ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဝက်ရူးပြန်ရောဂါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဝက်ရူးပြန်ရောဂါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

    ကိုယ်ဝန်ရော၊ အတက်ရောဂါပါရှိနေပြီဆိုရင်တော့ ဘာနဲ့မှမတူတဲ့ စိုးရိမ်ပူပန်မှုတွေရှိလာနိုင်ပါတယ်။

    ၁။ ဝက်ရူးပြန်ရောဂါက ကိုယ်ဝန်အပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ။

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဝက်ရူးပြန်ရောဂါဟာ အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ်။

    • ရင်သွေး၏ သွေးခုန်နှုန်းကျသွားခြင်း
    • ထိခိုက်မှုတွေကြောင့် ကလေးဒဏ်ရာရခြင်း၊ အချိန်မတန်ဘဲ ကလေးနဲ့အချင်း ကွဲကွာသွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း
    • ဗိုက်စောနာခြင်း
    • ကလေးစောမွေးခြင်း

    ကိုယ်ဝန်ရှိတဲ့အခါမှာ တက်ပုံတက်နည်းတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဝက်ရူးပြန်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်အများစုမှာ အတက်ရောဂါဟာပုံမှန်အတိုင်းပဲဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း လူနည်းစုကတော့ တက်တဲ့အကြိမ်ရေနည်းသွားနိုင်ပါတယ်။ အိပ်ရေးပျက်သော ဒါမှမဟုတ် ဆရာဝန်ပေးထားသောဆေးများမသောက်သော ကိုယ်ဝန်ဆောင်တွေမှာဆိုရင် တက်တဲ့အကြိမ်ရေများလာနိုင်ပါတယ်။

    ၂။ ကိုယ်ဝန်ဆောင်၊ဝက်ရူးပြန်ရောဂါနှင့်ပတ်သက်သော ယေဘုယျအချက်များ

    ဝက်ရူးပြန်ရှိတဲ့ မိန်းမတွေဟာ အစီအစဉ်တကျကိုယ်ဝန်ဆောင်သင့်ပါတယ်။ ထိုသို့အစီအစဉ်ချထားခြင်းက ဝက်ရူးပြန်ရောဂါဆရာဝန်နဲ့ သားဖွားမီးယပ်ဆရာဝန်တို့ဖြင့် ကြိုတိုင်ပင်ပြီး အတူတကွလုပ်ဆောင်စေနိုင်ဖို့ အချိန်ပေးပါလိမ့်မယ်။

    ကိုယ်ဝန်မရှိခင်၊ ရှိနေစဉ်အတွင်း၊ မွေးပြီးအထိ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့လေးတစ်ခုရှိသင့်ပါတယ်။ ဝက်ရူးပြန်ရောဂါကျွမ်းကျင်ဆရာဝန်နဲ့ ထိုရောဂါနဲ့ ကျွမ်းဝင်မှုရှိသော သားဖွားမီးယပ်ဆရာဝန်တို့ဖြင့် ပြသတာ ပိုကောင်းပါတယ်။ အရေးကြီးဆုံးကတော့ ထိုဆရာဝန်၂ယောက်ဟာ ပူးပေါင်းလုပ်ဆောင်ရပါမယ်။

    သင့်အဖွဲ့လေးထဲမှာ သူနာပြု၊ လူမှုရေးလုပ်သားနဲ့ စိတ်ပညာကျွမ်းကျင်သူတို့ကိုလည်း ထပ်ပေါင်းထည့်ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ မေးစရာတွေရှိလာမယ်ဆိုရင် မေးနိုင်အောင်ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်မှာ သင့်အဖွဲ့နဲ့ ဝက်ရူးပြန်ရောဂါထိန်းချုပ်မှုနဲ့ဆေးဝါးတွေ အဆင်ပြေမှုရှိမရှိကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သင့်အဖွဲ့နဲ့ မကြာခဏတွေ့ဆုံသင့်ပါတယ်။ ဝက်ရူးပြန်ရောဂါဆေးဝါးတွေရဲ့အဆင့်တွေ၊ ပမာဏတွေကို ပုံမှန်စောင့်ကြည့်ဖို့လိုအပ်ပြီး ပြောင်းလဲသင့်ရင်လည်း ပြောင်းလဲရပါမယ်။

    တက်စေနိုင်သော အရာတွေကို သတိထားပြီး ကျန်းမာစွာနေထိုင်စားသောက်ပေးပါ။ ကိုယ်ဝန်းဆောင်နေစဉ်အတွင်း အချို့မိန်းမတွေမှာ ဟော်မုန်းအပြောင်းအလဲတွေ၊ ကိုယ်တွင်းဆေးပမာဏအတက်အကျတွေနဲ့ အခြားအကြောင်းအရာတွေကြောင့် တက်နိုင်ပါသေးတယ်။

    ဝက်ရူးပြန်ရှိတဲ့ ကိုယ်ဝန်ဆောင်အများစုဟာ နို့ချိုတိုက်ကျွေးနိုင်ပါတယ်။ ကလေးရပြီဆိုတာ ကြီးမားတဲ့ တာဝန်တစ်ခုပါပဲ ပြီတော့ ကလေးကိုပြုစုပျိုးထောင်ဖို့နဲ့ ပတ်သတ်ပြီး မေးစရာအမြောက်အများရှိလာမှာပါ။ ဝက်ရူးပြန်ရှိနေခြင်းက ထိုအရာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာတွေကိုလည်း သိချင်လာမှာပါ။

    မိသားစု၊ မိတ်ဆွေနဲ့ ကြင်ဖော်ကြင်ဖက်တို့ရဲ့ အကူအညီဟာလည်း အရေးကြီးပါတယ်။ လုံလောက်တဲ့ အနားယူမှု၊ အိပ်စက်မှုတွေရဖို့နဲ့ ကိုယ်အလေးအချိန်အသင့်တင့်တက်စေနိုင်တဲ့ အစားအသောက်တွေ သုံးဆောင်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်ဝန်မဆောင်ခင်၊ ဆောင်နေစဉ်နဲ့ ဆောင်ပြီးအချိန်တွေမှာ မာတီဗီတာမင်နဲ့ ဖောလစ်အက်စစ်တို့ကို သောက်သုံးပေးသင့်ပါတယ်။

    ဆေးလိပ်၊ အရက်နဲ့ ကဖင်းဓါတ်တို့ကို ကိုယ်ဝန်ဆောင်မိခင်တိုင်း ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

    အထက်ပါအချက်အလက်တွေကို ခေါင်းထဲသို့ရိုက်သွင်းထားပါ။ ဝက်ရူးပြန်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်အများစုဟာ ပုံမှန်ကလေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement