အိမ်မွေးခွေး, ကြောင်တို့က ကိုယ်ဝန်သည်အတွက် အန ္တရာယ်ရှိတယ်ဆိုတာ မှန်ပါသလား

    အိမ်မွေးခွေး, ကြောင်တို့က ကိုယ်ဝန်သည်အတွက် အန ္တရာယ်ရှိတယ်ဆိုတာ မှန်ပါသလား

    လူအတော်များများက လောကမှာ တန်ဖိုးရှိပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုဟာ အိမ်မွေးတိရိစ္ဆာန်မွေးခြင်းလို့ ယူဆကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဟာ လူတွေရဲ့ ဘဝအတွက် အရေးပါပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ သူတို့ဟာ ပြဿနာတွေဖြစ်စေပါတယ်။

    အိမ်မွေးတိရိစ္ဆာန်တွေ ရှိခြင်းက ကိုယ်ဝန်ဆောင်ခြင်းကို ဘယ်လို သောကတွေ ဖြစ်စေပါသလဲ။

    အိမ်မွေးတိရိစ္ဆာန် ရှိခြင်းက ပြဿနာမဟုတ်ပေမယ့် သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန် တွေဟာ သင်နဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ကို အနှောင့်အယှက်မဖြစ်စေဖို့ အရေးကြီးပါတယ်။

    ကြောင်နဲ့ အခြား အိမ်မွေးတိရိစ္ဆာန်တွေဟာ သူတို့ရဲ့ မစင်ထဲမှာ ဘက်တီးရီးယားပိုးတွေ သယ်ဆောင်နိုင်ပြီး ဒါဟာ ကိုယ်ဝန်ဆောင်စဉ် (အထူးသဖြင့် ပထမ သုံးလပတ်) မှာ ကလေးငယ်ကို အန္တရာယ်ပြုနိုင်ပါတယ်။ သင့်မှာ ခြေဦးတည့်ရာ သွားနေတဲ့ ကြောင်တစ်ကောင် ရှိပြီဆိုရင် ရောဂါပိုးကူးစက်နှုန်းဟာ ပိုမိုမြင့်မားပါတယ်။ ဒါပေမယ့် သင့်မှာ ကြောင်တစ်ကောင်ရရှိတာ မကြာသေးဘူးဆိုရင် သင်ဟာ toxoplasmosis ကို ရရှိပြီး ဖြစ်နိုင်ပါတယ်။ သင်ကိုယ်ဝန်မရှိခင်မှာ စစ်ဆေးဖို့လိုလားဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ အိမ်မွေးတိရိစ္ဆာန် တွေရှိခြင်းဟာ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပွားစေပါသလဲ။

    သင့် အိမ်မွေးတိရိစ္ဆာန် ကို အပြင်မှာ လွှတ်ထားရင် ရောဂါရရှိနှုန်းဟာ ပိုမိုမြင့်မားပါတယ်။ အိမ်မွေးတိရိစ္ဆာန် ဟာ ဘက်တီးရီးယားတွေကို ဖမ်းဆုပ်ထားနိုင်ပြီး ကိုယ်ဝန်ကို ဒုက္ခပေးနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ ရောဂါတွေကတော့ အဖြစ်အများဆုံး ရောဂါတွေပဲဖြစ်ပါတယ်။

    • Cat scratch disease (CSD) ဟာ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ သူဟာ ဦးနှောက်၊ မျက်လုံး၊ နှလုံးနဲ့ အခြားကိုယ်အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။ သေချာစွာကုသရန်လိုအပ်ပြီး ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ပိုမို ဆိုးရွားတတ်ပါတယ်။

    ခွေးရူးပြန်ရောဂါဟာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်ခုဖြစ်ပါတယ်။ ခွေးရူးကိုက်တာကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ခွေးရူးဗိုင်းရပ်စ်ဟာ CNS နဲ့ ဦးနှောက်ကို ပျက်စီးစေပါတယ်။ ခွေးရူးရောဂါရဲ့ လက္ခဏာတွေဟာ အခြားရောဂါတွေဖြစ်တဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မအီမသာဖြစ်ခြင်းတွေနဲ့ တူညီပါတယ်။ ခွေးရူးရောဂါဟာ ဗိုင်းရပ်စ်ပိုးဝင်ပြီး ရက်အနည်းငယ်အတွင်းမှာ သေဆုံးနိုင်ပါတယ်။

    ယေဘုယျအားဖြင့်ဆိုရင်တော့ အိမ်မွေးတိရိစ္ဆာန်တွေဟာ ပြဿနာ မဖြစ်စေတတ်ပါဘူး။ ဒါပေမယ့် သင့် အိမ်မွေးတိရိစ္ဆာန် အကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပြီး သင်ရော သင့်ကလေးအတွက်ပါ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pets and Pregnancy. http://www.whattoexpect.com/pregnancy/ask-heidi/pets- and-pregnancy.aspx. Accessed
    August 21, 2016.

    Rabies. http://www.who.int/mediacentre/factsheets/fs099/en/.

    Accessed August 21, 2016.Pets and Pregnancy. http://www.whattoexpect.com/pregnancy/ask-heidi/pets- and-pregnancy.aspx.

    Accessed August 21, 2016.

     

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။