ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 6, 2020 . 2 mins read
Share now

ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေး တစ်ယောက် ဘာကြောင့် အဝလွန် တာလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။

ကလေး အဝလွန် နေမှန်း ဘယ်လိုသိနိုင်လဲ။

ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကို လူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစုတာကလည်း အရွယ်အလိုက် ကွာပါတယ်။ ဒါကြောင့် အပြင်ပန်း ကြည့်ရုံနဲ့ ကလေး တစ်ယောက် အဝလွန်မလွန်ဆိုတာ မသိနိုင်ပါဘူး။

အဝလွန်တာကို သိချင်ရင် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMIနဲ့ တွက်ရပါတယ်။ ကလေးဆိုရင်တော့ growth chartsပါ လိုပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ အသက် ဒါမှမဟုတ် အရပ်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိမရှိဆိုတာ သိနိုင်မှာပါ။

ကလေး အဝလွန် ရတဲ့ အကြောင်းရင်းများ

အစားအသောက်ကတော့ အဓိကပေါ့။ နောက်ကိုယ်လက်လှုပ်ရှားမှုနည်းတာလည်း ပါပါတယ်။ ဒါတွေအပြင် မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေကလည်း အဝလွန်ခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။

  • အစားအသောက်

ကယ်လိုရီများတဲ့ အစားအစာတွေ၊ အသင့်စားအစားအသောက်တွေက ကလေးကို ဝိတ်တက်စေပါတယ်။ ဒါ့ပြင် သကြားလုံးတွေ၊ မုန့်အချိုတွေ၊ သစ်သီးဖျော်ရည်တွေအပါအဝင် အအေးတွေကလည်း ဝိတ်တက်စေတဲ့ တရားခံတွေဖြစ်ပါတယ်။

  • လေ့ကျင့်ခန်း မလုပ်ခြင်း

အစားပဲစားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ ကလေးတွေက ကယ်လ်လိုရီတွေ စုလာပြီး ကြာလာရင် အဝလွန်လာပါလိမ့်မယ်။ တစ်နေ့တစ်နေ့ ထိုင်ရာမထဘဲ တီဗွီကြည့်နေတာ၊ ဂိမ်းဆေ့ာနေတာကလည်း ပြသနာတစ်ခုပဲ ဖြစ်ပါတယ်။

  • မိသားစုပြဿနာ

အဖေအမေ ဝနေရင် ကလေးလည်း ဝနေတာကို တွေ့ဖူးကြမှာပေါ့။ အထူးသဖြင့် lifestylesတူတဲ့ မိသားစုတွေဆို ပိုဆိုးပါတယ်။ ကယ်လိုရီများတာပဲ စားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ မိသားစုပေါ့။

  • စိတ်ပိုင်းဆိုင်ရာ ပြဿနာ

ကလေးတွေလည်း စိတ်ဖိစီးတတ်ပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ မိသားစု ပြဿနာတွေ၊ မိဘတွေ အဆင်မပြေတာတွေကြောင့် ကလေး အဝလွန်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ညစ်တာတွေ၊ အထီးကျန်တာတွေ ပျောက်အောင်လို့ လူကြီးလိုပဲ အစားတွေ နင်းကန်စားတတ်ကြပါတယ်။

  • ပတ်ဝန်းကျင်ပြဿနာ

တချို့သော သူတွေက ပတ်ဝန်းကျင်အနေအထားအရ စျေးကို ရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကြာရှည်ခံတဲ့ အစားအစာတွေ (ဥပမာ ခေါက်ဆွဲပြုတ်) ကို အများကြီးဝယ်ပြီး စားတတ်ကြပါတယ်။ နောက်ပြီး ခုလို လူနေမှု ကြပ်တည်းတဲ့ နေရာမှာ နေထိုင်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့၊ ကလေးတွေ ကစားဖို့ နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတာကလည်း ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။

ဒီတိုင်းဆို ဘာဖြစ်လာနိုင်သလဲ။

အဝလွန်တဲ့ ကလေးတွေအတွက် ကြာလာရင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

  • အမျိုးအစား ၂ ဆီးချိုရောဂါ
  • Metabolic syndrome လို့ ခေါ်တဲ့ သွေးပေါင်တက်တာ၊ သွေးတွင်းသကြားဓာတ်များတာ၊ ကောင်းတဲ့ ကိုလက်စထရောနည်းတာ၊ ဗိုက်မှာ အဆီစုတာ စတဲ့ ရောဂါစု (ဒါက နောက်ပိုင်းကျရင် အရွယ်မတိုင်ခင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ဖြစ်စေမှာပါ။)
  • သွေးတွင်းကိုလက်စထရောများခြင်းနဲ့ သွေးတိုးခြင်း (နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ ဖြစ်လာနိုင်ပါတယ်။)
  • ပန်းနာရင်ကြပ်ရောဂါ
  • အိပ်ဟောက်ရှူရပ်ရောဂါ
  • အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ
  • အရိုးကျိုးလွယ်တာ စတာတွေ ကလေးမှာ ဖြစ်လာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

  • ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းလာတာ
  • အနိုင်ကျင့်ခံရတာ
  • စိတ်ပူပန်တတ်တာကြောင့် စာသင်ရခက်တာ
  • မသင့်တော်တဲ့ အပြုအမူတွေ လုပ်တာ
  • စိတ်ကျတာ စတာတွေ ခံစားရတတ်ပါတယ်။

ကလေး အဝမလွန်စေဖို့

ကလေး အဝမလွန်ဖို့အတွက် မေမေက

  • ကလေးကို ချိုလွန်းတာတွေ မကျွေးပါနဲ့။
  • သစ်သီးတွေ၊ အသီးအရွက်တွေ များများ ကျွေးပါ။
  • မိသားစုနဲ့အတူ စားပါ။
  • အပြင်ထွက်ပြီး စားတာကို တတ်နိုင်သမျှ လျှော့ပါ။ အထူးသဖြင့် အမြန်စား အစားအစာတွေပေါ့။
  • ကလေးနဲ့ လိုက်ဖက်တဲ့ ပမာဏပဲ ကျွေးပါ။
  • screen time ကို ထိန်းချုပ်ပါ။ screen timeမှာ တီဗွီကစလို့ ဖုန်းထိ အကုန်ပါပါတယ်။ ၂နှစ်အထက် ကလေးကို တစ်နေ့ ၂နာရီထက် ပိုမသုံးပါစေနဲ့။ ၂နှစ်အောက်ကလေးကိုတော့ လုံးဝမသုံးပါစေနဲ့။
  • ကလေးကို အိပ်ရေးဝဝ အိပ်ပါစေ။

ဒါ့ကြောင့် တစ်နှစ်တစ်ခါလောက် ကလေးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ပေးပါ။ ပြောခဲ့သလိုပဲ ကလေးတစ်ယောက်ကို သာမန်ကြည့်ရုံနဲ့ အဝလွန်တယ်လို့ ပြောဖို့ ခက်ပါတယ်။ တိကျတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးမှုတွေ လုပ်မှသာ သိနိုင်မှာပါ။ ပြီးတော့ ကလေး အဝမလွန်အောင် စောစောစီးစီး ကာကွယ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ အစာအိမ်ကင်ဆာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အစာအိမ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 22, 2020 . 2 mins read

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာ ဝန်ပိပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလမှာ ဝိတ်ချသင့်ရဲ့လား။ ကိုယ်ခံအားကျမှာလည်း ကြောက်ရသေးတယ်။ အဝလွန်ရင်တော့ ကိုယ်အလေးချိန်ချသင့်ပါတယ်။ အလွန်အကျွံမချပါနဲ့။ အာဟာရပြည့်အောင်စားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read