ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲဆိုပေမယ့် မရပ်မနားငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီးမောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်းတစ်ခုခုရှိလို့ ဥပမာ – နို့ဆာတာ၊ မေမေ့ကိုလွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင်လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ်လဲပေးတာလုပ်ပေးလို့ရပါတယ်။

အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အသစ်စက်စက် မေမေတွေအတွက်လည်း အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။

၁။ ကလေးကို စောင်ပါးပါးလေးတစ်ထည်နဲ့ ပတ်ပေးပါ။ တအားကြီးကျပ်နေဖို့ မလိုပါဘူး။ ဘေဘီေလးတို့ နေရတာသက်တောင့်သက်သာဖြစ်ပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ပဲ အဓိကပါ။ ခြေထောက်ကနေ လည်ပင်းထိ ပတ်ပေးပြီးတော့ လက်နှစ်ဖက်ကို အပြင်ထုတ်လို့ရော၊ အထဲထည့်ထားလို့ရော ရပါတယ်။

၂။ နို့ဆာေနတာမဟုတ်ဘူးဆိုရင် နို့သီးခေါင်းပုံစံအစွပ်လေးကို ကလေးပါးစပ်ထဲ ထည့်ပေးပြီး စုပ်ခိုင်းထားရင်လည်း အငိုရပ်သွားနိုင်ပါတယ်။ အကယ်လို့ ဒီလိုအစွပ်မျိုးမရှိရင်လည်း မေမေ့ လက်မ သို့မဟုတ် လက်ချောင်းလေးတွေကို စုပ်ခိုင်းထားလို့ရပါတယ်။

၃။ တချို့ကလေးတွေဆိုရင် ဘယ်လောက်ငိုငို လူကြီးကချီလိုက်တာနဲ့ အငိုတိတ်ပြီး ရယ်သံလေးတွေ ထွက်လာတတ်တာ သတိထားမိတယ်မလား။ ဒီလိုမျိုး ဘေဘီလေးတွေကို ချီရင်း စကားပြောပေးတာ၊ သီချင်းဆိုပေးတာ၊ ကျောကုန်းလေးကို ပွတ်သပ်ပေးတာနဲ့လည်း ဘေဘီလေး စိတ်ပြေသွားအောင် ချော့ပေးလို့ရပါတယ်။

၄။ ပုခက်လေးထဲ ထည့်လွှဲပေးပါ။ ပုခက်လွှဲတဲ့အခါ အားနဲ့မလွှဲပါနဲ့။ ဖြည်းဖြည်းလေးနဲ့ ကလေးကို ငြိမ့်ငြိမ့်လေးဖြစ်စေဖို့ လွှဲပေးပါ။ အဲ့အချိန်မှာ သီချင်းသံတိုးတိုးလေးဖွင့်ပေးတာ၊ သီချင်းဆိုပြတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။ ပုခက်မဟုတ်ဘဲ ကလေးအိပ်တဲ့ကုတင်လေးမှာ ချပေးရင်း ဖြည်းဖြည်းချင်းလှုပ်ပေးရင်လည်း အဆင်ပြေပါတယ်။

၅။ ချီနေတဲ့အချိန် ဘေဘီလေးကို ပုခုံးပေါ်မှာ ခေါင်းလေးမှေးတင်ရင်း သီချင်းလေး ညည်းပေးတာလည်း ဘေဘီလည်း အငိုရပ်စေတဲ့ နည်းလမ်းတစ်ခုပဲနော်။ အဲ့လိုလုပ်ပေးခြင်းဟာ ကလေးကို မေမေ့အသံ စောစောစီးစီး နားလည်မှတ်မိနေစေဖို့ ကူညီပေးရာလည်း ရောက်ပါတယ်။

၆။ ရေချိုးပေးနေတဲ့အချိန် ဂျီကျပြီး ငိုတာဆိုရင်တော့ ကလေးစိတ်ထဲ နည်းနည်းစိမ်းနေလို့ ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် ကလေးမျက်ရည်တွေကို လက်ရေဆွတ်ပြီး ဖြည်းဖြည်းချင်းသုတ်ပေးပါ။ ရေချိုးနေတဲ့အချိန် ဘေးနားမှာ ကစားစရာ ရေပေါ်အရုပ်လေးတွေ ထားထားပေးလို့ရသလို၊ ရေနဲ့ပက်လိုက်၊ ကစားလိုက် လုပ်ပေးလို့လည်း ရပါတယ်။

၇။ တစ်ခါတလေ ဘေဘီလေးရဲ့ ဗိုက်ထဲမှာ လေတွေရှိနေတာကြောင့်လည်း ငိုနိုင်တယ်နော်။ ဒါကြောင့် ကလေးကို လက်နှစ်ဖက်ပေါ်မှာ ဝမ်းလျားမှောက်အိပ်ပြီး သိပ်ပေးခြင်းဖြင့် ကလေးရဲ့ ဗိုက်ကလေးကို ဖိအားအနည်းငယ်ဖြစ်စေကာ အထဲက လေတွေထွက်လာစေဖို့ ကူညီပေးပါတယ်။ ဒီနည်းလမ်းအတွက် လက်နှစ်ဖက်က ကလေးရဲ့ ကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးရတာဖြစ်တဲ့အတွက် ဖေဖေတို့ကိုယ်တိုင် လုပ်ပေးတာ ပိုအဆင်ပြေပါလိမ့်မယ်။

၈။ ကလေးကို ပွေ့ချီပြီး အပြင်အိမ်နားပတ်ဝန်းကျင်က အရာတွေကို ပြပေးရင်လည်း ကလေးငိုတာ ရပ်သွားစေနိုင်ပါတယ်။ ဘေဘီလေးအသက် ၆လ မပြည့်သေးဘူးဆိုရင်တော့ အပြင်ပေးမထွက်သင့်ပါဘူး။

၉။ ဘေဘီလေးကြိုက်တဲ့ အရုပ်တွေနဲ့ မေမေ၊ ဖေဖေတို့ကိုယ်တိုင် ကစားပြတာ၊ ဟာသတွေ လုပ်ပြီးနောက်တာ၊ ဖြည်းဖြည်းချင်း ကလိထိုးပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

မေမေတို့ဆိုတာလည်း ကိုယ့်ရင်သွေးလေးငိုပြီဆိုတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ထိတ်လန့်တတ်ကြတာဆိုတော့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ပြီး အမြဲလိုလိုငိုနေတဲ့ ကလေးကို ချော့သိပ်လိုက်ကြရအောင်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

မေမေ ကလေး ကလေးအာဟာရ အစားအသောက် ထမင်းကျွေးချိန် မိဘများအတွက်လမ်းညွှန် ကလေးကျန်းမာရေး အာဟာရ အာဟာရဓာတ် အကြံဉာဏ် အစာစားချင်စိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား………..

ကလေး ဒူးရင်းသီး အာဟာရပါဝင်မှု ကျန်းမာရေး ပရိုတင်း ဗီတာမင် ကယ်လ်ဆီယမ် အမျှင်ဓာတ် သကြားဓာတ် ဝမ်းချုပ် သားသားမီးမီး လည်ချောင်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေး ငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်း တချို့

ကလေး ကလေးငယ်ငယ် ကလေးငယ် မိဘ သတိထားစောင့်ကြည့်ခြင်း ကလေးပြုစုစောင့်ရှောက်ခြင်း ကလေးကျန်းမာရေး အန္တရာယ် ထိန်းကျောင်းမှု အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး မိုးရာသီ မိုးတွင်း အစားအသောက် ကလေးအာဟာရ ကလေးကျန်းမာရေး မကျွေးသင့်တဲ့ အစားအစာ ကန့်သတ် ရှောင်သင့်တဲ့ အစားအစာ ဝမ်းပျက်ဝမ်းလျှော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 2 mins read
ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့မှာ စီမံပေးပါဦးနော်

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 1 min read
တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read