backup og meta

အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ

    ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပါ။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။ အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။

    အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ………

    ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်း ဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် ဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။

    ဘေဘီလေးတွေအတွက် အကျိုးပြုဘက်တီးရီးယား တွေကဘာလုပ်ပေးလဲ……….

    အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်လား…

    • အစာခြေစနစ် ကျန်းမာစေနိုင်တယ်

    အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေရော ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေရောရှိနေပါတယ်။ ဒီဘက်တီးရီးယားတွေရဲ့ ပမာဏက မျှခြေဖြစ်နေမှ အစာခြေစနစ်ကျန်းမာမှာပါ။ အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးတွေကို လေနာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါတင်လားဆို​တော့ မဟုတ်ပြန်ပါဘူး။

    အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးကို ပြင်းထန်အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ နာတာရှည် အူလမ်းကြောင်းဆိုင်ရာပြဿနာစု (IBS) မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ တချို့လေ့လာချက်တွေမှာ တွေ့ရပါတယ်။ စားလိုက်တဲ့ အစားအစားတိုင်းကို အာဟာရဖြစ်စေဖို့လည်းကူညီပေးပါတယ်။ အူနံရံတွေက အာဟာရဓာတ်တွေကိုလည်း အကောင်းဆုံး စုပ်ယူနိုင်စေပါသေးတယ်။

    • ကိုယ်ခံအားကောင်းစေနိုင်တယ်

    ကိုယ်ခံအားစနစ်ကောင်းစေဖို့ ၈၀ ရာခိုင်နှုန်းလောက် အစာခြေစနစ်ပေါ်မှာ မူတည်နေတာပါ။ အစာခြေစနစ်ကျန်းမာစေဖို့ကို အဓိကပံ့ပိုးပေးတာက အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယား တွေလုံလောက်အောင်ရှိနေမယ်ဆိုရင် ကလေးက ဖျားတာတုပ်ကွေးဖြစ်တာအပါအဝင် အခြားသော နာမကျန်းမှုတွေကနေ ကင်းဝေးစေမှာပါ။

    အစာခြေစနစ်က ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေထွက်ရှိလာစေဖို့ အခန်းကဏ္ဍမှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေက ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိတာဝန်ယူထားပေးပါတယ်။ ဒါကြောင့် ဘေဘီလေးကို  စိတ်ဖိစီးမှုကင်းကင်း၊ စိတ်ဓာတ်ကျမှုကင်းကင်းနဲ့ အာရုံစူးစိုက်မှုကောင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားကိုးလိုက်ပါ။

    ကလေးကို အဝလွန်တာ၊ အရမ်းညှက်တာမျိုးမဖြစ်စေချင်ဘူး။ သင့်တင့်တဲ့ကိုယ်အလေးချိန်ရှိပြီး ကျန်းကျန်းမာမာကြီးပြင်းစေချင်တယ်။ အဝလွန်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ဖြစ်လာတဲ့ ဆီးချို၊ အသည်းအဆီဖုံးတဲ့ ပြဿနာတွေက ကင်းစေချင်တယ်ဆိုရင် ငယ်ငယ်ကတည်း က အကျိုးပြုဘက်တီးရီးယား လုံလောက်အောင်ကျွေးပေးပါ။

    ဘေဘီလေးတွေရဲ့ အရေပြားက နူးညံ့သလို ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဘေဘီလေးတွေဟာ အသားခြောက်တာကနေစလို့ နို့ပွေး၊ ဝက်ခြံ၊ အရေပြား ဓာတ်မတည့်မှုစတဲ့ အရေပြား ပြဿနာတော်တော်များများကို ခံစားကြရပါတယ်။ ဒီအရေပြားပြဿနာကို ကင်းစေဖို့ဆိုရင်တော့ အကျိုးပြုဘက်တီးရီးယားလုံလောက်အောင်ကျွေးပေးဖို့လိုပါမယ်။ မိခင်ဝမ်းထဲမှာ ရှိကတည်းက မေမေက အကျိုးပြုဘက်တီးရီးယား လုံလောက်စွာ ရရှိအောင် စားသုံးပေးမယ်ဆိုရင် ဘေဘီလေးက အရေပြားပြဿနာကင်းတဲ့ ကလေးလေးအဖြစ်မွေးဖွားလာမှာပါ။

    အကျိုးပြုဘက်တီးရီးယားတွေက ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာဖြစ်သလို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပဲ ဖြစ်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement