ လိပ်ခေါင်းပြဿနာ

လိပ်ခေါင်းဆိုတာဘာလဲ။   အူမကြီးအဆုံးပိုင်းနဲ့စအိုတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့အလွယ်ခေါ်ကြပါတယ်။ တချို့လူနာတွေမှာဆိုရင်အဲ့ဒီသွေးကြောလေးတွေဟာဖောင်းကားလွန်းနေပြီးအရမ်းတင်းနေတာကြောင့်ပါးလှပ်နေပြီးအပြင်ကိုကျွံထွက်လာတတ်ကာနေရာတာကသိကအောင့်ဖြစ်ပြီးနာကျင်စေပါတယ်(အထူးသဖြင့်အိမ်သာတက်တဲ့အချိန်တွေမှာပေါ့)။ ဒီနာကျင်ပြီးကသိကအောက်ဖြစ်ရတဲ့အခြေအနေဟာကိုယ်ဝန်ဆောင်မိခင်တွေမှာအရမ်းကိုအဖြစ်များလှပါတယ်။ အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်းမှာအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဘာလို့လိပ်ခေါင်းဖြစ်တာလဲ။   ဝမ်းချုပ်တာကနေပြီးတော့လည်းလိပ်ခေါင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းခံကတော့အူမကြီးအဆုံးပိုင်းနဲ့စအိုနားတဝိုက်မှာဖိအားတွေပိုလာလို့ဖြစ်ပြီးဝမ်းချုပ်တာကလည်းတတပ်တအားပါဝင်ပတ်သက်နေပါတယ်။ လိပ်ခေါင်းရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ။ လိပ်ခေါင်းရောဂါရဲ့အတွေ့ရများတဲ့လက္ခဏာတွေက စအိုနားတဝိုက်မှာအနေရခက်တာ၊ယားတာဒါမှမဟုတ်နာတာ။ အိမ်သာတက်ပြီးသန့်စင်တဲ့အခါသုံးတဲ့တစ်ရှူးမှာဒါမှမဟုတ်အိမ်သာကြွေခွက်မှာသွေးတွေပေနေတာ။ စအိုဝတဝိုက်မှာခပ်စိုစိုပန်းရောင်ရှိတဲ့အသားစိုင်တခုရှိနေတာဒါမှမဟုတ်စအိုဝကနေထွက်လာတာ။ ဘယ်အချိန်မှာဆေးဝါးကုသမှုခံယူရမလဲ။ စအိုကသွေးထွက်တာဟာဆိုးရွားပြီးအရေးကြီးတဲ့ရောဂါတွေဖြစ်တဲ့အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn's disease၊ diverticulitis နဲ့အူမကြီးကင်ဆာတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက်သိသိချင်းဆရာဝန်နဲ့ ပြဖို့အရမ်းအရေးကြီးပါတယ်။   လိပ်ခေါင်းရောဂါမှန်းဘယ်လိုသိနိုင်မလဲ။ သင့်ရဲ့စအိုတဝိုက်ကိုဆရာဝန်ကစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီးလက်အိတ်စွတ်ထားတဲ့လက်ကိုဒါမှမဟုတ်အထူးပြုလုပ်ထားတဲ့ကိရိယာတခုကိုသင့်စအိုထဲထည့်သွင်းပြီးစမ်းသပ်ပါလိမ့်မယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ကိရိယာကိုစအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာအလင်းပါတဲ့အခေါင်းပေါက် ပြွန်လေးဖြစ်ပြီးအူမကြီးအဆုံးပိုင်းရဲ့လက်မအနည်းငယ်ကိုလေ့လာကြည့်ရှုနိုင်ပါတယ်)။Proctoscopeလို့ခေါ်တဲ့ကိရိယာဟာanoscopeနဲ့အလုပ်လုပ်ပုံခပ်ဆင်ဆင်တူပြီးသူကတော့အူမကြီးထဲကိုပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင်ဒါမှမဟုတ်တခြားသောစအိုကသွေးယိုစေတဲ့ရောဂါတွေဟုတ်မဟုတ်သေချာသိချင်ရင်တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်းထပ်လုပ်ဖို့လိုကောင်းလိုဦးမှာဖြစ်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ်လိပ်ခေါင်းကြောင့်နာတာကိုဘယ်လိုသက်သာစေမလဲ။ ကံကောင်းတာကကိုယ်ဝန်ကြောင့်ဖြစ်တဲ့လိပ်ခေါင်းဟာကလေးမွေးပြီးတာနဲ့သူတို့ပါလိုက်ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ကြားကာလမှာနာကျင်တာတွေကိုသက်သာစေဖို့အတွက်အောက်ပါနည်းလမ်းလေးတွေကိုအသုံးပြုနိုင်ပါတယ်။ ရေနွေးစိမ်ပါ။ ရေဇလုံထဲရေနွေးသန့်သန့်ထည့်ပြီးတနေ့ကိုအကြိမ်အနည်းငယ်စိမ်ပေးပါ။ Witch hazel ဂျဲလ်အရည်ကိုစအိုတဝိုက်လိမ်းပေးပါ။ ကပ်ခွာကိုမကြာခဏလဲပေးပါ။ အချိန်အကြာကြီးထိုင်ခြင်းဟာအူမကြီးနဲ့စအိုတဝိုက်ကသွေးပြန်ကြောတွေကိုဖိအားများစေတဲ့အတွက်အကြာကြီးမထိုင်ပါနဲ။ ဘေးတစောင်းအိပ်ရင်အိပ်ဒါမှမဟုတ် ဖြစ်နိုင်ရင်မကြာခဏမတ်တပ်ရပ်ပေးပါ။ အချိန်အတော်ကြာအောင်ထိုင်ပြီးတိုင်းခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သင့်တော်မယ့်လိပ်ခေါင်းလိမ်းတဲ့ခရင်မ်ကိုသုံးနိုင်ဖို့ဆရာဝန်ကိုမေးမြန်းပါ။ သိထားရမှာကအဲဒီခရင်မ်တွေလိမ်းလို့လိပ်ခေါင်းပျောက်သွားမှာမဟုတ်ဘဲသူတို့ကလိပ်ခေါင်းကြောင့်နာကျင်တာကိုသက်သာစေရုံသာရည်ရွယ်တယ်ဆိုတာကိုပါ။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း