သင်သတိမထားမိတဲ့ ဒီ အရာတွေက သင့်ကလေးအသားအရေကို ထိခိုက်နိုင်ပါတယ်။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာ မပြောတတ်တော့ မေမေတို့ကပဲ သေချာ ဂရုတစိုက် ကြည့်ရှုရမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေကို သိထားဖို့လိုလာပြီပေါ့ ။ ကလေးတွေရဲ့ အရေပြားကိုပြဿနာဖြစ်စေတာကလည်း ကလေးပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေပဲဖြစ်တာကြောင့် ဘယ်လို ပစ္စည်းတွေက ကလေးအရေပြားကိုပြဿာနာဖြစ်စေလဲဆိုတာ ကြည့်ရအောင် ။ ။

နေလောင်ကာ လိမ်းဆေးနဲ့ ကလေးအရေပြား ။ ။

နေရောင်ထဲသွားရင် နေလောင်ကာလိမ်းဆေး လိမ်းဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးတွေ အတွက်ကျတော့ နေလောက်ကာလိမ်းဆေးတွေက ဓါတ်မတည့်ြခင်းတွေဖြစ်စေနိုင်လို့ အရေပြားပေါ် အနီကွက်ထတာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် နေလောင်ကာလိမ်းဆေးတွေဝယ်တဲ့အခါ para-aminobenzoic acid (PABA) မပါတာကို ရွေးချယ်ဝယ်ဖို့လိုပါတယ်။ အသက် ၆လကျော်တဲ့ကလေးတွေအတွက်တော့ para-aminobenzoic acid (PABA) မပါတဲ့ နေလောင်ကာလိမ်းဆေးတွေကို ရွေးဝယ်ပါ။ zinc oxide ပါတဲ့ လိမ်းဆေးသုံးလည်းရပါတယ်။

ပိုးသေစေတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ ကလေးအရေပြား ။ ။

ပိုးသတ်ဆေးရည်တွေထည့်တားတဲ့ဆပ်ပြာတွေက ပြင်းအားအရမ်းများတာကြောင့် ကလေးအရေပြားကို ထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် သူတို့မှာပါတဲ့ triclosanပစ္စည်းက ထိခိုက်လွယ်တဲ့ ကလေးအသားအရေတွေကို ဒုက္ခပေးနိုင်ဆုံး အရာတွေပါ။ ဒ့ါကြောင့် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကိုပိုပြီး သုံးစွဲသင့်တာပါ။

Eczema ( နှင်းခူ) အရေပြားရောဂါနဲ့ အစိုဓါတ်ထိန်းခရင်မ် ။ ။

ကလေးအရေပြားလေးတွေ မခြောက်သွေ့အောင် အစိုဓါတ်ထိန်းခရမ်ြဖစ်ဖြစ် လိုးရှင်းဖြစ်ဖြစ် လူးပေးတတ်ကြပါတယ်။ ဒါတွေက ပုံမှန်ကလေးတစ်ယောက်အတွက်ဆို ပြဿနာမရှိပေမယ့် အဲဒီ လိုရှင်းတွေမှာ ပါဝင်တဲ့ အမွှေးနံ့က Eczema အရေပြားရောဂါရှိနေတဲ့ ကလေးတွေရဲ့ အရေပြားကို ပြဿာနာဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်ကလေးနဲ့ သင့်တော်တဲ့ လိမ်းဆေးကို သုံးတာသာ အကောင်းဆုံးပါ။

တစ်ရှူးအစို နဲ့ ကလေးအရေပြား။ ။

ကလေးရဲ့ အညစ်အကြေးတွေကို တစ်ရှူအစိုသုံးပြီး သန့်ရှင်းရေးလုပ်ရင် ပိုပြီးသန့်စင်သွားတတ်ပေမယ့် တစ်ရှူးအစိုမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ကလေးအရေပြားကို ဓါတ်မတည့်မှုတွေဖြစ်စေပြီး အင်ပြင်တွေပေါ်လာစေ တတ်ပါတယ်။ ဒ့ါကြောင့် အသ့င်ထုတ်ထားတဲ့ တစ်ရှူးအစိုတွေကို သုံးမယ့်အစား လျှော်ပြီးသား အဝတ်သန့်သန့်တစ်ထည်နဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

ဆပ်ပြာမှုန့်ကလည်း ကလေးအသားကို ဓါတ်မတည့်မှုတွေ ဖြစ်စေတတ်တဲ့အရာတစ်ခုပါ။

ဆပ်ပြာမှုန့်ထဲပါတဲ့ ဂျီးချွတ်ဆေးမှုန့်တွေ၊ အစွန်းချွတ်ဆေးတွေဟာ လူကြီးတွေလက်ကိုတောင်လောင်စေတာ ကလေးတွေရဲ့ အရေပြားကိုဆိုပိုပြီးတော့တောင် လောင်စေတဲ့ အစွမ်းရှိပါတယ်။ ဒ့ါကြောင့် ကလေးအဝတ်တွေကို လျှော်ပြီးရင် ဆပ်ပြာသေချာစင်အောင်ဆေးဖို့လိုအပ်ပါတယ်။ အိမ်မှာ eczema ဖြစ်နေတဲ့ကလေးရှိရင်တော့ ထိခိုက်လွယ်တဲ့ အသားအရေတွေ အတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာမှုန့်တွေ သုံးပေးဖို့လိုပါတယ်။

ခေါင်းလျှော်ရည့်နဲ့ ပျော့ဆေး။ ။

တစ်ချို့ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးထဲပါတဲ့ phthalates, formaldehyde, နဲ့ 1,4 dioxane တို့ဟာ ကလေးဦးရေပြားကို ထိခိုက်စေတတ်ပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်း ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို ကလေးအတွက် ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။

အခြား ကလေးအသားအရေကို ထိခိုက်နိုင်တဲ့ ပစ္စည်းတွေကတော့

  • Fabric softener လို့ခေါ်တဲ့ ပိတ်စပျော့ဆေးရည်၊ အမွှေးဆီတွေ
  • အိမ်တိုက်တဲ့နေရာမှာ သုံးတဲ့ ကြမ်းတိုက်ဆေးရည်တွေ နဲ့
  • ဖုန်မှုန့်၊ သဲမှုန့် တို့ပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ လူကြီးတွေ အတွက် အရေးမကြီးတဲ့အရာဖြစ်ပေမယ့် နုနယ်တဲ့ ကလေးအသားအရေတွေ အတွက်တော့ ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ စကားမပြောတတ်သေးတဲ့ ကိုယ့်ကလေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ရမှာ မေမေတို့ပဲ ဖြစ်တာကြောင့် ဒါလေးတွေ သိထားဖို့လိုတယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

ဘေဘီလေးတွေ အရေပြား အင်ပျဉ် အသားအရေ ယားယံ မအီမသာဖြစ် အုန်းဆီ သခွားသီး မိခင်နို့ ရေနွေး အုတ်ဂျုံ ဒိန်ချဉ် ငှက်ပျောခွံ သံလွင်ဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် အရေပြား ရောင်ရမ်းတာ အာရုံကြော အဆိပ်တွေ ရေခဲအုံပါ ကြပ်ထုပ် အသက်ရှူကျပ် ယားယံနာကျင်ခြင်း အော့အန် ယားဖု နီမြန်း ကုတ်ဖဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Tampon ဘာလဲ။ ဘယ်လဲ

အမျိုးသမီးတွေ ဓမ္မတာ လစဉ်သုံး ဂွမ်းထုပ် Tampon လက်ဆေးပါ မိန်းမကိုယ် သွေးဆင်းတာ ရာသီလာတာ အရေပြား ဘက်တီးရီးယားတွေ လဲလှယ် ယားယံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မိုးနံ့သင်းသင်းလေးကပေးတဲ့ ကျန်းမာရေး

မိုးစက် မိုးပေါက် မိုးရာသီ မိုးနံ့ သင်းသင်းလေး ကျန်းမာရေး ဦးနှောက် မှတ်ဉာဏ် ရှူသွင်းလိုက်တဲ့ လေတွေ လေထု ရာသီကာလ စိတ်ဖိစီးမှု စိတ်ခံစားမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
Safflower ကပေးတဲ့ အသားအရေ ကျန်းမာမှု

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read