သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာ့ကြောင့်လိုအပ်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 12, 2020 . 2 mins read
Share now

မိဘတိုင်းက သူတို့ရဲ့ရင်သွေးလေးတွေကို ကျန်းမာစေချင်ကြတာပါပဲ။ ကလေးငယ်လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာကိုမြင်ရရင် မိဘတွေက စိတ်ချမ်းသာကြပါတယ်။ ဒီအတွက် ကလေးလေးတွေကို ငယ်ငယ်ကစလို့ အရွယ်ရောက်တဲ့အထိခေါင်းအစခြေအဆုံး မိဘတွေကဂရုစိုက်ပေးကြပါတယ်။ ဒီခေါင်းအစခြေအဆုံးဆိုမှတော့ အရေပြားလည်းပါပြီပေါ့။ ဒီဆောင်းပါးမှာတော့ အရေပြားထိန်းသိမ်းတဲ့နေရာမှာ အစိုဓါတ်ထိန်းခရမ် (moisturizer) အသုံးပြုတာက ဘယ်လောက်အရေးကြီးကြောင်းကိုဖေဖေမေမေတို့ကိုပြောပြမှာဖြစ်ပါတယ်။

ကလေးအရေပြားခြောက်သွေ့ရတဲ့အကြောင်းအရင်း

မွေးကင်းစကလေးငယ်တွေဟာမွေးပြီး သီတင်းပတ်အနည်ငယ်အတွင်းမှာ အများကြီးပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ ဆံပင်အရောင်၊အသားအရေအရောင်တွေပြောင်းလာတာမျိုးကိုပြောချင်တာပါ။ အသားပိုဖြူလာနိုင်သလို ပိုညိုသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဆေးရုံကမဆင်းခင် ဒါမှမဟုတ် အိမ်ကိုခေါ်လာပြီးရက်ပိုင်းလောက်မှာမွေးကင်းစကလေးငယ်လေးတွေရဲ့ အသားအရေက အဖတ်လေးတွေလန်တာနဲ့ အရေပြားခြောက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါတွေကပုံမှန်ပါပဲ။ ကလေးလေးရဲ့ လက်တွေ၊လက်ဖဝါးတွေ၊ခြေဖဝါးနဲ့ခြေချင်းဝတ်လေးလိုမျိုး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ အရေပြားတွေအဖတ်လန်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ကလေးတွေဟာ မိခင်ဝမ်းထဲမှာနေခဲ့စဉ်က ရေမြွှာအရည်၊ သွေးနဲ့ vernix လို့ခေါ်တဲ့ အရည်တွေနဲ့ ထိတွေ့လာရတာပါ။ Vernix ဆိုတာက ကလေးငယ်ရဲ့ အရေပြားပေါ်မှာကာကွယ်ပေးထားတဲ့ အရည်တစ်မျိုးပါ။ မွေးဖွားလာတဲ့အချိန်မှာ ကလေးရဲ့ အရေပြားပေါ်က ဖုံးအုပ်ထားတဲ့အရည်တွေကို သုတ်လိုက်မိတတ်ပါတယ်။ အဲ့ဒီအချိန်မှာကလေးငယ်တွေရဲ့ အပေါ်ယံအရေပြားပြောင်းလဲမှုစတင်ဖြစ်ပေါ်လာတာကြောင့် အရေပြားတွေအဖတ်လန်တာပါ။

ကလေးအရေပြားကို ဘယ်လိုအခြေအနေတွေမှာ အစိုဓာတ်ထိန်းပေးမလဲ

ကလေးငယ်တွေမှာ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာနဲ့eczema (နှင်းခူ) လိုမျိုးအရေပြားပြဿနာတွေအဖြစ်များပါတယ်။ အင်မတန်နုနယ်နေသေးတဲ့အချိန်ဖြစ်တာကြောင့် အရေပြားပြဿနာတွေရဲ့ ဒဏ်ကို ခံနိုင်ရည်စွမ်းလည်းနည်းပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာaတွေကို ကာကွယ်ဖို့နဲ့ သက်သာစေဖို့အတွက် ကလေးရဲ့အရေပြားကို Moisturizer လူးပေးရခြင်းဖြစ်ပါတယ်။ Moisturizerတွေဟာ အရေပြားပြဿနာတွေမဖြစ်လာအောင် ကာကွယ်ပေးဖို့နဲ့ သက်သာအောင်ကုသဖို့တွေအတွက် မရှိမဖြစ်ပါ။

ကလေးကိုသန့်စင်အောင်လုပ်ပေးနေတယ်လို့ ထင်ရပေမယ့် ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ၊ ခေါင်းလျှော်ရည်အပြင်းစားတွေကလည်း အရေပြားပြဿနာတွေဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေပါပဲ။ ယားယံတာ၊ နီရဲပြီး အဖုအပိန့်တွေထတာ၊ အရေပြားတွေ လန်ကုန်တာအစရှိတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ ကလေးကိုသန့်စင်ပေးဖို့အတွက် အပြင်းစားပစ္စည်းတွေသုံးလို့မရပါဘူး။ ကလေးအတွက် အထူးထုတ်လုပ်ထားတဲ့ အပျော့စားဆပ်ပြာကိုအသုံးပြုပြီး အစိုဓာတ်ထိန်းပေးတဲ့ခရင်မ်တစ်ခုခုလိမ်းပေးတာဆို လုံလောက်ပါတယ်။

အချို့ကလေးတွေမှာ မျိုးရိုးကြောင့်အရေပြားဓာတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်တာက အရေပြားအဖတ်လန်တာ ယားယံတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာအတွက်က သီးသန့်ကုထုံးရယ်လို့မရှိပါဘူး။ ဒီလိုအရေပြားပြဿနာမျိုးတွေမှာလည်း အရေပြားခြောက်သွေ့တာကို သက်သာစေမယ့် ခရင်မ်တစ်မျိုးမျိုးကို မှန်မှန်လူးပေးရမှာဖြစ်ပါတယ်။

ကလေးလေးတွေကို ရေခဏခဏချိုးပေးစရာမလိုပါဘူး။ ကလေးလေးတွေကို ရေခဏခဏချိုးပေးတဲ့အခါ အရေပြားပေါ်က အာဟာရဓာတ်တွေ ကုန်ခမ်းသွားပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းတာမျိုးဖြစ်နိုင်ပါတယ်။ မွေးကင်းစကနေ တစ်လအတွင်း ကလေးတွေကို နေ့တိုင်းရေချိုးပေးစရာ မလိုပါဘူး။ ရေချိုးတာက ကလေးကို သန့်စင်စေတယ်ဆိုပေမယ့် အရေပြားပေါ်က အစိုဓာတ်တွေကိုလည်း မဆုံးရှုံးစေချင်ဘူးဆိုရင် ရေချိုးပြီးတိုင်း အစိုထိန်းခရင်မ်လိမ်းပေးလို့ရပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစိုထိန်းခရင်မ်ကို ရွေးချယ်ပြီး တစ်နေ့နှစ်ကြိမ်လောက်လိမ်းပေးရင် အသားခြောက်တာကိုကာကွယ်ပြီးသားဖြစ်တဲ့အပြင် နူးညံ့ချောမွေ့စေပါတယ်။

Moisturizer အသုံးပြုဖို့လိုအပ်တယ်ဆိုပေမယ့် သင့်တော်ကောင်းမွန်တဲ့ moisturizer ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေရဲ့အသားအရေကလူကြီးတွေရဲ့ အသားအရေလောက် အစိုဓာတ်ကိုမထိန်းနိုင်တာကြောင့် ကလေးငယ်ကို ကျန်းမာပြီး နူးညံ့တဲ့ အသားအရေပိုင်ဆိုင်စေချင်တယ်ဆိုရင် အနံ့၊ဆိုးဆေး၊ Hypoallergenic၊ Phthalate နဲ့ paraben တို့မပါဝင်တဲ့moisturizer ကို အသေအချာရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

 နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

နူးညံ့ချောမွေ့တဲ့လက် လက်ခဏခဏဆေး လက်ခြောက်သွေ့ကြမ်းတမ်း ခြောက်သွေ့ကွဲအက် ခရမ်းလွန်ရောင်ခြည် moisturizer ရေဓာတ်ဖြည့် ရေများများသောက် လက်အိတ်ဝတ် လက်အရေပြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တက်တူး ထိုးပြီးချိန် အရေပြား ယားယံတာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

တက်တူး၊ အရေပြား၊ အနုပညာ၊ လက်ဝတ်ရတနာ၊ ယားယံ၊ အနီကွက်၊ ပြန်လည်ကုစား၊ ဓာတ်မတည့်မှု၊ Eczema၊ Psoriasis Sarcoidosis၊ အရေပြားကင်ဆာရောဂါ၊ moisturizer

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 2 mins read
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read