ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

နို့တိုက် နေတဲ့ မိခင် တစ်ယောက် အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ ပြဿနာ တစ်ခုပါ။ ကလေးကလည်း နို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင် လုပ်ဖို့က အရေးကြီး လာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေ လုပ်ကြမလဲ ဆိုတော့ နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။ နို့ကြောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။ နို့ကြောင်းပိတ်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင် သိဖို့ လိုပါတယ်။ နို့ကောင်းကောင်း မထွက်တာ - ကလေး […]


ကလေးငယ်အာဟာရ

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။ ဆိုတာလေးကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ်။ အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်တဲ့ မှိုဟာလည်း ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ကလေးကို မှိုကျွေးလို့ရပြီလား၊ ဘယ်အချိန်မှာ စကျွေးရမလဲဆိုပြီး မေးစရာတွေ ပေါ်လာပါတယ်။ ဒီဆောင်းပါးက မှိုရဲ့ အကျိုးကျေးဇူးတွေ၊ ကလေးကို မှိုကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။ ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။ ဆိုတော့ အတိအကျသတ်မှတ်ထားတဲ့ အသက်အရွယ်တော့ မရှိသေးပေမဲ့ ကလေး အသက် ၆လပြည့်ပြီးနောက်ပိုင်း အမာစာတွေကို စတင်စားနေပြီဆိုရင် ကျွေးလို့ရပါတယ်။ မှိုက ဝါးရတာလည်းလွယ်သလို အမျှင်ဓာတ်ပါတော့ ကလေးရဲ့ အစာခြေစနစ်အတွက်လည်း အဆင်ပြေတယ်။ အာဟာရလည်း ဖြစ်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကလေး […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည် နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ

မွေးကင်းစကလေးတွေ အတွက် နို့ဦးရည် က ပထမဆုံးနဲ့ အရေးကြီးဆုံး အာဟာရတစ်ခုပါ။ နို့ဦးရည်က ကောင်းတယ်ဆိုတဲ့အကြောင်း အားလုံးသိကြပါတယ်။ ဒီလိုမျိုး ကောင်းတယ်ဆိုတာထက် နို့ဦးရည်အကြောင်း ပိုပြီး သိသင့်တာလေးတွေ ရှိပါတယ်။ နို့ဦးရည် ဆိုတာဘာလဲ။ နို့ဦရည်ဆိုတာ ကောင်းတာလောက်ပဲ သိထားကြပြီး နောက်ပိုင်းထွက်လာတဲ့ မိခင်နို့ကို နို့ဦးရည်ထက် ပိုပြီး စိတ်ဝင်စားကြတဲ့သူ များပါတယ်။ နို့ဦးရည်ဆိုတာ အဝါဖျော့ရောင်ရှိတဲ့ အရည်ပျစ်ပျစ်တွေပါ။ သူ့မှာ ကလေးရဲ့ ခုခံအားအတွက် အရေးအကြီးဆုံးဖြစ်တဲ့ IgA, lactoferrin, leukocytes နဲ့ lactose တို့အဓိကပါဝင်ပြီး ခုမှ စပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ခုခံအားကို အားဖြည့်ပေးတဲ့ မရှိမဖြစ် အရာတစ်ခုပါ။ နို့ဦးရည်က ဘယ်အချိန်မှ စထွက်လာတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ တချို့မှာ နို့ဦးရည်က ကိုယ်ဝန်ပထမ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ဆိတ်နို့

ဘေဘီလေးတွေကိုမွေးကတည်းကမေမေ့နို့တိုက်ဖြစ်ကြတယ်။ ဒီကနေတဆင့် တစ်နှစ်လောက်ရောက်လာပြီဆိုရင် နွားနို့တိုက်တယ်။ ဒီလိုအချိန်မှာ ဆိတ်နို့ရောတိုက်လို့ဖြစ်မလားလို့တွေးမိနေတဲ့မေမေတွေများရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ၊လို့ပြောပါရစေ။ ဘေဘီလေးကို ဆိတ်နို့တိုက်လို့ရလား..... ဘေဘီလေးကို နွားနို့တင်မဟုတ်ဘဲ ဆိတ်နို့လည်း တိုက်လို့ရပါတယ်။ ဘေဘီလေး တစ်နှစ်ပြည့်ပြီဆိုရင် ဆိတ်နို့စတိုက်လို့ရပါပြီ။ နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိတ်နို့က ပရိုတင်းပါဝင်မှုများသလို ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ဉာဏ်ရည်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်မှာပါ။ ကြီထွားဖို့ ဆိုင်းပြင်းနေတဲ့ဘေဘီလေးတွေရဲ့ အူနံရံကိုလည်း အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပါသေးတယ်။ ဆိတ်နို့က နွားနို့လို အလွယ်တကူဝယ်လို့မရပေမယ့် အာဟာရတန်ဖိုးပိုမြင့်တာကတော့ အမှန်ပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ...... ဆိတ်နို့မှာ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီ သဘာဝအချိုဓါတ် ကာဗိုဟိုက်ဒရိတ် ကယ်လ်ဆီယမ် သံဓါတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဆိုဒီယမ် ဇင့် ဖော့စဖောရပ်စ် ဗီတာမင်အေ (ဗီတာမင် […]


ကလေးငယ်အာဟာရ

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ ။ ငါးဆို ဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီးခေါင်းထဲမှာ အတွေးတွေများနေရတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ........ ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ဖြည့်စွက်စာ စစားတဲ့ကလေး အသက် ၆ လလောက်ဆို စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား..... ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ […]


ကလေးငယ်ပထမနှစ်

ကလေးတွေရဲ့ လအလိုက်မျက်စိဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးတွေဟာ လမ်းစမလျှောက်တတ်ခင်စကားမပြောတတ်ခင်ကတည်းက အမြင်အာရုံနဲ့ပတ်သက်ပြီး စတင်သင်ယူခဲ့ရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာလိုအပ်တဲ့ အမြင်အာရုံစွမ်းရည်ကို မွေးကတည်းကရရှိလာခဲ့တာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ သူတို့ ပတ်ဝန်းကျင်က အခြေအနေတွေကို သိနားလည်ပြီး ပတ်ဝန်းကျင်အခြေအနေပေါ်ကိုလိုက်လျောညီထွေ တုံ့ပြန် နိုင်ဖို့အတွက် သူတို့အမြင်အာရုံကနေတဆင့်ရရှိလာတဲ့သတင်းအချက်အလက်တွေကို ဦးနှောက်ကိုပေးပို့ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူဖို့လိုအပ်ပါတယ်။ မွေးဖွားလာတဲ့အချိန်ကနေစပြီး ကလေးတွေဟာ သူတို့ရဲ့မျက်လုံးလေးတွေနဲ့ ကမ္ဘာတလွှားကအရာတွေကို စူးစမ်းလေ့လာနေကြတာဖြစ်ပြီး သူတို့လေးတွေက လက်တွေနဲ့ပစ္စည်းတွေကိုဆွဲတာ၊လေးဘက်ထောက်သွားတာနဲ့ ထိုင်တာတွေမလုပ်ခင်မှာ သူတို့လေးတွေရဲ့မျက်လုံးအမြင်အာရုံကသူတို့ကြီးထွားသန်စွမ်းဖို့အတွက်အရေးပါတဲ့ အချက်အလက်တွေနဲ့လှုံ့ဆော်မှုတွေကိုလုပ်ဆောင်ဖို့ ထောက်ပံ့ပေးမှုတွေကိုလုပ်ဆောင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့မျက်စိတွေနဲ့ကောင်းမွန်တဲ့အမြင်အာရုံတွေက မွေးကင်းစအရွယ်နဲ့ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကလေးတွေမှာ မျက်စိနဲ့အမြင် အာရုံချို့ယွင်းတာမျိုးဖြစ်ပေါ်ပါက ကြီးထွားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ကြီးထွားသန်စွမ်းပြီးသင်ယူနိုင်ဖို့လိုအပ်တဲ့ အမြင်အာရုံစွမ်းရည်တွေကို ဖွံဖြိုးတိုးတက်စေဖို့အတွက် ကလေးတွေရဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုတွေကိုစောစောသတိပြုနိုင်ဖို့ကအရေးကြီးလှပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့မျက်စိနဲ့အမြင်အာရုံကောင်းမွန်စွာဖွံ့ဖြိုးလာစေဖို့အတွက် ကလေးတွေမှာ မျက်စိ၊အမြင်အာရုံနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့လက္ခဏာရပ်တွေပေါ်နေသလား ဆိုတာကိုစောင့်ကြည့်သင့် သလို အသက် ၆လအရွယ်မှာကတည်းက မျက်စိအထူးကုတွေနဲ့ကလေးရဲ့အမြင်အာရုံပိုင်းကို စစ်ဆေးသင့်ပါ တယ်။ မိဘတွေအနေနဲ့ […]


ကလေးငယ်အာဟာရ

ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်းပိုကောင်းအောင် ဘာတွေကျွေးမလဲ

ကလေးဆိုတာ မူကြိုတွေ၊ကျောင်းတွေမတက်ခင်မွေးကတည်းကစပြီး အရာရာစူးစမ်းလေ့လာတော့တာ။ အရင်ဆုံး သူ့မျက်စိရှေ့မှာမြင်ရတဲ့ မျက်နှာတွေကိုမှတ်မယ်၊နောက်ဘေးဝန်းကျင်ကိုစပ်စုမယ်။ ဘယ်သူတွေ ဘာတွေလုပ်လဲ၊ ဘယ်လိုလုပ်လဲအတုခိုးမယ်။ ကလေးတွေကို ဘယ်ခေါ်သွားသွား ပတ်လည်လှည့်ပြီးလျှောက်ကြည့်တတ်တာတွေ့ဖူးမှာပေါ့။ အဲဒါသူတို့ရဲ့လေ့လာသင်ယူနေတဲ့ ကြိုးပမ်းမှုတွေပါပဲ။မူကြိုကစကျောင်းစပို့ပြီဆို သူတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အရောင်တင်ပံ့ပိုးပေးတာဖြစ်လို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကမြန်မြန်ဆန်ဆန်တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အရေးပါတဲ့အချက်တစ်ချက်ကိုမေမေတို့မေ့မထားသင့်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုတိုင်းမှာ အားဖြည့်ပေးမယ့် အာဟာရပဲဖြစ်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံကောင်းဖို့ အကျိုးပြုမယ့် အာဟာရဓာတ်တွေ သူတို့စားတဲ့အထဲ ပါဝင်နေမှဖြစ်ပါမယ်။ မဟုတ်ရင် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာထားထား၊ ဘယ်လောက်ပဲ သင်ပေးပေး ကလေးရဲ့ လေ့လာနိုင်စွမ်းကကောင်းမလာနိုင်ပါဘူး။ဒီတော့ ကလေးတွေကို ဉာဏ်ပိုကောင်းစေဖို့အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေမေမေတို့ကျွေးပေးရင် ကွက်တိပဲပေါ့။ အဲဒီထဲမှာ ဘာတွေပါနိုင်လဲဆိုတော့ - ကြက်ဥ ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေက ကလေးကိုအာရုံစူးစိုက်မှုပိုကောင်းစေနိုင်ပါတယ်။ မကြာမကြာ ကြက်ဥပူတင်းလေးလုပ်ကျွေးမလား၊ ကြက်ဥပြုတ်ကျွေးမလားဒါမှမဟုတ် ပေါင်မုန့်ကြက်ဥကြော်ပေါ့။ ဒိန်ချဉ် အကျိုးပြုအဆီတွေကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အဆီမထုတ်ထားတဲ့ ဒိန်ချဉ်တွေဟာ ဦးနှောက်ဆဲလ်တွေကို အကြောင်းအရာသတင်းပေးပို့နိုင်စွမ်းနဲ့လက်ခံနိုင်စွမ်းပိုကောင်းအောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့ သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့ အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသာဖြစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့ အချက်ပြမှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငိုကြွေးခြင်းက သူတို့အနေနဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့ လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့ ကလေးလေနာဖြစ်နေရင် ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကလေးမှာ လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ ကလေးဆိုတာကတော့ ငိုမှာပါပဲ။ မွေးကင်းစကလေးငိုတိုင်း ရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။ မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၂ နာရီလောက် ငိုတတ်ကြပါတယ်။ ဒီအချက်လေးတွေရှိနေရင် ကလေးမှာ လေနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ (ဆာတာလည်းမဟုတ်၊ သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်) ညနေတိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ

နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။ တုပ်ကွေးမိရင် ဘယ်လိုလက္ခဏာတွေပြမလဲ။ တုပ်ကွေးမိတဲ့အခါမှာ ကလေးငယ်က အဖျားရှိမယ်။ ချမ်းတုန်နေမယ်။ ချောင်းခြောက်ဆိုးမယ်။ နှာစေးမယ်။ နှာရည်ယိုမယ်။ ကိုယ်တွေလက်တွေကိုက်ခဲတာကြောင့် အီနေမယ် ဂျီကျနေမယ်။ အော့အန်မယ်။ ဝမ်းလျှောမယ်။ ကလေးက အသက်နည်းနည်းရလာပြီဆိုရင်တော့ သူခံစားနေရတာတွေကို ပြောပြနိုင်လိမ့်မယ်။ အရမ်းငယ်တဲ့ကလေးဆိုရင်တော့ အဖေအမေတွေက သတိထားပြီး စောင့်ကြည့်မှသိနိုင်လိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းကတော့ အဖျားတိုင်းကြည့်ဖို့ပါ။ ကလေးတွေအတွက်က ဒစ်ဂျစ်တယ်သာမိုမီတာဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ အိမ်မှာ ဘယ်လိုပြုစုပေးနိုင်မလဲ။ စိုးရိမ်စရာကောင်းတဲ့လက္ခဏာတွေမရှိရင် တုပ်ကွေးကို အိမ်မှာပြုစုပေးလို့ရပါတယ်။ ၁။ အဖျားပျောက်ဆေးတိုက်ပါ။ တုပ်ကွေးကြောင့်ဖြစ်တဲ့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေအတွက် acetaminophen ပါတဲ့ဆေးဝါးတွေကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးက ငယ်ရွယ်ပြီး ဆေးအတောင့်ကို မသောက်နိုင်ဘူးဆိုရင် အရည်ကိုတိုက်ရပါမယ်။ တုပ်ကွေးရဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ကိုယ့်ရဲ့ ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖောလစ်အက်ဆစ် တိုက်ကျွေးတာပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေချိန်မှာ မေမေကသောက်ပေးပြီး ဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ အစားအစာထဲမှာ အာဟာရဓာတ်တစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။ ဖောလစ်အက်ဆစ် ဆိုတာက ဖောလစ်အက်ဆစ် ဆိုတာက ဖောလိတ်လို့ ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကား folium ဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုအရကတော့ ဖောလစ်အက်ဆစ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်နည်းတာက မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ ဖောလိတ်က တစ်သျှူးတွေနဲ့ ဆဲလ်တွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း