သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲ ကွဲကွဲလည်း ကလေးကမပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်ေတာ့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်၊တတ်ကြပါတယ်။ ဘာတွေများဖြစ်နေလို့ ကလေးက ငိုရတာလဲ ။ ။

ကလေးကို အငိုမတိတ် စေသည့် အဖြစ်အများဆုံး အကြောင်းအရာများ ။ ။

ဗိုက်ဆာနေခြင်း

ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။ မွေးကင်းစ ကလေးတွေဆိုတော့ အိပ်မယ် ၊နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ် ၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။

ကလေးက အိပ်ချင်နေခြင်း –

အိပ်ရေးမဝရင်လူကြီးတွေ့ပဲ စိတ်ရှုပ်တတ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၈ နာရီလောက်အိပ်ဖို့လိုတဲ့ ကလေးတွေက အိပ်ရေးမဝရင် ပိုလို့တောင် စိတ်ရှုပ်တတ်ပါတယ်။ ကလေးကိုချစ်လို့ ၊ တစ်ချိန်လုံး အိပ်နေရင် နေမကောင်းဖြစ်မှာဆိုးလို့ဆိုပြီး ကလေးမအိပ်အောင် တစ်ချိန်လုံး မြူဆွယ်နေတဲ့အခါ ကလေးအိပ်ငိုက်လာပြီး စိတ်တိုလာပါလိမ့်မယ်။ အဲဒီ အချိန်ရောက်ရင် ကလေးကို ပြန်ချော့ပြီး အိပ်အောင် သိပ်ပေးပါ။ ဒါဆို အ ငိုတိတ်သွားပါလိမ့်မယ်။

သေးခံလဲပေးဖို့လိုနေခြင်း-

ကလေးဆိုပြီး အသန့်အပြန့်အကြောင်း နားမလည်ဘူးလို့ မထင်လိုက်ပါနဲ့။ တစ်ချိန်လုံး သေးခံနဲ့ နေရတာဖြစ်တဲ့အတွက် သေးခံညစ်ပတ်သွားရင် အသစ်လဲပေးဖို့လိုနေပြီဖြစ်ကြောင်း သင့်ကို ပြောပါလိမ့်မယ်။ သေးခံထဲမှာ ဝမ်းရော ဆီးရောသွားထားရင် နေရတာ သက်တောင့်သက်တာ မရှိတော့လို့ အသစ်လဲ မပြီးမချင်း ငိုပါလိမ့်မယ်။ အိပ်ရေးလည်းဝနေတယ် ၊ နို့လည်း အဝတိုက်ထားရက်နဲ့ ကလေးက ငိုနေပြီဆိုရင်တော့ သေးခံကို တစ်ချက်စစ်ကြည့်ဖို့ လိုပါတယ်။ သေးခံလောင် တာကြောင့်လည်း သင့်ကလေး ငိုတတ်ပါတယ်။

ကလေးဗိုက်ထဲ လေထိုးနေတာလည်းဖြစ်နိုင်ပါတယ်။

လူကြီးတွေတောငိ လေထိုးလေအောင့်ဖြစ်ရင် အတော်ခံရတာ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက်ဆို ပိုဆိုးတာပေါ့။ ဘာဖြစ်နေလဲဆိုတာကိုလည်း မပြောတတ် နာလည်း နာနေတော့ စွတ်ငိုတတ်ကြပါတယ်။ ဒီလို လေအောင့်တဲ့ ဝေဒနာဟာ ကလေး အသက် တစ်လလောက်မှာ ဖြစ်တာများပြီး ကလေးအသက် ၄လ ၅လလောက်ဆို ပြန်ပျောက်သွားတတ်ပါတယ်။ ဒီလို လေအောင့် ဝေဒနာကို ကာကွယ်ချင်တယ်ဆိုရင်တော့ နို့တိုက်ပြီးတိုင်း ကလေးကို လေထုတ်ပေးပါ။

အဝတ်တွေစည်းထားတာ ကြပ်နေလို့လည်းဖြစ်နိုင်ပါတယ်။

ကလေးကနုသေးတော့ ပတ်ဝန်းကျင် အအေးဒဏ်ကို မခံနိုင်မှာစိုးလို့၊ ခြင်ကိုက်မှာ စိုးလို့ဆိုပြီး ကလေး ကိုအဝတ်တွေနဲ့ တစ်အားပတ်ထား၊ ထုတ်ထားတဲ့ မိဘတွေ ရှိကြပါတယ်။ ကလေးက ငယ်သေးတယ်ဆိုပေမယ့် သူလည်း လက်တွေ ခြေတွေ ဆန့်ချင် လှုပ်ချင်မှာပေ့ါ။ ဒါကို အတင်းကြပ်အောင် အဝတ်တွေနဲ့ ထုတ်တားတဲ့အခါကျ သူစိတ်ရှုပ်လာပြီး စငိုပါလိမ့်မယ်။ ဒါကြောင့် ကလေးကို အဝတ်ဝတ်ပေး၊ အနှီးထုတ်ပေးတဲ့အခါကျ ချောင်ချိပြီးလေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။

နှာခေါင်းပိတ် နေခြင်း

လူကြီးတွေမှာ နှာခေါင်းပိတ်လို့ အသက်ရှူမဝဖြစ်တဲ့အခါ နေရထိုင်ရတာ ကသိကအောက် ဖြစ်သလိုပဲ ကလေးတွေ နှာခေါင်းပိတ်တဲ့အခါမှာလည်း အသက်ရှူမဝဖြစ်ပြီး စိတ်တိုကြပါတယ်။ အဲဒီမှာ စငိုတော့တာပါပဲ။ ဒါကြောင့် ကလေးငိုနေုပြီဆို သူတို့နှာခေါင်းနားကို လက်ကလေးနဲ့စမ်းကြည့်ပါ. တစ်ဘက်ဘက်က လေသွင်းလေထုတ် မလုပ်တော့ဘူးဆိုရင် ဒါ နှာခေါင်းပိတ်နေတာဖြစ်ပါတယ်။

သွားပေါက်ြခင်း

ကလေးအသက် ၃ လပတ်ချာလည်လောက်ဆို သွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်ဟာ မေမေတို့ တကယ်ကို အလုပ်ရှုပ်ရတဲ့အချိန်ပါ။ နို့လည်းတိုက်တား၊ အိပ်ရေးလည်းဝထား၊ နေလည်းကောင်းနေရက်နဲ့ ကလေးက ငိုနေပြီ၊ ကလေးအသက်ကလည်း ၃ လပတ်ချာလည်လောက်ရောက်နေပြီဆိုရင် ဒါ သွားပေါက်လိုငိုတာ ဖြစ်နိုင်ပါတယ်။ သွားပေါက်ပေါက်ချင်း သွားဖုံးနာတတ်တဲ့အတွက် ကလေး သွားဖုံးလေးကို ဖိဖိပေးပါ၊ သွားယားရင် ကိုက်ဖို့အတွက် အရုပ်လေးတွေလည်း ဝယ်ထားပေးပါ။

ကလေးကိုအရမ်းကြီး ဂရုစိုက်နေရင် ကလေးစိတ်ရှုပ်ပြီး ငိုတတ်သလို တစ်ယောက်တည်း ပစ်ထားတာကြာသွားရင်လည်း ကလေးက ငိုတတ်ပါတယ်။ ဒါတွေကတော့ ဘာရောဂါအခံကြောင့် မဟုတ်ဘဲ ကလေးငိုရတဲ့ ပုံမှန် အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။

ဘယ်လို အချိန်တွေ မှာကလေးငိုရင် စိုးရိမ်ရမလဲ ။ ။ ဆရာဝန်ဆီ သွားဖို့လိုမလဲ ။ ။

  • ကလေးက အပြင်းဖျား နေတာ
  • တစ်နေရာရာကို ထိလိုက်တာနဲ့ ကလေးက အထိမခံဘဲ အပြင်းအထန်ငိုတာ
  • ကလေးကိုယ်မှာ အင်ပြင်ထွက်နေပြီး ဓါတ်မတည့်တာမျိုးတွေ ဖြစ်တဲ့အခါ
  • ကလေးဝမ်းလျှောနေတာ၊ ပျို့အန်နေတာ တွေပါ ငိုတာနဲအတူ တွဲရှိရင်တော့ ဆရာဝန်ဆီသွားဖို့လိုအပ်ပါပြီ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မိခင်နို့ နို့မထွက် နို့မဝ နို့သီးခေါင်းကွဲ ရင်သားတင်း နို့ပြွန်တွေပိတ် ရောင်ရမ်း နို့တိုက်တဲ့ ပုံစံမှန် အသက်(၆)လ အာဟာရ နို့တစ်ဖက်တည်းတိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သာမိုမီတာ နဲ့ ကိုယ်အပူချိန် ဘယ်လိုတိုင်းကြမလဲ။

သာမိုမီတာ ပုံမှန်ကိုယ်အပူချိန် အပြင်းဖျား အဖျားကြီး ဒစ်ဂျစ်တယ်သာမိုမီတာ ပြဒါးတံသာမိုမီတာ အရက်ပြန် ချိုင်းကြား လျှာအောက် စအိုထဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

ဗိုက်ဆာ၊ ကိုယ်ဝန်ဆောင်၊ သိုင်းရွိုက်ဟိုမုန်း၊ ခေါင်းကိုက်၊ သွေးအားနည်း၊ ကင်ဆာ၊ ၊ ဆီးချို၊ ဗိုက်အောင့်၊ အစာအိမ်၊ အူလမ်းကြောင်း၊ စိတ်ဓာတ်ကျ၊ ဦးနှောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိတဲ့အခါ

ဗိုက်ဆာ စိတ်ညစ် စိတ်ဖိစီးမှု အစာစား မိန်းကလေး ယောက်ျားလေး လူငယ် လူကြီး စိတ်ကျန်းမာရေး အိပ်စက်ခြင်း အဝလွန် နှလုံး သွေးတိုး ဆီးချို ကိုယ်အလေးချိန် အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး

ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 12, 2020
ကလေး မှာ အဖြစ်များတဲ့ ရောဂါတွေကို အိမ်တွင် ပြုစုကုသပေးခြင်း

ကလေး မှာ အဖြစ်များတဲ့ရောဂါတွေကိုအိမ်တွင်ပြုစုကုသပေးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020
Sweet Broomweed

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 23, 2020
အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊လျှော့ချ ကြမလဲ။ 

အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊လျှော့ချ ကြမလဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 20, 2020