backup og meta

ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

    ရာသီ အကူးအပြောင်းမှာ အိမ်က သားသားမီးမီးတွေ ဖျားနာမှာကို မေမေတိုင်း စိုးရိမ်ကြပါတယ်။ ကလေးတွေ ဖျားနာပြီဆိုရင် စိတ်ရောကိုယ်ပါ ပင်ပန်းရတာ မေမေတွေပါ။ ဒီတစ်ခေါက်တော့ ရာသီ အကူးအပြောင်းဆိုရင် သားသမီးတွေကို မဖျားအောင် ဘယ်လို လုပ်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  ဘယ်လိုများ လုပ်ပေးလို့ ရမလဲဆိုပြီး သိချင်နေပြီလား ….. မေမေတို့ရေ။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ရာသီ အကူးအပြောင်းမှာ အိမ်ကသားသားမီးမီးတွေ ဖျားနာမှု ကင်းအောင် ဘယ်လို လုပ်ပေးရမလဲ

    ရာသီ အကူးအပြောင်းမှာ အိမ်က သားသားမီးမီးတွေ ဖျားနာမှု ကင်းအောင် လုပ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကလေးတွေရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။ ကိုယ်ခံအား ကောင်းမှ ရောဂါတွေ ကူးစက်မှုကို ကာကွယ်နိုင်မှာပါ။ ဒါမှလည်း သားသားမီးမီးတို့က ဖျားနာမှု ကင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာမှာပါ။

    ကလေးတွေရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပါဆိုတော့ ဆေးသောက်ရမှာလား ….. ဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို သဘာဝအတိုင်း မြှင့်ပေးလို့ ရပါတယ်။ ဒီတော့ ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

    ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

    ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

    ကလေးကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ပြင်ဆင်ပေးပါ

    အစားအစာ ရွေးချယ်တဲ့အခါ သတိထားရမှာက အစားအစာတိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာပါ။ ပြင်ဆင်ထားတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ကလေးက ခံတွင်းတွေ့နိုင်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တာကတော့ အသေအချာပါ။ ကလေးအတွက် အစားအစာ ရွေးချယ်ပေးတဲ့အခါ လွယ်ကူတာထက် လတ်ဆတ်ပြီး အာဟာရပြည့်တာကို ဂရုစိုက်စေချင်ပါတယ်။

    ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ အခုလို အစားအစာလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးတာက ကလေးကို အာဟာရပြည့်ဝစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • ဒိန်ချဉ် – ဒိန်ချဉ်မှာ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ကို စောင့်ရှောက်ပေးမယ့် အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါနေလို့ပါ။ ဒီသက်ရှိဘက်တီးရီးယားလေးတွေက အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှုကိုကောင်းစေသလို ဝမ်းဗိုက်နဲ့ အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။ အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်တာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ နောက်တစ်ချက်က အကျိုးပြုဘက်တီးရီးယား (probiotics) ကြွယ်ဝစွာ စားသုံးတဲ့ ကလေးတွေဟာ အအေးမိ၊ဖျားနာနိုင်ခြေ နည်းသလို နားပိုးဝင်ကူးစက်တာနဲ့ လည်ချောင်းနာပြဿနာတွေ ကင်းပြီး အစားကိုလည်း ကောင်းကောင်း စားကြပါတယ်။
  • သစ်ကြားသီး – omega-3 fatty acids ကြွယ်ဝတဲ့ သစ်ကြားသီးက သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေထဲက တစ်ခုပါ။ omega-3 fatty acids ကဖျားနာမှု ကင်းစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီးကို ကြိတ်ခြေပြီး cereal ထဲထည့်ကျွေးလို့ ရပါတယ်။
  • သစ်သီးတွေ သစ်သီးတွေကလည်း ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ဂရိတ်ဖရုတို့က ကလေးရဲ့ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပေးနိုင်မှာပါ။
  • ဟင်းသီးဟင်းရွက်တွေ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်ပါတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဗီတာမင်  ကြွယ်ဝမှုက ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီတွေက ကလေးကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။
  • အဆီမပါတဲ့ အသား – ကိုယ်ခံအားကောင်းစေဖို့ ပရိုတင်းက တော်တော်လေး အရေးပါပါတယ်။ ပရိုတင်းပြည့်ဝမှုက ကိုယ်ခံအားကို​ မြှင့်တင်ပေးနိုင်မှာပါ။ အသားတွေမှာက ပရိုတင်းအပြင် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် ဇင့်ဓာတ် ပါဝင်နေပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
  • သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့ – အထူးသဖြင့် Growing up milkလို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့တွေကို တိုက်ကျွေးပေးသင့်ပါတယ်။ ဒီနို့တွေက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သိပ္ပံနည်းကျ ဖော်စပ်ထားတာကြောင့် ကလေးတွေ အာဟာရပြည့်ဝစေတဲ့အပြင် ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
  • လိုတာထက် ပိုမကျွေးမိပါစေနဲ့

    ကလေးအတွက် လိုအပ်တဲ့ ပမာဏကပဲ အကောင်းဆုံး ဖြစ်စေမှာပါ။ ဒါကြောင့် ကလေးတစ်ယောက်ကို လုံလောက်တဲ့ ပမာဏထက် ပိုမကျွေးပါနဲ့။ ဥပမာ ပြောပြရရင် လိမ္မော်သီး စားလို့ ကျန်းမာမှာ မှန်ပေမယ့် ကလေးကို ကျန်းမာတယ်ဆိုပြီး လိမ္မော်သီး ၁၀ လုံးစားလို့တော့ ကလေးက ပိုကျန်းမာ မလာပါဘူး။

    တစ်နေ့တာ လိုအပ်တဲ့ အာဟာရ လိုအပ်ချက် ပြည့်ဝအောင်ပဲ ကျွေးပေးတာက ကလေးကို ကျန်းမာဖွံ့ထွားစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

    ကလေးရဲ့  ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက  တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာလေး ဂရုစိုက်ပေးရပါမယ်။ ဒါမှ ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    အစားမစားခင် လက်ဆေးတာ၊ တစ်ခုခုကို ကိုင်ပြီးရင်ဖြစ်ဖြစ် အပြင်က ပြန်လာရင်ဖြစ်ဖြစ် ရေအိမ် အသုံးပြုပြီးချိန်မှာဖြစ်ဖြစ် လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်အောင် ဆေးကြောတတ်တဲ့ အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါ။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ

    ကလေးကတော့ ငယ်သေးလို့ ကိုယ်တိုင် လေ့ကျင့်ခန်း လုပ်မှာ မဟုတ်ပါဘူး။ ဒီတော့ မိသားစုတွေပါ အတူဝိုင်းပြီး တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေဆိုရင်ကို အဆင်ပြေပါတယ်။

    ပေးဆော့ပါ

    ကလေးကို ပြေးလွှားပြီးဆော့စေတာ၊ စက်ဘီးစီးတာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို ပေးဆော့တာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    အိပ်ရေးဝအောင် ဂရုစိုက်ပါ

    အိပ်ရေးဝတာက ကလေးရဲ့ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ သားသားမီးမီးလေး ဖြစ်စေဖို့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် မေမေက သေချာလေး ဂရုစိုက်ပေးပါ။

    ကလေးကို အိပ်ရေးဝတာ ကိုယ်ခံအားတင် ကောင်းစေတာ မဟုတ်ဘဲ။ ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေမှာပါ။

    ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ဖျားနာမှု ကင်းစေဖို့ အခုပြောခဲ့တဲ့ ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ ကို လက်တွေ့ အကောင်အထည်ဖော်လိုက်နော် မေမေတို့ရေ …….

    ကလေးကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေဖို့

    ကလေးကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေဖို့ ဆိုရင်
    • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ပြင်ဆင်ပေးပါ
    • လိုတာထက် ပိုမကျွေးမိပါစေနဲ့
    • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ
    • ပေးဆော့ပါ
    • အိပ်ရေးဝအောင် ဂရုစိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement