backup og meta

ဘေဘီလေးတွေမှာ တီဘီဖြစ်တတ်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေမှာ တီဘီဖြစ်တတ်လား

    ကလေးတစ်ယောက်ကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူး မိဘတိုင်းမှာရှိကြမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်ဖို့က လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကအများကြီးဆိုတော့ စိတ်ရှိတိုင်းဖြစ်မြောက်ဖို့က သိပ်တော့လွယ်ကူလှတဲ့ အကြောင်းအရာမဟုတ်ဘူးလေ။ နုနယ်လွန်းတဲ့ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေက ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးဆိုတော့ ကိုယ့် သားသားမီးမီးလေးကိုရောဂါတွေကနေ ကာကွယ်ဖို့ ကသိပ်တော့ မလွယ်ပါဘူး။လေထဲကနေတဆင့် ကူးစက်တဲ့ရောဂါတွေဆို ပိုလို့တောင်ကာကွယ်လို့ခက်ဦးမယ်နော်။ ဒီတစ်ခေါက်တော့ ကိုယ်မသိလိုက်ဘဲလေထဲကနေတဆင့် ကလေးကို ကူးစက်နိုင်တဲ့ရောဂါအကြောင်းလေးပြောပြပေးပါရစေ။

    ဘေဘီလေးက တီဘြီဖစ်နိုင်လား…….

    ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားအထိ လူတိုင်းမှာ တီဘီရောဂါဖြစ်နိုင်ပါတယ်။ ကလေးက ငယ်သေးတာပဲ တိဘီရောဂါမဖြစ်နိုင်ဘူးလို့ မယူဆစေချင်ပါဘူး။ဘေဘီလေးတွေလည် တီဘီရောဂါကူးစက်ခံရနိုင်ပါတယ်။

    တီဘီဆိုတာဘာလဲ……..

    တီဘီရောဂါဆိုတာကMycobacterium tuberculosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ခံရတာကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ အဆုတ်မှာ အဓိကကူးစက်လေ့ရှိပြီး ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ နဗ်ကြောတွေ၊ကျောက်ကပ် နဲ့ ဦးနှောက်တို့မှာပါ ကူးစက်နိုင်ပါတယ်။လေထဲကနေတဆင့်ရောဂါပိုးကပြန့်နှံ့ကူးစက်တာပါ။

    တီဘီဖြစ်တဲ့အခါ ကိုယ်တိုင်မှာရောဂါပိုးရှိနေတာကြောင့်ဖြစ်ပွားတဲ့ တီဘီရောဂါနဲ့ အခြားသူဆီကနေ တဆင့်ခံ ကူးစက်တဲ့ တီဘီရောဂါဆိုပြီးရှိပါတယ်။ တဆင့်ခံကူးစက်ခံရတဲ့ တီဘီရောဂါကရောဂါပိုးကောင်ရေ နည်းပြီး ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်တဲ့အနေအထားမှာရှိပါတယ်။

    ဘေဘီလေးမှာ တီဘီကူးစက်ခံထားရလား ဘယ်လိုသိနိုင်မလဲ

    တကယ်လို့ဘေဘီလေးမှာ တီဘီရောဂါကူးစက်ခံရမယ်ဆိုရင်

    • ကလေးက အမြဲလိုလိုဖျားနေမယ်
    • အစားစားချင်စိတ်မရှိဖြစ်မယ်
    • ကိုယ်အလေးချိန်ကျလာမယ်
    • အားနည်းမယ်
    • ညအိပ်တဲ့အခါချွေးတွေအရမ်းထွက်မယ်
    • ချောင်းက ၃ ပတ်ကျော်တဲ့အထိ မပျောက်ဘဲဆိုးနေမယ်
    • ချောင်းဆိုးတဲ့အခါသွေးပါတာမျိုးဖြစ်မယ်၊ စတဲ့ လက္ခဏာတွေတွေ့ရနိုင်ပါတယ်.

    ဘေဘီလေးကို တီဘီကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေက

    ဘေဘီလေးတွေက အရမ်းကို နုနယ်သေးတဲ့အရွယ်တွေဆိုတာ အထွေအထူးပြောနေစရာမလိုအောင် ကိုယ်ခံအားကကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့်ရောဂါတွေကို ခုခံနိုင်စွမ်းနည်းလွန်းနေတဲ့ အရွယ်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ ကလေးကို အစစအရာရာသေချာလေး ဂရုစိုက်ပေးနိုင်ဖို့ လိုအပ်ပါမယ်။

    • ရောဂါရှိနေတဲ့ လူကြီးနဲ့ တစ်ခန်းတည်းနေတာ
    • ရောဂါပိုးပါနေတဲ့ လေကိုရှုမိတာ
    • ကိုယ်ခံအားနည်းတာ

    ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေကြောင့် ကလေးကို တီဘီရောဂါကူးစက်နိုင်ပါတယ်။ ကလေးတွေရဲ့ ချောင်းဆိုးလိုက်တဲ့လေနဲ့ ချွဲထဲမှာ ရောဂါပိုးပါဝင်မှုနည်းတာကြောင့် ကလေးကလေးချင်းတော့ရောဂါကူးစက်နိုင်ခြေနည်းပါတယ်။

    ကလေးကို ဘယ်လိုကာကွယ်ပေးမလဲ

    တီဘီရောဂါဆိုတာက မကုသဘဲ ထားရင် နှစ်နဲ့ကြာခန္ဓါကိုယ်ကို ဖိစီးနှပ်စက်တတ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ ဒါကြောင့် နုနယ်တဲ့ဘေဘီလေးကိုရောဂါဆိုးအန္တရာယ်ကနေ ထိထိရောက်ရောက်ကာကွယ်ဖို့လိုပါမယ်။

    ကလေးကို အာဟာရပြည့်ဝအောင်ကျွေးပါ

    • အိပ်ရေးဝဝအိပ်စေပါ
    • ကလေးကိုရောဂါပိုးရှိသူနဲ့ အနီးကပ်မထားပါနဲ့
    • အပြင်ခေါ်သွားရင် လိုအပ်တဲ့ ကာကွယ်မှုလုပ်သွားပါ
    • အရမ်းငယ်သေးတဲ့အရွယ်မှာဆေးရုံ၊ဆေးခန်းတွေကို မလိုအပ်ဘဲခေါ်မသွားပါနဲ့
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ
    • ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးပါ။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ….

    တီဘီရောဂါက မပါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ ကလေးကို တီဘီရောဂါကူးစက်ခံထား၇တယ်လို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ချက်ချင်ူသွာပြစေချင်ပါတယ်.မြန်မြန်ကုသလေ ကလေးအတွက်ကောင်းလေပါနော်။

    • ကလေးကရောဂါပိုးရှိသူတစ်ဦးဦးနဲ့ နီးနီးကပ်ကပ်နေမိရင်
    • အမြဲလိုလိုဖျားနေရင်
    • ညအိပ်တဲ့အခါချွေးတွေထွက်နေရင်
    • ချောင်းကတောက်လျောက်ဆိုးနေရင်
    • ကလေးကိုကြည့်ရတာ အားနည်းနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ချက်ချင်းခံယူဖို့ပြောပါရစေ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement