ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း

ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း ဆိုတာဘာလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း ဆိုတာ ဘာလဲ။ အတွင်းကလီစာတစ်စိတ်တစ်ပိုင်းက သူတို့ကို ထိန်းထားတဲ့ ကြွက်သား သို့မဟုတ် တစ်သျှူး အတွင်းရှိ အပေါက်မှတဆင့် အပြင်ကို တွန်းထွက်လာတဲ့အခါ အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။ အူကျွံခြင်းဟာ ဝမ်းဗိုက်ပိုင်းနဲ့ ပေါင်ခြံဧရိယာတဝိုက်မှာ အဖြစ်များပေမယ့် ပေါင်အထက်ပိုင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အတော်များများက အူကျွံခြင်း ဖြစ်နေပေမယ့် နာကျင်မှုကို ခံစားရလေ့ မရှိပါဘူး။ သို့ပေမယ့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မဟုတ်ရင် ပိုမို ဆိုးရွားလာတတ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်အတွင်း သင်အူကျွံနေပါက ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို စစ်ဆေးနိုင်မယ်၊ သင့်တော်တဲ့ ကုသမှုတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ အူကျွံရတဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် ကိုယ်ဝန် နောက်ဆုံး ၃ လပတ်မှာ ကိုယ်ဝန်ဆောင် အများစုဟာ တင်ပါးဆုံ နာကျင်မှုကို ခံစားရတတ်ကြပါတယ်။ ဒီလို ခံစားရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် လရင့်လာလို့ ဖြစ်နိုင်သလို ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်စဉ် ဘယ်အရာ တင်ပါးဆုံကို နာကျင်စေရသလဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ကလေး နေရတာ သက်သောင့်သက်သာဖြစ်ဖို့ တင်ပါးဆုံထဲက ကြွက်သားတွေ၊ အရွတ်တွေက ပြန့်ကားလာရပါတယ်။ ဒီလို ပြန့်ကားစေဖို့ အတွက်လည်း သဘာဝတရားက ဟော်မုန်း အပြောင်းအလဲတွေ လုပ်ပြီး ထိန်းညှိပေးပါတယ်။ ဒါကြောင့် တင်ပါးဆုံကွင်းထဲမှာရှိတဲ့ အဆစ်နဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အရေပြားလေးဖက်နာ က ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

Psoriasis သည် ကိုယ်ဝန်ရနိုင်မရနိုင်အပေါ် လွှမ်းမိုးမှုရှိဟန် မတူပါ။ သို့သော် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးပြုစုစဉ်၌ ကုသမှုပုံစံ ပြောင်းလဲဖို့ လိုပါလိမ့်မည်။   ကိုယ်ဝန်ဆောင်ခြင်းက Psoriasis အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိသလဲ။ ကိုယ်ဝန်ဆောင်ခြင်များသည် ကွဲပြားသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးစီနှင့် Psoriasis သည်လည်း တစ်ဦးနှင့်တစ်ဦးမတူပါ။ ၆၀%သော အမျိုးသမီးများတွင် ကိုယ်ဝန်ကိုးလဆောင်နေစဉ်၌ Psoriasis ၏လက္ခဏာများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ပရိုဂျက်စတီရုမ်း ဟော်မုန်းတိုးလာသောကြောင့်ဖြစ်ပြီး Psoriasis လက္ခဏာများကို ဖြစ်စေသည့် ကိုယ်ခံအားစနစ် တုန့်ပြန်လွန်ခြင်းကို လျော့ချပေးသောကြောင့်ဖြစ်သည်။ ၁၀ မှ ၂၀% သော အမျိုးသမီးများတွင်တော့ ကိုယ်ဝန်ဆောင်လျှင် Psoriasis ပိုဆိုးလာကြောင်း တွေ့ရ၏။ သင်လည်း သူတို့ထဲမှတစ်ယောက်ဆိုပါက ကလေးကိုမထိခိုက်စေနိုင်မည့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုအပ်ပါသည်။   Psoriasis က ကိုယ်ဝန်အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနိုင်မလဲ။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်သည့်အပေါ်တွင် Psoriasis က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ

ကိုယ်ဝန်ပျက်ကျခြင်းသည် ယနေ့ခေတ်တွင် ပိုပိုပြီး အဖြစ်များလာ၏။ ထိုစိတ်ညစ်ညူးဖွယ်ရာ တစ်ကိုယ်တည်း ခွဲခြားခံရသလို အခြေအနေသည် အမျိုးသမီးအား နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ရာ တားဆီးသွားနိုင်သည်။ သို့သော် ဘဝတွင် အိန်ဂျယ်လေးများကို အသည်းအသန် လိုချင်သူများအဖို့တော့ အောက်ပါအချက်များက ကိုယ်ဝန်ပျက်ပြီး နောက်တစ်ဖန် အန္တရာယ်ကင်းကင်းနှင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ အကူအညီပေးပါလိမ့်မည်။   သင်ခံစားရသည့် ကြေကွဲဝမ်းနည်းမှု ပပျောက်သွားရန် ခက်၏။ ထိုကြောင့် စိတ်ခံစားချက်ကို ပြင်ဆင်ထားရန်မှာ အလွန်အရေးကြီးပါသည်။ ကိုယ်ဝန်ပျက်ကျဖူးသော အမျိုးသမီးများသည် ထိခိုက်ပိုလွယ်သလို ခံစားရပြီး အရာအားလုံးတစ်ဖန်ပြန်စရန် မဝံ့မရဲ ဖြစ်နေတတ်သည်။ နောက်တစ်ခါ ထပ်ပျက်ကျနိုင်မလားဆိုသည့် ကြောက်စိတ်ကို ဖြေရှင်းဖို့ရာ လွယ်ကူသောအဖြေမရှိတာကြောင့် သင့်ပါတနာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆရာဝန်ဖြင့်ဆွေးနွေးခြင်းက ကြမ်းတမ်းသည့်အချိန်များကို ဖြတ်ကျော်နိုင်ရန် အကူအညီရပါသည်။ ထို့အပြင် ဒုတိယအခွင့်အရေးရန် မျှော်လင့်ချက်မပျောက်ပါနှင့်။ တတိယအခွင့်အရေးဆိုရင်တောင်မှ ဖြစ်နိုင်ပါသေးသည်။ ကိုယ်ဝန်ဆောင်မရနိုင်သည့် အောက်ခံရောဂါများ မရှိဘူးဆိုပါက အနာဂတ်တွင် ကိုယ်ဝန်အောင်မြင်နိုင်ချေက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သန္ဓေသားသေဆုံးမှု,ပျက်ကျခြင်းနဲ့ သားအိမ်အတွင်းသေဆုံးခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားဟာ အန္တရာယ်များစွာရင်ဆိုင်ရပါတယ်။ ဆိုးဝါးရင် သေဆုံးစေနိုင်ပါတယ်။ သန္ဓေသားသေဆုံးမှုကို နှစ်မျိုးခွဲနိုင်ပါတယ်။ ပျက်ကျခြင်းနဲ့ သားအိမ်အတွင်းသေဆုံးခြင်းတို့ဖြစ်ပါတယ်။ ပျက်ကျခြင်း မိခင်လောင်းဟာ ကိုယ်ဝန်ပျက်ကျမှာ ထိခိုက်မှာ သိပ်သတိမမူမိရင် သန္ဓေသားသေဆုံးပြီး ပျက်ကျနိုင်ပါတယ်။ ဒါက ပထမဆုံးကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ မိခင်တွေမှာ အတွေ့အကြုံမရှိတဲ့အချိန် သွေးထွက်လွန်ပြီး ဗိုက်အောင့်တာတွေဖြစ်တာ သတိမပြုမိဖြစ်တတ်ပါတယ်။ အရေအိတ်က ဟော်မုန်းတွေထုတ်လွှတ်နေသရွှေ့ ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။ အမျိုးသမီးတွေကိုယ်ဝန်ပျက်ကျတာက သေချာတဲ့လက္ခဏာရယ်လို့မရှိပါဘူး။ တစ်ချို့ကတော့ သွေးအညိုရောင် အပုပ်ရောင်ဆင်းပြီး ရင်အုံနာခြင်း၊ တစ်ချို့ကတော့ အလွန်ပင်ပန်းနေခြင်းဖြစ်တတ်ပါတယ်။ ဆရာဝန်တွေနဲ့သေချာစစ်ဆေးပေးသင့်ပါတယ်။ ပျက်ကျမှုတော်တော်များများက သန္ဓေသားမှာ လက္ခဏာပြတတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ဆောင်တာကို နှောင့်ယှက်နိုင်ပါတယ်။   သားအိမ်အတွင်း သေဆုံးခြင်း သူကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၂ပတ်မှာ ကလေးကိုဆုံးရှုံးခြင်းဖြစ်ပါတယ်။ ဒါက ၂၀၀ပုံ ၁ပုံသာဖြစ်လေ့ရှိပါတယ်။ မမွေးခင် ဆရာဝန်တွေက ရှောရှောရှုရှုမွေးနိုင်ဖို့ ဆေးတွေပေးကြပါတယ်။ ဒါမှမဟုတ် ခွဲမွေးဖို့လုပ်ပေးကြပါတယ်။ မိခင်တွေသတိထားရမှာကတော့ ၁။ သန္ဓေသားလှုပ်ရှားမှုတစ်ဖြည်းဖြည်းငြိမ်သက်လာတာ ၂။ ရင်သားတွေ ပြန်ကျုံ့လာတာ ၃။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

လမစေ့မီ ကလေးမွေးခြင်း

လမစေ့မီ ကလေးမွေးခြင်း အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ လမစေ့မီ ကလေးမွေးခြင်း ဆိုတာ ဘာလဲ။ လမစေ့မီ ကလေးမွေးခြင်း ဆိုတာာ ကိုယ်ဝန် ၃၇ ပတ်မပြည့်မီတွင် မွေးဖွားခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်က အပတ်၄၀ ခန့် ကြာတတ်ပါတယ်။  လမစေ့မီ မွေးတဲ့ ကလေးတွေက မိခင်ရဲ့ သားအိမ်ထဲမှာ ကြီးထွားဖွံ့ဖြိုးချိန် လုံလုံလောက်လောက် မရှိတဲ့အတွက် မွေးပြီးတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးများ ပိုများတတ်ပါတယ်။ စောမွေးတဲ့ အချိန်ကာလအပေါ်မူတည်ပြီး အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါတယ်။ ၃၄ ပတ်မှ ၃၆ ပတ်အတွင်းဆိုရင် အနည်းငယ် လမစေ့ခြင်း လို့ ခေါ်ပါတယ်။ ၃၂ ပတ်မှ ၃၄ ပတ်အတွင်းဆိုရင်တော့ အတော်အသင့် လမစေ့တာလို့ ခေါ်ပါတယ်။ ၃၂ ပတ်အောက် မွေးရင်တော့ အလွန်အကျွံ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကဘာလဲ။ Uterine rupture ဆိုတာဟာ သားအိမ်ရဲ့ တစ်နေရာရာမှာ ပြဲသွားတာကို ခေါ်ပါတယ်။ တင်ပဆုံရိုးဖွဲ့စည်းပုံ တွင်ပြသနာရှိတဲ့သူတွေ၊ ကလေးခွဲမွေးထားတဲ့သူတွေ မှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို ကွဲသွားတာဟာ သားအိမ်ရဲ့ အစိတ်အပိုင်းတစ်ခု(သို့) သားအိမ် အလွှာအားလုံးအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။ သားအိမ်ကွဲခြင်းဟာ မိခင်ရော၊ ကလေးအတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အများစု သော သားအိမ်ကွဲခြင်းတွေဟာ ကလေးမွေးနေစဉ်အတွင်းမှာ ဖြစ်တတ်ပြီး အရင်က ဗိုက်ခွဲကလေးမွေးခဲ့တာမျိုး၊ အရင်က သားအိမ်ကွဲ ဖူးတာမျိုး မရှိခဲ့ဖူးရင် ဒီလို ဖြစ်ဖို့ ခဲယဉ်းပါတယ်။ Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁/၅၇၀၀ မှ ၁/၂၀၀၀၀ လောက်ထိ သားအိမ်ကွဲတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ သိပ်မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဆိုတာဘာလဲ။ Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း)ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တက်ခြင်း၊ ကိုယ်ဝန်ရခြင်း ဖြစ်ပါတယ်။ သူဟာ ရှားပါးပြီး ပြင်းထန်တဲ့ အခြေအနေဖြစ်ကာ pre-eclumpsia (ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းနဲ့ အခြားလက္ခဏာများ) ရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပါတယ်။ ဒီလိုတက်ခြင်းတွေမှာ ဦးနှောက်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။ Preeclumpsia နဲ့ Eclampsia ဟာ အောက်စီဂျင်၊ အာဟာရဓါတ်နဲ့ သွေးတွေကို သန္ဓေသားကို သယ်ပို့ပေးတဲ့ အချင်းကို သက်ရောက်မှုရှိပါတယ်။ သွေးါပင်တက်ခြင်းဟာ သွေးစီးနှုန်းကို နည်းစေတဲ့အခါ အချင်းဟာ ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါဟာ ကလေးငယ်တွေကို မွေးဖွားစဉ် ကိုယ်အလေးချိန်နည်းခြင်းနဲ့ အခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချင်း ပြဿနာတွေကြောင့် အချိန်မတိုင်မီ ကလေးမွေးဖွားဖို့ လိုအပ်နိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာ ကလေးအသေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း မပြောခင် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) အကြောင်း အရင်ပြောပြပေးချင်ပါတယ်။ Fifth Disease ဆိုတာဘာလဲ။ Fifth Disease ဆိုတာ human parvovirus B19 (ပါဗို ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတာပါ။ ဒါဟာကူးစက်နိုင်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ကိုယ်တွင်းအရည်တွေကနေပြီး ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ဒီရောဂါဟာ မပြင်းထန်ဘဲ ကုသမှု မခံယူဘဲတောင် အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ ဒီရောဂါကို ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာလည်းပဲ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးကို မွေးဖွားပေးနိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာဖြစ်တဲ့ Fifth disease ရဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆက်ဆောင်ခြင်းက မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကပဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိနိုင်ပါတယ်။ တခြားအကြောင်းအရာတွေကြောင့်တော့ ဘယ်ဆေးရုံ၊ ဆရာဝန်ကမှ ဖျက်ချပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချတာတွေလည်း ရှိနေတုန်းပါပဲ။ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများကတော့ တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး။ အောက်မှာ ဆက်ပြောမှာကတော့ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ တွေထဲက အဖြစ်အများဆုံး အခြေအနေတွေ ပါပဲ။ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရတဲ့ အကြောင်းရင်းများ ကတော့ ၁။ ငွေကြေးအခက်အခဲရှိခြင်း ဒီအကြောင်းပြချက်ကြောင့် ကလေးဖျက်ချမယ်ဆိုတာကတော့ အများစုအတွက် လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် မွေးပြီးကာမှ ကလေးကို ကောင်းကောင်းကို ဂရုမစိုက်နိုင်ရင်၊ သူများကို မွေးစားဖို့ ပေးပစ်လိုက်ရရင် ဒါမှမဟုတ် ဒီကလေးရဲ့ ကုန်ကျစရိတ်ကို မခံနိုင်လောက်ဖူးလို့ ယူဆတဲ့အခါမှာ ကလေးဖျက်ချဖို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း