ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား......

ကမ္ဘာပေါ်မှာရှိသမျှ လူတွေထဲမှာ ကိုယ့်ကြောင့် ကိုယ့်သားသမီးလေးထိခိုက်သွားမှာကို အစိုးရိမ်တတ်ဆုံးသူက မေမေတွေပါ။ ကိုယ်သာတစ်ခုခုဖြစ်ရင် ဘာမှမဖြစ်သလိုနေတတ်ပေမယ့် သားသားမီးမီးလေးတွေမှာ တစ်ခုခုဖြစ်ရင် အစိုးရိမ်ဆုံးနဲ့ အပူပန်ဆုံးက မေမေတွေပါပဲ။ ဒီတစ်ခေါက်လည်း ကိုယ့်မှာ တီဘီရှိနေတာကြောင့် ဘေဘီလေးကို နို့တိုက်လို့ရပါ့မလား။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... ကလေးမှာ တစ်ခုခုများထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့မေမေတို့အတွက် အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေ။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား...... ဆိုတော့ ကူးစက်နိုင်တဲ့အချိန်ဆိုရင်တော့ မတိုက်သင့်သေးပါဘူး။ ဒါဆိုရင် နို့ဘူးပဲတိုက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကလေးကို မိခင်နို့ရည်ကို ညှစ်ထုတ်ပြီး ဇွန်းနဲ့ထည့်ပြီး တိုက်လို့ရပါတယ်။ နို့ရည်ကနေတဆင့် တီဘီရောဂါပိုးကူးစက်တာမရှိပေမယ့် လေထဲကနေကူးစက်တတ်တဲ့ တီဘီရောဂါပိုးက ကလေးကိုပွေ့ချီပြီး နို့တိုက်ချိန်မှာ လေထဲကနေတဆင့် ကူးစက်သွားနိုင်တာကြောင့်ပါ။ ဒါကြောင့် တီဘီရောဂါ ခံစားနေရတဲ့ မေမေတို့အနေနဲ့ ကလေးကို မိခင်နို့တိုက်ချင်တယ်ဆိုရင် နို့ရည်ကို ညှစ်ထုတ်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

မေမေတိုင်း အကြောက်ဆုံးနဲ့ မဖြစ်ချင်ဆုံး အရာ တစ်ခုက ဘေဘီလေး ဖျားတာပါ။ ကလေးဖျားမယ့်အစား ငါသာဖျားလိုက်ချင်တယ် ဆိုတဲ့ စိတ်ကူးမေမေတိုင်းမှာရှိမှာပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ဖျားရင် စိတ်ညစ်မိတဲ့ မေမေတို့အတွက် ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း တွေကို မျှဝေပေး ပါရစေ။ ဘယ်လိုအခြေအနေမှာဘေဘီလေးဖျားပြီလို့ဆိုနိုင်လဲ........ ကလေးကို အပူချိန်တိုင်းတဲ့နေရာကိုလိုက်ပြီး အပူချိန်ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ကလေးကိုယ်အပူချိန်က စအိုကိုတိုင်းတဲ့အခါ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်များနေမယ် ပါးစပ်ထဲကို အပူချိန်တိုင်းတဲ့အခါ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့အထက်ဖြစ်နေမယ် လက်မောင်းအောက်ကို အပူချိန်တိုင်းတဲ့အခါ ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့အထက်ဖြစ်နေမယ်ဆိုရင်ဘေဘီလေးက အဖျားရှိနေပါပြီ။ ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု ဘေဘီလေးကဖျားနေပြီဆိုရင် အဖျားမြန်မြန်ကျစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း း တွေကတော့ အရည်များများတိုက်ပါ ကလေး အဖျားကျစေဖို့ အတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာ တီဘီဖြစ်တတ်လား

ကလေးတစ်ယောက်ကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူး မိဘတိုင်းမှာရှိကြမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်ဖို့က လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကအများကြီးဆိုတော့ စိတ်ရှိတိုင်းဖြစ်မြောက်ဖို့က သိပ်တော့လွယ်ကူလှတဲ့ အကြောင်းအရာမဟုတ်ဘူးလေ။ နုနယ်လွန်းတဲ့ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေက ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးဆိုတော့ ကိုယ့် သားသားမီးမီးလေးကိုရောဂါတွေကနေ ကာကွယ်ဖို့ ကသိပ်တော့ မလွယ်ပါဘူး။လေထဲကနေတဆင့် ကူးစက်တဲ့ရောဂါတွေဆို ပိုလို့တောင်ကာကွယ်လို့ခက်ဦးမယ်နော်။ ဒီတစ်ခေါက်တော့ ကိုယ်မသိလိုက်ဘဲလေထဲကနေတဆင့် ကလေးကို ကူးစက်နိုင်တဲ့ရောဂါအကြောင်းလေးပြောပြပေးပါရစေ။ ဘေဘီလေးက တီဘြီဖစ်နိုင်လား....... ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားအထိ လူတိုင်းမှာ တီဘီရောဂါဖြစ်နိုင်ပါတယ်။ ကလေးက ငယ်သေးတာပဲ တိဘီရောဂါမဖြစ်နိုင်ဘူးလို့ မယူဆစေချင်ပါဘူး။ဘေဘီလေးတွေလည် တီဘီရောဂါကူးစက်ခံရနိုင်ပါတယ်။ တီဘီဆိုတာဘာလဲ........ တီဘီရောဂါဆိုတာကMycobacterium tuberculosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ခံရတာကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ အဆုတ်မှာ အဓိကကူးစက်လေ့ရှိပြီး ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ နဗ်ကြောတွေ၊ကျောက်ကပ် နဲ့ ဦးနှောက်တို့မှာပါ ကူးစက်နိုင်ပါတယ်။လေထဲကနေတဆင့်ရောဂါပိုးကပြန့်နှံ့ကူးစက်တာပါ။ တီဘီဖြစ်တဲ့အခါ ကိုယ်တိုင်မှာရောဂါပိုးရှိနေတာကြောင့်ဖြစ်ပွားတဲ့ တီဘီရောဂါနဲ့ အခြားသူဆီကနေ တဆင့်ခံ ကူးစက်တဲ့ တီဘီရောဂါဆိုပြီးရှိပါတယ်။ တဆင့်ခံကူးစက်ခံရတဲ့ တီဘီရောဂါကရောဂါပိုးကောင်ရေ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

သားသားက သွားရည်တွေပဲကျနေတာ။ သူငယ်နာမစင်တာလားဆိုတဲ့ အတွေးတွေရှိနေတဲ့မေမေဖေဖေတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ။ ဘေဘီလေးနဲ့ သွားရည်ကျခြင်း ကလေးက သွားရည် ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖွံ့ဖြိုးတာဖြစ်သလို ကလေးတစ်ယောက်မှာရှိသင့်တဲ့ ကြီးထွားဖွ့ဖြိုးမှု အဆင့်တစ်ခုပါ။ ဒီလိုသွားရည်ကျတာက ကလေးအသက် ၃ လကနေ ၆လအတွင်းမှာဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘေဘီလေးတွေ သွားရည် ထွက်ရတာက သွားပေါက်ချင်နေတဲ့ လက္ခဏာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် ကလေးက သွားရည် ထွက်တိုင်း သူငယ်နာမစင်တာမျိုးလို့ မတွေးစေချင်ပါဘူး။ စားဖို့ဝါးဖို့ ပြင်ဆင်မှုတစ်ရပ်ဖြစ်တာကြောင့် သားသားမီးမီးတို့ကို အစားအစာတွေ မိတ်ဆက်ခွင့်ရတော့မယ်ဆိုပြီး ဝမ်းတောင်ဝမ်းသာသင့်ပါတယ်။ ၁ လ ကနေ ၃ လအတွင်း သွားရည်အမြဲကျနေတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ကလေးက ပက်လက်အနေအထားပဲ အမြဲနေနေရတာကြောင့်ပါ။ ၃ လနောက်ပိုင်းမှ ကလေးက ထိုင်တဲ့အခါ မတ်မတ်လေးနေတဲ့ […]


ကလေးငယ်အာဟာရ

ကလေးငယ်လေးကို နွားနို့တိုက် ကျွေးခြင်း

အရိုးနဲ့ သွားတွေသန်မာအောင် နွားနို့သောက်ပါဆိုတာက သိပ်စိမ်းလှတဲ့ စကားတစ်ရပ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက နွားနို့ကို ကြိုက်လို့ဖြစ်ဖြစ်၊မေမေက တိုက်လို့ဖြစ်ဖြစ် သောက်ခဲ့ကြပါတယ်။ သောက်သာသောက်ခဲ့တယ်။ သေချာမသိတာကြောင့် ကလေးကို နွားနို့တိုက် ချင်ပေမယ့် ဘာတွေအကျိုးရှိမလဲ သိချင်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ပါနော်။ နွားနို့တစ်ခွက်ရဲ့ အာဟာရ နွားနို့တစ်ခွက်စာမှာ အခုလိုအာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီဓာတ် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ကယ်လ်ဆီယမ် ဗီတာမင် ဒီ ဖော့စဖောရပ်စ် ရေဓာတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဗီတာမင် အေ ဗီတာမင် B2 Niacin တို့ ပါဝင်နေပါတယ်။ ကလေးငယ်လေးကို နွားနို့တိုက် ခြင်း နွားနို့သောက်တာက ဘေဘီလေးအတွက် အကျိုးကျေးဇူးတော်တော်များတာပါ။ အရိုးနဲ့ သွားတွေကို သန်မာစေရုံတင်မကပဲ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ ထောက်ပံ့ပေးပါတယ်။ ဘေဘီလေးကို […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးရဲ့ BMI

ဘေဘီလေးရဲ့ BMI ဘေဘီလေးတွေက အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးမွေးဖွားလာပြီး အရွယ်ရောက်လာတဲ့အမျှမေမေဂရုစိုက်မှုအပေါ်မှာလိုက်လို့ ကိုယ်အလေးချိန်ပြောင်းလဲနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ကလေးပေါင်ပြည့်ရဲ့လား၊ အဝများလွန်နေလားဆိုတဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးရဲ့ BMI နဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ မွေးကင်းစ ကလေးတစ်ယောက်ရှိသင့်တဲ့ပေါင်ချိန် ကလေးလေးတွေကမွေးစအရွယ်မှာ တစ်ယောက်နဲ့တစ်ယောက်ကိုယ်အလေးချိန်မတူနိုင်ပါဘူး။ လမစေ့ဘဲမွေးဖွားတာကြောင့်ပေါင်မပြည့်တာမျိုးဖြစ်နိုင်သလို မိခင်ကရောဂါတစ်ခုခုရှိနေတာကြောင့် ကလေးကပေါင်မပြည့်တာ၊ ရှိသင့်တဲ့ပေါင်ချိန်ထက်များနေတာမျိုးဖြစ်နိုင်ပါတယ်။ နေ့စေ့လစေ့မွေးဖွားထားတဲ့ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်အလေးချိန် ၅ပေါင် ၈အောင်စ ကနေ ၈ပေါင် ၁၃အောင်စအတွင်းရှိနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်က အခုလောက်ထိသက်ရောက်မှုရှိပါတယ် ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာလားဆိုတာကို အဓိက ဆုံးဖြတ်ပေးတဲ့အရာက ကိုယ်အလေးချိန်နဲ့ အရပ်ပါ။ ဦးခေါင်းအရွယ်အစားကလည်း ကလေးကျန်းမာရဲ့လားဆိုတာကိုညွှန်ပြပေးနေတဲ့ အရာတစ်ခုပေါ့။ ကလေးတစ်ယောက်ကျန်းမာမှုကို သိချင်ရင် သူ့ရဲ့ကိုယ်အလေးချိန်တက်လာလား၊ အရပ်ရှည်လာလားဆိုတာကို ဆန်းစစ်ရပါမယ်။ ကလေးတွေမှာဆိုရင်လည်း မိခင်နို့သောက်တဲ့ ကလေးနဲ့ နို့မှုန့်သောက်တဲ့ ကလေးက ကြီးထွားမှုချင်းမတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်ကိုသေချာလေးသိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။ ဘေဘီလေးရဲ့ BMI ဆိုတာဘာလဲ လအလိုက်ရှိသင့်တဲ့ကိုယ်အလေးချိန် မွေးကင်းစ သားသားလေးတွေက ၇.၈ပေါင်၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။ နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာ မပြောတတ်တော့ မေမေတို့ကပဲ သေချာ ဂရုတစိုက် ကြည့်ရှုရမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေကို သိထားဖို့လိုလာပြီပေါ့ ။ ကလေးတွေရဲ့ အရေပြားကိုပြဿနာဖြစ်စေတာကလည်း ကလေးပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေပဲဖြစ်တာကြောင့် ဘယ်လို ပစ္စည်းတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင် သလဲဆိုတာ ကြည့်ရအောင် ။ ။ သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။ သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။ ဒါတွေက ဘာတွေလဲဆိုတော့ နေလောင်ကာ လိမ်းဆေး ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးပြီး သိပ်မကြာခင် ကလေးအသားတွေ ဝါနေပြီလား။ ဒါလေးတွေသိထားဖို့လိုတယ်နော်။ ။

မေမေတို့ အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့ အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့ အသားဝါတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့ အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။ အဲဒီမေးခွန်းရဲ့ အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။ Jaundice ( အသားဝါ) တယ်ဆိုတာဘာလဲ။ ။ ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ bilirubin တွေများနေတာကြောင့်ပဲဖြစ်ပါတယ်။ Bilirubin ဆိုတာဘာလဲ ။ ။ ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ

အိမ်ကဘေဘီပေါက်စလေးက ဆံပင်တွေကျွတ်နေတယ်။ ဒီလိုပဲဖြစ်တတ်လား။ ဟုတ်ပါတယ်။ ကလေးတွေကမွေးပြီး ၆ လအတွင်းမှာ ဆံပင်ကျွတ်လေ့ရှိပါတယ်။မွေးဆံပင်ပါလာတယ်ဆိုရင် ၂ လကနေ ၆ လလောက် အတွင်းမှာ စပြီးဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ၆ လကျော် နောက်ပိုင်းကျရင်တော့ဆံပင်တွေပြန်ပေါက်မှာပါ။ ကလေးတွေမှာပုံမှန်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကို "telogen effluvium" လို့ခေါ်ပါတယ်။ "telogen effluvium" ဆိုတာဟော်မုန်းတွေကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်စဉ်တည်းက ကလေးရဲ့ကိုယ်ထဲမှာ မိခင်ရဲ့ဟော်မုန်းတွေအများကြီးရှိနေခဲ့တာပါ။မွေးဖွားပြီးနောက်မှာ အဲဒီဟော်မုန်းပမာဏက စတင်လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ကလေးမှာ ဆံပင်ကျွတ်ခြင်း ခဏတော့ဖြစ်လာတာ သဘာဝပါ။ တကယ်လို့ဘေဘီမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာဖြစ်နေတယ်ဆိုရင် ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဒါလည်းဆံပင်အတွက် စိုးရိမ်ဖို့မလိုသေးပါဘူး။ ထိုက်သင့်ကုသဂရုစိုက်မှုပေးပြီးရင် အချိန်တန်တော့ ပြန်ပေါက်မှာပါပဲ။ ဘေဘီဦးခေါင်းမှာတော့ ဆံပင်လေးအကွက်လိုက်ပါးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အသစ်တွေတဖြည်းဖြည်းပြန်ပေါက်လာမှာပါ။ပြန်ပေါက်လာရင်တော့ အရင်ကထက် အရောင်လေးနည်းနည်းဖျော့နိုင်တယ်။ ဒါပေမယ့် ပိုထူပြီးပိုသန်လာမှာကို သတိထားမိပါလိမ့်မယ်။ မေမေတို့ဘက်က ဘာလုပ်ပေးရမလဲ ဟော်မုန်းကြောင့် ကလေးပေါက်စ ဆံပင်ကျွတ်တာအတွက် ဘာမှလုပ်ပေးလို့မရပါဘူး။ တခြားရောဂါပြဿနာတွေကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

အူဝဲလို့အော်ရင်း လူ့လောကထဲကို ရောက်လာတဲ့ သားသားမီးမီးလေးအတွက် အကောင်းဆုံးတွေပဲ ပြင်ဆင်ထားပေးချင်တဲ့ မေမေဖေဖေတို့ရေ..... အခုတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀လောက်ကုန်ဆုံးနေရတဲ့ ပုခက် လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ဆွေးနွေးကြမယ်နော်။ တစ်နေ့တာမှာ အချိန်များစွာ ကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှ ဘေဘီလေးလည်း သက်သောင့်သက်သာဖြစ်ပြီး မေမေတို့လည်း စိတ်ချမ်းသာတော့မပေါ့။ ဒီသက်သောင့်သက်သာနေရာလေးက သက်သောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးပြန်ပါဘူး။ အန္တရာယ်ကင်းဖို့လည်း လိုပါမယ်။ ဒါမှ အတိမ်းအစောင်းလုံးဝခံလို့မဖြစ်တဲ့ နုနယ်လှတဲ့ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပေါ့။ ဘေဘီလေးအတွက်ဘေးကင်းစိတ်ချရတဲ့ ပုခက် ရွေးတဲ့အခါ ဈေးကြီးမှလား........ မဟုတ်ပါဘူး။ ဈေးနှုန်းထက် အရည်အသွေးကို ဂရုစိုက်ရပါမယ်။ အရည်အသွေးညံ့တဲ့ပစ္စည်းတွေက ထိခိုက်စေနိုင်ခြေ ပိုများတာကြောင့် အတိမ်းအစောင်းခံလို့မဖြစ်တဲ့ ဘေဘီလေးတို့အတွက် အရည်အသွေးစိတ်ချရဖို့က အရင်ဆုံးစဉ်းစားရမှာပါ။ ဒီဇိုင်းဆန်းမှလား......... ဒီဇိုင်းကို ကလေးက ကောင်းကောင်းနားမလည်သေးပါဘူး။ မွေးကင်းစကလေးနားလည်မှာက အိပ်ရတာ သက်သောင့်သက်ဖြစ်ဖို့ပါ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း