သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်
ကလေးရဲ့ ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။
အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာပါ ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဟာ ဒီလို အပိုင်းအခြားကာလအတွက် အရေးကြီးဆုံး အရာဖြစ်လာပါတယ်။
နုနယ်တဲ့ ဦးနှောက် နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကာလလည်းဖြစ်ပါတယ်။ ဒီကာလမှာ အာဟာရ ပြည့်ဝအောင် ဂရုစိုက်ဖို့ လိုသလို အပြုအမူပိုင်းဆိုင်ရာကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။
ကလေးတွေရဲ့ ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၅ နှစ်ပြည့်တဲ့ချိန်မှာ အရွယ်ရောက်ပြီးသူ ဦးနှောက်ရဲ့ ၉၀ရာခိုင်နှုန်းကို ရောက်ရှိနေပါပြီ။
ကလေး အသက်ငါးနှစ်အတွင်း အာဟာရဓာတ်တွေကို လုံလောက်အောင် ရရှိခဲ့တဲ့ ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံ စူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။

ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု နဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုမိုလိုအပ်လာမှာပါ။ ကိုယ့်ကလေးကို ဂရုစိုက်တဲ့ မေမေတွေအနေနဲ့ အပြုအမူတွေကို သေချာ ဂရုစိုက်ပေးဖို့ လိုသလို အာဟာရတွေကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေဖို့ လိုပါမယ်။
ဒီလို အဖက်ဖက်က သေချာလေး ဂရုစိုက်ပေးမှ ကလေးက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းမှာပါ။ အရင်ဆုံး ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် ဘယ်လို အာဟာရတွေ ပြည့်ဝအောင် ဖြည့်ပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။