ကျောင်းနေအရွယ်

၆နှစ်ကနေ ၁၂နှစ်ကြား ကျောင်းနေအရွယ်ကလေးက အရပ်ရော ကိုယ်အလေးချိန်ရော မြန်မြန်ဖွံဖြိုးနေပါပြီ။ ဘာသာစကား သင်ယူတာတွေ၊ လူမှုဆက်ဆံရေးတွေလည်း တိုးတက်လာပါပြီ။ ဒီအရွယ်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ချစ်မဝတဲ့ သားသားမီးမီးတို့က မျက်စေ့ရှေ့တင် တရိတ်ရိတ် ကြီးပြင်းလာခဲ့တာကို ကြည့်နေရတာကလည်း မေမေဖြစ်ရခြင်းရဲ့ ပီတိတစ်မျိုးပါ။ ကလေးက ကျန်းလည်း ကျန်းမာမယ်။ အရပ်တွေ ကိုယ်အလေးချိန်တွေ ကလည်း အသက်အရွယ်နဲ့အလိုက် ကောင်းစွာ ဖွံ့ဖြိုးနေမယ်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကလည်း အားရလောက်တယ်ဆိုတာမျိုးက မေမေတိုင်း လိုချင်တဲ့ စိတ်ကူးဆန္ဒလေး တစ်ခုပေါ့။  ဒီဆန္ဒလေးကို ပြည့်ဝစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးရမှာလေး ရှိနေပါတယ်။ ဒါကတော့ ကလေးကို အာဟာရပြည့်ဝစေဖို့ သေချာလေး ဂရုစိုက် ပြင်ဆင်ပေးဖို့ပါ။ အထူးသဖြင့်ကတော့ အသက် ၂နှစ် နောက်ပိုင်းမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကလေးကို ဘယ်လိုလေးတွေ ပြင်ဆင်ပေးသင့်လဲ ဆိုတာကို ပြောပြပေးပါမယ်။ https://hellosayarwon.com/parenting/child-health/other-child-health-issues/good-mental-health-for-children/ အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ ပြည့်ဝမျှတဖို့ အရေးကြီးသလား! အာဟာရ ပြည့်ဝမျှတဖို့အတွက်က ကလေးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်မှာ မဆို အရေးပါတဲ့ အချက်တစ်ခုဆိုပေမယ့် အသက်နှစ်နှစ်နောက်ပိုင်းမှာတော့ ပိုလို့ […]

ကျောင်းနေအရွယ် ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ

ကလေး တစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေး အတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့ တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။ လမ်းလျှောက်တတ်စအရွယ်ရောက်တဲ့အထိ ဒီလိုဂရုစိုက်လာခဲ့ပေမယ့် သရေစာတွေ စစားတတ်တဲ့ ဒီအရွယ်မှာ လူကြီးစားသမျှအကုန်မိတ်ဆက်ကျွေးလိုက်လို့တော့ မဖြစ်သေးဘူးနော်။ နောက်တစ်ချက်က စျေးကွက်မှာရှိသမျှ အစားအသောက်တွေ ကလေးကို အကုန်မကျွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မေမေတို့ သိပ်သတိမထားမိကြတဲ့ အန္တရာယ်တွေရှိနေနိုင်လို့ပါပဲ။ ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ ကလေးတို့ရဲ့ ကျန်းမာတဲ့ဖွံ့ဖြိုးမှုအတွက် အားပေးမယ့် အစားအသောက်ဖြစ်စေဖို့က ထမင်းအပြင် သရေစာတွေကလည်း သက်ရောက်မှုများပါတယ်။ ကလေးကို ကျွေးတဲ့သရေစာမုန့်နဲ့ သောက်စရာတွေက ဘေးကင်းစိတ်ချရမှုမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ကလေး အဝလွန်၊ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်

မိဘတိုင်းတော့ မဟုတ်ပေမဲ့ တချို့မိဘတွေမှာ ကလေးကို တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတချို့မှာလည်း ထိုနည်းတူပါပဲ။ အဲ့တော့ ဘာကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားရတာလဲလို့ လေ့လာကြည့်တဲ့အခါမှာ မိဘတွေအများစု ပြောခဲ့တာကတော့ • ကလေးက ဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ ခံစားရလို့ • တခြားကလေးတွေထက် ကိုယ့်ကလေးကို လူကောင်ကြီးတယ်လို့ မြင်စေချင်လို့ • အားကစားဘက်မှာလည်း အတန်းတူကလေးတွေထက် ပိုအားထုတ်နိုင်ဖို့ • ကလေးအပေါ် သံယောဇဉ်အရမ်းတွယ်လွန်းနေတဲ့ စိတ်ကြောင့် ကျောင်းကိုလွှတ်လိုက်ရဖို့ စိတ်ထဲ မတင်မကျဖြစ်ခြင်း • ကလေးအတွက် ကျောင်းစရိတ် ပိုရှာဖို့ အချိန်လိုအပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာကို တွေ့ရပါတယ်။ အဲ့တော့ မိဘတွေအနေနဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေ ကျောင်းတက်ဖို့ကို နောက်ဆုတ်ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို အဆင်မပြေမှုတွေလည်း ကြုံလာရနိုင်တယ်ဆိုတာကိုတော့ သေချာသိထားသင့်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ • မိဘတွေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေမယ့် ကလေးအတွက် ပြင်ဆင်ပေးသင့်တဲ့ အစားအစာ(၆)မျိုး

ကျောင်းသားအရွယ်မှာ စာမေးပွဲကာလဟာ ကလေးတွေအတွက် အပင်ပန်းရဆုံး၊ အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ စာကျက်ဖို့ ကလေးကိုပဲ တွန်းအားပေးနေတာထက် မေမေ၊ဖေဖေတို့ရဲ့ဘေးကနေကူညီပံ့ပိုးမှုက သိပ်ကိုအရေးပါပါတယ်နော်။ ကလေးကို အားပြည့်အောင် ဆိုပြီး အစားအသောက်တွေစီစဉ်ပေးကြပေမယ့် တကယ်တမ်းအထောက်အကူဖြစ်စေမယ့်အစားအစာတွေ မပါဘဲ လွဲချော်နေရင် အထောက်အကူမဖြစ်ပါဘူးနော်။ ဒီတော့ ကလေးရဲ့မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်ရော၊ ခွန်အားပြည့်ကျန်းမာနေဖို့အတွက်ရော ဘာတွေကျွေးရမလဲ။ မေမေတို့ ပြင်ဆင်ပေးသင့်တဲ့ အစားအစာ (၆) မျိုးကို ပြောပြပေးမယ်နော်။ (၁) ကြက်ဥ ကြက်ဥဟာ ခွန်အားရှိစေတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်းဓါတ်ကြောင့် ပိုပြီးအကျိုးရှိစေပါတယ်။ ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့အပြင် ပရိုတင်းဓါတ်ကြောင့် ကလေးကို အားပြည့်လန်းဆန်းစေနိုင်ပါလိမ့်မယ်။ ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥပြုတ်တို့အပြင် ကြက်ဥပါတဲ့မုန့်နဲ့ အစားအစာလေးတွေ ကိုယ်တိုင်စီမံပေးတာက အပြင်ကဝယ်ကျွေးတာထက် ပိုကောင်းပါတယ်နော်။ (၂) အစေ့အဆန် ပရိုတင်း၊ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်နေတဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

ပထမဆုံး ကျောင်းစတက်ရတဲ့အချိန်ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကလေးတွေအတွက်ရော မေမေတို့အတွက်ပါ ဘဝရဲ့ ပထမဆုံးအမှတ်တရ ကျောက်တိုင်တစ်ခုပါပဲ။ ကလေးတွေကျတော့လည်း မိဘရိပ်အောက်ကနေ ခဏတာထွက်လာပြီး တကယ့်လူ့လောကအလယ်မှာ သူစိမ်းတွေနဲ့ စတင်ထိတွေ့ဆက်ဆံရတဲ့အချိန်မို့ စိတ်ထဲက စိုးရိမ်ထိတ်လန့်ရတယ်။ မေမေတွေကလည်း ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ငိုနေမလား၊ ဗိုက်ဆာနေမလား၊ ၅နှစ်လုံးလုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ ကိုယ်တိုင်ပဲ ထိန်းကျောင်းလာခဲ့ရတာဆိုတော့ အိမ်မှာ ကလေးမရှိတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီတော့ မေမေတို့ရဲ့ သောကတွေ ပြေစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ ကလေးမရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ။ ကလေးတစ်ခုခုများဖြစ်မလားဆိုပြီး စိတ်နဲ့လူနဲ့ မကပ် ပူလောင်နေတာထက် သူမရှိတဲ့အချိန် အိမ်မှာလုပ်လို့ရတာတွေ ရှိပါတယ်။ ဥပမာ - ထမင်း၊ ဟင်းချက်ပြုတ်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဒါမှမဟုတ်လည်း ကိုယ့်မိဘဆွေမျိုးတွေဆီ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

မိုးလေးစရွာတာနဲ့အတူ သားသားမီးမီးတွေ ကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ကျောင်းပြန်တက်မယ့် ကလေးအတွက် အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ကဲ .... ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/super-foods-for-kids/ ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတော့ ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။ အဝတ်အစား ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေပျော်သူလေးဖြစ်စေဖို့

ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့ အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။ ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကို သားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးလေးဖြစ်စေဖို့ ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

ကျောင်းသားဖြစ်ရင်တော့ စာမေးပွဲ နဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။ အစားအသောက်က အရေးအကြီးဆုံးပါ။ ။ စာမေးပွဲ နီးလာပြီဆိုတာနဲ့ စာတွေကျက်ရတာ၊ ပူပန်မှုတွေ များရတာနဲ ကလေးတွေ အစားဘက်ကို အာရုံ မရောက်နိုင်ကြတော့ပါဘူး။ အစားအသောက်ဆိုတာ အားအင်ပြည့်ဝနေဖို့ ခေါင်းကြည်နေဖို့ အတွက် တစ်ဘက်တစ်လမ်းက […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကိုယ့်ကလေး ဖျားနာမှုကင်းဝေးအောင် အစားအသောက်တွေကို ဒီလိုပြင်ဆင်ပေးပါ။ ။

မိဘဖြစ်သူတိုင်း ခံစားဖူးတဲ့ ကြောက်စရာ အိပ်မက်ဆိုးကြီး တစ်ခုရှိပါတယ်။ ဒါက ကိုယ်သေချာ ဂရုစိုက်နေရက်သားနဲ့ ကိုယ့်ကလေး နေမကောင်းဖြစ်သွားတာပါ။ ကလေးဆိုတာကလည်း နေမကောင်းဖြစ်ရင် ဘယ်နားက ဘယ်လိုနာတာ ဘယ်လိုခံစားရတာဆိုတာကို သဲသဲကွဲကွဲ မပြောနိုင်တဲ့အတွက် မိဘတွေ ပိုစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ကလေးကို ပန်းလေးတစ်ပွင့်လိုပဲ လန်းနေတာကို မြင်ချင်ကြတာ မိဘတိုင်းပါ။ ဒါကြောင့် မိဘတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်တဲ့ ကလေးဖျားနာတာတွေကနေကင်းဝေးဖို့ မိဘတွေဘက်က ဘယ်လို ပြုစုပေးရမလဲဆိုတာပြောပြပေးချင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ။ ။ ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းကောင်းဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်ပါတယ်။ ။ အာဟာရပြည့်ဝအောင်စားသုံးဖို့ ကောင်းကောင်းအိပ်စက်ဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်အနေအထားတို့ လိုအပ်ပါတယ်။ ကလေးဖျားနာမှုကင်းစေဖို့ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။ ကလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးဖို့အတွက်၊ ခုခံအားကောင်းစေဖို့အတွက်ဆို ကလေးတွေနေ့စဉ်စားတဲ့ အစားအသောက်တွေကသာ အဓိကပါ။ ဒါကြောင့် ကိုယ့်ကလေးအမြဲကျန်းမာနေအောင် မေမေတို့ဘယ်လိုအစားအသောက်တွေကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့

"ကလေးက ထွားလာလိုက်တာနော်၊ သွက်လက်နေတာပဲ"ဆိုတဲ့စကားနဲ့ "ကလေးက ကြည့်ရတာ အားနည်းနေသလိုပဲ၊ ချော်လဲမယ်နော်" ဆိုတဲ့စကား မေမေတို့ ဘယ်ဟာပိုကြားချင်မလဲ။နေမကောင်းတော့ မဖြစ်ပေမယ့် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ ကြံ့ခိုင်မှုရှိဖို့လည်း လိုပါတယ်နော်။ အားရှိအောင်လို့ဆိုပြီး စားသမျှအကုန်ကျွေးတာမျိုးကလည်း အာဟာရတန်ဖိုးသေချာမချင့်ချိန်ခဲ့ရင် ကလေးမှာအဝလွန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါဆို ကလေးကို လူလည်း ကျန်းမာ၊ အရိုးအဆစ်တွေလည်း ကြံ့ခိုင်သန်စွမ်းဖို့ ဘာတွေသိထားဖို့လိုအပ်လဲ အကြံပေးမယ်နော်။ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ လိုမှာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် မေမေတို့ သိထားကြဖို့ လိုမှာလေးတွေကတော့ အရိုးအဆစ်တွေအတွက် ဘာတွေက ထောက်ကူအားဖြည့်ပေးသလဲ အရိုး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒေါက်တိုင်တစ်ခုလို အဓိကထောက်ကူပေးဖို့ ပါဝင်အားဖြည့်ပေးနေတဲ့ အာဟာရဓါတ်တွေအများကြီးရှိပါတယ်။ ကယ်လ်စီယမ်က ရှေ့ဆုံးက ဦးဆောင်နေပြီး ဗီတာမင် D၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K တို့ကလည်း အရေးကြီးတဲ့နေရာက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်