ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ

ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာကိုဘေဘီလေးတွေရဲ့ မိဘတိုင်းသိကြမှာပါ။ ကလေးတွေက ခေါင်းလျှော်တဲ့အခါ ခေါင်းပေါ်ကနေရေလောင်းချတာကြောင့် မျက်လုံးဖွင့်မရတဲ့ ခံစားချက်နဲ့ ရေမွန်းတာကိုတော်တော်လေး ကြောက်ကြပါတယ်။ အချို့ကလေးလေးတွေဆိုခေါင်းလျှော်ပေးရင် အော်ငိုတာ၊ လျှောက်ပတ်ပြေးနေတာမျိုးတွေတောင် ရှိတတ်ပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရခက်တဲ့ ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အချို့ကလေးလေးတွေက မွေးကင်းစအရွယ်မှာကတည်းက ဆံပင်ပါလာတတ်ပေမယ့် အချို့ကလေးငယ်လေးတွေကတော့ ဆံပင်မပါဘဲ မွေးဖွားလာတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ခေါင်းကတော့ လျှော်ပေးရမှာပါပဲ။ ဆံပင်ရှိရင် ဆံပင်ကိုလျှော်ပေးရမှာဖြစ်ပြီး ဆံပင်မရှိရင် ဦးရေပြားကို လျှော်ပေးရမှာဖြစ်ပါတယ်။ ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ ၁) ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး ကလေးရဲ့ ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့ မလိုဘူးဆိုတာကိုတော့ သိထားဖို့လိုပါမယ်။ ကလေးငယ်လေးတွေက လေ့ကျင့်ခန်းမလုပ်ကြသလို လူကြီးတွေလိုမျိုး ညစ်ပေတာမျိုးလည်းမရှိပါဘူး။ ကလေးငယ်လေးတွေရဲ့ ဆံပင်က သာမန်အားဖြင့်တော့ လူကြီးတွေထက်သန့်ရှင်းပါတယ်။ ကလေးဆံပင်က အရမ်းညစ်ပတ်နေရင်တော့ လျှော်ပေးရပါမယ်။ ၂) […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ

ဘေဘီလေး တစ်ယောက်ကို ကောင်းမွန်ကြီးပြင်းလာစေဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ထားရသူမေမေ တစ်ယောက်ရဲ့အကြီးမားဆုံးဆန္ဒက ဘာများဖြစ်မလဲ........ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတာကိုကျွေးဖို့ပေါ့။ ဒီလိုကွေးဖို့ဆိုရင်  ဘေဘီလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတစ်ခုဖြစ်ဖို့ လိုအပ်မယ့် လိုအပ်ချက်တွေကို သိဖို့လိုပါမယ်။ ဒီတော့ မေမေ့ရဲ့ ဆန္ဒပြည့်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ဖြည့်ပေးပါရစေလား.... ဘေဘီလေးအတွက် လိုအပ်မယ့်အာဟာရတွေက ဘာတွေများလဲ.......... အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ပြင်ဆင်ပေးမယ့်အစားအစာတွေထဲမှာ ပရိုတင်း- အရိုးနဲ့ကြွက်သားတွေသန်မာစေဖို့၊ ကိုယ်ခံအားကောင်းဖို့ နဲ့ ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သံဓာတ် - သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့လိုအပ်ပါမယ်။ ကယ်လ်ဆီယမ် -အရိုးနဲ့သွားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်ပါတယ်။ ဗီတာမင် C - ကိုယ်ခံအားကောင်းစေဖို့ နဲ့ အရေပြားပြဿနာတွေကင်းစေဖို့ အရေးပါပါတယ်။ ဗီတာမင် D - ကယ်လ်ဆီယမ်စုပ်ယူမှုအားကောင်းစေဖို့ စိတ်ခံစားမှုကောင်းစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ရပ်ပါ။ Omega-3 fatty Acid - ဦးနှောက်နဲ့အမြင်အာရုံအကောင်းဆုံးဖွံ့ဖြိုးစေဖို့ […]


ကလေးငယ်အာဟာရ

ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း

ဘေဘီလေးအရွယ်ရောက်လာတဲ့အခါမေမေဖွားဖွားတို့နဲ့အတူ မီးဖိုခန်းထဲဝင်ပြီးပြင်ဆင်ချက်ပြုတ်တာက အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ ဒီလိုချက်ပြုတ်မှုကပဲ မိသားစုရဲ့ ဟင်းချက်မှုပုံစံ၊ သုံးစွဲတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မျိုးဆက်တစ်ဆက်စီကနေ တစ်ဆက်စီကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ဘေဘီလေးကို ကိုယ်နဲ့အတူ ဟင်းလျာတွေပြင်ဆင်တာကဘေဘီလေးကို အစားကောင်းကောင်းစားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဘေဘီလေးနဲ့အတူ အစားအသောက်တွေပြင်ဆင်တော့မယ်ဆိုရင် ဘေဘီလေးနဲ့အတူ အစားအသောက်တွေကိုပြင်ဆင်တော့မယ်ဆိုရင် ဒီအချက်တွေက အသုံးတည့်မှာပါ။ ဘာတွေချက်မလဲပြင်ဆင်ပါ ဘေဘီလေးကို ချက်ပြုတ်ဖို့အတွက် ဟင်းလျာတွေ စီစဉ်တဲ့အခါ ပါဝင်ဆွေးနွေးခိုင်းပါ။ ဒီလိုလုပ်တာက ကလေးကို ကျန်းမာတဲ့အစားအစာတွေစားသုံးတတ်သူဖြစ်လာအောင် ပျိုးထောင်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ကလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဟင်းလျာစီစဉ်သူဖြစ်ခွင့်ပေးလိုက်ပါ။ အတူတူဈေးဝယ်ထွက်ပါ ကလေးကို ကိုယ်နဲ့အတူဈေးဝယ်ခေါ်သွားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မိသားစုတွေအတွက် ဟင်းလျာပြင်ဆင်ရာမှာ အကောင်းဆုံးကူညီပေးနိုင်သူအဖြစ် သူ့ကိုယ်သူမြင်လာစေပြီး သူ့ကိုယ်သူအရေးပါတဲ့သူအဖြစ် အသိအမှတ်ပြုလာစေပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးနဲ့အတူတူဈေးဝယ်ထွက်တဲ့အခါ ကလေးကို အထုတ်တွေစစ်ခိုင်းတာ ဝယ်ရမယ့်ပစ္စည်းတွစုံရဲ့လား စစ်ခိုင်းတာမျိုးလုပ်ပေးပါ။ ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်သင့်တာတွေကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား........... ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုးကဘာလဲ (၁) နို့ အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။ (၂) ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ

အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့ အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သော ကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။ ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် - သကြားလုံးနဲ့ ဂျယ်လီ ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့ အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးပျိုးထောင်ရာမှာ ပြုလုပ်တတ်တဲ့ မိဘတွေရဲ့ စေတနာအမှားများ

မိဘရယ်လို့ ဖြစ်လာရင် ကိုယ်ချစ်တဲ့သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ကြတယ်။ တခြားကလေးတွေထက်လည်း ဉာဏ်ကောင်းထက်မြက်ပြီး ထူးချွန်စေကြတယ်မလား။ အဲ့လိုမျိုး ကိုယ့်ကလေးအနာဂတ်အတွက် ဖြစ်စေချင်တဲ့ စေတနာတွေ၊ ဆန္ဒတွေ များလွန်းတဲ့အခါ တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ထူးချွန်ထက်မြက်မှုကို အဟန့်အတားဖြစ်သွားစေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒီတော့ ကိုယ့်ကလေးကို ထူးချွန်စေချင်ကြတဲ့ မိဘတွေတိုင်း သိထားသင့်တဲ့ မလုပ်သင့်ဆုံးအမှားလေးတွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။ ၁။ ကလေးဘာလုပ်နေလဲဆိုတာ မျက်စိဒေါက်ထောက် လိုက်ကြည့်နေခြင်း မိဘဆိုတာကတော့ ကိုယ့်ကလေးကို စိုးရိမ်ပူပန်တဲ့စိတ်နဲ့ သူတို့ဘာလုပ်နေလဲ၊ ဘာစားနေလဲ၊ စာမှလိုက်နိုင်ရဲ့လား အစရှိသဖြင့် အချိန်ပြည့် လိုက်ကြည့်တတ်ပါတယ်။ အဲ့ဒီအခါ ကလေးတွေအနေနဲ့ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့သလို သူတို့ ဘာလုပ်လုပ် အနောက်ကနေ စောင့်ကြည့်နေမယ့်၊ အပြစ်တင်နေမယ့်၊ ဝေဖန်နေမယ့် မိဘတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရမှာ ထည့်သွင်းပေးဖို့ မေမေတို့ မေ့နေတတ်တာ ဘာဖြစ်မလဲ

ကလေးကို ဘာအားဆေးလေးတိုက်ရမလဲ၊ ဉာဏ်ရည်ထက်အောင် ဘာကျွေးရမလဲ ဆိုတဲ့ မေးခွန်းတွေက မေမေတို့အတွေးမှာ စိုးမိုးထားလေ့ရှိပါတယ်။ ကလေးအတွက် စီစဉ်သမျှတွေထဲမှာ အမြင်အာရုံဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုတို့အတွက် ဦးစားပေးကြတယ်။ အစားအသောက်၊ ကစားနည်း၊ အားဆေး၊ ဖြည့်စွက်အာဟာရ စတဲ့ အသွင်ပုံစံအမျိုးမျိုးနဲ့ ဒီဖွံ့ဖြိုးမှုတွေကို အားဖြည့်ပံ့ပိုးကြတယ်လေ။ ဒါပေမယ့် ကလေးရဲ့အလုံးစုံကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုကို မေ့နေတတ်တာကို သတိပေးချင်ပါတယ်။ အဲဒါကတော့ ကလေးရဲ့အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အစာခြေစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာမှု၊ ဖွံ့ဖြိုးမှု၊ ထိန်းသိမ်းကုသနိုင်မှု၊ ရောဂါကာကွယ်နိုင်မှုတို့ အားလုံးအတွက် အဓိကအရေးပါနေပါတယ်။ ဘာလို့ဆို စားသမျှ၊ သောက်သမျှတွေဆီက အာဟာရဓာတ်တွေကို သူကပဲစုပ်ယူပြီး လိုအပ်သလိုစီမံပေးတာမို့ပါပဲ။ အစာခြေစနစ် မကျန်းမာရင် အားဆေးဘယ်လောက်တိုက်တိုက်၊ အစားဘယ်လောက်ကျွေးကျွေး ကလေးရဲ့ကျန်းမာရေးအတွက် အရာရောက်မှာ မဟုတ်ပါဘူး။ ကလေးက ချူချာပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့ရေ... ကလေးတို့ရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် အာဟာရမလုံလောက်မှာ ဒါမှမဟုတ် အစားအသောက်ကနေ ဘေးဖြစ်စေမှာ စိုးရိမ်ရတာနဲ့ ရင်မောနေရောပေါ့။ ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။ Label ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ Label ဆိုတာ ဒီအစားအသောက်ထုတ်ကုန်မှာ ဒါတွေ ပါဝင်ပါတယ်လို့ ထင်သာမြင်သာ ဖော်ပြပေးထားတဲ့ ပါဝင်မှုအညွှန်းဖြစ်ပြီး သူတို့ရဲ့ အချိုးအစားပမာဏကိုလည်း နှုန်းအတိအကျ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးဗိုက်ထဲ ဝင်မယ့် အစားအသောက်တွေကို မဝယ်ခင် သေချာစစ်ဆေးနိုင်တယ်၊ ရွေးချယ်နိုင်တယ်၊  ကျန်းမာရေးအတွက် မသင့်တော်တာ ပါနေပြီဆို ရွေးချယ်မှုစာရင်းက ချက်ချင်းဖယ်လိုက်လို့ရတယ်။ ဒီတော့ Label ကို ဘယ်လိုကြည့်ကြမလဲ တစ်ခါစားပမာဏအတွက် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အတန်းထဲမှာ ကိုယ့်ကလေးပဲ ပိန်ညှက်မနေအောင် ဒီလိုဂရုစိုက်ကြမယ်

ခုခေတ်ကလေး တော်တော်များများကို ကြည့်လိုက်ရင် ပိန်ပိန်သေးသေးလေးနဲ့ အားမရှိသလို ပုံလေးတွေ ဖြစ်နေတာ သတိထားမိမယ်ထင်တယ်နော်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကလေးရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတွေ မရတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းလွန်းတာ၊ စာမှ စာ စာကိုပဲ ဂရုစိုက်ရင်း ထိုင်ခုံမှာပဲ တစ်နေ့တာ ကုန်ဆုံးနေရတာ၊ ကလေးက ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာချူချာတော့ ပိန်ချုံးလာတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပါပဲ။ ကလေးထွားစေဖို့ ဘယ်လိုအာဟာရတွေကို အဓိကကျွေးကြမလဲ။ တခြားကလေးတွေနဲ့ ယှဉ်လိုက်တိုင်း ကိုယ်ကလေးက ပိန်ပြီး ညှက်နေတာမျိုး မဖြစ်စေချင်ဘူးဆိုရင် မေမေတို့အနေနဲ့ ငယ်ငယ်ကတည်းက ပရိုတင်းဓာတ်ကို ပြည့်ဝစုံလင်စွာ ကျွေးထားဖို့ လိုပါတယ်။ ပရိုတင်းဓာတ် တစ်နည်းအားဖြင့် အသားဓာတ်က ကိုယ်ခန္ဓာမှာရှိနေတဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အလွယ်တကူ ဖျားနာခြင်းမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကလေးရဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့

မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးအတွက်ဆိုရင် အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ။ အဲ့တော့ ကလေးနဲ့ပတ်သက်သမျှ ကိစ္စတိုင်းအတွက် အမြဲတမ်းလိုလို တွေးပူနေရတာတော့ပေါ့။ အထူးသဖြင့် ကလေးရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပိုင်းမှာ မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ၊ ဘာကျွေးသင့်လဲ၊ ကိုယ်လုပ်နေတာ၊ ကျွေးနေတာတွေက ကိုယ့်ကလေးအတွက်ရော မှန်ကန်နေရဲ့လား။ ကိုယ့်ကလေးက ပိန်လွန်းနေလား ဒါမှမဟုတ် ဝလွန်းနေလား အစရှိသဖြင့် အမေးများနေတတ်ကြပါတယ်။ ဒါဆို ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့ ဘာတွေ လုပ်ပေးရမလဲဆိုတာ သိဖို့ လိုလာပါပြီ။ https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nature-vs-nurture/ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘာတွေက သက်ရောက်မှုရှိစေလဲ။ ကြီးထွားဖွံ့ဖြိုးခြင်းဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ရဲ့ အသက်နဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးစတာတွေ အဓိကပါဝင်ပါတယ်။ ဒီအရာတွေကို မိဘမျိုးရိုးဗီဇ တစ်နေ့တာ ဘာတွေစားသုံးလဲ အာဟာရပြည့်ဝမှုရှိခြင်း မရှိခြင်း အိပ်ချိန်အပြည့်အဝ ရရဲ့လား ကလေးက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း