ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

မျက်လုံးတိမ်စွဲတဲ့ရောဂါ (Cataracts) ဟာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၁ ဖက် ဒါမှမဟုတ် ၂ ဖက်စလုံး အမြင်အာရုံ ဆုံးရှုံးသွားလောက်အောင်ကို ဘေးအန္တရာယ်များပါတယ်။ မျက်လုံးတိမ်စွဲတယ်ဆိုတာက မျက်ဆံအနက်နဲ့ သူငယ်အိမ်တို့ရဲ့နောက်က မှန်ဘီလူး (Lens) မှာ တိမ်စွဲတာကို ဆိုလိုတာပါ။ ဒီလိုတိမ်စွဲတဲ့အခါမျိုးမှာ မျက်လုံးဟာ ကြည်လင်မှု လျော့ကျလာတာ ဒါမှမဟုတ် အမြင်နှစ်ထပ်ဖြစ်လာတာမျိုးတွေအပြင် မျက်လုံးရဲ့ အမြင်အာရုံဝေဝါးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို Cloudy Vision ဒါမှမဟုတ် Misty Vision လို့ ခေါ်ပါတယ်။ ပိုမိုဆိုးရွားလွန်းတဲ့ အခြေအနေမျိုးမှာ မျက်လုံးရဲ့ အမြင်အာရုံ လုံးဝဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်နဲ့ အများဆုံးသက်ဆိုင်ပြီး အသက်ကြီးရင့်သူတွေရဲ့ ၄၀% လောက်ဟာ မျက်စိတိမ်စွဲတဲ့ ရောဂါကို ခံစားကြရပါတယ်။ ဒါပေမယ့်လည်း အသက်ကြီးရင့်သူတွေသာမက ငယ်ရွယ်တဲ့ကလေးတွေမှာလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား .....

ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ..... ဘေဘီလေးတွေ လုပ်တတ်တဲ့အလေ့အထလေး တစ်ခုရှိတယ်။ ဒါကတော့ လက်မလေး စုပ်နေတတ်တာပါ။ တစ်ခါတလေ အိပ်နေရင်းဖြစ်ဖြစ်၊ တွေးနေရင်းဖြစ်ဖြစ် လက်ကလေးစုပ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်လေးက ကောင်းလား၊ဆိုးလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ..... ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ..... ဆိုတော့ ဘေဘီလေး တော်တော်များများက လက်မလေးတွေကို စုပ်တတ်ကြပါတယ်။ အချို့ကလေးလေးတွေဆိုရင် ထမင်းစားနေချိန်၊ နို့စို့ချိန်ကလွဲလို့ အချိန်တော်တော်များများကို လက်မလေးစုပ်နေတတ်ကြပြီး သူတို့ပါးစပ်ထဲကနေ လက်မလေးကိုထုတ်လိုက်တဲ့အခါတိုင်း ဒေါသထွက်ပြီး ချော့မရအောင်ငိုတာမျိုးတွေတောင် ရှိတတ်ကြပါတယ်။  ဒီတော့သူတို့လေးတွေ ဘာကြောင့် လက်မစုပ်ကြတာလဲဆုတာကို ကြည့်လိုက်ရအောင်လား မေမေတို့ရေ....... ဘေဘီလေးတွေ လက်စုပ်ရတဲ့ အကြောင်းအရင်း ဘေဘီလေးတွေ လက်စုပ်တာက မျက်နှာစိမ်းတွေကိုတွေ့တဲ့အခါ၊ ဆူညံသံတွေဖြစ်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုအဆင်မပြေနေတဲ့အခါမျိုးမှာ ဒီကြုံတွေ့နေရတဲ့ အနေအထားကိုကျော်ဖြတ်ဖို့  လက်မလေးကို စုပ်တာပါ။  […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကိုထိခိုက်စေနိုင်တဲ့အချက်တွေ

အစားမတော် တစ်လုတ် ဆိုတဲ့စကားအတိုင်း နို့တိုက်မေမေတစ်ယောက်အနေနဲ့ အစားအစာတိုင်းကို စားဖို့က မသင့်တော်ပါဘူး။ နို့တိုက်နေရလို့ အာဟာရပြည့်အောင်စားရမယ်ဆိုပေမယ့် ဒီအစားအစာတွေကတော့ မေမေ့ရဲ့နို့ချိုထွက်ရှိမှု အပေါ်မှာ ထိခိုက်နိုင်တာကြောင့် နို့တိုက်နေရတဲ့ မေမေတို့အနေနဲ့ ရှောင်စေချင်ပါတယ်။ မေမေ့ရဲ့နို့ချိုထွက်ရှိမှု ကို ထိခိုက်စေနိုင်တဲ့အချက်တွေက ဘာတွေများလဲ...... ဘေဘီလေးကို မိခင်နို့ချို ပြည့်ပြည့်ဝဝတိုက်ကျွေးချင်တဲ့ မေမေ့ရဲ့ ဆန္ဒလေးပြည့်ဝစေဖို့ ဒါလေးတွေကို ဂရုစိုက်ပါ။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးနိုင်ဖို့ အစားများများစားဖို့လိုသလို အစားအစာ တစ်ခုချင်းစီတိုင်းကိုလည်း သေချာဂရုစိုက်ဖို့လိုပါမယ်။ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးဖို့အတွက် တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀၀ ကနေ ၃၀၀၀၀ လောက်လိုအပ်မှာပါ။ ဒီအတွက် အစားများများစားဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါပေမယ့် အစားမတော်တလုတ်ကြောင့် နို့ချိုထွက်ရှိမှုကို မထိခိုက်စေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ ဘာတွေရှောင်ရမလဲ...... နို့တိုက်နေရတယ်ဆိုရင် ဒါတွေကိုမစားပါနဲ့။ ပင်လယ်စာ ငါးက ပရိုတင်းကြွယ်ဝသလို omega-3 fatty acids […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

၂၀၂၀ခုနှစ်အတွက် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်အစီအစဉ်အသစ်ထွက်ရှိလာပြီ။ အရင်နှစ်တွေနဲ့ မတူဘဲ ထပ်တိုးလာတာ ၂မျိုးရှိပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပါ။ ဒီနှစ်အတွက် ကာကွယ်ဆေးအစီအစဉ်ကို အသက်အလိုက် ပြန်ရှင်းပြပေးပါ့မယ်။ ၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ် မွေးစ (၁) ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ဖက်လက်မောင်းမှာထိုးပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်(၂)လ မတိုင်မီတွင်လည်းကောင်း၊ အသက်(၂)လတွင် အခြားကာကွယ်ဆေးများနှင့် အတူလည်းကောင်း ထိုးနှံရပါမယ်။ (ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။) (၂) အသည်းရောင်အသားဝါ (ဘီ) ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ပေးပါတယ်။ ပေါင်မှာထိုးပါတယ်။ သူကလည်း ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ (အသည်းရောင်အသားဝါအေပိုး၊ စီပိုး)ကို မကာကွယ်ပေးပါဘူး။ အသက် ၂လ (၁) […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။

၂၀၂၀ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရိုတာအစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့ ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ကာကွယ်ဆေးတိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။ ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် လောက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။ လက္ခဏာများ ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်​လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့ -ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။ ​-မကြာမကြာလည်းအန်မယ်။ -ဝမ်းမည်းမည်းတွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။ -အဖျား 104Fကျော်မယ်။ -နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။ -ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ […]


ကလေးငယ်အာဟာရ

အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပါ။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။ အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ......... ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်း ဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် ဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ ဘေဘီလေးတွေအတွက် အကျိုးပြုဘက်တီးရီးယား တွေကဘာလုပ်ပေးလဲ.......... အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ […]


ကလေးငယ်အာဟာရ

မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ပြောတဲ့အခါတိုင်း ကျွေးချင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံသိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်လို့မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား........ အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ……… ဘေဘီလေးတွေရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ....... Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။ Bifidobacterium - […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ

ကလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်က ပိုကြီးလာပါပြီ။ လူဖြစ်ပြီကွလို့ ပျော်နေရုံနဲ့ မပြီးသေးပါဘူး။ အရင်လို ပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေနဲ့ အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့ မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။ ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ဖို့ လိုတာပေါ့။ ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိ ကလေးရဲ့ဖွံ့ဖြိုးမှု၊ အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲဝေသတ်မှတ်ထားတဲ့ အတွေးအခါ်မျိုးက မိသားစုစိတ်ဓာတ် အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာလေးဖြစ်လာမှာပါ။ ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော် ..... မေမေတို့မှာ ကလေးနို့တိုက်နေရတာဆိုတော့ အားရှိအောင်၊ နို့ထွက်များအောင် အစားပိုစားရ၊ အရည်ပိုသောက်ရတာ မဖြစ်မနေပါပဲ။ ခဏခဏလည်း ဆာတယ်မဟုတ်လား။ ဒီလိုပိုစားရမယ်ဆိုပေမယ့်လည်း နို့တိုက်မိခင် တွေ ရှောင်သင့်၊ လျှော့စားသင့်တာလေးတွေ ရှိတယ်ဆိုတာ သတိပေးချင်ပါတယ်။ အကုန်လုံး တွေ့မရှောင်တမ်း စားနေ၊ သောက်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်နော်။ နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော် နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော် ဘာတွေလဲ ဆိုတော့ ပင်လယ်စာ ချက်ပြုတ် ထားတဲ့ ပင်လယ်စာတွေ၊ ငါးတွေကို တစ်ပတ် နှစ်ကြိမ် စားလို့ ရပါတယ်။ မာကျူရီ ပါနိုင်တဲ့အတွက် ဆာဒင်း၊ မက်ခရယ်၊ တူနာ တို့လို ပင်လယ်ငါးတွေကို တစ်ပတ် နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ ငါးနဲ့ ပင်လယ်စာတို့ကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ

နို့တိုက်မိခင် သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ မေမေတို့အမေးများတဲ့မေးခွန်းလေးတွေထဲမှာ မိခင်နို့တိုက်ကျွေးချိန်နဲ့ ပတ်သက်တာတွေ ပါဝင်ပါတယ်။ ကလေးနို့တိုက်နေတဲ့မေမေတွေ ဟိုအသီးစားလို့ရလား၊ ဒီဆေးသောက်လို့ရလား စသည်ဖြင့် စုံလို့ပါပဲ။ တကယ်က မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရတွေ သဘာဝအတိုင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် နို့ရည်မှာ ပါတဲ့ အာဟာရဓာတ်ပမာဏ လုံလောက်ဖို့ကတော့ မေမေစားတဲ့ အစားအသောက်တွေပေါ် အဓိက မူတည်ပါတယ်။ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီမှ၊ ရွေးချယ်မှုမှန်ကန်မှ မေမေနို့ရည်အာဟာရပြည့်မှာပါ။ တစ်နေ့ကို ကယ်လိုရီ ၅၀၀ အထိ ပိုစားပါ။ ကလေးနို့တိုက်နေရချိန်မှာ မေမေတို့ အားပြည့်နေဖို့အတွက် တစ်နေ့တာမှာ ပုံမှန်ထက် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ အထိ ပိုစားလို့ရပါတယ်။ စားလိုက်တဲ့ကယ်လိုရီတွေက အာဟာရပြည့်တဲ့ အရင်းအမြစ်တွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နို့တိုက်နေရလို့ဆိုပြီး ကယ်လိုရီအလွန်အကျွံ ပိုမစားမိဖို့ သတိပြုပါနော်။ ပရိုတင်းကြွယ်ဝတာတွေ စားပါ။ အသား၊ ပဲနဲ့ ဥ တို့လို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း