ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်းဓါတ်ကြောင့် သင့်ကလေးကိုမည်ကဲ့သို့သက်ရောက်နိုင်သနည်း။

သင်ကိုယ်ဝန်ဆောင်တော့မည်ဆိုလျှင် ကဖင်းဓါတ် (caffeine) ကို လုံးဝရပ်စရာမလိုပါဘူး။ သို့သော်လည်း တစ်နေ့လျှင် ကဖင်းနှစ်ရာမီလီဂရမ်ထက်ပိုမိုသောက်သုံးနေပြီဆိုပါက သင်၏အတိုင်းအတာကို ကန့်သတ်ဖို့တော့လိုအပ်ပါလိမ့်မည်။ တစ်နေ့လျှင် လက်ဖက်ရည် မတ်ခွက်နှစ်ခွက် ၊ကော်ဖီမစ်ထုတ် မတ်ခွက်နှစ်ခွက် သို့မဟုတ် ကြိတ်ထားသောကော်ဖီစေ့ကိုဖျော်ထားသော မတ်ခွက် တစ်ခွက် သည် သင့်ကို ကဖင်းနှစ်ရာမီလီဂရမ် သတ်မှတ်ချက်အတွင်း ထိန်းထားပေးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်း (caffeine) များစွာသောက်သုံးလျှင် မည်သည်တို့ဖြစ်နိုင်သနည်း။ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်းသတ်မှတ်ထားသော ပမာဏထက် ကဖင်းပိုမိုသောက်သုံးပါက ကိုယ်ဝန်ပျက်ကျနိုင်ချေ အန္တရာယ်များပါသည်။ ပေါင်ချိန်မပြည့်သော ကလေးမွေးခြင်း အန္တရာယ် လည်း ပိုများလာနိုင်သည်။ သို့သော်လည်း တစ်ခါတစ်လေ ကဖင်းနှစ်ရာမီလီဂရမ်ထက်ပိုသောက်မိသွားပါကလည်း အရမ်းတော့စိတ်မပူပါနှင့်။ ဖြစ်ပွားနိုင်ချေသည် အလွန်နည်းပါသည်။ ကဖင်းသည် ကလေးအပေါ်မည်ကဲ့သို့လွှမ်းမိုးမှုရှိသနည်း။ သင်သည်ကော်ဖီတစ်ခွက်သောက်သောအခါတွင် ကဖင်းသည်အချင်းကိုဖြတ်၍ သင့်ကလေး၏သွေးလမ်းကြောင်းနှင့် ရေမြွှာရည် များထဲသို့ဝင်သွားသည်။ ကဖင်းသည် နှလုံးခုန်နှုန်းနှင့် ဇီဝရုပ်ဖြစ်ပျက်မှုများကို မြန်ဆန်စေသောကြောင့် သင့်ကိုပိုမိုတက်ကြွစေနိုင်သလို မမွေးသေးသော သင့်ကလေးအပေါ်တွင်လည်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နဲ့ လိပ်ခေါင်းပြဿနာ

လိပ်ခေါင်းဆိုတာဘာလဲ။   အူမကြီးအဆုံးပိုင်းနဲ့စအိုတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့အလွယ်ခေါ်ကြပါတယ်။ တချို့လူနာတွေမှာဆိုရင်အဲ့ဒီသွေးကြောလေးတွေဟာဖောင်းကားလွန်းနေပြီးအရမ်းတင်းနေတာကြောင့်ပါးလှပ်နေပြီးအပြင်ကိုကျွံထွက်လာတတ်ကာနေရာတာကသိကအောင့်ဖြစ်ပြီးနာကျင်စေပါတယ်(အထူးသဖြင့်အိမ်သာတက်တဲ့အချိန်တွေမှာပေါ့)။ ဒီနာကျင်ပြီးကသိကအောက်ဖြစ်ရတဲ့အခြေအနေဟာကိုယ်ဝန်ဆောင်မိခင်တွေမှာအရမ်းကိုအဖြစ်များလှပါတယ်။ အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်းမှာအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဘာလို့လိပ်ခေါင်းဖြစ်တာလဲ။   ဝမ်းချုပ်တာကနေပြီးတော့လည်းလိပ်ခေါင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းခံကတော့အူမကြီးအဆုံးပိုင်းနဲ့စအိုနားတဝိုက်မှာဖိအားတွေပိုလာလို့ဖြစ်ပြီးဝမ်းချုပ်တာကလည်းတတပ်တအားပါဝင်ပတ်သက်နေပါတယ်။ လိပ်ခေါင်းရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ။ လိပ်ခေါင်းရောဂါရဲ့အတွေ့ရများတဲ့လက္ခဏာတွေက စအိုနားတဝိုက်မှာအနေရခက်တာ၊ယားတာဒါမှမဟုတ်နာတာ။ အိမ်သာတက်ပြီးသန့်စင်တဲ့အခါသုံးတဲ့တစ်ရှူးမှာဒါမှမဟုတ်အိမ်သာကြွေခွက်မှာသွေးတွေပေနေတာ။ စအိုဝတဝိုက်မှာခပ်စိုစိုပန်းရောင်ရှိတဲ့အသားစိုင်တခုရှိနေတာဒါမှမဟုတ်စအိုဝကနေထွက်လာတာ။ ဘယ်အချိန်မှာဆေးဝါးကုသမှုခံယူရမလဲ။ စအိုကသွေးထွက်တာဟာဆိုးရွားပြီးအရေးကြီးတဲ့ရောဂါတွေဖြစ်တဲ့အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn's disease၊ diverticulitis နဲ့အူမကြီးကင်ဆာတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက်သိသိချင်းဆရာဝန်နဲ့ ပြဖို့အရမ်းအရေးကြီးပါတယ်။   လိပ်ခေါင်းရောဂါမှန်းဘယ်လိုသိနိုင်မလဲ။ သင့်ရဲ့စအိုတဝိုက်ကိုဆရာဝန်ကစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီးလက်အိတ်စွတ်ထားတဲ့လက်ကိုဒါမှမဟုတ်အထူးပြုလုပ်ထားတဲ့ကိရိယာတခုကိုသင့်စအိုထဲထည့်သွင်းပြီးစမ်းသပ်ပါလိမ့်မယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ကိရိယာကိုစအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာအလင်းပါတဲ့အခေါင်းပေါက် ပြွန်လေးဖြစ်ပြီးအူမကြီးအဆုံးပိုင်းရဲ့လက်မအနည်းငယ်ကိုလေ့လာကြည့်ရှုနိုင်ပါတယ်)။Proctoscopeလို့ခေါ်တဲ့ကိရိယာဟာanoscopeနဲ့အလုပ်လုပ်ပုံခပ်ဆင်ဆင်တူပြီးသူကတော့အူမကြီးထဲကိုပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင်ဒါမှမဟုတ်တခြားသောစအိုကသွေးယိုစေတဲ့ရောဂါတွေဟုတ်မဟုတ်သေချာသိချင်ရင်တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်းထပ်လုပ်ဖို့လိုကောင်းလိုဦးမှာဖြစ်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ်လိပ်ခေါင်းကြောင့်နာတာကိုဘယ်လိုသက်သာစေမလဲ။ ကံကောင်းတာကကိုယ်ဝန်ကြောင့်ဖြစ်တဲ့လိပ်ခေါင်းဟာကလေးမွေးပြီးတာနဲ့သူတို့ပါလိုက်ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ကြားကာလမှာနာကျင်တာတွေကိုသက်သာစေဖို့အတွက်အောက်ပါနည်းလမ်းလေးတွေကိုအသုံးပြုနိုင်ပါတယ်။ ရေနွေးစိမ်ပါ။ ရေဇလုံထဲရေနွေးသန့်သန့်ထည့်ပြီးတနေ့ကိုအကြိမ်အနည်းငယ်စိမ်ပေးပါ။ Witch hazel ဂျဲလ်အရည်ကိုစအိုတဝိုက်လိမ်းပေးပါ။ ကပ်ခွာကိုမကြာခဏလဲပေးပါ။ အချိန်အကြာကြီးထိုင်ခြင်းဟာအူမကြီးနဲ့စအိုတဝိုက်ကသွေးပြန်ကြောတွေကိုဖိအားများစေတဲ့အတွက်အကြာကြီးမထိုင်ပါနဲ။ ဘေးတစောင်းအိပ်ရင်အိပ်ဒါမှမဟုတ် ဖြစ်နိုင်ရင်မကြာခဏမတ်တပ်ရပ်ပေးပါ။ အချိန်အတော်ကြာအောင်ထိုင်ပြီးတိုင်းခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သင့်တော်မယ့်လိပ်ခေါင်းလိမ်းတဲ့ခရင်မ်ကိုသုံးနိုင်ဖို့ဆရာဝန်ကိုမေးမြန်းပါ။ သိထားရမှာကအဲဒီခရင်မ်တွေလိမ်းလို့လိပ်ခေါင်းပျောက်သွားမှာမဟုတ်ဘဲသူတို့ကလိပ်ခေါင်းကြောင့်နာကျင်တာကိုသက်သာစေရုံသာရည်ရွယ်တယ်ဆိုတာကိုပါ။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း ကိုယ်ဝန်ဆောင်စဉ် အချိန်တွင် သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ပုံမှန် အချိန်ထက် ရေဓါတ် ပိုမို လိုအပ်ပါတယ်။ ဗိုက်ထဲက ကလေးက ရေမသောက်နိုင်တဲ့အတွက် မိခင်က ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း ကို ခံစားရနိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်တာကို ဘယ်လို သိနိုင်မလဲ။ ခန္ဓါကိုယ် အပူချိန် တက်လာခြင်းက ရေဓါတ် နည်းနေပြီဆိုတဲ့ လက္ခဏာ တစ်ရပ် ပဲပေါ့။ သင့်ခန္ဓါကိုယ်မှာ ရေဓါတ် ပြည့်ဝနေရင် ခန္ဓါကိုယ်အပူချိန်ကို ကောင်းမွန်စွာ ထိန်းညှိထားနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ ဆီးအရောင်ဟာ အဝါရောင် ရင့်ရင့် ပြောင်းလာပြီ ဆိုရင် သင်ရေများများ သောက်ဖို့ လိုပြီဆိုတာ သိလိုက်ပါ။ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အခြားသော လက္ခဏာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေး အသေမွေးခြင်း (Stillbirth) ဆိုတာ

ကလေး အသေမွေးခြင်း (Stillbirth) ဆိုတာက ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်း (တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ပတ် ၂၄ပတ်နောက်ပိုင်း) မှာ မွေးပြီး မွေးလာတဲ့ ကလေးက အဖတ်မတင်တာကို ဆိုလိုတာပါ။ ကိုယ်ဝန်အပတ် ၂၀ မတိုင်ခင် ကလေးဆုံးရှုံးခြင်းကိုတော့ ကိုယ်ဝန်ပျက်ကျခြင်းလို့ ခေါ်ပါတယ်။ ကလေးအသေမွေးတဲ့ ကိုယ်ဝန်ဆောင်  ၃ယောက်မှာ ၁ယောက်က အကြောင်းရင်း မရှိဘဲ ဖြစ်သွားတာပါ။ ကျန်တဲ့သူတွေကတော့ အချင်း ဒါမှမဟုတ် ချက်ကြိုးပြဿနာ၊ သွေးတိုးတာ၊ ပိုးဝင်တာ၊ မွေးရာပါချို့ယွင်းချက်ပါတာ၊ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်တာပါ။ ကလေး အသေမွေးခြင်း (Stillbirth) ရဲ့ လက္ခဏာတွေက ဘာတွေလဲ ကိုယ်ဝန်၂၄ပတ် ကျော်တယ်၊ မွေးလာတဲ့ ကလေးက အသက်မပါလာဘူးဆိုတာကတော့ အသိသာဆုံးလက္ခဏာပါပဲ။ ဒီလိုမဟုတ်ဘဲ ကလေးက မမွေးခင် ဗိုက်ထဲမှာ ဆုံးပါးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကလေးမလှုပ်တော့တာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှုတွေက အော်တစ်ဇင်ဖြစ်ဖို့ ဦးတည်စေသလား။

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု များပြားခြင်းဟာ အော်တစ်ဇင်အပါအဝင် တခြား မကောင်းတဲ့ အခြေအနေတွေဆီကို ဦးတည်စေပါတယ်။University of Missouri School of Medicine တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ stress-sensitive gene လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene တွေပြုမူပုံ နဲ့ ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့ အော်တစ်ဇင်ကလေးတွေရဲ့ မိခင်တွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ကြပါတယ်။ အော်တစ်ဇင်ဟာ မျိုးဗီဇကြောင့်အဓိကဖြစ်တဲ့ ရောဂါတခုလို့ သတ်မှတ်ထားခဲ့ကြပေမယ့် စိတ်ဖိစီးမှုလိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေကလည်း အော်တစ်ဇင်ဝေဒနာခံစားရစေဖို့ တထောင့်တနေရာကနေ ပါဝင်နေပြန်တာကို နောက်ပိုင်းလေ့လာမှုတွေအရ သိရှိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စိတ်ဖိစီးမှုဒါဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ တချို့မိခင်တွေကမွေးတဲ့ ကလေးတွေမှာ အော်တစ်ဇင် ရောဂါမရှိသလို တချို့မိခင်တွေကျပြန်တော့လည်း အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေကို မွေးဖွားကြရပြန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတဲ့ အဖြေကို သိရဖို့အတွက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

ရေကျောက်ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်စေပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်ငါးချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ ဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကလေးကိုပါ ထိခိုက်မလား၊ မထိခိုက်ဖူးလားဆိုတာက ကိုယ်ဝန်အပတ်နဲ့ ဆိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန် ရှစ်ပတ်နဲ့ အပတ်နှစ်ဆယ်ကြားမှာ မိခင် ရေကျောက်ပေါက်တယ်ဆိုရင် ကလေးမှာ Congenital Varicella Syndrome လို့ခေါ်တဲ့ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ရောဂါတစ်မျိုးကို ခံစားရမှာပါ။ ဒီရောဂါကြောင့် ဆက်ဖြစ်နိုင်တာတွေက ကလေးဟာ ခြေလက်တွေ ပုံစံမမှန်ဘဲ မွေးလာမယ်၊ အရေပြားမှာ အမာရွတ်တွေလိုမျိုး ပါလာမယ်၊ ခေါင်းလေးက အရမ်းသေးနေမယ်၊ မျက်လုံးတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် acetaminophen ဆေးအသုံးပြုမှု

ပါရာစီတမောသည်ဖျားခြင်း၊အအေးမိခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ကိုက်ခဲခြင်းတို့တွင် ကျယ်ပြန့်စွာသုံးသောဆေးဖြစ်သည်။ ဒါပေမယ့် ဒီဆေးရဲ့ ဘေးကင်းစွာသုံးစွဲနိုင်ခြင်းသည် လွန်ခဲ့သောနှစ်များတွင် စဉ်းစားဖွယ်ဖြစ်လာသည်။ ၁၉၉၆မှ ၂၀၀၂ ခုနစ်နှစ်အတွင်း ကလေး၆၄၃၃၂ယောက်နှင့် မိခင်များအား ကွန်ပြူတာ၊တယ်လီဖုန်းမှ တစ်ဆင့်လေ့လာခဲ့ပါသည်။ လေ့လာချက်များ၏ ကောက်ချက်အရ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သောက်သူများတွင် အာရုံစူးစိုက်မှုအားနည်းပြီး ဂဏှာမငြိမ်ဖြစ်သော hyperkinetic Disorder သို့ ADHD ဖြစ်ပွားနှုန်း သိသိသာသာမြင့်မားနေပြီး ထိုပါရာစီတမောသောက်သုံးသူ မိခင်လောင်းအရေအတွက်သည် မေးမြန်းလေ့လာခဲ့သော မိခင်လောင်းစုစုပေါင်း၏ ထက်ဝက်ကျော်လျက်ရှိသည်။ အချို့သိပ္ပံပညာရှင်များပြောကြားချက်အရ ပါရာစီတမောသည် ဟော်မုန်းထွက်ခြင်း ကို နှောင့်ယှက်သောကြောင့် ထိုဆေးကို အသုံးပြုခြင်းသည် သန္ဓေသားဘ၀ ဦးနှောက် ဖွံ့ဖြိုးမှု ပုံမမှန်ခြင်းများကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။ Tylenol (ပါရာစီတမော) အသုံးပြုမှု ရော ၊ ကလေးအပြုအမှုဆိုင်ရာ မူမမှန်မှုရော နှစ်ခုစလုံးသည် အဖြစ်များသော ပြဿနာများဖြစ်သည်။ သို့ဖြစ်၍ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း

မိခင်လောင်းများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း က အလေးချိန်များတဲ့ ကလေးမွေးနိုင်ခြေကို များစေပြီး မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း ဗြိတိန်နိုင်ငံမှ သုတေသနတခုမှာ ကော့ကေးရှန်းလူမျိုး အဓိကပါဝင်တဲ့ အမျိုးသမီးပေါင်း ၆၇၀၀ ကို သူတို့ရဲ့ ကလေးများအပါအဝင် ၉နှစ်ကြာ လေ့လာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အလေးချိန်၊ ကလေးများရဲ့ ခန္ဓာကိုယ်အတိုင်းအတာ၊ သွေးပေါင်ချိန် စတာတွေကို မှတ်တမ်းတင်ခြင်းများ ပါဝင်ပါတယ်။ ရလဒ်တွေအရ ကိုယ်ဝန်ဆောင်ကာလ စံပြုထားတဲ့ ကိုယ်အလေးချိန်ထက် ပိုနေသူများရဲ့ ကလေးတွေမှာ သာမန်ကိုယ်အလေးချိန်ရှိသူ အမျိုးသမီးတွေထက် BMI များခြင်း၊ ခါးအရွယ်အစားကြီးခြင်း၊ အဆီပိုစုခြင်း၊ သွေးတိုးခြင်း၊ ရောင်ရမ်းမှု ညွှန်းကိန်းမြင့်ခြင်း၊ အကျိုးပြုကိုလက်စထရောနည်းခြင်း စတာတွေ ကြုံနိုင်ပါတယ်။ မိခင်ဖြစ်သူဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုဖြစ်သော အမျိုးသမီးများ လုပ်ဆောင်သင့်သည့် အချက်များ

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ ဘဝတွင် ထူးခြားသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် သင့်ခန္ဓါကိုယ်သည် များစွာပြောင်းလဲသွားနိုင်ပြီး ဆီးချိုကဲ့သို့သော ရောဂါများကို ဖြစ်နိုင်ချေများစေသော အချိန်လည်း ဖြစ်သည်။ သုတေသနများတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်သော အမျိုးသမီးများသည် နောင်တွင် ဆီးချိုရောဂါ ဆက်ဖြစ်နိုင်ချေ ၃၅-၆၀ % ရှိသည် ဟု ဖော်ပြထားသည်။ ထိုအမျိုးသမီးမှ မွေးသော ကလေးတွင်လည်း ဘဝတွင် ဆီးချိုရောဂါဖြစ်နိုင်ချေ များသည်။ သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင်ဆရာဝန်ထံသို့ သွားရောက်ပြသ၍ ကုသမှု ခံယူသင့်သည်။ ကုသမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း တို့ပါဝင်သည်။ တခါတရံတွင် ဆေးသောက်ရခြင်း နှင့် ဆေးစစ်ရခြင်းများလည်း ပါဝင်နိုင်သည်။ အောက်ပါတို့သည် သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင် လုပ်ဆောင်ရမည့်အရာများဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း သင်၏ သွေးထဲမှ သကြားဓါတ်ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ

ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ချမှု အပြီးမှာ အမေဟာ အမြဲတမ်း စိတ်ရော ကိုယ်ပါ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကို သေသေချာချာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ ဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ ကိုယ်ဝန်ဖျက်ချမှု တစ်ခုဖြစ်ချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ပြောင်းလဲခြင်းပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ ကယ်လ်ဆီယမ်၊ ဖောလစ်အက်စစ် ၊ ဗီတာမင် B9 နဲ့ သံဓာတ်လိုအပ်မှုဟာ မြင့်တက်လာပါတယ်။ ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ဖျမှု ပြီးသွားတဲ့အခါ သင့်ကိုယ်ခန္ဓာဟာ အချိန်အတော်ကြာ သွေးဆင်းခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင် ဗီတာမင် ဘီ 12, 9, 2 […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း