backup og meta

ကိုယ်ဝန်ဆောင်တွေမှာဘာကြောင့်ချက်စူလာရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်တွေမှာဘာကြောင့်ချက်စူလာရတာလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ချက်မှာအပြောင်းအလဲတချို့ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးပြောင်းလဲမှုကတော့ ချက်စူလာခြင်းဖြစ်တယ်။

    ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချက်စူလာရတာလဲ

    ချက်ဟာအမှန်တော့ အမာရွတ်တစ်ခုပါ။ ကျွန်ုပ်တို့မွေးဖွားစဉ်အခါက ချက်ကြိုးဖြတ်လိုက်တဲ့နေရာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ချက်ပုံစံမတူတတ်ကြပါဘူး။ တချို့ကအပြင်ကို စူထွက်နေတတ်ပြီး တချို့ကတော့အတွင်းကို ချိုင့်နေတတ်ပါတယ်။ ပုံမှန်အတွင်းကို ချိုင့်ဝင်နေတတ်သော ချက်ဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်ကိုစူထွက်လာတတ်တယ်။

    ကိုယ်ဝန်လရင့်လာလို့ ဝမ်းဗိုက်တဖြေးဖြေးကြီးလာနဲ့အမျှ ချက်နားတစ်ဝိုက်ကအရေပြားကို အပြင်ကိုတွန်းထုတ်သလိုဖြစ်တာကြောင့် ချက်စူသွားတတ်ပါတယ်။ ဒါပေမယ့် မိခင်လောင်းတိုင်းဖြစ်တတ်တာတော့မဟုတ်ဘူး။ ဝမ်းဗိုက်အလျင်မြန်ဆုံးဖွံ့ထွားတတ်တဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ဒုတိယပိုင်းမှာ များသောအားဖြင့် စူလာတတ်ပါတယ်။

    ချက်စူလာတာဟာစိုးရိမ်စရာရှိလား

    ကိုယ်ဝန်ဆောင်ကာလမှ ချက်စူလာခြင်းက ပုံမှန်အဖြစ်အပျက်တစ်ခုပါ။ ဗိုက်ပူလာတာနဲ့အမျှ တွန်းအားတက်လာတာကြောင့် ချက်စူလာရခြင်းပါ။ ဒါပေမယ့် ချက်စူထွက်ခြင်းဟာ အူကျွံခြင်းကြောင့်လည်းဖြစ်နိုင်တာမို့ ချက်နားတဝိုက်မှာ နာကျင်တာ သို့မဟုတ် တစ်ခုခုထိုးထွက်နေသလို ခံစားရတယ်ဆိုရင်တော့ အူကျွံတာဖြစ်နိုင်ပါတယ်။

    အူကျွံတာဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ချက်နားမှာ အူကျွံခြင်းဖြစ်တယ်။

    ချက်နားမှာအူကျွံတာဟာ ဝမ်းဗိုက်နံရံကအပေါက်ငယ်လေးက တစ်ဆင့်ဖြစ်တတ်တာပါ။ ထိုအပေါက်ငယ်လေးက များသောအားဖြင့် တစ်သျှူးတွေ အသစ်ဖြစ်လာပြီး တဖြေးဖြေးသူ့ဖာသာသူ ပြန်ကောင်းသွားတတ်တယ်။ ဒါပေမယ့် မိခင်လောင်းတွေမှာတော့ ကလေးရဲ့တွန်းအားကြောင့် ပုံမှန်ထက်ပိုကြာတတ်ပါတယ်။

    ချက်နားအူကျွံတာဆိုရင် ဘာလုပ်ရမလဲ

    အကောင်းဆုံးကတော့ သူ့ဖာသာသူပျောက်သွားချိန်ကို စောင့်လိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်ခုခုလုပ်လိုက်တာက သင့်အတွက်အန္တရာယ်များပါတယ်။ ဒါပေမယ့် အူတွေချက်ကနေ တစ်ဆင့်ထွက်လာတာမျိုး၊ အစာတွေဝင်ပြီး လှောင်နေတာမျိုး စသည်ဖြင့် ပိုဆိုးလာမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။

    ဒါပေမယ့် ဒီလိုဖြစ်စဉ်တွေက ကိုယ်ဝန်ဆောင်ကာလမှာတောင်မှပဲ ဖြစ်လေ့ဖြစ်ထမရှိတတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချက်နားတစ်ဝိုက်မှာ နာကျင်မှုခံစားရတယ်ဆိုရင်တော့ စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။ သင့်အခြေအနေကိုလိုက်ပြီး ဘာလုပ်သင့်လဲဆိုတာ သင့်ဆရာဝန်သိမှာပါ။

    ကိုယ်ဝန်ဆောင်နေချိန်မှာလည်း သင့်ချက်ဟာ ပင်ကိုပုံစံအတိုင်းပဲဆိုရင်တော့ ဂုဏ်ယူစရာပဲလို့တောင်ပြောရမလိုပါပဲ။ ဒါပေမယ့် မပူပါနဲ့ စူထွက်လာခဲ့ရင်လည်း ကလေးမွေးဖွားပြီးတဲ့အခါ နဂိုပုံစံပြန်ရောက်သွားပါတယ်။

    နာကျင်မှုရှိခဲ့ရင် ဘယ်လိုသက်သာစေမလဲ

    တချို့မိခင်လောင်းတွေဟာ ချက်နားတဝိုက်က နာကျင်မှုမရှိတတ်ပေမယ့် တချို့ကတော့ ကိုယ်ဝန်ရှိလာတာနဲ့ နာလာတတ်ပါတယ်။ နောက်ထပ်ကိုယ်ဝန်တွေမှာတော့ မဖြစ်တတ်တော့ပါဘူး။

    ကလေးဖွံ့ဖြိုးတာ မြန်တဲ့အချိန်မှာ နာကျင်လာတတ်ပြီး ပြီးရင်ပျောက်သွားတတ်ပါတယ်။ ကြာလာရင်တော့ တွန်းအားတွေ ကြွက်သားကိုဆွဲဆန့်ခံရတာတွေကို ကျင့်သားရသွားပါလိမ့်မယ်။ တချို့ကျတော့လည်း ဝမ်းဗိုက်အကြီးဆုံးဖြစ်လာတဲ့ ကိုယ်ဝန်နောက်ဆုံးပတ်မှာ နာကျင်မှုပိုဆိုးလာတတ်တယ်။

    ဘေးစောင်းပြီး အိပ်တာမျိုး၊ ခေါင်းအုံးတွေနဲ့ ထောက်ပံ့ထားတာမျိုးနဲ့ ဝမ်းဗိုက်ပေါ်ဖိအားနည်းစေခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

    မတ်တပ်ရပ်နေစဉ်မှာ ဝမ်းဗိုက်နဲ့ခါးနာကျင်ရောင်ရမ်းခြင်းကို သက်သာဖို့ ကိုယ်ဝန်သည်တွေအတွက် ခါးစည်းကိုသုံးတာမျိုး၊ ….. အရေပြားယားယံခြင်းတွေအတွက် ကိုယ်ဝန်သည်တွေအတွက် သင့်တော်သော လိုးရှင်းတစ်မျိုးမျိုး သို့မဟုတ် ထောပတ်ဆီတို့ဖြင့် အရေပြားပေါ်လိမ်းကျံပေးခြင်းမျိုးတို့က အကူအညီဖြစ်စေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement