backup og meta

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကောင်းမွန်တဲ့ အစာချေဖျက်မှု နဲ့ ကျန်းမာတဲ့ အစာခြေစနစ် တို့က ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အူလမ်းကြောင်း ကျန်းမာရေး ကောင်းမှ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းလို့  စားလိုက်သမျှ အစားအစာတွေမှာပါတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပါတယ်။

ကလေးစားလိုက်တဲ့ အစားအစာတွေကို အာဟာရတွေကို အူနံရံက ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့် မရှိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးကို အာဟာရပြည့်အောင် ကျွေးပေးပါရက်နဲ့ ကလေးက စားသလောက် အာဟာရမဖြစ်ဘူး။ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ကျန်းမာတဲ့ အစာခြေစနစ် = ကောင်းမွန်တဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် ပြည့်ဝတဲ့ အာဟာရတွေကို လိုအပ်မှာ ဖြစ်သလို ကျန်းမာတဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်ဖို့လည်း လိုအပ်မှာပါ။ အစာခြေစနစ် ကျန်းမာမှ စားလိုက်သမျှ အားဖြစ်မှာ ဖြစ်သလို ကလေးက ကောင်းမွန်တဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်ပြီး ဖျားနာမှု ကင်းမှာပါ။

ဒီလိုမှလည်း အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့်ကို ရရှိမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စွာနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာပါ။ ဒီအချက်လေးတွေကြောင့် အစာခြေစနစ် ကျန်းမာဖို့က အရမ်းကို အရေးကြီးပါတယ်။

အစာခြေ အူလမ်းကြောင်း က အစာခြေတယ်ဆိုတဲ့ တာဝန်ထက် ကြီးလေးတဲ့ တာဝန်ကို ယူထားတာပါ

အစာခြေစနစ် ကောင်းမှလည်း ကလေးက ကျန်းမာပြီး ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးမှာပါ။ ဒီလို ပြောရတာက အစာခြေစနစ်က

  • အာဟာရတွေကို စုပ်ယူပေးတယ်

သားသားမီးမီးတို့အနေနဲ့ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူရရှိစေဖို့ဆိုရင် အစာခြေစနစ် ကျန်းမာဖို့ အရေးကြီးပါတယ်။ အစာခြေစနစ်က စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ် စတာတွေကို စုပ်ယူပေးပါတယ်။ အစာခြေလိုက်လို့ ထွက်လာတဲ့ အာဟာရဓာတ်တွေက ကလေးကို ကြီးထွားစေသလို ခုခံအားကိုလည်း တက်စေပါတယ်။

  • အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်

အစာခြေစနစ် နဲ့ အူလမ်းကြောင်းက ကိုယ်တွင်းက အညစ်အကြေးတွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ အသည်းကလည်း ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အူမကြီးကလည်း ကိုယ်တွင်းက အညစ်အကြေးတွေ စွန့်ထုတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

  • ကိုယ်ခံအား တက်စေတယ်

အစာခြေစနစ်က ကိုယ်တွင်းကို ပြင်ပက ရောဂါပိုးမွှားတွေ ဝင်ရာက်စေနိုင်ခြေတဲ့ လမ်းကြောင်းလို့ ဆိုနိုင်ပေမယ့် သားသားမီးမီးတို့ကို ရောဂါပိုးမွှားတွေရန်ကနေ အကောင်းဆုံး ကာကွယ်ပေးထားတဲ့ ခံစစ်ပါ။ ငယ်စဉ် အချိန်မှာတည်းက အစာခြေ အူလမ်းကြောင်းစနစ် ကျန်းမာမယ်ဆိုရင် ခဏခဏဖျားနာတာတွေ မဖြစ်လို့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာပါ။

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ အစာခြေစနစ်ဆိုတာ အစာခြေရုံပဲ မဟုတ်ပါဘူး။ အစာခြေစနစ် တလျှောက်မှာရှိတဲ့ အစာအိမ် အက်စစ်၊ အကျိအချွဲတွေ၊ အကျိုးပြု ဘက်တီးရီးယားတွေက ပြင်ပ ရောဂါတွေ မဝင်လာအောင် ကာကွယ်ပေးပါတယ်။

ကလေးတွေက စားတော့ စားပါရဲ့ သိပ်မထွားဘူး [ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် မရဘူး] ဖြစ်နေတယ်ဆိုရင် အစာခြေနဲ့ အူလမ်းကြောင်း မကျန်းမာတာဖြစ်နိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာမှ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

အစာခြေစနစ် မကျန်းမာလို့ ကလေးက ခဏခဏ ဝမ်းသွားတာမျိုး ဖြစ်မယ်ဆိုရင် အာဟာရ စုပ်ယူနိုင်စွမ်း ကျသွားမှာပါ။ အစာခြေစနစ်တလျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေ အားနည်းသွားနိုင်ပါတယ်။ ဒီလိုကနေ

  • ကလေးက ညှက်လာတာ၊
  • ကိုယ်အလေးချိန် မတက်လာတော့တာ၊
  • အရပ် မထွက်လာတော့တာ၊
  • ကိုယ်ခံအား နည်းလာတာ၊
  • ခဏခဏ ဖျားနာတာ၊
  • ခဏခဏ ဝမ်းပျက်တာ၊
  • ကျောင်းခဏခဏပျက်ရတာကြောင့် စာမလိုက်နိုင်တာ၊
  • အာရုံစူးစိုက်နိုင်စွမ်း ကျလာတာ၊
  • သင်ယူနိုင်စွမ်း အားနည်းလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အူလမ်းကြောင်း ကျန်းမာရေး ကောင်းစေဖို့ မေမေတို့ လုပ်ဆောင်ပေးသင့်တာ အချို့

ကလေးတစ်ယောက် ကောင်းစွာ ကြီးထွားဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့ မေမေတို့ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလေး ဂရုစိုက်ပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစားမစားခင် လက်ဆေးတာ၊ တစ်ခုခုကို ကိုင်ပြီးတိုင်းနဲ့ ရေအိမ်အသုံးပြုပြီးတိုင်းမှာ လက်ဆေးစေတာမျိုးကလည်း သားသားမီးမီးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • သန့်ရှင်း လတ်ဆတ်တာတွေကိုပဲ ပြင်ဆင်ပေးပါ

မသန့်ရှင်းတဲ့ အစားအစာတွေက အစာခြေစနစ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သောက်ရေကစလို့ ကလေးကို ပြင်ဆင်ပေးတဲ့ အစားအသောက်တိုင်း သန့်ရှင်းလတ်ဆတ်နေစေဖို့ သေချာလေး ဂရုစိုက်ပေးပါ။

အစားအစာတွေ မပြင်ဆင်ခင်မှာ လက်ကို သေချာဆေးကြောဖို့လည်း မမေ့ပါနဲ့ မေမေ။

  • ကလေးအတွက် သီးသန့်ပြင်ဆင်ပေးပါ

ကလေးတွေနဲ့ လူကြီးတွေက အာဟာရလိုအပ်ချက် မတူတဲ့အတွက် လူကြီးတွေစားသမျှကို ကလေးကို မကျွေးသင့်ပါဘူး။ ကလေးမှာ သူ့အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေ၊ ပမာဏတွေ ရှိပြီးသားပါ။ ဒါကြောင့် ကလေးအတွက် အစားအသောက်ကို သီးသန့်ပြင်ဆင်ပေးဖို့လိုပါတယ်။ သူတို့လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေပါအောင် ကျွေးပေးရပါမယ်။

ဒါမှ အစာခြေစနစ်လေး ကျန်းမာပြီး စားသမျှအာဟာရဖြစ်လို့ ကောင်းကောင်းမွန်မွန် ကြီးထွားလာမှာ ဖြစ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Ways to Boost Your Child’s Gut Health https://www.stanfordchildrens.org/en/topic/default?id=5-ways-to-boost-your-childs-gut-health-197-29161 Accessed Date 21 June 2022

5 Ways to Boost Your Kid’s Gut Health https://www.parents.com/health/hygiene/5-ways-to-boost-your-kids-gut-health/ Accessed Date 21 June 2022

7 SIGNS OF POOR GUT HEALTH IN KIDS https://theguthealingcommunity.com/7-signs-of-poor-gut-health-in-kids/ Accessed Date 21 June 2022

The Importance of Good Gut Health in Kids https://allergyri.com/the-importance-of-good-gut-health-in-kids/ Accessed Date 21 June 2022

10 Tips to Maintain a Healthy Gut in Kids https://www.enterogermina.in/mothers-speak/10-tips-to-maintain-a-healthy-gut-in-kids Accessed Date 21 June 2022

ယခုပုံစံ

20/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

သာမန်နို့တွေနဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့တွေ ဘာကွာခြားသလဲ၊၊


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement