ကလေး ငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်း တချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 26, 2020 . 2 mins read
Share now

အိမ်မှာ ကလေးငယ်လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့ အရွယ်တွေ၊ စူးစမ်းတတ်တဲ့ အရွယ်တွေကို တအားလွှတ်မထားပါနဲ့နော်။

ကလေး သဘာဝ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပေးထားတာ ကောင်းပေမယ့် မိဘက ဘေးကနေ စောင့်ကြည့်နေသင့်ပါတယ်။ ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ် –

(၁) ဓာတ်ခဲ အသေးစား

အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေ ဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက် စတီးမျှင်ထွေး တွေလို သံသတ္ထုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။

(၂) Flat တီဗီ

ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ Flat တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင် တွေကို လည်း သတိထား ကိုင်တွယ်ပါ။

တီဗီ ပလပ်ပေါက်တွေ ကလေး ကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ကိုင်တာ အကျင့်မလုပ်ပါနဲ့။

(၃) မီးဖို

ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာ ထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အလုံပိတ်အခန်း အတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ အိမ်ထဲမှာ(မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာ ဖွင့်ထားပါ၊ ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ၊ မီးတောက်ကပြာလဲ့လဲ့ ဖြစ်ရပါမယ်၊ လိမ္မော်ရောင် သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ၊ အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ၊ ဂက်စ်အိုး နားမှာ မီးနဲ့ ပတ်သက်တာ မယူလာပါနဲ့(ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုး နဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှု ရှိသလား အမြဲစစ်ဆေးပါ။

(၄) ချွန်ထက်တဲ့ အရာတွေ (ဓား)

ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီ ပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ မလိုအပ်ဘဲ ဓားထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆ တိုက်ချမိနိုင်လို့ သတိထားပါ။ ဓား အပါအဝင် ချွန်ထက်တဲ့ အရာတွေကို ကလေးတွေ မမီလောက်တဲ့ နေရာမှာ ထားပါ။

(၅) ရေတွင်း၊ ရေကန်

ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှ လူကြီးတွေပါ အန္တရာယ် ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက အုတ်ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့ မထားပါနဲ့။

(၆) လှေကား ၊ ဝရံတာ

တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ ခဲ့ရင် ရင်ကျိုးရပါလိမ့်မယ်။

(၇) ဆေး

အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ် ဆိုပေမယ့် သိမ်းဆည်းတဲ့ နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေ မမီတဲ့နေရာမှာ ထားသင့်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် လိုတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းက ပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။

(၈) မှိုတက်နေတဲ့ ပစ္စည်းတွေ

မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ပန်းနာရင်ကျပ် နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်က မှိုလဲ ဆိုတော့ အိမ်က အစားအသောက် မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့ မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့ မှို ဖြစ်ပါတယ်။

အရောင်စုံ ဖြစ်လာတတ်တဲ့ မှိုအမှုန်လေး တွေက ကျန်းမာရေး အတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာ တွေကို လွှင့်ပစ်ပါ၊ အမှိုက် တွေကို စနစ်တကျစွန့်ပစ်ပါ။ မှိုတက်နေတဲ့ အရာတွေကို ကလေးတွေ မထိတွေ့မိစေဖို့ အိမ်သန့်ရှင်းရေး မကြာခဏ လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

ခုနောက်ပိုင်းမှာ ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေ၊ မိသားစုကို ထားခဲ့ပြီး ကလေးတစ်ယောက်တည်း Quarantine ဝင်ဖို့ လာအခေါ်ခံရတာတွေကို မြင်တွေ့နေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 31, 2020 . 3 mins read

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read