backup og meta

သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေပြင်ဆင်ပေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေပြင်ဆင်ပေးကြမလဲ

    အစာခြေစနစ် ဆိုတာက  သားသားမီးမီးတို့ ကျန်းမာဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီလိုပြောရတာက အစာခြေစနစ်ဆိုတာက ဘက်တီးရီးယား ထရီလီယံပေါင်း များစွာရဲ့ နေအိမ်ဖြစ်နေလို့ပါ။ ဒီအစာခြေစနစ်ထဲက ဘက်တီးရီးယားတွေ မျှခြေညီပြီး ကျန်းမာနေမှ စားလိုက်သမျှ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိပြီး ကိုယ်ခံအားရော ခန္ဓာကိုယ်ပါ ကျန်းမာဖွံ့ထွားမှာပါ။ အစာခြေစနစ်က သားသားမီးမီးတို့ရဲ့ ရေရှည်ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။

    ကံကောင်းတာ တစ်ချက်က နေ့စဉ် စားသုံးမှုက အစာခြေစနစ် ကျန်းမာစေဖို့ အများကြီး သက်ရောက်နေတာပါ။ ဒီတော့ သားသားမီးမီးတို့ အစာခြေစနစ် ကျန်းမာစေဖို့  ဘယ်လို စောင့်ရှောက်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    အစာခြေစနစ်အပေါ် အစားအစာတွေရဲ့ သက်ရောက်မှု

    အစာခြေစနစ် ကျန်းမာရေးက စားသုံးလိုက်တဲ့ အစားအစာတွေနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ အစာခြေစနစ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားလေးတွေက ဆီးချို၊ ကင်ဆာ၊ အဝလွန်တာနဲ့ အခြားသော နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရမှုမှာအပေါ်မှာ အဓိကကျတဲ့ နေရာကနေ ပါဝင်နေတာပါ။ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားလေးတွေ လုံလောက်တဲ့ ပမာဏ ရှိနေမှ ကျန်းမာပြီး ရောဂါကင်းမှာပါ။

    အစာခြေစနစ် ကျန်းမာစေဖို့ စားစရာတွေ အများအပြား ရှိပေမယ့် ကလေးအများစုကတော့ အစာခြေစနစ် ကျန်းမာစေတဲ့ အစားအစာတွေကို မကြိုက်ကြပါဘူး။ ကလေးအများစု နှစ်သက်တဲ့ ဆီကြေမုန့်‌တွေ၊ ကွတ်ကီး၊ အချိုရည် စတာတွေက အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို ထိခိုက်စေပါတယ်။ ဒီလို အစားအစာတွေက စားကောင်းပေမယ့် ရေရှည်မှာ ကလေးရဲ့ အစာခြေစနစ်ကိုရော ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကိုယ်ခံအားကိုပါ ထိခိုက်စေပြီး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ကလေးကို ကျန်းမာတဲ့ အစာခြေစနစ် ပိုင်ဆိုင်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝစွာ ပါဝင်အောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။

    သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေပြင်ဆင်ပေးကြမလဲ

    သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေပြင်ဆင်ပေးကြမလဲ

    သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေ ပြင်ဆင်ပေးကြမလဲ ဆိုတော့ အဖြေက လွယ်ပါတယ်။ သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ပေးရုံပါ။

    အပြောလွယ်သလောက် လုပ်ဖို့ခက်တဲ့ သားသားမီးမီးတို့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေ ပြင်ဆင်ပေးတဲ့အခါမှာ ကလေးလည်း စားချင်စဖွယ်ဖြစ်ပြီး အစာခြေစနစ်လည်း ကျန်းမာစေဖို့ အခုပြောပြမယ့် စားစရာလေးတွေကို ထည့်သွင်းပြင်ဆင်ပေးလို့ ရပါတယ်။

  • ဒိန်ချဉ်
  • ဒိန်ချဉ်ကို ကလေး တော်တော်များများ နှစ်သက်ကြပါတယ်။ ဒိန်ချဉ်က ပရိုဘိုင်အိုတစ်ရော ပရီဘိုင်အိုတစ်ပါ ပါဝင်နေတဲ့ အစာခြေစနစ်အကျိုးပြု စားစရာတစ်မျိုးပါ။ အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုရော သားသားမီးမီးတို့ရဲ့ အစာခြေစနစ်လေးကိုပါ ကျန်းမာစေမှာပါ။

    တစ်နေ့ကို ဒိန်ချဉ် တစ်ခွက် တိုက်ပေးလို့ ရပါတယ်။ အချိုအများကြီး မထည့်ပါနဲ့။ သစ်သီးလေးတွေ ထည့်ပြီး ပြင်ဆင်ပေးလို့လည်း ရပါတယ်။

    • သောက်ရေ

    ရေမသောက်တဲ့ ကလေးရယ်လို့ မရှိပါဘူး။ သောက်သုံးရေက သန့်ရှင်းဖို့တော့ လိုပါမယ်။ သောက်ရေက ကလေးတွေကို ရေဓာတ်ပြည့်ဝစေပြီး အစာခြေစနစ်ထဲက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို သားသားမီးမီးတို့ကို ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ သားသားမီးမီးတို့ရဲ့ အသက်အရွယ်ကို လိုက်ပြီး တစ်နေ့ကို ရေဖန်ခွက် ၆ ခွက်ကနေ ၈ ခွက်လောက်အထိ တိုက်ပေးပါ။

    • သစ်သီးတွေ

    သစ်သီးတွေက ကလေးကြိုက် စားစရာ တစ်မျိုးပါ။ အရောင်အသွေးစုံပြီး အရသာရှိတဲ့ သစ်သီးတွေက ကလေးကို အချိုလျှော့စားဖြစ်အောင် ထောက်ကူပေးသလို အမျှင်ဓာတ်ပါဝင်နေမှုကလည်း အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ကလေးကို အဆာပြေ စားချိန်တွေမှာ ဘယ်ရီသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ နာနတ်သီးစတာတွေကို စားချင်စဖွယ်လေး ဖြစ်အောင် ပြင်ဆင်ပေးလို့ ရပါတယ်။ ဖျော်ရည်အနေနဲ့ ဖျော်ပြီး တိုက်ပေးလို့လည်း ရပါတယ်။

  • ဟင်းသီးဟင်းရွက်တွေ
  • ဟင်းသီးဟင်းရွက်တွေကိုတော့ ကလေးတွေက စားဖို့ ငြင်းတာမျိုး ရှိနိုင်ပါတယ်။ ကလေးတိုင်းက ဟင်းသီးဟင်းရွက် မကြိုက်ကြပါဘူး။ ဒါကြောင့် သားသားမီးမီးတို့ ဟင်းသီးဟင်းရွက် စားဖြစ်စေဖို့ဆိုရင် ဟင်းသီးဟင်းရွက်လေးတွေကို သေးသေးလေးတွဖြစ်အောင် လှီးဖြတ်ပြီး sandwich ထဲ ထည့်ကျွေးတာ၊ ရေညှိထမင်းလိပ်ထဲထည့်ကျွေးတာမျိုး လုပ်လို့ ရသလို ကြက်ဥလေးနဲ့ အချက်လိုက် ကြော်ကျွေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

    ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်နဲ့ ရေဓာတ်ပြည့်ဝတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • ကလေးအာဟာရလိုအပ်ချက်အတွက် သီးသန့်ထုတ်ထားတဲ့ ဖော်မြူလာနို့

    ကလေးရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် ရေဓာတ် နဲ့ သားသားမီးမီးတွေ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးပြီး အစာခြေစနစ် ကျန်းမာစေဖို့ နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ ဖော်မြူလာနို့ကို တိုက်ကျွေးပေးလို့ ရပါတယ်။ Growing up milk လို့လည်း သိကြပါတယ်။

    သားသားမီးမီးတို့ကို Growing up milk  တစ်နေ့တစ်ခွက် တိုက်ပေးတာကလည်း အစာခြေစနစ် ကျန်းမာပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ဂျုံကြမ်း ပေါင်မုန့်

    ဂျုံကြမ်း ပေါင်မုန့်၊ ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေက အမျှင်ဓာတ် ကြွယ်ဝသလို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သကြားပါဝင်မှု နည်းတာကြောင့် ကိုယ်ခံအားကို ထိခိုက်စေမှာကိုလည်း မပူရပါဘူး။ ကလေးက ဂျုံကြမ်း ပေါင်မုန့်ကို မစားချင်တာမျိုး ဖြစ်နိုင်တဲ့အတွက် ကလေးရဲ့ ကြီးထွားမှုကိုလည်း အထောက်အကူပြုပြီး စားချင်စဖွယ်လည်း ဖြစ်အောင် ပေါင်မုန့်ကို အဆီနည်းတဲ့ ချိစ်နဲ့ သုတ်ပြီး မီးကင်ပေးတာ၊ မြေပဲထောပတ် သုတ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

    သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ အခုပြောခဲ့တာလေးတွေကို ပါဝင်အောင် ပြင်ဆင်ပေးတာက အစာခြေစနစ် ကျန်းမာစေပြီး ကလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    သတင်းစကား

    သားသားမီးမီးတို့ကို အစာခြေစနစ် ကျန်းမာပြီး ကိုယ်ခံအားကောင်းကောင်းနဲ့ ကြီးပြင်းလာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်၊ ရေဓာတ်၊ ပရိုဘိုင်အိုတစ် နဲ့ ပရီဘိုင်အိုတစ်တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဆီကြော်စာတွေ၊ အချိုကဲ၊ အငန်ကဲတာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ ဆိုးဆေးနဲ့ တာရှည်ခံပစ္စည်း ပါဝင်တာတွေကို ရှောင်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement