ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး

ကိုယ်နေဟန်ထား မှန်ကန်ခြင်းဟာ ကိုယ်ခန္ဒါရဲ့ အစိတ်အပိုင်းတချို့ကို အလွန်အကျွံ အားစိုက်ရခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒီအားစိုက်မှုဟာ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု ရှိပါတယ်။ ကလေးများအတွက် ဘယ်လို ကိုယ်နေဟန်ထားတွေက ကောင်းသလားဆိုတာ တွေးတောဖူးပါသလား။ ကဲ .... ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး ဘာတေတွ လုပ်ဆောင်ပေးရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကိုယ်နေဟန်ထား မကောင်းရတဲ့ အကြောင်းအရင်းများ ကလေးများမှာဆိုရင် - ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ - အာဟာရဓါတ်မပြည့်ဝမှု - စံမမီသော ဖွံ့ဖြိုးတိုးတက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ကျောင်းနေ ဆယ်ကျော်သက်အရွယ်တွေဆိုရင် - အဝလွန်ခြင်း - အလှုပ်ရှားနည်းပြီး အထိုင်များသော လူနေမှုပုံစံ - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - အတုခိုးမှားခြင်း။ ၃-၅နှစ်အရွယ် ကလေးများဟာ တခြားလူတွေရဲ့ ကိုယ်နေဟန်ထားကို အတုခိုးတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါကြောင့် အတုခိုးမှားရင် ကိုယ်ဟန်နေထား မကောင်း ဖြစ်သွားတတ်ပါတယ်။ - […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်လုပ်သောမိခင်များ မိမိကလေးများကို မိခင်နို့တိုက်ကျွေးရန် မှတ်သားဖွယ်ရာများ

ယနေ့ခေတ်အခါမှာ အမျိုးသမီးများဟာ မိမိကလေးကို နို့တိုက်ကျွေးဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အကြား ဗျာများရတတ်ပါတယ်။ ကျန်းမာရေးဌာန၊ မိခင်နို့တိုက်ကျွေးခြင်း ကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ဆူဇန်နီရဲ့ အဆိုအရ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ၇၀%မှာ အသက်၃နှစ်အောက် ကလေးရှိပြီး ၃ပုံ၁ပုံခန့်ဟာ မီးဖွားပြီး ၃လအကြာမှာ လုပ်ငန်းခွင်ကို ပြန်ဝင်တယ်၊ ၃ပုံ၂ပုံဟာ ၆လအတွင်း ပြန်ဝင်တယ်လို့ သိရှိရပါတယ်။ မိခင်များဟာ မိခင်နို့တိုက်ဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ကြား ရွေးချယ်စရာ ဖြစ်လာတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီ၂မျိုးကို အဆင်ပြေအောင် ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။ ကြိုတင်စီစဉ်ပါ မိမိရဲ့ အလုပ်ရှင်ဖြစ်စေ၊ လူ့အရင်းအမြစ်ဌာနကို ဖြစ်စေ မီးဖွားပြီးစ မိခင်များ ကလေးနို့တိုက်ရာမှာ ကူညီဖို့ ဘယ်လိုမူဝါဒတွေရှိတယ်ဆိုတာ စုံစမ်းပါ။ ဒါဟာ ဖြစ်နိုင်ခြေကိစ္စတွေအတွက် ကြိုတင်ပြင်ဆင် နိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေဟာ မိခင်တွေ […]


ကလေးငယ်အာဟာရ

ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်

မိဘများဟာ ကလေးများကို မနက်စာကျွေးရာမှာ ဖျော်ရည်တမျိုးမျိုးကို မပါမဖြစ်အနေနဲ့ တိုက်ကျွေးတတ်ကြပါတယ်။ ဖျော်ရည်များဟာ အရသာရှိပြီး အလွယ်ရနိုင်အေမယ့် သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဖျော်ရည်များမှာ အမျှင်ဓါတ်ပါဝင်မှု နည်းပါတယ် ဖျော်ရည်တွေဟာ အသီးတခုလုံးထက်စာရင် အမျှင်ဓါတ်နည်းပါတယ်။ အိမ်မှာဖျော်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကနေ မှာတာဖြစ်ဖြစ် အခွံချွတ်ပြီး အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အလွန်အကျွံ ဆေးကြောခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အသီးမှာပါဝင်တဲ့ အမျှင်ဓါတ်ထက် ဖျော်ရည်မှာ ပါဝင်မှု နည်းပါးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ပြုလုပ်ရာမှာ ဘက်တီးရီးယားတွေကို သေအောင် ပိုးသတ်ဖို့လိုပါတယ်။ အဲဒီအခါ အစာခြေဖို့ အားပေးတဲ့ အကျိုးပြုဘက်တီးရီးယားများကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးသတ်ခြင်းကြောင့် ဗီတာမင်နဲ့ ဓါတ်ဆားတွေကိုပါ ပျက်စီးစေပါတယ်။ သင့်ရဲ့ကလေးဟာ အသီးကို စားမယ်ဆိုရင် အာဟာရဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားရပြီး သကြားဓါတ်ကို နည်းပါးစွာပဲ ရမှာဖြစ်ပါတယ်။ […]


ကလေးငယ်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ၂၇မျိုး

သရေစာစားချိန်ဟာ ကလေးတိုင်းရဲ့ အကြိုက်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာတွေ၊ သကြားများတဲ့ စားစရာတွေ မကျွေးသင့်ပါဘူး။ ယခုဖော်ပြမယ့် သရေစာ ၂၇မျိုးကို စမ်းကျွေးကြည့်ပါ။ သင့်ကလေး ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းပါလိမ့်မယ်။ ကလေးများကို သရေစာ ဘယ်နှကြိမ် ကျွေးသင့်လဲ ကလေးများအတွက် သရေစာတွေကို အစားတကြိမ်နဲ့ တကြိမ်ကြား ကျွေးနိုင်ပါတယ်။ နေ့လယ်ပိုင်းမှာ ကျွေးတဲ့သရေစာဟာ ညစာစားသည့်တိုင်အောင် အာဟာရနဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။ ပုံမှန်အချိန်နဲ့ စားတဲ့ သရေစာများဟာ သင့်ကလေး ဆာပြီး ဂျီမကျအောင် အကူအညီပေးပါတယ်။ ဒါပေမယ့် သရေစာစားတာ လွန်သွားရင်လည်း ညစာလွတ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်မှန်အောင် ဘယ်လို ရွေးချယ်ကြမလဲ။ သင့်အနေနဲ့ ကလေးတွေ ဆာနေပုံရတဲ့အချိန်မှ ကျွေးသင့်ပါတယ်။ ဒါဟာ သူတို့ဘဝတလျှောက်လုံးအတွက် ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်အောင် […]


ကလေးငယ်အာဟာရ

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ကလေးငယ်များကို ပုံစံတကျကျွေးရာမှာ ဘာတွေက အဓိက အမျိုးအစားတွေလဲ တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။ - နွားနို့ပရိုတိန်းအခြေပြုပုံစံ။ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။ - ပဲနို့အခြေခံပုံစံ။ နွားနို့နဲ့ lactose မတည့်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

လူတိုင်းကျန်းမာဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုတဲ့ နေရာမှာလည်း ခေါင်းအစခြေအဆုံး သန့်ရှင်းဖို့ လိုပါမယ်။ ခြေသည်းလက်သည်းတွေ ကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ ခြေသည်းလက်သည်းတွေ ရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေ ကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့ လိုပါမယ်။ လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကို ကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆ ထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ကလေးလေးတွေရဲ့ လက်သည်းလေးတွေက […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကိုကောင်းကောင်းစားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကိုပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။ ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး ပန်းသီး ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓါတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။   ဥအမျိုးမျိုး ကြက်ဥ၊ဘဲဥနဲ့ငုံးဥတို့လိုမျိုး ဥတွေမှာ ကယ်လ်ဆီယမ်၊ပရိုတင်းနဲ့ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံးအချိန်ပါ။ မွေးစကနေခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရဖြည့်တင်းလာခဲ့ပေမယ့်ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင်ကြေညက်အောင်ချေထားတဲ့ထမင်း သို့မဟုတ်ဖြည့်စွက်အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့ အရွယ်ကိုလည်း ရောက်လာပါပြီ။ ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ ဆိုတာ လွယ်ပါ့မလား။ မိခင် အတော်များများက အတွေ့အကြုံရှိသူတွေအကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါး သုတ်ထားတာ၊ ခါးတဲ့အရာ တစ်ခုခု သုတ်လိမ်းထားတာ စတဲ့နည်းတွေကို သုံးတတ်ကြပါတယ်။နောက်ဆုံးတော့ နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့အရသာကြောင့် ဒုက္ခရောက်နေရတာတွေကိုမြင်ရတဲ့အခါ အမေဖြစ်သူရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။ ကလေးကိုဘယ်အချိန်မှာ နို့ဖြတ်မလဲ နို့ဖြတ်သင့်တဲ့ အချိန်ကိုရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကိုဆေးတိုက်တဲ့အခါ မိဘတွေလုပ်မိနေတဲ့ အမှားများ

မိဘတွေအတွက် ကိုယ့်ကလေးနေမကောင်းဖြစ်နေတာလောက် စိတ်ပင်ပန်းရတာမရှိပါဘူး။ သားသမီးတွေအတွက် ပူပင်နေရတဲ့စိတ်ဒုက္ခက လူပင်ပန်းရတာထက်ကိုပိုပါတယ်။ ကလေးနေမကောင်းဖြစ်တာနဲ့ ချက်ချင်းကိုဆေးခန်းပြေးကြတာဆိုပေမယ့် ဆရာဝန်ပြပြီးပြန်လာတဲ့အခါ ကလေးကိုပြုစုကုသဖို့က ကိုယ့်တာဝန်ဖြစ်လာပါတယ်။ ကလေးငယ်ငယ်လေးကို ပြုစုရတဲ့အခါဆေးတိုက်ကျွေးရတဲ့အလုပ်ကလည်း မလွယ်တဲ့အလုပ်ပါ။ အအေးမိ၊ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတို့က အဖြစ်များတဲ့ပြဿနာတွေဖြစ်ပြီးဆေးတိုက်ကျွေးမှုအမှားအယွင်းတွေလည်း မသိလိုက်ဘဲလုပ်မိနိုင်တဲ့အခါတွေဖြစ်ပါတယ်။ ကလေးမှာဝေဒနာခံစားနေရတာကို မကြည့်ရက်တာနဲ့ဘဲ ပျာယာခတ်ကာ မြန်မြန်သက်သာလိုဇောနဲ့ အမှားလုပ်မိတတ်ပါတယ်။ ဥပမာ -အဖျားကျဆေး၊ချောင်းဆိုးပျောက်ဆေးတွေကဆေးရည်တွေများတာမို့ ထိခိုက်လွယ်ပြီးနုနယ်လွန်းတဲ့ ကလေးလေးတွေအတွက် တိုက်ကျွေးတဲ့အခါ အတိုင်းအဆပမာဏ ကအစ အမှားမရှိအောင် ဂရုစိုက်ရပါတယ်။ ရင်နှစ်သည်းချာလေးတွေနဲ့ပတ်သက်လာရင် စိတ်တည်ငြိမ်ပြီး တိကျတဲ့မိဘတွေတောင်မှ အမှားလုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကိုဆေးတိုက်တဲ့အခါ ကိုယ်တိုင်မသိလိုက်ဘဲ လုပ်မိနေတဲ့အမှားတွေကို သတိထားဆင်ခြင်သင့်ပါတယ်။ အအေးမိချောင်းဆိုးအတွက် ဆေးတိုက်ကျွေးမှုလွန်ကဲခြင်း ကလေးက ညတိုင်းချောင်းဆိုးနေရတာကို မကြားရက်နိုင်တဲ့အခါချောင်းဆိုးပျောက်ဆေးရည်ပြေးဝယ်တိုက်တာမျိုး လုပ်မိမှာပါ။ ဒါပေမယ့် အအေးမိချောင်းဆိုးပျောက်ဆေးရည်တွေက ရောဂါလက္ခဏာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ပါဝင်ဆေးဝါးတချို့ တူနေတတ်ပါတယ်။ ဥပမာ - အအေးမိပျောက်ဆေးမှာ ပါရာစီတမောပါဝင်တတ်တယ်။ ကလေးကနှာစေးနေလို့ ဒီဆေးကိုတိုက်မယ်၊ပြီးရင် Biogesic […]


ကလေးငယ်အာဟာရ

သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

ကလေးကို အစားစကျွေးတဲ့အချိန်( နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်)ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာမေမေတို့အတော်များများမှာခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓါတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ (၁)ထောပတ်သီး ကလေးကို အဆီဓါတ်ပါဝင်မှုများတဲ့စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှုအာဟာရထဲမှာမဖြစ်မနေပါဝင်သင့်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓါတ်တွေအပြင်folate ၊ ပိုတက်စီယမ်နဲ့ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း