backup og meta

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။ နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာ မပြောတတ်တော့ မေမေတို့ကပဲ သေချာ ဂရုတစိုက် ကြည့်ရှုရမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေကို သိထားဖို့လိုလာပြီပေါ့ ။ ကလေးတွေရဲ့ အရေပြားကိုပြဿနာဖြစ်စေတာကလည်း ကလေးပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေပဲဖြစ်တာကြောင့် ဘယ်လို ပစ္စည်းတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင် သလဲဆိုတာ ကြည့်ရအောင် ။ ။

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

သင်သတိမထားမိတဲ့ ဒီအရာတွေက ကလေးငယ်လေးရဲ့ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ။ ဒါတွေက ဘာတွေလဲဆိုတော့

  • နေလောင်ကာ လိမ်းဆေး ။ ။

ကလေးတွေလည်း နေရောင်ထဲသွားရင် နေလောင်ကာလိမ်းဆေး လိမ်းဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ကလေး‌လေးတွေကို para-aminobenzoic acid (PABA) ပါတဲ့ နေလောင်ကာခရင်မ်တွေ လိမ်းပေးမိတဲ့အခါ အရေပြားမှာ ဓာတ်မတည့်တာ၊ အနီကွက်ထတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေလောာင်ကာခရင်မ် လိမ်းပေးမယ်ဆိုရင် ကလေးအတွက် သီးသန့်ထုတ်ထားတာပဲ သုံးပေးပါ။

  • ပိုးသေစေတဲ့ ကိုယ်တိုက်ဆပ်ပြာ ။ ။

ကလေးတွေကို ရောဂါပိုးတွေ ရန်ကနေ ကင်းစေချင်ဇောနဲ့ antibacterial soapတွေ သုံးဖို့မလိုပါဘူး။ ပိုးသေစေတဲ့ ဆပ်ပြာတွေက အခန့်မသင့်ရင် ကလေးအရေပြားကို ထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် သူတို့မှာပါတဲ့ triclosanက ထိခိုက်လွယ်တဲ့ ကလေးအသားအရေတွေကို ဒုက္ခပေးနိုင်ဆုံး အရာတွေပါ။ ဒါကြောင့် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကိုပိုပြီး သုံးစွဲသင့်တာပါ။

  • အစိုဓာတ်ထိန်းခရင်မ် ။ ။

ကလေးတွေက အရေပြားခြောက်သွေ့လွယ်တာကြောင့် မေမေတို့က အစိုဓာတ်ထိန်းခရမ်ဖြစ်ဖြစ် လိုးရှင်းဖြစ်ဖြစ် လူးပေးတတ်ကြပါတယ်။ ဒါတွေက ပုံမှန်ကလေးတစ်ယောက်အတွက်ဆို ပြဿနာမရှိပါဘူး။ ဒါပေမဲ့ နှင်းခူရှိတဲ့ ကလေး‌တွေဆိုရင်တော့ သတိထားပါ။ သူတို့လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်တာကြောင့် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ လိုးရှင်းပဲ လိမ်းပေးသင့်ပါတယ်။

  • တစ်ရှူးအစို ။ ။

ကလေးရဲ့ အညစ်အကြေးတွေကို တစ်ရှူးအစိုသုံးပြီး သန့်ရှင်းရေးလုပ်ရင် ပိုပြီးသန့်စင်သွားတတ်ပေမယ့် တစ်ရှူးအစိုမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ကလေးအရေပြားကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး အင်ပြင်တွေပေါ်လာစေတတ်ပါတယ်။ Alcoholပါတာတွေဆို အသားခြောက်စေနိုင်ပါတယ်။ ဒါကြောင့် wet tissue သုံးမယ်ဆိုရင် alcoholမပါတဲ့၊ ကလေးသုံးဖို့ ထုတ်ထားတဲ့ တစ်ရှူးကိုပဲ သုံးပေးပါ။

  • ဆပ်ပြာမှုန့်  ။  ။

ဆပ်ပြာမှုန့်အပြင်  ဂျီးချွတ်ဆေးမှုန့်တွေ၊ အစွန်းချွတ်ဆေးတွေ၊ Fabric softener လို့ခေါ်တဲ့ ပိတ်စပျော့ဆေးရည်၊ အမွှေးဆီတွေက အခန့်မသင့်ရင် လူကြီးတွေ လက်ကိုတောင် လောင်စေတာ ကလေးတွေရဲ့ အရေပြားကိုဆို ပိုပြီးတော့တောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးအဝတ်အစားတွေကို ကလေးသုံး ဆပ်ပြာမှုန့်ပဲ သုံးပါ။ အညွှန်းအတိုင်း သုံးပါ။ ပိုသန့်အောင် ပိုထည့်တာမျိုး မလုပ်ပါနဲ့။ ရေစက်အောင် လျှော်ပေးပါ။ အဝတ်မှာ အနံ့စူးစူးတွေ မကျန်ခဲ့ပါစေနဲ့။

  • ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး ။ ။

တချို့ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးထဲပါတဲ့ phthalates၊ formaldehyde နဲ့ 1,4 dioxane တို့ဟာ ကလေးဦးရေပြားကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ကလေးကို လူကြီးခေါင်းလျှော်ရည်နဲ့ မလျှော််ပေးပါနဲ့။ ကလေးအတွက် သီးသန့်ထုတ်ထားတာကိုပဲ သုံးပေးပါ။

  • အဝတ်အစားနဲ့ ပိတ် ။ ။

ကလေးအတွက် အသုံးပြုနေတဲ့ အနှီး၊ အဝတ်အထည်၊ ပိတ်နဲ့ စောင်တွေကြောင့်လည်း ယားယံမှုဖြစ်နိုင်ပါတယ်။ ဒီအရာတွေကို သေချာမသန့်စင်တာ၊ ညစ်ပတ်စွာထားတွေကြောင့် ပိုးမွှားတွေ ကပ်ငြိပြီး ကလေးအရေပြား ယားယံနိုင်သလို တချို့သော ချည်အမျိုးအစားတွေကြောင့်လည်း ကလေးကို ယားယံမှုဖြစ်စေတတ်ပါတယ်။

  • အိမ်သန့်ရှင်းရေး ပစ္စည်းတွေ ။ ။ 

အိမ်သန့်စင်ရာမှာသုံးတဲ့ Household Cleaners တွေကလည်း ကလေးတွေအတွက် အန္တရယ်များတဲ့ အရာတစ်ခုပါ။ အရေပြားပြဿနာတင်မက အဆိပ်အတောက်လည်းဖြစ်ပါတယ်။ ကလေးတွေနဲ့ ခပ်ဝေးဝေးမှာထားသင့်တဲ့ ပစ္စည်းတစ်မျိုးပါ။

ပိုးမွှားတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့ Bug Spray တွေကလည်း ကလေး အသားအရေကို ထိုက်ခိုက်စေနိုင်ပါတယ်။ Household Cleaners တွေလိုပဲ ကလေးတွေနဲ့ ဝေးဝေးထားသင့်တဲ့ အရာဖြစ်ပါတယ်။

ဒါတွေကတော့ လူကြီးတွေ အတွက် အရေးမကြီးတဲ့အရာဖြစ်ပေမယ့် နုနယ်တဲ့ ကလေး အသားအရေတွေ အတွက်တော့ ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ စကားမပြောတတ်သေးတဲ့ ကိုယ့်ကလေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ရမှာ မေမေတို့ပဲ ဖြစ်တာကြောင့် ဒါလေးတွေ သိထားဖို့လိုတယ်နော် ။ ။

ရေးသားသူ – Dr Thin Yadanar @ Frances

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

11 Common Causes of Skin Rashes https://www.webmd.com/children/ss/slideshow-skin-irritants Accessed Date 15.5.2019

Simple Tips to Keep Baby’s Skin Healthy https://www.webmd.com/parenting/baby/ss/slideshow-baby-skin-care Accessed Date 15.5.2019

Baby Skin Care: Tips for Your Newborn https://www.webmd.com/parenting/baby/skin-care-tips#1 Accessed Date 15.5.2019

ယခုပုံစံ

03/08/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement