9 ပတ်သားကလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 4 mins read
Share now

ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ

ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသနည်း။

သင့်ကလေးလေး အခု ၉ ပတ်ရှိပြီဖြစ်သည်။ သူအခု ရင်းနှီးတဲ့အသံနဲ့ တစိမ်းအသံတွေကို ခွဲခြားနိုင်သည့်အပြင် ပိုပြီးနားထောင်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို သတိပြုမိပြီး ဘယ်အသံက ဘယ်နေရာကလာကြောင်း လိုက်ရှာတတ်သည်ကို သတိပြုပါ။
စကားပြောနေခြင်းက သင့်ကလေးငယ်၏ နေရာကိုသိရှိနိုင်တဲ့ ခံစားမှုကို တိုးတက်စေသည်။ သင်စကားပြောနေတဲ့အချိန်မှာ ပါးစပ်ကိုကြည့်ပြီး ဘာပြောနေတာလဲဆိုသည်ကို စောင့်ကြည့်နေတတ်ပြီဖြစ်သည်။ ကလေးငယ်၏ ဆက်သွယ်နိုင်မှုစွမ်းရည်တိုးတက်လာသည်ကို တီတီတာတာအသံများထွက်လာခြင်း၊ ပြုံးခြင်း၊ သူ၏လိုအင်ကို ပြနိုင်ရန် ငိုခြင်းအားဖြင့် သင်အံ့အားသင့် သတိပြုမိရပေမည်။
ဒုတိယလ၏ ပထမပတ်တွင် သင့်ကလေးငယ်သည်
• သင်ပြုံးလျှင်ပြန်ပြုံးပြတတ်သည်။
• ရင်းနှီးသောအသံနှင့် တစိမ်းအသံကို ခွဲခြားတတ်သည်။
• အသံဘယ်ကလာသလဲကို ရှာဖွေတတ်သည်။
• ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင်နေတတ်သည်။
• ခေါင်းလောင်းသံကို စိုက်ကြည့်ခြင်း၊ ငိုခြင်း၊ တိတ်နေခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်တတ်သည်။

ကျွန်ုပ်၏ ကလေးငယ်ကို ဘယ်လိုကူညီထောက်ပံ့ပေးသင့်ပါသလဲ။

သင့်ကလေးငယ်နှင့် စကားပြောပေးနေခြင်းဖြင့် သူ့ကို ကူညီပေးနေနိုင်သည်။ သင့်ကိုယ်သင် ပြန်ပြောနေသကဲ့သို့ဖြစ်နေသော်လည်း သင့်ကလေးငယ်၏ အမှတ်သညာကို တိုးတက်စေဖို့ကူညီနိုင်လိမ့်မည်။
ကလေးငယ်သည် သင့်အမူအရာ၊သင့်ပါးစပ်လှုပ်ရှားမှု နှင့် သင့်အသံထဲမှ စိတ်ခံစားမှုကို ခံစားသင်ယူနိုင်သည်။ ကလေးလေး၏ ဂူးဂူးဂဲဂဲ အသံများဖြင့် တုံ့ပြန်စကားပြောခြင်း သို့မဟုတ် ရယ်ခြင်း ငိုခြင်းအားဖြင့် လိုအင်များကို ပုံဖော်တတ်ခြင်းကို သင်ကိုယ်တိုင်ပင် အံ့အားသင့်ရပေလိမ့်မည်။

ကျန်းမာရေးနှင့် ဘေးကင်းမှု

ဆရာဝန်နှင့်ဘာတွေ တိုင်ပင်ဆွေးနွေးသင့်ပါသလဲ။

ကလေးငယ်၏ အခြေအနေပေါ်မူတည်ပြီး ပညာပိုင်းဆိုင်ရာစောင့်ကြည့်အကဲခတ်မှုနှင့် အကောင်အထည်ဖော်ခြင်းများသည် ကွဲပြားပါလိမ့်မည်။ သို့သော် အောက်ပါအကြောင်းအရာများကို မျှော်လင့်ထားနိုင်ပြီး သင့်၏ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
• သင်၏ဆရာဝန်သည် သင့်ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရန် ကလေး၏ အရပ်၊ ကိုယ်အလေးချိန်နှင့် ဦးခေါင်းအရွယ်အစားများကို တိုင်းတာနိုင်ပါသည်။
• ကလေး၏ အမြင်အာရုံ၊ အကြားအာရုံ၊ နှလုံး၊ အဆုတ်များနှင့် ခေါင်းမှခြေဆုံး စစ်ဆေးပြီး ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု မိုင်တိုင်များကို မှတ်သားထားခြင်းအားဖြင့် ကျန်းမာသန်စွမ်းသောကလေးငယ်အဖြစ် စောင့်ကြည့်အကဲဖြတ်နေနိုင်သည်။
• အသည်းရောင်အသားဝါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ နားရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး နှင့် ဝမ်းပျက်ရောဂါကာကွယ်ဆေးများကို ထိုးထားသင့်သည်။

ဘာတွေသိထားသင့်ပါသလဲ။

အောက်ပါတို့သည် သင်သိထားသင့်သော အကြောင်းများဖြစ်ပါသည်။

ကာကွယ်ဆေးထိုးခြင်း

မိဘအများစုသည် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများအစား မကောင်းသောအချက်များကိုသာ သိရှိထားတတ်ကြသည်။ သို့သော် ဆရာဝန်မှ ကလေးအများစုအတွက် ကာကွယ်ဆေးထိုးခြင်းသည် အလွယ်တကူကူးစက်ခံရနိုင်သော ရောဂါများမှ ကာကွယ်ပေးနိုင်ကြောင်းကို သင့်ကို အတည်ပြုပြောကြားပါလိမ့်မည်။
ကာကွယ်ဆေးထိုးခြင်းသည် အောက်ပါဖြစ်စဉ်များပေါ်တွင် အခြေတည်လုပ်ဆောင်သည်။ ကျွန်ုပ်တို့၏ ခန္ဓါကိုယ်သည် အားပျော့သောသေပြီးသား ရောဂါပိုးမွှား၊ သို့မဟုတ် ဓါတုဖြစ်စဉ်ပြောင်းလဲပြီးသား အန္တရာယ်ရှိသော အရာဝတ္ထုနှင့် တွေ့သည့်အခါ ခုခံအားစနစ်မှ ရောဂါကို ကာကွယ်သော ပဋိဇီဝပစ္စည်းများထွက်သည်။ ဤ ပဋိဇီဝပစ္စည်းများသည် ခန္ဓါကိုယ်သို့ ရောဂါပိုးများဝင်လာသည်အခါ တုံ့ပြန်ကြသည်။ ၎င်းတို့သည် ခုခံအားစနစ်၏ မှတ်မိစေသော အရာများနှင့် ချိတ်ဆက်ထားပြီး ရောဂါပိုးကို မှတ်မိစေပြီး နောက်တစ်ခါထပ်ပြီး ရောဂါဝင်သည့်အခါ ရောဂါပိုးကို တုံ့ပြန်တိုက်ခိုက်ကြသည်။

ကာကွယ်ဆေးထိုးခြင်းသည် နှစ်စဉ် ကလေးပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်နေသော်လည်း လုံးဝပြီးပြည့်စုံသည့် အခြေအနေသို့မရောက်သေးပေ။ ကလေးငယ်အများစုသည် ကာကွယ်ဆေးထိုးသည့်အခါ အနည်းငယ်သော တုံ့ပြန်မှုများဖြစ်တတ်ပြီး အချို့က ဖျားနာတတ်သည်။ အချို့က ပိုပြီးပြင်းထန်သော ရောဂါများအထိဖြစ်တတ်ကြသည်။ အလွန် ဖြစ်တောင့်ဖြစ်ခဲဖြစ်သော်လည်း အချို့ ကာကွယ်ဆေးများသည် မွေးကင်းစ ကလေးငယ်များတွင် တသက်စာ ထိခိုက်မှု သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ ဆိုးကျိုးများကို နည်းစေရန် သင့်ကလေးငယ်တွင် ဘေးကင်းသော ကာကွယ်ဆေးထိုးခြင်းဖြစ်စေရန် အောက်ပါ သတိပြုရမည့်အချက်များကို သိထားလိုက်နာသင့်သည်။
• ဆရာဝန်မှ ကာကွယ်ဆေးမထိုးခင် ကလေး၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး ကလေးတွင် ပြင်းထန်သောရောဂါရှိမနေကြောင်း အတည်ပြုရမည်။ သို့သော် အအေးမိခြင်းကဲ့သို့သော ရောဂါလက္ခဏာအသေးစားရှိနေသောအခါတွင် ကာကွယ်ဆေးထိုးခြင်းကို ရက်ရွှေ့ရန်မလိုပါ။
• ဆရာဝန်မှ ပေးသော ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များကို ကလေးကို ကာကွယ်ဆေးမထိုးခင် ဖတ်ထားပါ။
• ကာကွယ်ဆေးထိုးပြီးနောက် ၇၂ နာရီအတွင်း သင့်ကလေးကို သတိပြုစောင့်ကြည့်ပြီး (အထူးသဖြင့် ပထမ ၄၈ နာရီအတွင်း) ထူးခြားသော အပြုအမူများနှင့် တုံ့ပြန်မှု ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်လျှင် သင်၏ ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။ ထို့အပြင် နောက်တခါ ဆေးထိုးဖို့သွားလျှင် ဆရာဝန်ကို ထိုအချက်နှင့် ပတ်သတ်ပြီး ပြောပြပါ။
• သင်၏ ဆရာဝန်ကို ကာကွယ်ဆေးထုတ်လုပ်သောလုပ်ငန်း၊ ထုတ်လုပ်သည့်အမှတ်များကို ကာကွယ်ဆေးထိုးသည့် မှတ်တမ်းစာအုပ်တွင် မှတ်သားထားပြီး ကလေး၏ တုံ့ပြန်မှုကိုလည်း မှတ်သားထားပါ။ အချက်အလက်များကို မိတ္တူကူးထားပါ။ ကလေး၏ ပြင်းထန်သောတုံ့ပြန်မှုများကို အချိန်မီ ကုသမှုရစေရန် ဆရာဝန်ဆီသို့ သတင်းပို့သင့်သည်။
• နောက်တစ်ခေါက် ကာကွယ်ဆေးမထိုးမီတွင် အထူးကုဆရာဝန်ကို အရင်တစ်ခါ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ထပ်ပြောပြထားပါ။
• သင့်တွင် ကာကွယ်ဆေးနှင့် ပတ်သတ်ပြီး စိတ်ပူပန်မှုရှိလျှင် ဆရာဝန်နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးပါ။

ကာကွယ်ဆေးထိုးပြီး ပြင်းထန်သော တုံ့ပြန်မှုဖြစ်သော ကလေးငယ် အလွန်ရှားသော်လည်း သင့်ကလေးငယ်တွင် ကာကွယ်ဆေးထိုးပြီး အောက်ပါလက္ခဏာများဖြစ်ပွားပါက ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။
• အပူချိန် ၄၀ ဒီဂရီထက်ကျော်လွန်၍ အဖျားတက်ခြင်း။
• ၃ နာရီထက်ကျော်လွန်၍ ငိုကြွေးနေခြင်း။
• အဖျားမတက်ပဲ တက်သွားခြင်း။
• ကာကွယ်ဆေးထိုးပြီး တက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အပြုအမူများရှိခြင်း။
• ဓါတ်မတည့်သည့် လက္ခဏာများဖြစ်သော ပါးစပ်၊ မျက်နှာ၊ လည်ချောင်းရောင်ယမ်းခြင်း၊ အသက်ရှူရခက်ခြင်း၊ အင်ပျဉ်များထွက်ခြင်း တို့ဖြစ်ပေါ်ခြင်း။
• ဂဏှာမငြိမ်ဖြစ်ခြင်း၊ တုံ့ပြန်မှုနှေးခြင်း၊ အအိပ်များခြင်း။
သင့်ကလေးငယ်တွင် ကာကွယ်ဆေးထိုးပြီးနောက် ထိုလက္ခဏာများရှိလျှင် ဆရာဝန်ထံသို့ ခေါ်သွားပြသပါ။ နောက်တစ်ကြိမ်ထပ်မဖြစ်စေရန်အချက်အလက်များစုဆောင်းထားပါ။

စိုးရိမ်ပူပန်မှု

ဘာတွေ စိုးရိမ်ပူပန်နေပါသလဲ။

အောက်ပါတို့သည် သင်စိတ်ပူ နေနိုင်သော အချက်အချို့ဖြစ်သည်။

နို့ဘူးဖြင့် နို့တိုက်ခြင်း

အချို့သော အမေများသည် နေ့လည်ဘက်၊ညနေဘက်များတွင် အားစေရန် ကလေးကို နို့ဘူးဖြင့် တခါတရံ နို့တိုက်တတ်ကြသည်။ အကြောင်းရင်းမှာ အလုပ်လုပ်ရန်ရှိသောကြောင့်လည်းကောင်း၊ ကလေးငယ်သည် အမေနို့တစ်မျိုးတည်း စို့သည့်အတွက် ကိုယ်အလေးချိန်အတက်နှေးသောကြောင့် လည်းကောင်းဖြစ်နိုင်သည်။
နို့ဘူးနှင့် တိုက်ဖို့စီစဉ်နေလျှင် မိခင်နို့ကိုညှစ်ပြီး ရေခဲသေတ္တာထဲတွင် ခြောက်ပုလင်းခန့်ထား၍ ကလေးကို အသားကျအောင် ပြုလုပ်ရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိခင်အနေဖြင့် မိခင်နို့ကို သက်ရောက်မှုရှိစေသော ပိုးသတ်ဆေးသောက်နေရလျှင်လည်းကောင်း၊ အရေးပေါ်အလုပ်သွားရန်ရှိလျင်လည်းကောင်း၊ ကလေးအတွက် နို့သောက်ရန်အဆင်သင့်ရှိနေစေသည်။ သင့်ကလေးငယ်မှ နို့ဘူးမသောက်ဖူး၍ စိတ်မပူပါနှင့်။ မိခင်နို့နှင့် အရသာတူသည့်အတွက် ကလေးငယ်မှ အလွယ်တကူသောက်ပါလိမ့်မည်။
အချို့ကလေးငယ်များသည် မိခင်နို့နှင့် နို့ဘူးကို တလှည့်စီ သောက်နေရသော်လည်း ပြသနာမဖြစ်ပါ။ သို့သော် ကလေးအများစုအတွက် မိခင်နို့ကို ပထမသုံးပတ်တွင် တိုက်ချိန်ပိုကြာပေးခြင်းဖြင့် အသားကျဖို့ပိုလွယ်စေသည်။ နို့ဘူးကို စောစောတိုက်လျှင် ကလေးသည် မိခင်နို့နှင့် နို့ဘူးမှ နို့သီးခေါင်းကို မှားနေတတ်သည့်အတွက် မိခင်နို့တိုက်ရန်ခက်နိုင်သည်။ နို့ဘူးတိုက်တာ နောက်ကျလျှင် ကလေးသည် မိခင်နို့နှင့် မတူသည့် အတွက် နို့ဘူးသောက်ရန် ငြင်းနိုင်သည်။

မိခင်နို့တိုက်ခြင်းသည် ကလေးနို့သောက်ချင်သည့် အခါ အမေမှ တိုက်ခြင်းဖြစ်ပြီး ကလေးစို့သလောက် တိုက်နိုင်သည်ဖြစ်သည့်အတွက် ပြဿနာမရှိပေ။ နို့ဘူးတိုက်လျှင်မူ ကလေးငယ်များ၏ အာဟာရလိုအပ်ချက်မတူညီသည့်အတွက် သင့်ကလေးအတွက် နို့ဘယ်လောက်လိုသည်ကို သိရှိရန် ဆရာဝန်နှင့် မေးမြန်းတိုင်ပင်ပါ။
သင့်အလုပ်လုပ်ရန်လိုအပ်လျှင် သင့်ကလေးကို နို့ဘူးဖြင့် ပြောင်းလဲတိုက်နိုင်သည်။ အလုပ်သို့ပြန်မဝင်ခင် အနည်းဆုံး နှစ်ပတ်အလိုတွင် နို့ဘူးဖြင့် စတင်ပြောင်းတိုက်ပါ။ ကလေးအတွက် နို့ဘူးစို့ခြင်းဖြင့် အသားကျစေရန် တစ်ပတ်ခန့် တစ်နေ့လျှင် တစ်ဘူးစို့ခိုင်းပြီး အချိန်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကလေးအတွက်ကောင်းရုံသာမက သင့်ခန္ဓါကိုယ်အတွက်လည်း သင်အလုပ်ပြန်လုပ်သည့်အခါ အဆင်ပြေစေရန် နို့ထွက်နည်းစေရန် အထောက်အကူပြုသည်။
သင့်ကလေးငယ်ကို နို့ဘူး တစ်ခါတရံတိုက်ရန် ရည်ရွယ်လျှင် နို့ နှစ်ဘက်လုံးကို ညှစ်ပါ။ အပြင်သွားသည့်အခါ နို့အုံဖောင်းတင်းလာခြင်းနှင့် နို့များထွက်ကျခြင်းကို နည်းစေသည်။ သင်ပြန်လာခါနီးအချိန်နှင့် သင့်ကလေးကို နို့ဘူးတိုက်ချိန်သိပ်မနီးကပ်စေရန်သတိပြုပါ။ သို့မှသာ သင်ပြန်လာသည့်အချိန်တွင် ကလေးကို အဆင့်သင့်နို့တိုက်နိုင်မည်ဖြစ်သည်။

ကလေးငယ်၏ ပထဆုံးအပြုံး

သင့်ကလေးငယ်သည် သင့်ကို ပြုံးမပြလျှင် စိတ်မပူပါနှင့်။ အလွန်ပျော်ရွှင်သော ကလေးပင် ၆ပတ် ၇ ပတ်ရောက်သည်အထိ မပြုံးရီတတ်သေးပါ။ ထို့အပြင် စပြုံးတတ်သည့် အခါ တစ်စုံတယောက်ကိုထက် ရည်ရွယ်ရာမရှိပဲ စတင်ပြုံးတတ်နိုင်သည်။ ကလေးများသည် ပါးစပ်တစ်ခုထဲမဟုတ်ပဲ တစ်မျက်နှာလုံးပြုံးတတ်သည်ကို သတိပြုမိခြင်းဖြင့် သင့်ကလေးငယ် ရည်ရွယ်ချက်မရှိပဲ ရီပြုံးခြင်းလား၊ တကယ်ရီပြုံးခြင်းလားဆိုသည်ကို သင်ခွဲခြားနိုင်ပါလိမ့်မည်။ သူတို့ အဆင်သင့်မဖြစ်ခင်အချိန်အထိ ရီပြုံးခြင်းကို လုပ်လိမ့်မည်မဟုတ်သော်လည်း သူနှင့် အတူစကားပြောပေးခြင်း၊ ဆော့ကစားပေးခြင်းဖြင့် မကြာခင် ရီပြုံးတတ်လာပါလိမ့်မည်။

ဒါဆိုရင် ၁၀ ပတ်ရောက်လျှင် ကလေးငယ် ဘယ်လိုဆက်ကြီးပြင်းလာမလဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

    ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ များ ကဘာတွေဖြစ်မလဲ။ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်ပြီး ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

    ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေရှာင်ကြဉ်ရမလဲ။ ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    Covishield ကာကွယ်ဆေး မထိုးခင် ကြိုသိထားသင့်တဲ့အချက်များ

    Covishield ကာကွယ်ဆေး မထိုးခင် ဘာတွေသိထားသင့်သလဲ။ ကိုယ်က ထိုးလို့ရတဲ့သူလား။ ဘာဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလဲ။ ဆေးအာနိသင်ကရေ ကောင်းရဲ့လား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

    ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    သတိ ကိုဗစ် ရှိသေးသည်

    သတိ ကိုဗစ်ရှိသေးသည်

    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
    ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

    ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
    အပ်ကြောက် လို့ ကာကွယ်ဆေး မထိုးချင်ဘူးဆို ဒီလိုနည်းလမ်းတွေနဲ့ ကျော်လွှားပါ

    အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
    ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

    ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read