backup og meta

အိမ်သုတ်ဆေးငွေ့က ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်သုတ်ဆေးငွေ့က ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား

    အိမ်သုတ်ဆေးအငွေ့ တွေဟာ ပုံမှန်လူတွေအတွက်တောင် စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သူတို့ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက်ဆိုရင် အန္တရာယ်ရှိမရှိ သိလိုကြခြင်းဟာ သဘာဝကျပါတယ်။

    အိမ်သုတ်ဆေးအငွေ့ တွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိပါသလား။

    ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ မရှိပါဘူး။ ဆေးသုတ်ခြင်းကထွက်လာသော အငွေ့ တွေကို ရှူမိခြင်းဟာ သင်နဲ့ သင့်ကလေးငယ်ကို ဓါတုပစ္စည်းများစွာနဲ့ ထိတွေ့ စေပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဓါတုပစ္စည်းတွေဟာ ကလေးငယ်ကို ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာကို တိကျစွာ ပြောနိုင်ခြင်း မရှိပါဘူး။ သင်ရှူသွင်းလိုက်တဲ့ ဓါတုပစ္စည်းတွေတဲ့ တိကျတဲ့ပမာဏကို တိုင်းတာဖို့ ခက်ခဲနိုင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဘယ်လောက် အန္တရာယ် ရှိလဲဆိုတာ တိကျစွာပြောဖို့ ခက်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီအငေ့ွတွေ ရှူမိခြင်းဟာ ကလေးငယ်ကို မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ဒီအငွေ့တွေ ရှူမိခြင်းနဲ့ ကလေးငယ်မှာ အူတွေနဲ့ အခြားအင်္ဂါတွေ ကိုယ်ခန္ဓါပြင်ပကျွံထွက်တဲ့ရောဂါ အန္တရာယ်နဲ့ အနည်းငယ်ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းငယ် ဆေးသုတ်တာလောက်ကတော့ ပြဿနာမရှိပါဘူး။ နေ့တိုင်း ဆေးသုတ်နေတာမဟုတ်ဘူး ဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး။

    ဆေးသုတ်ဖို့လိုအပ်ရင် ဘယ်လိုလုပ်ရမလဲ။

    အကောင်းဆုံးကတော့ အခြားသူတစ်ယောက်ကို သင့်အစား ဆေးသုတ်ခိုင်းပါ (သို့) ကလေးမွေးပြီးတဲ့အထိ ဆေးသုတ်ခြင်းကို စောင့်ဆိုင်းသင့်ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ကလေးကိုလဲ အိမ်သုတ်ဆေးနဲ့ ဝေးရာမှာထားဖို့ သတိရသင့်ပါတယ်။ သင်ဆေးသုတ်နေစဉ်မှာ ကလေးငယ်ကို အနီးမှာမထားသင့်ပါဘူး။ ကလေးငယ် အတွက် သေချာ ပြင်ဆင်ပေးထားတဲ့ အခန်းကို မြင်စေချင်တယ်ဆိုရင်တောင် ကလေးငယ်ကို မကြာသေးမီကမှ ဆေးသုတ်ထားတဲ့ အခန်းထဲမှာ မထားသင့်ပါတယ်။ ဆေးသုတ်ခြင်းကထွက်လာသော အငွေ့တွေဟာ မွေးကင်းစကလေးတွေနဲ့ ဝေးဝေးမှာ ထားသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

    တကယ်လို့ ဆေးသုတ်ရတော့မယ်ဆိုရင် ဆိုးကျိုးတွေ နည်းအောင် ဘယ်လိုကာကွယ်မှုတွေ ပြုလုပ်မလဲ။

    • ပထမဆုံးကတော့ သင့်မှာ အသက်ရှူနိုင်တဲ့ မျက်နှာအုပ် တစ်ခု တပ်ထားသင့်ပါတယ်။ ဆေးသုတ်ရန်အတွက် အထူးဒီဇိုင်းတီထွင်ထားတဲ့ ဒီလို မျက်နှာအုပ်တွေကို စတိုးဆိုင် အတော်များများမှာ ရောင်းပါတယ်။

    • အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပြီး ဆေးက သင့်အရေပြားကို ထိတွေ့မှု မရှိအောင်ကာကွယ်သင့်ပါတယ်။

    • သင်အလုပ်လုပ်တဲ့ နေရာမှာ အစားအသောက် မယူလာသင့်ပါဘူး။ တကယ်လို့ စားချင်တယ်ဆိုရင် အခြားအခန်းကို သွားသင့်ပါတယ်။ ဒါဟာ သင့်အစားအသောက်ပေါ်မှာ တင်နေတဲ့ ဓါတုပစ္စည်းတွေကို စားမိခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    • အငွေ့ပျံတဲ့ ဓါတုဒြပ်ပေါင်း (Volatile organic compounds) တွေ နည်းတဲ့ စိတ်ချရတဲ့ ဆေးကို ရှာဖွေသင့်ပါတယ်။

    • ဆေးသုတ်တဲ့ အချိန်ကိုလည်း ကန့်သတ်သင့်ပါတယ်။

    • အငွေ့တွေ ထွက်သွားအောင် ပြတင်းပေါက်ကို ဖွင့်ထားသင့်ပါတယ်။

    • မကြာသေးမီက ဆေးသုတ်ထားတဲ့ အခန်းအတွင်းမှာ အချိန်ကြာမြင့်စွာ နေခြင်း (သို့) အိပ်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။

    ဆေးသုတ်ရာက ထွက်တဲ့ အငေ့ွတွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ သက်သေပြချက်မရှိပေမယ့် စိတ်ချရစေဖို့ ဆေးသုတ်ခြင်းနဲ့ ဆေးသုတ်ခြင်းမှ ထွက်တဲ့ အငွေ့တွေကနေ ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement