backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ …… ကျောင်းအရွယ်ကလေးလေးတွေကို ပျိုးထောင်ရတာက အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပါ။ ကလေးရဲ့ အသစ်အသစ်သော လှုပ်ရှားမှုလေးတွေ၊ လုပ်ဆောင်နိုင်စွမ်းလေးတွေကို မြင်ရတာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုအရွယ်မှာ ကျန်းမာတဲ့ နေထိုင်စားသောက်သူလေးဖြစ်ပြီး ထက်ထက်မြက်မြက် ရည်ရည်မွန်မွန်နဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ …. မေမေဖေဖေတို့အနေနဲ့ ဘယ်လိုတွေ ဂရုစိုက်ပေးဖို့ လိုမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

ကျောင်းနေအရွယ် သားသားမီးမီးတွေက အသက်အရွယ်အလိုက် အခုလို ဖွံ့ဖြိုးလာတာပါ။

# အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း

ကလေးတွေဟာ အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်းမှာ

  • လှုပ်ရှားမှု တော်တော်များများကို လုပ်ဆောင်တတ်ပြီ ဖြစ်သလို အမြဲလိုလို တစ်ခုမဟုတ် တစ်ခုလုပ်ရင်း အလုပ်များနေမှာပါ
  • ဆေးခြယ်တာ ပုံဆွဲတာတွေကို နှစ်သက်ပါပြီ
  • သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်အောင် လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်စွာ လုပ်ဆောင်တတ်လာပြီ
  • ကြိုးခုန်တတ်ပြီ
  • စက်ဘီးစီးတတ်ပြီ
  • ဖိနပ်ကြိုးချည်တတ်ပြီ
  • ပေါင်းတတ် နှုတ်တတ်ပြီ။
  • # အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း

  • ခုန်တတ်ပြီ၊ စိမ်ပြေးလိုက်တမ်း ဆော့တတ်ပြီ
  • အဝတ်အစားတွေကို လိုက်ဖက်ညီအောင် တွဲဖက်ဝတ်ဆင်တတ်ပြီ
  • ကိရိယာလေးတွေ သုံးတတ်ပြီ ( တူ၊ ဝက်အူလှည့် စတာတွေကိုပါ)
  • # အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း

    • စာရေးရတာကို နှစ်သက်ပြီ
    • ပုံဆွဲရတာကို သဘောကျပြီ
    • ဆေးခြယ်ရတာကို နှစ်သက်ပြီ

    ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

    ကျောင်းနေအရွယ်ကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်ပါတယ်။ ကလေးက အသက် ၆ နှစ် ကနေ ၁၂ နှစ်အတွင်းမှာ အရပ်တွေဆက်ရှည်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်တွေနဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေကလည်း ဆက်လက် ပြောင်းလဲ ဖွံ့ဖြိုးလာဦးမှာပါ။ တစ်နှစ်ကို ၂ လက်မ ကနေ ၂ လက်မခွဲလောက် အရပ်ထွက်လာမှာပါ။ ကိုယ်အလေးချိန်အနေနဲ့ကလည်း အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ ကာလမတိုင်ခင်အထိ တစ်နှစ်ကို ၄ ပေါင် ကနေ ၇ ပေါင်လောက် တက်လာမှာပါ။

    ဒီကာလမှာ ကလေးတွေက သူတို့ရဲ့ ပုံပန်းသွင်ပြင်အပေါ် စတင် ခံစားတတ်ပါပြီ။ အချို့ မိန်းကလေးတွေဆို သူတို့ အရမ်းထွားနေမှာ၊ ရွယ်တူတွေထဲမှာ တအားထွားနေမှာကို စိတ်ပူနေကြမှာပါ။ ယောက်ျားလေးတွေကတော့ ရွယ်တူတွေထဲမှာ အရပ်ပုနေမှာကို စိုးရိမ်တတ်တဲ့ အရွယ်ကို ရောက်လာပါပြီ။

    ဖေဖေမေမေတို့အနေနဲ့ ကလေးတွေရဲ့ သွင်ပြင်က အရမ်းအရေးမကြီးဘဲ ကျန်းမာဖို့ကသာ အဓိကဆိုတာကို ပြောပြပေးဖို့ လိုပါမယ်။ ကလေးတွေကို ကျန်းမာတဲ့ စားသောက်မှု အလေ့အထလေးတွေ သင်ပေးတာ ကိုယ်လက်လှုပ်ရှားမှုလေးတေတွ လုပ်ဖြစ်အောင် ဂရုစိုက်တာမျိုး လုပ်ပေးပါ။

    ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဆရာဝန်နဲ့ ပုံမှန်လေး စစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။ ကလေးက အသက်အရွယ်အလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုတွေ ရှိရဲ့လား ဆိုတာကိုပေါ့။

    အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း

    အပျိုဖော်၊ လူပျိုဖော် ဝင်တယ်ဆိုတာက ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ သိသိသာသာ ဖွံ့ဖြိုးပြောင်းလဲလာတာပါ။ ဒီအရွယ်မှာ သားသားတွေရော မီးမီးတွေမှာပါ ဟော်မုန်း ပြောင်းလဲမှုတွေ စဖြစ်ပါပြီ။ ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာသလို ဟော်မုန်းပြောင်းတာကြောင့် ဝက်ခြံထွက်တာ စိတ်ခံစားမှု ပြောင်းတာတွေ ဖြစ်လာပါပြီ။

    အပျိုဖော်ဝင်တာ

    မိန်းကလေးတွေက ၁၀ နှစ် ကနေ ၁၄ နှစ်အတွင်းမှာ လူပျိုဖော်ဝင်တတ်ပါတယ်။ အသက် ၁၁ နှစ် ကနေ ၁၃ နှစ်တာအတွင်းမှာ ဖွံ့ဖြိုးမှု မြန်ဆန်ပါတယ်။ အသက် ၁၄ နှစ်မှာ ကြီးထွားမှု တန့်သွားတတ်ပါတယ်။

    ရင်သားပြောင်းလဲတာ၊ အရပ်တွေ ရှည်လာတာ၊ ရာသီစက်ဝန်းစတင်တာ၊ ဆီးခုံမွေးတွေ၊ ခြေသလုံးမွေးတွေ၊ ချိုင်းမွေးတွေ ထွက်လာတာ၊ သားအိမ်တွေစတင်ဖွံ့ဖြိုးလာပါပြီ။ ၁၄ – ၁၅ နှစ် မရောက်မချင်း အရပ်က တစ်လက်မကနေ ၂ လက်မလောက် ရှည်လာနိုင်ပါသေးတယ်။

    လူပျိုဖော်ဝင်တာ

    ယောကျ်ားလေးတွေက ၁၀ နှစ် ကနေ ၁၆ နှစ်အတွင်းမှာ လူပျိုဖော်ဝင်တတ်ပါတယ်။ အသက် ၁၂ နှစ် ကနေ ၁၅ နှစ်တာအတွင်းမှာ ဖွံ့ဖြိုးမှု မြန်ဆန်ပါတယ်။ အသက် ၁၆ နှစ်မှာ ကြီးထွားမှု တန့်လာပါတယ်။

    မျိုးပွားအင်္ဂါ ဖွံ့ဖြိုးလာတယ်။ ဆီးခုံမွေးတွေ ထွက်လာမယ်။ ချိုင်းမွေး၊ နှုတ်ခမ်းမွေးတွေ ထွက်မယ်။ အသံပြောင်းလာမယ်။ လည်စေ့ထွက်လာမယ်။ သုက်ပိုးစထုတ်ပါပြီ။

    ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

    ကျောင်းနေအရွယ် ကလေးတွေက ဘာတွေ နားလည်ပြီလဲ

    ကလေးတွေဟာ ကျောင်းနေအရွယ်ရောက်လာတာနဲ့အတူ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို နားလည်နိုင်စွမ်းနဲ့ သူတို့လေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက တဖြည်းဖြည်း တိုးတက်လာပါပြီ။ အရင်ထက်လည်း အကြောင်းအရာတွေကို ပိုနားလည်လာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပေမယ့် အတိုင်းအတာ တစ်ခုချင်းစီအလိုက်တော့ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေမှာပါ။

    # အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း

    ကလေးတွေဟာ အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်းမှာ

    • ဂဏန်းအစီအစဉ်တွေကို နားလည်ပါပြီ
    • နေ့နဲ့ည ခွဲတတ်ပြီ
    • ဘယ်ညာ ခွဲတတ်ပြီ
    • နည်းနည်းရှုပ်ထွေးတဲ့ ပုံတွေကို ဆွဲနိုင်ပြီ (ဥပမာ – စိန်တုံးပုံမျိုးပါ)
    • အချိန်တွေကို ပြောတတ်ပြီ
    • မတူညီတဲ့ ညွှန်ကြားချက် ၃ ခုကို စီကာစဉ်ကာ လိုက်နာလုပ်ဆောင်တတ်ပြီ
    • သူတို့အသုံးပြုနေတဲ့ အရာတွေက ဘာတွေလဲဆိုတာကို သိပြီး ရှင်းပြတတ်ပြီ
    • ဆက်တိုက်ရှိတဲ့ ဂဏန်း ၃ ခုကို နောက်ပြန်ရွတ်တတ်ပြီ (၃/၂/၁) စသဖြင့်ပေါ့
    • အသက်အရွယ်အလိုက် ဖတ်ရမယ့် စာအုပ်တွေ သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုတတ်ပြီ။

    # အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း

    • ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်တတ်ပြီ
    • နေ့စွဲတွေကို သိပြီ
    • စာဖတ်ရတာကို ပိုသဘောကျတတ်လာပြီ
    • အပိုင်းကိန်းတွေကို သိလာပြီ
    • ကွက်လပ်တွေ ဖြည့်တတ်ပြီ
    • ပုံဆွဲတတ်ပြီ။ ဆေးခြယ်တတ်ပြီ
    • လတွေရဲ့ အမည်တွေကို သိပြီ။ တစ်ပတ်တာရဲ့ နေ့ရက်တွေကို သိပြီ
    • ပစ္စည်းလေးတွေ စုရတာ သဘောကျတတ်လာပြီ။

    # အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း

    • ကိုယ်တိုင် ပုံပြင်တွေ ဖန်တီးတတ်ပြီ
    • စာတွေရေးရတာကို နှစ်သက်ပြီ
    • စာတွေ ကောင်းကောင်း ဖတ်တတ်ပြီ
    • ဖုန်းပြောရတာ၊ စာရိုက်ပြီး ပြောရတာတွေကို သဘောကျတတ်ပြီ။

    လူမှုဆက်ဆံရေး

    လူမှုဆက်ဆံရေး တိုးတက်မှုအနေနဲ့

    # အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း

    ကလေးတွေဟာ အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်းမှာ

    • မျှဝေတတ်ပြီ။ အတူတူ ပူးပေါင်းဆောင်ရွက်တတ်ပြီ
    • မွေးချင်းတွေကို မနာလို ဖြစ်တတ်ပြီ
    • လူကြီးတွေကို အတုယူတတ်ပြီ
    • တစ်ယောက်တည်း ကစားတတ်ပြီ ဒါပေမယ့် သူငယ်ချင်းတွေက သူ့အတွက် အရေးပါပါတယ်
    • သူငယ်ချင်းတွေနဲ့ ကစားတတ်ပြီ။ (မိန်းကလေးအချင်းချင်း၊ ယောက်ျားလေး အချင်းချင်းပေါ့)
    • စိတ်ဆိုး စိတ်တိုတတ်ပြီ
    • ခန္ဓာကိုယ် အချိုးအစားအပေါ် သဘောကျတယ် မကျဘူး ရှိလာပြီ။

    # အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း

    • ယှဉ်ပြိုင်ရတဲ့ ဂိမ်းတွေကို ကစားရတာ နှစ်သက်လာပြီ
    • အုပ်စုတွေ ခွဲပြီး ကစားရတာ သဘောကျတတ်ပြီ
    • အရာရာကို စူးစမ်းချင်လာပြီ။

    # အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း 

    ကလေးတွေဟာ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း

    • သူငယ်ချင်းကောင်းတွေ ရှိလာပြီ
    • ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေးကို စတင်လာပြီ
    • မိဘတွေကို ရိုသေတတ်ပြီ
    • စကားပြောရတာကို နှစ်သက်လာပြီ။

    ဖေဖေမေမေတို့အနေနဲ့ ဘယ်လို ကူညီပေးမလဲ

    ကလေးကို ကျန်းမာစွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့

    • အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပါ
    • ကိုယ်လက်လေ့ကျင့်ခန်းကို တစ်ရက်ကို ၁ နာရီ လုပ်ဆောင်ပေးပါ
    • အိပ်ချိန်ကို ၉ နာရီ ကနေ ၁၂ နာရီ ရှိအောင် ဂရုစိုက်ပါ
    • ကလေးရဲ့ ခံစားချက်တွေကို နားထောင်ပေးပါ
    • သူတို့လေးတွေရဲ့ ပြောင်းလဲမှုတွေအတွက် စိတ်ပျက်တာမျိုး မဖြစ်စေဖို့ အားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement