ကလေးရဲ့ကိုယ်အလေးချိန်ကိုစောင့်ကြည့်ပါ
အသက်ခြောက်လကနေ ၁၈ လအတွင်း ကလေးငယ်တွေရဲ့ကိုယ်အလေးချိန်က တက်လွယ်ကျလွယ်ပြီး အာဟာရချို့တဲ့မှုမဖြစ်အောင်လည်း ဂရုစိုက်ရပါတယ်။ ကလေးကို နို့ဖြတ်တဲ့အစီအစဉ်ကလည်း စနေပြီး ထမင်းစကျွေးကာစ အကူးအပြောင်းကာလမှာ ကလေးရဲ့ကိုယ်အလေးချိန်ကိုစောင့်ကြည့်နေသင့်ပါတယ်။ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ တခြားဖွံ့ဖြိုးမှုအခြေအနေတွေ မဆုတ်ယုတ်သွားဖို့ကို သတိထားရပါမယ်။
ဘူးနဲ့မဟုတ်ဘဲ ခွက်နဲ့တိုက်တဲ့အကျင့်လုပ်ပေးပါ
ကလေးကို နို့တိုက်တာပဲဖြစ်ဖြစ်ရေတိုက်တာဖြစ်ဖြစ် ဘူးအစား ပန်းကန်လုံး၊ရေခွက်တို့ကိုသုံးပေးတာက ကလေးကိုကျင့်သားရစေပါတယ်။ ခွက်နဲ့သောက်တတ်လာပြီဆိုရင် တဖြည်းဖြည်းနဲ့ ထမင်းစားဖို့၊ မုန့်စားဖို့ ပိုကျင့်သားရလာမှာပါ။ နို့စို့ဖို့ပဲ အားသန်နေတော့မှာမဟုတ်တဲ့အတွက် နို့ဖြတ်ရတာပိုလွယ်စေပါတယ်။
မှန်ကန်မျှတတဲ့အစာအာဟာရကိုပဲကျွေးတယ်ဆိုတာသေချာပါစေ
ကလေးကို အစားအစာအသစ်တွေစကျွေးတဲ့အခါ အာဟာရပြည့်ပြီး ဗီတာမင်ဓါတ်တွေအချိုးအဆမျှတစွာပါဝင်ဖို့ လိုအပ်ပါတယ်။ ခြောက်လကနေ ၈ လ အတွင်း ကလေးတွေကို အစားထိုးအာဟာရ(ကြိတ်ချေထားတဲ့ထမင်း)ကို တစ်နေ့နှစ်ကြိမ်ကနေသုံးကြိမ်ကျွေးပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။ ကိုးလလောက်ဆို တစ်နေ့ သုံးကြိမ်၊လေးကြိမ်အထိ တိုးကျွေးပြီး တစ်နှစ်ကျော်ရင်တော့ ထမင်းကျွေးချိန်တွေကြားမှာ သရေစာအနည်းငယ်ကျွေးပေးလို့ရပါတယ်။
ကိုယ်နဲ့ကလေးအတွက် အသင့်တော်ဆုံးကိုဆုံးဖြတ်ပါ
တကယ်တော့ အရေးကြီးဆုံးက ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကို အမြဲမပြတ်စောင့်ကြည့်နေဖို့ပါပဲ။ နို့မဖြတ်သေးဘဲ ထမင်းပါတွဲကျွေးတာက ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက်ပိုကောင်းတယ်ဆိုရင် ကလေးအသက် နှစ်နှစ်ကျော်တဲ့အထိ နို့ဆက်တိုက်လို့ရပါတယ်။ ဒါပေမယ့် အများစုက ကလေးအသက်တစ်နှစ်ကျော်တာနဲ့ နို့ဖြတ်ဖို့စဉ်းစားကြပါတယ်။ အစားထိုးကျွေးမယ့်အာဟာရကို ကလေးကလက်ခံရင်ပြဿနာမရှိပေမယ့် နို့မစို့ရချိန်မှာ တခြားအစာလည်းဟုတ်တိပတ်တိလက်မခံတဲ့ကလေးတွေဆိုရင်တော့ အာဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ အပေါ်မှာပြောခဲ့သလို နို့လည်းတိုက်ရင်း အစားလည်းကျွေးရင်း တဖြည်းဖြည်းချင်းဖြတ်ပါ။ ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ နို့ဖြတ်နိုင်ဖို့ ကြိုးစားတာအကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။