backup og meta

နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

    နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော် ….. မေမေတို့မှာ ကလေးနို့တိုက်နေရတာဆိုတော့ အားရှိအောင်၊ နို့ထွက်များအောင် အစားပိုစားရ၊ အရည်ပိုသောက်ရတာ မဖြစ်မနေပါပဲ။ ခဏခဏလည်း ဆာတယ်မဟုတ်လား။ ဒီလိုပိုစားရမယ်ဆိုပေမယ့်လည်း နို့တိုက်မိခင် တွေ ရှောင်သင့်၊ လျှော့စားသင့်တာလေးတွေ ရှိတယ်ဆိုတာ သတိပေးချင်ပါတယ်။ အကုန်လုံး တွေ့မရှောင်တမ်း စားနေ၊ သောက်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်နော်။

    နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော်

    နို့တိုက်မိခင် ရှောင်သင့်တဲ့ အစားအစာတွေ ရှိတယ်နော် ဘာတွေလဲ ဆိုတော့

    ပင်လယ်စာ

    ချက်ပြုတ် ထားတဲ့ ပင်လယ်စာတွေ၊ ငါးတွေကို တစ်ပတ် နှစ်ကြိမ် စားလို့ ရပါတယ်။ မာကျူရီ ပါနိုင်တဲ့အတွက် ဆာဒင်း၊ မက်ခရယ်၊ တူနာ တို့လို ပင်လယ်ငါးတွေကို တစ်ပတ် နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ ငါးနဲ့ ပင်လယ်စာတို့ကို အစိမ်း မစားပါနဲ့။

    အပူအစပ်

    ပူပူစပ်စပ်လေးမှ ခံတွင်း တွေ့တာလား။ ဒါပေမယ့် မေမေက အစပ်တွေ စားမယ်ဆို ကိုယ့်ရဲ့ ဘေဘီလေးမှာ လေပွ၊ လေနာ အပြင် ဝမ်းပျက်ဝမ်းလျှောပါ ဖြစ်တတ်တယ်နော်။

    လေပွစာတွေ

    အများအားဖြင့်တော့ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့က အဓိက ပါပဲ။ အမြဲ ရှောင်ဖို့ မလိုပေမယ့် ဘေဘီလေးက လေပွတယ်၊ လေနာ ဖြစ်နေတယ်ဆိုရင် ရက်ပိုင်း ခဏတော့ ဒါတွေ ရှောင်စားပေးပါ။

    ချောကလက်နဲ့ ကော်ဖီ

    ဒီနှစ်မျိုး အပြင် အားဖြည့်အချိုရည်နဲ့ ကိုလာတို့မှာ ကဖင်းဓာတ် ပါဝင် ပါတယ်။ ကဖင်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတတ်လို့ နို့ထွက်များအောင် ဆိုပြီး ဒါတွေ သောက်လို့ မကောင်းပါဘူးနော်။ မသောက်ဘဲ မနေနိုင်ရင် အကန့်အသတ်နဲ့ သောက်ပါ။

    ဥ၊ မြေပဲ နဲ့အစေ့အဆန်

    မိသားစုမှာ မြေပဲ ဓာတ်မတည့်မှု မျိုးရိုး ရှိရင် ကလေးနို့ဖြတ်ချိန်ထိ မြေပဲ ရှောင်ထားသင့်ပါတယ်။ အစေ့အဆန်နဲ့ မြေပဲမှာ ပါတဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေက မိခင်နို့က တဆင့် ကလေးဆီ ရောက်သွားနိုင်လို့ပါ။

    အရည်ရွှမ်းအချဉ်သီးတွေ

    ကလေးရဲ့အစာအိမ် အူလမ်းကြောင်းက အပြီး မဖွံ့ဖြိုးသေးတဲ့အတွက် ဒီအသီးတွေမှာ ပါတဲ့ ဒြပ်ပေါင်း တချို့ကြောင့် ထိခိုက်ရနိုင် ပါတယ်။ ဒါကြောင့်မို့ မေမေတို့ ဗီတာမင် စီကို စားချင်တယ်ဆို နာနတ်သီးနဲ့ သရက်သီးတို့လိုမျိုးကို တန်သင့် သလို စားလို့ ရပါတယ်။ အရည်ရွှမ်းသီးဆိုတာ လိမ္မော်သီး၊ သံပရာသီး၊ ဂရိတ်ဖရု စတာတွေ ပါဝင်ပါတယ်။

    အယ်ကိုဟော

    ခုခေတ် မှာတော့ ဖေဖေနဲ့ မေမေ ရင်ပေါင်တန်းပြီး သောက်နေကြပြီ ဆိုတော့ ဒီအချက်က မှာကို မှာရပါမယ်။ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ အယ်ကိုဟောတွေက မိခင်နို့ရည်ထဲ ပါလာတဲ့ အခါ ကလေးအတွက် ကောင်းကျိုး မရှိပါဘူး။ တစ်ခွက်၊ နှစ်ခွက် သောက်မယ် ဆိုရင် စနစ်ထဲမှာ အယ်ကိုဟောက ၁ နာရီ- ၂ နာရီလောက် ကျန်နေဦးမှာ ဖြစ်ပါတယ်။

    အချိုများတဲ့ သောက်စရာ

    နို့ရည် ပိုထွက်အောင်လို့ အချိုရည်တွေ သောက်တာ၊ အချို များတဲ့ အာဟာရမှုန့်တွေ အမြဲ ဖျော်သောက်တာ မကောင်းပါဘူး။ တစ်ခါတစ်လေ သောက်လို့ ရပေမယ့် စွပ်ပြုတ်ရည်၊ ဟင်းချိုရည်နဲ့ ရေကိုပဲ အားထားပြီး သောက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement