သကြား scrub လေးတွေနဲ့ အသားအရေအလှကိုထိန်းကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နေတအားပူတော့ အပြင်သွားလိုက်တဲ့အခါ အသားအရေလည်းပျက်စီးရပြီပေါ့။ အသားမမည်းချင်လို့နေလောင်ကာခရင်မ်တွေ လိမ်းလည်း အသားကညစ်နေတယ်ဆို တစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub လုပ်ပေးပေါ့။ ဒါလည်း အသားအရေထိန်းချင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့အဆင့်တစ်ခုပဲလေ။ ဒါပေမယ့်မကြာခဏမလုပ်ချင်ဘူး၊ တစ်ခါတလေပဲသုံးမှာမို့ဈေးကြီးပေးမဝယ်ချင်ဘူးဆိုတဲ့သူတွေအတွက် အလွယ်ဖန်တီးလို့ရပြီးဘေးကင်းတဲ့ ကိုယ်တိုင်လုပ် srcubလေးတွေအကြောင်းပြောပြချင်လို့။

သကြားဆိုတာ အစားအသောက်ထဲ ပါဝင်ပစ္စည်းအဖြစ်နဲ့အသုံးများပေမယ့် အသားအရေ အတွက်လည်း အရမ်းအကျိုးပြုတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ သကြား scrub သာဆို အရေပြားဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ သိပ်အစွမ်းထက်တယ်နော်။ နောက်ပြီးရင်တော့ အစိုဓါတ်ပြန်ထိန်းဖို့ moisturizer သုံးဖို့ လိုအပ်တယ်နော်။

ပျားရည်သံပရာသကြား Scrub

ပျားရည်နဲ့သံပရာက အသားအရေကို လင်းလက်စေတယ်၊အစိုဓါတ်ထိန်းတယ်၊ အသားအရေကျန်းမာစေတယ်။ ပျားရည် ၃ ဇွန်း၊သံပရာရည် ၂ ဇွန်း၊ သကြား ၂ ဇွန်းပဲ လိုပါတယ်။ သည်သုံးမျိုးကို မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာပွတ်လိမ်းပါ။ ၁၀ မိနစ်နေရင် ရေချိုးပါ။ တစ်ပတ် ၃ ကြိမ်လုပ်လို့ရပါတယ်။

Almond Oil နဲ့ သကြား Scrub

Almond oil က ဗီတာမင်စီကြွယ်ဝလို့ အရေပြားတစ်ရှူးအသစ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့ အထောက်အကူပေးတဲ့အတွက် အသားအရေအသစ်တဖန်ပြန်လည်မွေးဖွားနိုင်ပါလိမ့်မယ်။

သကြားတစ်ဇွန်း၊ almond oil နှစ်ဇွန်းကို ရောထည့်ပြီးမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ ညင်သာစွာ Scrub လုပ်ပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ် တစ်ကြိမ်နဲ့ သုံးပတ်ဆက်တိုက်လုပ်လို့ရပါတယ်။

ငှက်ပျောသီးနဲ့သကြား Scrub

ငှက်ပျောသီးက ရေဓါတ်ဖြည့်ပေးပြီး အစိုဓါတ်ထိန်းတဲ့သတ္တိရှိပါတယ်။ ဗီတာမင်အေ၊ဘီ၊စီနဲ့ တခြားသတ္တုဓါတ်တွေလည်းပါဝင်ပါတယ်။ ငှက်ပျောသီးတစ်လုံးကို လှီးပြီးချေပါ။ သကြား နှစ်ဇွန်းထည့်ပြီး အနှစ်ဖြစ်အောင် ကြိတ်ချေပါ။ မျက်နှာနဲ့အသားအရေမှာ Scrub လုပ်ပြီး ငါးမိနစ်နေရင် ရေချိုးလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။

အုန်းဆီနဲ့ သကြား Scrub

အုန်းဆီဆိုပေမယ့် ဆံပင်လိမ်းတဲ့အုန်းဆီတွေမဟုတ်ဘူးနော်။ အသားအရေမှာသုံးဖို့ထုတ်တဲ့ Pure extra virgin coconut oil ကိုသုံးရမှာပါ။ အသားအရေကို ချောမွေ့နူးညံ့စေတဲ့အုန်းဆီ သုံးဇွန်းရယ်၊ ပျားရည်နှစ်ဇွန်း၊သကြားသုံးဇွန်းရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ ပွတ်လိမ်းပြီး ခဏနေရင် ရေချိုးချလိုက်ပါ။

ဒိန်ချဉ်နဲ့သကြား Scrub

ဒိန်ချဉ်က အရေပြားအမည်းစက်တွေကိုပျောက်စေပြီး ဘက်တီးရီးယားတွေကိုသေစေတယ်၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။ ဘာအရသာမှမထည့်ရသေးတဲ့ ဒိန်ချဉ်ခွက်တစ်ဝက်ကို သကြားနှစ်ဇွန်းနဲ့ရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပြီးရေချိုးလိုက်ပါ

ကော်ဖီနဲ့သကြား Scrub

ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က ဓါတ်တိုးဆန့်ကျင်အစွမ်းသတ္တိကိုလုပ်ဆောင်ပေးပြီး အသားဝင်းစေပါတယ်။ ကော်ဖီမှုန့် ရေနွေးပန်းကန်လုံးတစ်ဝက်၊သကြားတစ်ဝက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်ဇွန်းကို ရောမွှေပါ။ အသားအရေဝင်းလက်ဖြူစင်လာပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဖျားနာတာ၊ ဆေးသောက်ချိန်မမှန်တာ၊ ကဖင်းဓာတ်စတာတွေကြောင့် ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို မြင်ဖူးကြတယ်မဟုတ်လား။ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 1 min read
အရိုးပွနေရင် ဒါတွေရှောင်ပါ။

အရိုးပွနေရင် ဒါတွေရှောင်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 9, 2020 . 2 mins read