backup og meta

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား………..

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုးကဘာလဲ

(၁) နို့

အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။

(၂) ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် B12၊ သံဓါတ် အပြင် ကလေးတွေရဲ့ ခန္ဓါကိုယ် နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ပါဝင်နေပါတယ်။

(၃) ဆယ်လ်မွန်ငါး

ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ထက်မြက်ဖို့အတွက်ပါအရေးပါတဲ့omega-3 fatty acids အပြင် ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် D တို့လည်း ပါဝင်နေပါတယ်။

(၄) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အစာခြေစနစ်ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်နေမှုကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

(၅) အဆီမပါတဲ့အသား

သံဓါတ်ပါဝင်နေတာကြောင့်သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် အပြည့်အဝရရှိအောင်ထောက်ပံ့ပေးပါတယ်။ ပရိုတင်းပါဝင်တာကြောင့် အရိုးနဲ့ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအားကိုလည်းကောင်းစေနိုင်ပါတယ်။ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်ပြီး အာရုံစိုက်နိုင်စွမ်းကိုလည်းကောင်းစေနိုင်ပါတယ်။

ကလေးကို ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်လာစေဖို့ ဒီအစားအသောက်လေးတွေကို ငယ်စဉ်ကတည်းကသေချာလေးပြင်ဆင်ပေးစေချင်ပါတယ်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 FOODS THAT WILL MAKE YOUR BABY SMARTERhttps://bodyecology.com/articles/5-foods-that-will-make-your-baby-smarter/ Accessed Date 13 September 2019

Top 10 Foods for Your Child’s Brain Developmenthttps://www.healthxchange.sg/children/food-nutrition/top-ten-foods-childs-brain-developmentAccessed Date 13 September 2019

ယခုပုံစံ

15/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့

ဘေဘီလေးအတွက် အရေးပါတဲ့ ဇင့်



Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement