သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

သင့်ရဲ့ကလေးကို အစားအစာအမာတွေ စတင်ကျွေးတော့မယ့်အချိန်မျိုးမှာ သင့်ကလေးရဲ့ စားသောက်စာရင်းထဲမှာမထည့်သင့်တဲ့ တစ်ချို့အစားအစာ ပုံစံတွေရှိပါတယ်။ သင်က သင့်ကလေးလေးအတွက် လူကြီးစားသလိုအစားတွေကို ကျွေးချင်နေပါလိမ့်မယ် ဒါပေမယ့် တစ်ချို့သောအစားအစာတွေက သူတို့ရဲ့ အစာခြေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတစ်လေမှာ လည်ပင်းမှာတစ်နေ နင်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။

သင့်ကလေးကိုမကျွေးသင့်တဲ့အစားအစာ ၇ မျိုးအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။

ပျားရည်

ပျားရည်ဟာ အရသာရှိတယ် အာဟာရဓါတ်တွေပြည့်နေတယ်ဆိုပေမယ့် ကလေးရဲ့စားသောက်စာရင်းထဲအတွက်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ ပျားရည်ထဲမှာ Clostridium botulinumလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပါနေတတ်ပါတယ်။၎င်းက ဘောကျူလစ်ဇင်လို့ခေါ်တဲ့ရောဂါရဲ့ လက်သည်ပါပဲ။ အသက်တစ်နှစ်အောက်ငယ်တဲ့ကလေးတွေရဲ့အူလမ်းကြောင်းဟာ အားနည်းနေသေးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဒီဘက်တီးရီးယားပိုးမွှားတွေကို မတားဆီးနိုင်တာ ပြန်မတိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘောကျ ူလစ်ဇင်ဆိုတာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် သို့သော်လည်းကလေးတွေကိုသေတဲ့ထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ ဒါပေမယ့်ကလေးတွေမှာ အစားအသောက်ပျက်တာမျိုး နို့သိပ်မစို့တာမျိုး ဝမ်းချုပ်တာမျိုး ရေဓါတ်ခမ်းခြောက်တာမျိုးတို့ဖြစ်တတ်ပါတယ်။

နွားနို့နှင့် ပဲနို့များ

နွားနို့နဲ့ပဲနို့တွေထဲမှာ ခန္ဓါကိုယ်ကို အကျိ ုးပြ ုတဲ့ အာဟာရဓါတ်တွေအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် အသက်၁နှစ်အောက်အရွယ်ကလေးတွေအတွက်ကျတော့ သူတို့ရဲ့ အစာခြေစနစ်အတွက် ပြသနာတတ်နိုင်ပါတယ်။ နွားနို့က လုံလောက်တဲ့ ဗီတာမင်စီနဲ့ သံဓါတ်တွေကို ကလေးအသက်တစ်နှစ်အရွယ်မှာ ထောက်ပံ့မှုမပြ ုနိုင်ပါဘူး။

သု့ိသော်လည်း သင့်ဆရာဝန်တော်တော်များများကတော့ သင့်ကလေးကို ဒိန်ချဉ်တို့ နို့တို့ ချိစ်တို့အသက်၈လလောက်ရောက်ရင်ကျွေးပေးဖို့ အကြံပေးကြပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးကို သူတို့အသက်တစ်နှစ်ပြည့်မွေးနေ့မရောက်မချင်း မိခင်နို့ ဒါမှမဟုတ် ဖော်မြ ူလာနဲ့ထုတ်ထားတဲ့နို့ကိုပဲတိုက်တာအကောင်းဆုံးပါပဲ။

အသီးဖျော်ရည်များ

အသက်ခြောက်လအောက်ငယ်တဲ့ကလေးတွေကို အစားအသောက်နဲ့ပတ်သက်ပြီးအထူးလေ့လာထားသူတွေက အသီးဖျော်ရည်တွေတိုက်ကျွေးတဲ့ အကြံကို လက်မခံကြပါဘူး။ ဖျော်

ရည်ဆိုတာမှာက သကြားဓါတ်များတဲ့အတွက် သင့်ကလေးအာဟာရဓါတ်ကို အသီးကိုအပြည့်အဝစားသလို အာဟာရတော့ မရစေနိုင်ပါဘူး။ တစ်ခါတစ်လေတော့သင့်ကလေး

ကို ဗိုက်မနာစေမယ့် ပန်းသီးဖျော်ရည်၊ စပျစ်သီးဖျော်ရည်နဲ့ သစ်တော်သီးဖျော်ရည်မျိ ုးတွေတိုက်နိုင်ပါတယ်။

သန့်စင်ထားသော အစေ့အစံစပါးနှံလိုအစားအသောက်များ

ဒီလိုအစားအသောက်မျ ိုးတွေမှာ အာဟာရဓါတ်ဘယ်လောက်ပါတယ်ဆိုတာ သေချာပြောလို့မရပါဘူး။ အဲ့ဒါကြောင့် သင့်ကလေးအတွက် ကျန်းမာရေးကောင်းဖို့အတွက် အာဟာရအပြည့်ပါသော အစေ့အစံစပါးနှံလိုအစားအသောက်မျိုးကို ရှာတတ်ဖို့လိုပါတယ်။ အီတလီခေါက်ဆွဲလိုမျိ ုး စီရီယယ် ပေါင်မုန့် ကရက်ကာ နှင့် ဆန် လိုမျိ ုးမှာတွေတော့ ၁၀၀ရာခိုင်နှုန်း အာဟာရ

ဓါတ်နှုန်းပါတာမို့ အသက်တစ်နှစ်ကလေးမှာ လိုအပ်တဲ့အာဟာရလည်းရနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့အစေ့အစံတွေစားခြင်းကို ရင်းနှီးနေအောင်ရယ် နောက်ပိုင်းမှာလည်း စားချင်အောင်ရယ် အကျင့်စလုပ်ထားတာတော့ကောင်းပါတယ်။

အစေ့အစံနှင့် အခွံမာသီးများ

ဖရဲသီး၊မက်မွန်သီး၊ဇီးသီးနဲ့ ချယ်ရီသီးတွေဟာအရသာရှိပြီးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးနှံတွေဖြစ်ပါတယ်။

သို့သော်လည်း ဒီအသီးတွေက ကလေးတွေမှာ သီးတတ် နင်တတ် တစ်နေတတ်တာမျိုး အန္တရာယ်တွေရှိပါတယ်။ သင့်ကလေးကို အစေ့အစံပါတဲ့အသီးတွေမကျွေးခင်မှာ အစေ့တွေ ကို သေချာလေးဖယ်ပစ်ဖို့လိုပါတယ်။ နောက်ပြီး နေကြာစေ့တို့

ဖရုံစေ့တို့လိုမျိ ုးတွေကို ကလေးကို မစားခိုင်းပါနဲ့။ ဒီလို အစေ့အစံ အခွံမာသီးမျိုးတွေကို ကလေးနဲ့ခပ်ဝေးဝေးမှ ထားမှ သင့်သတိမထားမိခင် စားမိ မျိ ုချမိတာတွေမဖြစ်မှာပါ။

မီးခိုးကြပ်တိုက်ထားသော အသားများ

လူကြီးတွေမှာတော့ ဝက်ပေါင်ခြောက်တစ်ပြား ဒါမှမဟုတ် ဝက်အူချောင်းတစ်ချောင်းကို ခန္ဓါကိုယ်က မခုခံနိုင်ဘူးဆို

တာရှားပါတယ်။ ကလေးတွေလည်းဒီအတိုင်းပါပဲ။ သို့သော်လည်း အသက်တစ်နှစ်အောက်ကလေးတွေက

တော့ ဒီလိုမီးခိုးကြပ်တိုက်ထားတဲ့အသားတွေဟာ အာဟာရဓါတ်ဘာမှသိပ်မပါရုံသာမက နိုက်ထရိတ်ပမာဏမြင့်နေတာတွေ ဆိုဒီယမ်ဓါတ်တွေ အဆီ

ဓါတ်တွေရယ် ဓါတုပစ္စည်းတွေရယ် ပါဝင်နေတာကြောင့် မကျွေးသင့်ပါဘူး။ ဒါပေမယ့် မီးခိုးကြပ်တိုက်ထားတဲ့အသား

အစား ငါးကင်တော့ကျွေးလို့ရပါတယ်။

အခွံမာသီးမှရသောထောပတ်

အစေ့တွေလိုပါပဲ အခွံမာသီးမှရသောထောပတ်ဟာ ကပ်စေးစေးနဲ့ဖြစ်တာမို့ အသက်တစ်နှစ်အောက်ကလေးတွေမှာ အန္တရာယ်များပါတယ်။ ဒီကပ်ချွဲချွဲ အစားအသောက်တွေဟာ ကလေးတွေကို မျိ ုချရခက်တာဖြစ်စေပြီး အစာနင်စေ တစ်စေ တတ်ပါတယ်။ နောက်ပြီးတော့ ထောပတ်ဟာ ပင်လယ်စာလိုပဲ ဓါတ်မတည့်တဲ့အစားအသောက်ထဲမှာ ထိပ်ဆုံးကပါတာမို့ သတိထားရပါမယ်။

တကယ်လို့ သင်ကသင့်ကလေးကို ကျွေးချင်ရင်တော့ ထောပတ်ကို ပေါင်မုန့်ပေါ်သုတ်ပေးပြီး နည်းနည်းပါးသွားအောင် ပန်းသီးအရည်လေးပါတင်ပေးပါ။

သတိထား ဂရုစိုက်တတ်တဲ့ မိဘမျိ ုးဖြစ်ခြင်းနဲ့ သင်ကသင့်ကလေးကို ကျန်းမာစေတဲ့အစားအသောက်တွေအကြောင်းသိနားလည်ပြီး မဖျားမနာစေရန် ကူညီပေးလို့ရပါတယ်။

Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

    မိုးရာသီ မိုးတွင်း မိုးအေးချိန် ကလေး ကျန်းမာရေး မိဘများအတွက်လမ်းညွှန် အဖြစ်များဆုံးရောဂါများ ကူးစက်ပြန့်ပွားမှု ကလေးပြုစုစောင့်ရှောက်ခြင်း ရောဂါပိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

    COVID-19၊ ကလေး၊ ဆော့ကစား၊ အမွှေးဆပ်ပြာမျိုးထက်၊ ကိုယ်အပူချိန်၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူ၊ မွေးကင်းစကလေး၊ ကာကွယ်ဆေး၊ Mask

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

    အစာခြေစနစ် ကလေး အကျိုးပြုဘက်တီးရီးယား probiotics prebiotics အကျိုးပြုဘက်တီးရီးယားအစာ လေနာ ဝမ်းလျှော ဝမ်းချုပ် ခုခံအား ကြီးထွားဖွံ့ဖြိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

    ကလေး ကလေးယူ ကိုယ်ဝန် ကိုယ်ဝန်ဆောင် မိခင်လောင်း အာဟာရ အစားအသောက် ရှောင်သင့်တဲ့ အစားအစာ ကန့်သတ်စားသုံးခြင်း ကလေးရနိုင်စွမ်း သန္ဓေအောင်နိုင်စွမ်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

    ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020

    ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020

    ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

    အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020