backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း

သင့်ကလေးကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာကျွေးရတာခက်နေလျှင် အထူးသဖြင့် သင့်ကလေးမှာအစာခြေခြင်းနှင့်ဆိုင်သောဆိုးဝါးသည့်ရောဂါတစ်ခုရှိနေလျှင် ဒီဆောင်းပါးက သင့်အတွက်အကောင်းဆုံးပါပဲ။ ဤဆောင်းပါး၌ သင့်ရဲ့ကလေးကိုကောင်းမွန်စွာဘယ်လိုကျွေးမလဲ ကျန်းကျန်းမာမာကြီးပြင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြထားပါသည်။

(၁) ကုသမှုကိုလိုက်နာပါ

သင့်ကလေးမှာ အစာခြေရောဂါရှိနေပြီဟုအဖြေထွက်လျှင် ကောင်းကောင်းမကုသပါက ကောင်းလာမည်မဟုတ်ပါ။ သူတို့လိုအပ်သည့်ဆေးကိုရရှိသည်နှင့် နေကောင်းပြီးအစားပိုစားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုသမှုကိုသေချာလိုက်နာရန် အရေးကြီးပါသည်။

(၂) ကလေးအာဟာရပညာရှင်ကိုရှာပါ

ကလေးအတွက်လိုအပ်သည့်အာဟာရသည် လူကြီးများနှင့်မတူပါ။ ထို့ကြောင့်သူတို့အတွက် အထူးကုကိုလိုအပ်ပါသည်။ ကလေးများနှင့်ဆက်နွယ်သည့်ပညာရှင်ကိုရှာရမည်ဖြစ်သည်။

(၃) ဖြည့်စွက်စာများကျွေးပါ

အခုသင့်မှာအာဟာရပညာရှင်ရှိသွားပြီဆိုလျှင် ကလေးကိုဖြည့်စွက်စာဘာကျွေးရမလဲဆိုသည်ကိုမေးပါ။ အစာခြေရောဂါများသည် များသောအားဖြင့် အာဟာရချို့တဲ့ခြင်းနှင့်တွဲတတ်သည်။ ကလေးတွင် နာတာရှည်ဝမ်းလျှောနေပါက ဇင့်ဖြည့်စွက်စာလိုအပ်ပါလိမ့်မည်။ သွေးထွက်သောရောဂါမျိုးရှိလျှင်မူ သံဓါတ်ဖြည့်စွက်ခြင်းက အတော်လေးအထောက်အကူ ပြုပါလိမ့်မည်။

(၄) Calories လိုသည်ကိုဖြည့်ပါ

အားလူချောင်းကြော်သည် ကလေးများအကြိုက်ဖြစ်သည်။ သို့သော် Junk Food တိုင်းက ကလေးအလေးချိန်တိုးစေရန် ကူညီမည်တော့မဟုတ်ပါ။ ထောပတ်သီးလို သံလွင်ဆီလို အဆီများက ကလေးလိုအပ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများဖြစ်သည်။ ကာဗိုဟိုက်ဒြိတ် သို့မဟုတ် ပရိုတင်းအမှုန့်များ သောက်စရာများကလဲ အထောက်အကူဖြစ်စေပါသည်။ သင့်ကလေးအတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ဆွေးနွေးပါ။

(၅) အမျှင်ဓါတ်ပိုကျွေးပါ

ကလေးများဖျားနာသည့်အခါ အမျှင်ဓါတ်လျှော့စားဖို့ဆရာဝန်ကမှာကောင်းမှာလိမ့်မည်။ သို့သော် နေပြန်ကောင်းလာပါက သူတို့လိုအပ်သည့် အမျှင်ဓါတ်ကိုပြန်ကျွေးပေးပါ။ ယေဘုယျအားဖြင့် လိုအပ်သည့်အမျှင်ဓါတ်ပမာဏသည် ကလေးအသက်ကို 5 ပေါင်းထည့်ပြီး ရလာသည့်ကိန်းကို ဂရမ်အဖြစ်ယူရမည်ဖြစ်သည်။ ကလေးအတွက် အကောင်းဆုံးအမျှင်ဓါတ်ဘာဖြစ်မလဲဆိုတာကို အာဟာရပညာရှင်နဲ့ဆွေးနွေးပါ။

(၆) အစာစားချိန်ကိုဂရုစိုက်ပါ

အစာခြေရောဂါရှိသောကလေးအတွက် များများနှင့်သုံးနှပ်ကျွေး့ခြင်းထက် နည်းနည်းနှင့်အကြိမ်ရေများများကျွေးခြင်းက ပိုအကျိုးရှိစေပါသည်။ မိသားစုကို ကလေးနှင့်အတူစားဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပေးပါ။ ဒီနည်းဖြင့် ကလေးတွင် စားချင်စိတ်ပိုဖြစ်လာစေနိုင်ပါသည်။

(၇) ဖြေးဖြေးမှန်မှန်လုပ်ပါ

ကလေးကြီးထွားမှုနှင့်ပါတ်သတ်၍ ဖိအားမထားပါနှင့်။ တခြားကလေးများနှင့် ကိုယ့်ကလေးကိုမနှိုင်းကြည့်ပါနှင့်။ ကလေးတွင်အစာခြေရောဂါရှိသည်မှာ သူ့အမှားမဟုတ်ပါ။ သူတို့ကြီးထွားနေသည်ဆိုလျှင်ကို အဆင်ပြေပါပြီ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement