backup og meta

ကိုယ်ဝန်ဖျက်ချခြင်း နည်းလမ်းများ

ကိုယ်ဝန်ဖျက်ချခြင်း နည်းလမ်းများ

ကလေးဖျက်ချခြင်းကို မလိုချင်ဘဲ ကလေးရသွားတာ ဒါမှမဟုတ် မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်ဝန်ဆက်ဆောင်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ပြုလုပ်တတ်ကြပါတယ်။ အမေရိကန် အမျိုးသမီး ၁၀ ယောက်မှာ ၃ ယောက်ဟာ ကလေးဖျက်ချ ဖူးတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ကလွဲပြီး ကိုယ်ဝန်ဖျက်ချခြင်း ကို တရားဝင် ခွင့်မပြုထားပါဘူး။ ဥပဒေအရ ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး တရားမဝင် ကိုယ်ဝန်ဖျက်ချတာကို ထောင်ဒဏ်အထိ အရေးယူနိုင်ပါတယ်။ ဒါကြောင့် မလိုချင်တဲ့ ကိုယ်ဝန်မရအောင် အစတည်းက သေသေချာချာ တားဖို့ လိုပါတယ်။

ကလေးဖျက်ချခြင်း မပြုခင်

မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆေးပညာဘုတ်အဖွဲ့ရဲ့ တရားဝင် ကလေးဖျက်ချခွင့်ရတယ်ဆိုရင်

  • ကိုယ်ဝန်ဆက်ရှိနေခြင်းက မိခင်ကို အသက်အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို ဆေးပညာဘုတ်အဖွဲ့က အတည်ပြုပေးမှာ ဖြစ်ပါတယ်။
  • ဖြစ်နိုင်တဲ့ ကိုယ်ဝန်ဖျက်ချတဲ့ နည်းလမ်းတွေ၊ ဆက်နွယ်နေတဲ့ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှင်းပြပေးမှာပါ။
  • ဘယ်နှစ်ပတ်ရှိနေပြီလဲဆိုတာကိုလည်း အာထရာဆောင်း ရိုက်ကြည့်မှာ ဖြစ်ပါတယ်။
  • လိင်မှ တစ်ဆင့် ကူးစက်ရောဂါများ၊ သွေးအမျိုးအစားနဲ့ သွေးအားနည်းခြင်းတွေအတွက် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
  • ကိုယ်ဝန်ဖျက်ချအပြီးမှာ ရောဂါပိုးဝင်ခြင်းကို လျှော့ချဖို့ ပိုးသတ်ဆေးပေးမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်း နည်းလမ်းများ

ကိုယ်ဝန်ဖျက်ချခြင်း နည်းလမ်းများ က အဓိကအားဖြင့် ၂နည်းရှိပါတယ်။

ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်း

Mifepristone သည် ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးဖြစ်ပြီး သူက progesterone ဟော်မုန်းကို ပိတ်ဆို့လိုက်ပါတယ်။ ဒီဟော်မုန်းမရှိတော့ရင် သားအိမ်နံရံတွေကို ကွာကျပြီး ကိုယ်ဝန်ပျက်ကျတာ ဖြစ်ပါတယ်။

Misoprostol ကတော့ သားအိမ် ကျုံ့ဆေးဖြစ်ပြီး အတွင်းထဲက သန္ဓေသားကို အပြင်ကို ထွက်စေပါလိမ့်မယ်။ ဒီအခါမှာ ကိုယ်ဝန်ပျက်သွားတဲ့ လက္ခဏာတွေဖြစ်တဲ့ သွေးဆင်းတာတွေ၊ ဗိုက်အောင့်တာတွေ ခံစားရမှာ ဖြစ်ပါတယ်။

ဒီဆေးတွေကို ကိုယ်ဝန် ၂၄ ပတ်အထိ အသုံးပြုကြပါတယ်။ ကိုယ်ဝန်ရင့်လာရင်တော့ ခွဲစိတ်နည်းပဲ ရှိပါတော့တယ်။

ဒီဆေးနှစ်မျိုးလုံးက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဝယ်ရ၊ သုံးရတဲ့ ဆေးတွေ ဖြစ်ပါတယ်။ မိမိဘာသာ ဆေးတွေ အသုံးပြုတာက အန္တရာယ်ရှိသလို ကိုယ်ဝန်တကယ်ပျက်မပျက်၊ အထဲမှာ ကျန်နေသေးလား စတာတွေကိုလည်း သိနိုင်မှာ မဟုတ်ပါဘူး။

ခွဲစိတ်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်း

ခွဲစိတ်ခြင်းနဲ့ ကိုယ်ဝန်ဖျက်ချခြင်းက သေးငယ်တဲ့ ခွဲစိတ်မှု တစ်ခုသာ ဖြစ်ပါတယ်။ အမျိုးအစား နှစ်မျိုးပါဝင်ပါတယ်။

  • လေစုပ်ဖျက်ချတဲ့ နည်းလမ်း

သန္ဓေသားကို လေဖိအားဖြင့် စုပ်ယူမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဟာ ၁၄ ပတ်ရှိနေပြီဆိုရင်တော့ ဆရာဝန်က ခွဲစိတ်စဉ် ထုံဆေးကို အသုံးပြုမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် ၁၅ ပတ်အထိမှာ ဒီဖျက်ချခြင်းကို စိတ်ငြိမ်ဆေး (သို့) မေ့ဆေး တစ်ခုခုကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ ၅-၁၀ မိနစ် ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် နာရီအနည်းငယ် ကြာပြီးရင် အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။

ကိုယ်ဝန်ဟာ ၁၅-၂၄ ပတ်ကြား ဖြစ်နေရင် ဆရာဝန်တွေဟာ အထူးပြုလုပ်ထားတဲ့ ကိရိယာကို သားအိမ်ခေါင်းမှတဆင့် ထိုးသွင်းမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မေ့ဆေးနဲ့ လုပ်မှာ ဖြစ်ပြီး ၁၀-၂၀ မိနစ်ခန့်ကြာမြင့်နိုင်ပါတယ်။ တစ်နေ့တည်းမှာ အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချပြီးသွားရင်

  • ကိုယ်ဝန်ဖျက်ချပြီးသွားရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ မိန်းမကိုယ် သွေးထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီဆိုးကျိုးတွေက တစ်ပတ်၊ နှစ်ပတ် ကြာမြင့်နိုင်ပါတယ်။
  • နာကျင်မှု (သို့) သက်သောင့်သက်သာ မရှိမှုတွေ သက်သာစေဖို့ ibuprofen ကို သောက်နိုင်ပါတယ်။
  • မိန်းမကိုယ် သွေးထွက်ခြင်း ရပ်သွားမှသာ မိန်းမကိုယ်တွင်းထည့် ဂွမ်းလိပ်တံ tampon တွေကို အသုံးပြုသင့်ပါတယ်။ ဒီအစား လစဉ်သုံးပစ္စည်း pads တွေကို အသုံးပြုသင့်ပါတယ်။
  • သင်အဆင်သင့်ဖြစ်ရင် လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဖျက်ချအပြီးမှာ ကိုယ်ဝန် ချက်ချင်း ပြန်ရနိုင်တာကြောင့် အကာအကွယ် သုံးသင့်ပါတယ်။

သွေးအများကြီး ဆင်းခြင်း၊ ပြင်းထန်စွာနာကျင်ခြင်း၊ အနံ့နံသော မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ ရင်သားနာခြင်းတွေ ဖြစ်ရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။

နောက်ထပ် သတိပေးရရင် ကိုယ်ဝန်ဖျက်ချခြင်းက မြန်မာနိုင်ငံမှာ မိခင်ကျန်းမာရေးကြောင့်ကလွဲပြီး တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ ဆေးတွေကလည်း ကိုယ့်သဘောနဲ့ကိုယ် အသုံးမပြုသင့်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သေချာတားထားဖို့ လိုပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How an abortion is carried out. http://www.nhs.uk/Conditions/Abortion/Pages/How-is-it-performed.aspx. Accessed August 17, 2016

Abortion treatments. https://www.bpas.org/abortion-care/abortion-treatments/ Accessed August 17, 2016

Abortion policy landscape Myanmar https://apps.who.int/iris/bitstream/handle/10665/338768/factsheet-myanmar-eng.pdf?sequence=8&isAllowed=y#:~:text=ABORTION%20LAWS%20AND%20POLICIES,of%20the%20Myanmar%20Penal%20Code%20. Accessed August 17, 2016

Unsafe abortion https://www.ipas.org/where-we-work/asia/myanmar/ Accessed August 17, 2016

Abortion risks https://www.nhs.uk/conditions/abortion/risks/ Accessed August 17, 2016

ယခုပုံစံ

06/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။

ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement