ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူပြရင်း နွေပီသနေတော့တာပဲနော်။ နွေရောက်လာရင် ရာသီဥတု ပူတာအပြင် မေမေတို့ကို စိတ်ညစ်စေတဲ့ နောက်ထပ် အကြောင်းအရာလေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးတွေ နွေရာသီမှာ ဘာမှ မစားဘူးလို့ ဘာကျွေးကျွေး ဘူးခံငြင်းနေတာကိုပါ။ ဒီလို မစားတာက ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမလားပေါ့။ ဒါကြောင့် ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။  ကလေးများနဲ့ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့  သားသားမီးမီးတို့ ကောင်းကောင်းဖွံ့ဖြိုးစေဖို့အတွက် အာဟာရ အမျိုးမျိုးကို ပြည့်စုံဖို့ လိုပါမယ်။ ဒီလို အာဟာရ ပြည့်စုံဖို့ ဆိုရာမှာလည်း ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမိဖို့ လိုတာပေါ့။ ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ပေမယ့်လည်း ရာသီဥတု […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ ……. ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား! ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ နို့ပွေး

မေမေတို့ ကလေးလေးတွေရဲ့ ပါးနားတစ်ဝိုက်မှာ၊ နဖူးမှာ နီရဲပြီး အဖက်လေးတွေ လန်နေမှာကို တွေ့ဖူးမှာပါ။ မေမေတို့ ထင်တာက ဒါက ကလေးကို ရေပုံမှန်မချိုးပေးလို့ ဒါမှမဟုတ် နို့တိုက်လို့ ဖြစ်တာလို့ တွေးကြမှာပါ။ တကယ်တော့ ဒါက ကလေးတွေမှာ အဖြစ်များတဲ့ နို့ပွေး ပါ။ နို့ပွေး ဆိုတာ နို့ပွေးဆိုလို့ ဒါက လူကြီးတွေမှာ ဖြစ်တဲ့ ပွေးကွက်တွေ မဟုတ်ပါဘူး။ ပွေးလိုမျိုး အကွက်လိုက်လေးတွေ ပေါ်တတ်ပေမယ့် ဒါက ပွေးလို ကူးစက်ရောဂါမဟုတ်ပါဘူး။ မေမေတို့ နားလည်အောင် ပြောရရင် လူကြီးတွေမှာ ဖြစ်တဲ့ နှင်းခူနဲ့ တူပါတယ်။ အလာဂျီရောဂါနဲ့ အနီးစပ်ဆုံးတူပါတယ်။ ဘာလို့ ကိုယ့်ကလေးမှာမှ နို့ပွေးဖြစ်ရတာလဲ တကယ်တော့ နို့ပွေးက တွေ့ရတာ မရှားပါဘူး။ မေမေတို့ကတော့ ထင်မှာပေါ့။ ဘာဖြစ်လို့ သူများကလေးတွေမှာ မဖြစ်ဘဲ ကိုယ့်ကလေးကျမှ လာဖြစ်ရတာလဲ။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။  ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ! ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင် အချိန်အကြာကြီး မမောမပန်းတမ်း ဆော့တာ ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးတာ ချော်လဲတာ ထိခိုက်မိတာ ပြုတ်ကျတာ တစ်ခုခုနဲ့ ဆောင့်မိတာလိုမျိုး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/parenting/stay-quiet-can-sick-child/ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။ အနားပေးပါ ကလေးက အဆစ်နာတာမျိုး […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

သားသားမီးမီးလေးတွေက လူစိမ်းတွေကို ကြောက်တာ၊ လူကြောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို ဘယ်လိုများ ကျော်လွှားရမလဲဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား! ဒါဆိုရင်တော့ ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင် နော်။ ကလေးတွေက ဘယ်အရွယ်မှာ စပြီး လူကြောက်တတ်သလဲ! ကလေးတွေက အသက် ၈ လ ကနေ ၁၀ လလောက် ရောက်လာချိန်မှာ သူစိမ်းတွေကို ကြောက်တတ်တဲ့ လူကြောက်တတ်တဲ့ ခံစားချက်ကို စခံစားလာရပါတယ်။ မိသားစုဝင် မဟုတ်သူတွေ မျက်နှာစိမ်းသူတွေကို မြင်ရင် ကြောက်တတ်ကြတာ သဘာဝပါ။ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ ဘေဘီလေးတွေက မြင်နေကျ လူက ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစားတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့

မွေးချင်း များတဲ့ ကလေးတွေက တစ်ဦးတည်းသောသာ ဖြစ်လိုက်ချင်တယ်လို့ ပြောရင် သူတို့လေးတွေက တစ်ကိုယ်ကောင်းဆန်လိုက်တာလို့ မတွေးလိုက်ပါနဲ့ မေမေဖေဖေတို့ရေ ….. သူတို့လေးတွေ ဒီလို ဖြစ်ရတာက အကြောင်းရင်းခံတွေ အများကြီး ရှိပါတယ်။ အငယ်လေးတွေကို မုန်းလိုက်တာလို့ တွေးတာ၊ ပြိုင်ဘက်လိုမျိုး တွေးတာတွေက အကြီးလေးတွေမှာ ဖြစ်တတ်ကြပါတယ်။ ဒါကို အကြီးစိတ် မရှိဘူးလို့ မဆိုစေချင်ပါဘူး။ ဒီလိုမျိုး အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် ဝင်တဲ့အခါ ကလေးကို အပြစ်မတင်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။  မောင်နှမ အချင်းချင်း၊ ညီအစ်မ အချင်းချင်း၊ ညီအစ်ကို အချင်းချင်းကြား ပြိုင်ဘက်တွေလို တွေးတာ မုန်းစရာလေးလို့ တွေးတာက မေမေဖေဖေတို့ရဲ့ အုပ်ထိန်းမှုနဲ့ အများကြီး ဆိုင်ပါတယ်။ အကြီးလေးတွေက သူ့နောက်က မွေးလာတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!

ကျောင်းတက်ရတာကို ကလေးတိုင်းကတော့ မပျော်ကြပါဘူး။ ကျောင်းတက်ရတာကိုက အတော်လေး စိတ်ပျက်စရာကောင်းပြီး ကြီးမားတဲ့ အခက်အခဲ တစ်ခုလို့ ယူဆနေတဲ့ ကလေးတွေက အများကြီး ရှိနေပါတယ်။ အထူးသဖြင့် မူကြိုအရွယ်လေးတွေနဲ့ မူလတန်း အရွယ်လေးတွေမှာပေါ့။ အချို့ဆိုရင် အသက်ရလို့ အလယ်တန်းအရွယ်လောက်ဖြစ်နေတာတောင် ကျောင်းတက်မပျော်ကြတဲ့ သားသားမီးမီးတွေက အများကြီးပါ။ ဒီလို ကျောင်းတက်ရတာ မပျော်ဖြစ်ပြီး ကျောင်းသွားခါနီးတိုင်း ကလေးက ငိုနေတာ မှိုင်နေတာတွေက မေမေအတွက်ရော ဖေဖေ့အတွက်ပါ အတော်လေး ခက်ခဲပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ကျောင်းပျင်းတာ ကလေးအပြစ်လား! မေမေဖေဖေတို့က ဘယ်လို မြင်လဲ မသိပေမယ့် ကျောင်းပျင်းတာကို ကလေးအပြစ်လို့တော့ ကျွန်မက မမြင်မိပါဘူး။  သားသားမီးမီးတွေက မွေးစကနေ အရင်ကဆို ၄ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

ကလေးဆိုတာက ပြေးပြေးလွှားလွှား ဆော့တတ်တာက သဘာဝပါပဲ။ အဖော်စုံရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နောက်ကလိုက်ထိန်းရတဲ့ မေမေကတော့ ပင်ပန်းတာပေါ့။ ပြေးရင်းလွှားရင်း ချော်လဲမလား၊ ချွေးတွေထွက်ပြီး အအေးပတ်မလား မိဘကတော့ မျိုးစုံစိတ်ပူတာပဲလေ။ ဒီတော့ ငြိမ်ငြိမ်လေး နေခိုင်းတာပေါ့။ ဒါပေမဲ့ ကလေးဆို လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမယ်၊ အကြမ်းခံတယ်၊ တော်တန်ရုံ မဖျားဘူးလို့လည်း သိထားတော့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကလေး ကိုယ်ခံအားကို ထိခိုက်စေသလား ဆိုပြီး ပြန်တွေးရပြီလေ။  ကလေးတွေ ပြေးလွှားဆော့တဲ့ခေတ် ကုန်များသွားပြီလား! ကလေးဆိုတာ ပြေးလွှားဆော့တယ်ဆိုတဲ့ ခေတ်က ကုန်များကုန်သွားပြီလားလို့တောင် ထင်စရာ ရှိပါတယ်။ ကလေးတွေ ပြေးလွှားဆော့တယ်ဆိုတာ ကိုယ်တွေခေတ်မှာပဲ ကျန်ခဲ့သလိုပေါ့။ ဒီလို ပြောရတာက အခုနောက်ပိုင်း ကလေးတွေဟာ ပြေးလွှားဆော့ဖို့ထက် ယူကျူ့ကြည့်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုးတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ!

သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလို ထူးချွန်ထက်မြက်စေချင်တယ်ဆိုတဲ့ဆန္ဒလေးမှာ အတူကပ်ပြီး ပါလာတတ်တာလေး တစ်ခုက သားသားမီးမီးတို့ကို စိတ်ဓာတ် ကြံ့ခိုင်ပြီး လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေချင် ကြတာပါ။ တစ်ယောက်တည်း မွေးထားတဲ့ သားသားမီးမီးတို့ရဲ့ မိဘတွေဆို ဒီအချက်လေးကို ပိုဂရုစိုက်ကြပါတယ်။  တစ်ယောက်တည်း မွေးထားတဲ့ ကလေးက စိတ်အားငယ်တတ်တယ်ဆိုရင် မေမေဖေဖေတို့အတွက် အတော်လေး ရင်မအေးစရာ ဖြစ်ပြီပေါ့။ ဒီလိုဆိုတော့ ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူလေးဖြစ်အောင် သင်ကြားပေးလို့ရမလား! သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  လူကြီးတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ အချက်တစ်ခု ဖေဖေမေမေတို့ အမှတ်မှားနေတာ ဖြစ်နိုင်သလို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ အချက်လေး တစ်ခု ရှိနေနိုင်ပါတယ်။ ဒါကတော့ လူကြီးတွေမှာမှ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)