ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နှာစေးနေသောကလေးကို ဘယ်လိုကုသမလဲ

အသက် ၃ နှစ်အောက်ကလေးများ နှားစေးခြင်းကိုကုသရသည်မှာစိန်ခေါ်မှုကြီးတစ်ရပ်လိုပင်ဖြစ်သည်။ ရင်ကြပ်ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းကိုတိတိကျကျသိနိုင်သည့်နည်းလမ်းလဲမရှိပါ။ ကလေးငယ်အအေးမိတာကြောင့်လဲ ဖြစ်နိုင်သည်။ ဒါမှမဟုတ် တခြားဆေးပညာဆိုင်ရာပြဿနာတစ်ခုခုအခံရှိနေတာလဲဖြစ်နိုင်သည်။ ကလေးဟာငယ်လွန်တာမို့ ကုသရန်နည်းများကလဲကန့်သတ်မှုရှိနေပြန်၏။ အအေးမိခြင်းအတွက်သုံးသောဆေးများကကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်သေးသည်။ ဘာကြောင့် နှာစေး သလဲ အကြောင်းရင်းရှာခြင်း နှာခေါင်းပိတ်ခြင်း (များသောအားဖြင့် နှာစေးခြင်း)သည် ကလေးငယ်၏နှာခေါင်းမှသွေးကြောများတစ်ရှူးများအတွင်းအရည်များပြည့်ကြပ်လာသောကြောင့်ဖြစ်သည်။ ကလေးငယ်အိပ်ရာတွင်အခက်အခဲဖြစ်စေသလို နှာခေါင်းတွင်းမှ Sinus များပိုးဝင်သွားနိုင်ပါသည်။ (Sinusitis) တစ်ချို့ကလေးငယ်များတွင် နှာပိတ်ပါကအစာကျွေးရခက်တာမျိုးရှိတတ်သည်။ ဘက်တီးရီးယားလား ဗိုင်းရပ်စ်လား ဘယ်လိုပြောနိုင်မလဲ ကလေးနှာရည်ထွက်ပါက နှာရည်ကိုကြည့်ပါ။ ဗိုင်းရပ်စ်ပိုးဆိုလျှင် အဖြူရောင်ရေဆန်ဆန်နှာရည်များအရင်ကျတတ်ပါသည်။ ပြီးမှ အဖြူ၊ အစိမ်းသို့မဟုတ် အဝါ တစ်မျိုးမျိုးပြောင်းသွားပြီးရက်အနည်းငယ်အတွင် အဖြူရောင်ပြန်ပြောင်းသွားတတ်၏။ နှာပိတ်စေသောယေဘုယျအကြောင်းရင်းများ တစ်ခါတစ်ရံနှာပိတ်ခြင်းသည် ဓါတ်မည့်မှုကြောင့်ဖြစ်နိုင်သည်။ ဒါမှမဟုတ် နှာခေါင်းအတွင်း ပြင်ပမှအရာတစ်ခုခု ဝင်သွားသောကြောင့်လဲဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးကုသမှုခံယူရန်လိုသည်။ နှပ်ချေးမှလွဲ၍ ကလေးနှာခေါင်းထဲမှ ဘာမှသင်ကိုယ်တိုင်ဆွဲမထုတ်ရပါ။ နှာစေး တာကို ဘယ်လိုကုမလဲ စိတ်အချရဆုံးအထိရောက်ဆုံးနည်းလမ်းသည် ဆလိုင်းဖြန်းခြင်းသို့မဟုတ် နှာခေါင်းတွင်းထည့်ဆေးများပင်ဖြစ်သည်။ နှာခေါင်းတွင်းထည့်ဆေးများကိုရွေးမည်ဆိုပါကအတွင်းမှနှပ်ချေးများအားပျော့သွားစေရန် အစက်အနည်းငယ်လောက်ထည့်ပေးပါ။ ထို့နောက်မှ စုပ်ယူနိုင်သည့်ဖုလုံးကိုသုံးပြီး နှပ်ချေးရောဆေးစက်များပါ မြန်မြန်ထုတ်ပေးပါ။ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ

လူသန်းပေါင်းများစွာဟာလိပ်ခေါင်းရောဂါကိုနေ့နေ့ညညခံစားနေရပါတယ်။ လိပ်ခေါင်းရောဂါဆိုတာဟာယေဘုယျအနေနဲ့အသက်၃၀အထက်တွေမှာသာ ဖြစ်လေ့ရှိတာမှန်ပေမယ့်ကလေးတွေမှာလည်းလိပ်ခေါင်းဖြစ်နိုင်ချေကရှိနေပြန်ပါတယ်။ လိပ်ခေါင်းဆိုတာဘာလဲ။ စအိုနဲ့အူမကြီးအဆုံးပိုင်းတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့ခေါ်ပါတယ်။ လိပ်ခေါင်းဟာစအိုတဝိုက်ယားယံတာ၊အထိမခံနိုင်တာ၊နာကျင်တာတို့ကို ဖြစ်စေနိုင်သလိုဝမ်းသွားရင်သွေးပါတာကိုလည်းဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာလိပ်ခေါင်းဖြစ်နေပြီဆိုရင်သူတို့အိမ်သာတက်ပြီးလို့သန့်ရှင်းရေးလုပ်တဲ့တစ်ရှူးစက္ကူမှာသွေးစလေးတွေပေနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့လိပ်ခေါင်းရောဂါတွေကိုဆေးရုံဆေးခန်းစတာတွေမှာတက်ရောက်ကုသမှုခံယူဖို့လိုပေမယ့်သိပ်မဆိုးတဲ့လိပ်ခေါင်းမျိုးဆိုရင်တော့အိမ်မှာပဲသဘာဝနည်းလေးတွေနဲ့ကုသလို့ရနိုင်ပါတယ်။   ကလေးတွေမှာလိပ်ခေါင်းကိုဘယ်လိုကုမလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ ကြက်သီးနွေးရေ။ ဆံပင်မှုတ် dryer။ အဝတ်ပျော့ပျော့ဒါမှမဟုတ်ရေစွတ်ထားတဲ့တစ်ရှူးစက္ကူ။ ရေခဲအိတ်။ အကိုက်အခဲပျောက်ဆေး (Acetaminophen)။ လိပ်ခေါင်းလိမ်းခရင်မ်။   ကလေးလိပ်ခေါင်းကိုကုဖို့လုပ်ဆောင်ရမယ့်အချက်တွေ သင့်ကလေးကိုကြက်သီးနွေးရေလေးနဲ့နေ့တိုင်းရေချိုးပေးပါ။ အဓိကကတော့စအိုနားတဝိုက်ပေါ့။ ဆပ်ပြာပျော့ပျော့ကိုသုံးပါ(ဆပ်ပြာတွေကလိပ်ခေါင်းကိုပိုဆိုးနိုင်စေလို့ ဖြစ်နိုင်ရင်ဆပ်ပြာမသုံးစေချင်ပါဖူး)။ ပြီးရင်ဆံပင်မှုတ် dryer နဲ့ခြောက်အောင်သေချာမှုတ်ပေးပါ။ လိပ်ခေါင်းနေရာလေးကိုပဲရေနွေးသန့်သန့်ထဲမှာ၁၀မိနစ်-၁၅မိနစ်လောက်စိမ်တာကိုတနေ့ကိုနှစ်ခါသုံးခါလောက်လုပ်ပေးပါ။ အိမ်သာတက်ပြီးတိုင်းမှာရေစွတ်ထားတဲ့တစ်ရှူးစက္ကူသန့်သန့်နဲ့စင်ကြယ်အောင်အသာအယာဆေးပါစေ။ လိပ်ခေါင်းနေရာတဝိုက်ကိုကိုင်တွယ်ရင်ညင်ညင်သာသာကိုင်ဖို့နဲ့အနံ့စူးစူးပစ္စည်းတွေကိုခပ်ဝေးဝေးကရှောင်ဖို့သင်ပေးထားရပါမယ်။ စအိုဝနားကိုရေခဲအိတ်ကပ်ပါ။ တကယ်လို့ကလေးကနာတယ်လို့ပြောရင်အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ acetaminophen ကိုပေးနိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်ညွှန်ကြားချက်ရှိမှသောက်ရပါမယ်။ လိပ်ခေါင်းလိမ်းခရင်မ်တွေကိုဝယ်ဖို့အတွက်ဆရာဝန်ကိုမေးမြန်းပါ။ ညွှန်ကြားတဲ့အတိုင်းအတိအကျလိုက်နာပါ။   အရေးကြီးတဲ့အချက်ကအိမ်မှာသဘာဝနည်းတွေနဲ့ကုလို့၂ပတ်ကျော်ကြာတဲ့အထိမသက်သာတာဒါမှမဟုတ်သွေးတွေအရမ်းထွက်လာတာမျိုးရှိတယ်ဆိုရင်ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားပြပါ။   လိပ်ခေါင်းရောဂါသက်သာပျောက်ကင်းဖို့ပြောင်းလဲပစ်ရမယ့်နေထိုင်သွားလာမှုပုံစံတွေ ကလေးရဲ့အစားအသောက်ပုံစံနဲ့ပတ်သက်လို့ဂရုစိုက်ပေးပါ။ ဘာလို့လဲဆိုတော့အမျှင်ဓါတ်အစားနည်းရင်ဝမ်းချုပ်ပြီးလိပ်ခေါင်းဖြစ်လာနိုင်လို့ပါ။ လိပ်ခေါင်းရဲ့အစောပိုင်းလက္ခဏာတွေကဝမ်းပုံမှန်ချုပ်နေတာ၊ဝမ်းသွားရခက်တာနဲ့အိမ်သာတခါတက်ရင်အကြာကြီးတက်ရတာစတာတွေပဲ ဖြစ်ပါတယ်။ တမိသားစုလုံးစားတဲ့အစားအစာပုံစံထဲမှာသစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေပိုပြီးများများထည့်ပေးပါ။ အစေ့အဆံတွေ၊ဂျုံတွေများများစားပေးပါ။ ကလေးကိုရေများများသောက်ခိုင်းပါ။ တနေ့ကိုအနည်းဆုံးရေတလီတာခွဲလောက်တော့သောက်ရပါမယ်။ အိမ်သာတက်ချင်ရင်မအောင့်ထားဖို့ကလေးတွေကိုသေချာမှာပါ။ အောင့်ထားရင်လိပ်ခေါင်းကိုပိုဆိုးစေပါလိမ့်မယ်   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ဘာလုပ်မလဲ

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခံရတာ(ဝါ)မုဒိန်းကျင့်ခံရတယ်ဆိုတာဟာအလိုမတူဘဲအတင်းအကျပ်လိင်ဆက်ဆံခံရတာကိုရည်ညွှန်းပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်အခြေအနေဟာကျားမမရွေး၊အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ပြစ်မှုတခုပါ။ စော်ကားခံရသူဟာကျန်းမာရေးစောင့်ရှောက်မှု၊နှစ်သိမ့်အားပေးမှု၊နားလည်ပေးမှုနဲ့စာနာထောက်ပံ့မှုစတာတွေကိုလိုအပ်ပါတယ်။ ကိုယ့်ကလေးမုဒိမ်းကျင့်ခံရမှန်းဘယ်လိုသိနိုင်မလဲ။ ကလေးအများစုဟာလိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အကြောင်းမိဘတွေကိုပြောပြလေ့မရှိပေမယ့်သူတို့လေးတွေနာကျင်ခံစားနေရပြီးအကူအညီလိုအပ်နေကြောင်းကိုအောက်ပါအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ စိတ်တိုစိတ်ဆတ်မယ်၊ဒေါသတကြီးဖြစ်နေမယ်၊ကြောက်နေမယ်။ စိတ်ဓါတ်ကျမယ်၊စိုးရိမ်ပူပန်၊ဂဏှာမငြိမ် ဖြစ်နေမယ်။ လူတွေနဲ့ဝေးရာမှာတယောက်ထဲနေနေမယ်။ အိပ်မပျော်ဖူး။ အရင်ကကြိုက်တဲ့စားနေကျအစားအစာတွေကိုမစားတော့ဖူး။ အာရုံစိုက်နိုင်စွမ်းလျော့နည်းသွားမယ်။ ဒီလက္ခဏာတွေဟာ post-traumatic stress disorder(တခါတလေလည်း rape trauma syndromeလို့ရည်ညွှန်းလေ့ရှိတယ်) လို့ခေါ်တဲ့ (မတော်တဆမှု၊အကြမ်းဖက်ခံရမှု၊လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတို့နောက်မှာကပ်ပါလာတဲ့) စိတ်ဒါဏ်ရာအစုအဝေးရဲ့လက္ခဏာတွေ ဖြစ်တယ်။ တကယ်လို့ဒီလက္ခဏာတွေကိုသင့်ကလေးမှာသတိထားမိတယ်ဆိုရင်ကလေးကို(သမီးလေးပဲ ဖြစ်ဖြစ်၊သားလေးပဲဖြစ်ဖြစ်) နှစ်သိမ့်အားပေးပါ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေသူတို့လေးတွေရဲ့ဘေးမှာမိဘဖြစ်တဲ့သင်ဟာမားမားမတ်မတ်ရပ်တည်ပေးနေမယ်၊ရှိနေမယ်ဆိုတာသူတို့သိထားပါစေ။ လုံခြုံမှုခံစားရပါစေ။ တကယ်လို့သင့်ကလေးအနေနဲ့သင့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြဖို့ ငြင်းဆန်နေဦးမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေဆီခေါ်သွားပြီးဆွေးနွေးတိုင်ပင်ပါ။ ဆေးဝါးကုသမှုခံယူပါ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု (မုဒိမ်းကျင့်ခံရတာ) ကိုအကြမ်းဖျဉ်းအခြေအနေနှစ်မျိုးခွဲခြားနိုင်ပါတယ်။ ပထမတမျိုးက၇၂နာရီအတွင်း ဖြစ်ပွားထားတဲ့ကိစ္စမျိုးပါ။ ကလေးကိုဆေးရုံခေါ်သွားရမှာ ဖြစ်သလိုရဲစခန်းကိုလည်းအကြောင်းကြားရပါမယ်။ ဆေးရုံရောက်တဲ့အခါသင့်ကလေးမှာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိနဲ့အတွင်းပိုင်းဒါဏ်ရာတွေရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာအရေးကြီးတာကဆေးဝါးကုသမှုကိုအချိန်မီခံယူနိုင်ဖို့နဲ့မှန်ကန်လုံလောက်တဲ့သက်သေအထောက်အထားတွေရယူနိုင်ဖို့အတွက်ကလေးကိုရေချိုးမသန့်စင်ပေးမီဆေးရုံကိုခေါ်သွားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ နောက်တမျိုးကလွန်ခဲ့တဲ့၇၂နာရီအကျော်အချိန်တခုခုမှာ ဖြစ်ပွားထားတဲ့ကိစ္စမျိုးတွေပဲ ဖြစ်တယ်။ ဒီလိုအနေအထားမျိုးမှာလည်းရဲကိုအကြောင်းကြားဖို့လိုသလိုကလေးကိုဆေးရုံခေါ်သွားဖို့လည်းလိုအပ်ပါတယ်။ ကလေးကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှာလဲ။ မစမ်းသပ်ခင်မှာဆရာဝန်ဒါမှမဟုတ်လူမှုရေးအကူအညီပေးတဲ့ဝန်ထမ်းတယောက်ကသင့်ကလေးဘာဖြစ်ခဲ့တယ်ဆိုတာကိုနားထောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ပေးခြင်းဟာနောက်ပိုင်းဆက်လက်ကုသမှုနဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါဆရာဝန်အနေနဲ့ခဏနေလို့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးမိဘအုပ်ထိမ်းသူဆီကခွင့်ပြုချက်တောင်းခံမှာ ဖြစ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေသင့်ကလေးမှာရှိနေမနေကိုစစ်ဆေးပါမယ်။ တကယ်လို့မိန်းကလေးဖြစ်မယ်ဆိုရင်မလိုလားအပ်တဲ့ကိုယ်ဝန်ရမလာအောင်သင့်တော်တဲ့ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ပြီးရင်အတွင်းပိုင်းအဂါၤတွေမှာမုဒိမ်းကျင့်ခံရတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဒါဏ်ရာအနာတရတွေရှိမရှိနဲ့သင့်ကလေးရဲ့အဝတ်အစားဒါမှမဟုတ်ခန္ဓါကိုယ်မှာမုဒိမ်းကျင့်သူရဲ့အမွှေးအမျှင်၊အရေပြား၊ခြေသည်းလက်သည်းတွေ၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေရှိမရှိကိုဆက်လက်ရှာဖွေပါလိမ့်မယ်။ ကလေးကိုဆေးခပ်ပြီးလိင်ပိုင်းဆိုင်ရာစော်ကားတာလားသိရအောင်လည်းစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ဒါဏ်ရာအနာတရတွေရှိခဲ့ရင်ဓါတ်ပုံရိုက်ပြီးအထောက်အထားမှတ်တမ်းအဖြစ်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပါ။ မုဒိမ်းကျင့်ခံရသူတွေဟာကြုံတွေ့ခဲ့ရတဲ့အိပ်မက်ဆိုးကြီးကိုနောက်တခေါက်ပြန်မပြောချင်ပါဖူး။ ဒါပေမယ့်ရေရှည်ကိုမျှော်တွေးမယ်ဆိုရင်နားလည်တတ်ကျွမ်းပြီးအထူးလေ့ကျင့်ထားတဲ့ပညာရှင်ဆီကနှစ်သိမ့်ဆွေးနွေးမှုခံယူတာဟာအကောင်းဆုံးအဖြေဖြစ်ပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျပြီးသတ်သေတာမျိုး၊မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်တာမျိုးစတဲ့ဆိုးရွားအန္တရာယ်ရှိတဲ့အဖြစ်အပျက်မျိုးတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို ယုံကြည်မှုတွေရှိလာစေဖို့

ယုံကြည်မှုဆိုတာအောင်မြင်ခြင်းလမ်းကြောင်းရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် မိဘတွေဟာသားသမီးတွေကိုအစကတည်းကယုံကြည်မှုတွေရှိတတ်ဖို့ သင်ပေးသင့်တယ်ဆိုတာ သဘာဝကျပါတယ်။ ကိုယ်ဟာအောင်မြင်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုယုံကြည်နေဖို့ ယုံကြည်မှုတွေပေါ့။ ကလေးတွေဟာသူတို့အရည်အချင်းတွေကိုယုံကြည်သွားတာနဲ့အမျှ ကမ္ဘာပတ်စူးစမ်းဖို့တောင် တွန့်ဆုတ်နေတော့မှာမဟုတ်ဘူးလေ။ အဲ့လိုယုံကြည်မှုတွေရဖို့က လေ့ကျင့်မွေးမြူလို့ရနိုင်တယ်ဆိုတာ သတင်းကောင်းတစ်ခုပဲပေါ့။ ကလေးတွေ မိမိကိုယ်မိမိ ပိုပြီးကောင်းမွန်တဲ့လူတွေဖြစ်လာဖို့ ကြိုးစားအောင် မိဘတွေကလက်ဦးဆရာဖြစ်ပေးသင့်ပါတယ်။ အဲ့လိုတွေလေ့ကျင့်ပေးဖို့ အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေပါ - နေထိုင်သွားလာမှုပုံစံကိုကောင်းမွန်စေခြင်းအားဖြင့် သူတို့ကိုယ်ပိုင်ပုံရိပ်တိုးတတ်ပါစေ နေထိုင်သွားလာတဲ့စနစ်၊ပုံစံတွေကိုအထင်မသေးပါနဲ့။ သင့်တော်တဲ့ပုံရိပ်တွေနဲ့ ကလေးတွေဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။ အစပိုင်းမှာနေထိုင်မှုပုံစံတွေ တမင်ကျင့်ယူရင်းနောက်ပိုင်းအသားကျလာဖို့ သင်ပေးသင့်ပါတယ်။ ခေါင်းကိုမော့ ပုခုံးကိုလျှော့ကာခါးကိုမတ်မတ်ထားပြီးရင်ကိုဖွင့်ထားတာမျိုးပေါ့။ ဒီလိုပုံစံမှန်နေထိုင်ခြင်းဟာသူတို့ကိုယုံကြည်မှုရှိလာစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါစေ ကိုယ်ပိုင်ယုံကြည်မှုတွေတိုးတက်လာဖို့ နည်းကောင်းတစ်ခုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေပေးခြင်းပါ။ သူတို့ဆုံးဖြတ်ရမှာတွေကသူတို့အသက်အလိုက်တော့ သင့်တော်ဖို့လိုတာပေါ့လေ၊ ဒီလိုလေ့ကျင့်မှုမျိုးဟာသူတို့ကိုယ်သူတို့ ပိုအစွမ်းရှိတယ်လို့ခံစားလာရစေပြီးကိုယ်ပိုင်ယုံကြည်မှုတွေတိုးလာစေမှာပါ။ အလွန်အကျွံချီးမွမ်းခြင်းကိုရှောင်ပါ သူတို့ကြိုးစားအားထုတ်မှုတွေ အလျှော့မပေးတတ်တဲ့စိတ်ဓါတ်တွေကိုချီးကျူးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်ပိုင်အစွမ်းအစတွေကိုတော့ အရမ်းမချီးကျူးပါနဲ့ ။ ဒါတွေကိုခဏခဏချီးကျူးတာများသွားရင်တော့ ပြဿနာကြုံရင် သတ္တိမရှိဘဲနေပါလိမ့်မယ်။ အမူအကျင့်ကောင်းဖို့သင်ပြပေးပါ အမူအကျင့်ကောင်းတာနဲ့ ယုံကြည်မှုရှိတာဘယ်လိုသက်ဆိုင်လဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာမျိုး၊ တြားလူတွေနဲ့ ဆက်ဆံတဲ့အခါ သင့်တော်တဲ့အသုံးအနှုန်းနဲ့ ခေါ်ပြောဆက်ဆံတတ်တာမျိုးဟာသူတို့ယုံကြည်မှုတွေ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

ကလေးတွေအတွက်သံဓါတ်က ဘာလို့အရေးကြီးတာလဲ။ သံဓါတ်ဟာကလေးကြီးထွားဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ သံဓါတ်ကအောက်စီဂျင်ကိုအဆုတ်ကနေတစ်ကိုယ်လုံးကိုပို့ဆောင်ပေးပါတယ်။ ပြီးတော့ကြွက်သားတွေအောက်စီဂျင်ကိုသုံးဖို့နဲ့သိုလှောင်ဖို့ကိုကူညီပေးပါသေးတယ်။ သင့်ကလေးကသံဓါတ်ပါသောအစာများမစားပါကသံဓါတ်ချို့တဲ့ခြင်းကိုခံစားရနိုင်ပါတယ်။ အဲဒီအခြေအနေဟာသံဓါတ်ကုန်ခန်းခြင်းကနေသွေးအားနည်းရောဂါအထိအဆင့်ဆင့်ရှိနိုင်ပါတယ်။ သွေးအားနည်းရောဂါဆိုတာကသွေးထဲမှာကျန်းမာတဲ့သွေးနီဥတွေနည်းနေခြင်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကိုမကုသပါကကြီးထွားဖွံ့ဖြိုးုခြင်းကိုထိခိုက်နိုင်ပါတယ်။ ကလေးတွေကသံဓါတ်ဘယ်လောက်စားဖို့လိုသလဲ။ ကလေးတွေအတွက်တစ်နေ့စားသင့်တဲ့သံဓါတ်ပမာဏဟာအောက်ပါအတိုင်းဖြစ်ပါတယ်။ ၇လမှ၁၂လ-တစ်ရက်ကို 11mg ၁နှစ်မှ၃နှစ်-တစ်ရက်ကို 7mg ၄နှစ်မှ၈နှစ်-တစ်ရက်ကို 10mg ၉နှစ်မှ၁၃နှစ်-တစ်ရက်ကို 8mg ၁၄နှစ်မှ၁၈နှစ်(မိန်းကလေး)-တစ်ရက်ကို၁၅mg ၁၄နှစ်မှ၁၈နှစ်(ယောက်ျားလေး)-တစ်ရက်ကို 11mg   သံဓါတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။ သံဓါတ်ချို့တဲ့ခြင်းဟာကလေးတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ ကံမကောင်းစွာဖြင့်ကလေးအများစုမှာသံဓါတ်ချို့တဲ့သောလက္ခဏာမပြပါဘူး။ သွေးအားနည်းရောဂါဖြစ်မှသာသိရပါတယ်။ သွေးအားနည်းခြင်းရဲ့ရောဂါလက္ခဏာတွေကတော့ အသားရောင်ဖျော့နေခြင်း မောပန်းနွမ်းနယ်ခြင်း ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်း အစာစားချင်စိတ်မရှိခြင်း အသက်ရှုမြန်ခြင်းမမှန်ခြင်း အပြုအမူများထူးဆန်းနေခြင်း ဖျားနာလွယ်ခြင်း ရေခဲ၊ဖုန်မှုန့်၊ဆိုးဆေးနဲ့ကော်စတဲ့စားစရာမဟုတ်တဲ့အရာတွေကိုအငမ်းမရစားခြင်း တို့ပဲဖြစ်ပါတယ်။ လပြည့်တဲ့ကလေးတွေအတွက်ကတော့၄လမှာသံဓါတ်အားဖြည့်ဆေးစတိုက်ပါ။ သံဓါတ်ကြွယ်ဝတဲ့cereals၊ချက်ပြုတ်ထားတဲ့အသားတွေတစ်နေ့တစ်ကြိမ်နှစ်ကြိမ်စားနိုင်တဲ့ထိတိုက်ကြွေးပါ။ ကလေးကိုမိခင်နို့ကောနို့မှုန့်ပါတိုက်ကျွေးနေပြီးနို့မှုန့်ကိုအဓိကထားကျွေးနေပါကဆေးဆက်တိုက်ရန်မလိုပါ။ လမပြည့်သေးတဲ့ကလေးတွေအတွက်ကတော့သံဓါတ်အားဖြည့်ဆေးကို၂ပတ်မှာစတိုက်ပေးပါ။၁နှစ်မပြည့်မချင်းဆက်ပေးပါ။ မိခင်နို့နှင့်နို့မှုန့်တိုက်ကျွေးရာတွင်နို့မှုန့်ကိုအဓိကတိုက်ကျွေးပါကဆေးဆက်တိုက်ရန်မလိုပါ။   သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန်အခြားနည်းလမ်းများ သံဓါတ်ကြွယ်ဝတဲ့အစားအစာများကျွေးပါ။ ပုံမှန်အားဖြင့်လေးလမှခြောက်လအတွင်းမှာချက်ပြုတ်ထားတဲ့အသားနဲ့သံဓါတ်အားဖြည့်cerealsတွေကိုကျွေးပေးပါ။ အသက်ပိုကြီးတဲ့ကလေးတွေကိုတော့အနီရောင်ရှိတဲ့အသားများ၊ကြက်သား၊ငါး၊ပဲနှင့်အစိမ်းရောင်ရှိသောအရွက်များကိုကျွေးပေးပါ။ နွားနိအရမ်းမတိုက်ပါနဲ့။ တစ်နှစ်မှငါးနှစ်ကလေးများကိုနို့တစ်လီတာရဲ့လေးပုံသုံပုံထက်ကိုမပိုပါစေနဲ့။ အူမှအစာစုပ်ယူမှုကောင်းအောင်လုပ်ပေးပါ။ ဗီတာမင်စီဟာသံဓါတ်စုပ်ယူမှုကောင်းအောင်လုပ်ပေးမှာပါ။ ဗီတာစီကြွယ်ဝတဲ့အစိမ်းရောင်ရှိတဲ့အရွက်တွေ၊သခွားမွှေး၊ဆစ်ထရစ်ပါတဲ့အသီးများ၊စတော်ဘယ်ရီသီး၊ငရုပ်ကောင်းနဲ့ခရမ်းချဉ်သီးတို့ကိုစားပေးခြင်းအားဖြင့်သံဓါတ်ကိုများများစုပ်ယူစေမှာပါ။ သွေးစစ်ခြင်းအားဖြင့်သံဓါတ်နည်းခြင်းနဲ့သွေးအားနည်းခြင်းတို့ကိုစစ်ဆေးနိုင်မှာပါ။ မွေးကင်းစကလေးငယ်တွေကိုအသက်၉နှစ်မှ၁၂နှစ်အတွင်မှာစစ်ဆေးသင့်ပါတယ်။ သံဓါတ်နည်းနိုင်ခြေရှိတဲ့လူတွေကတော့အသက်ကြီးသွားတဲ့အခါတွေမှာထပ်မံစစ်ဆေးရပါလိမ့်မယ်။ စစ်ဆေးချက်အဖြေကိုကြည့်ကာသံဓါတ်အားဖြည့်ဆေးသောက်ရမလား၊မာတီဗိုက်တာမင်တွေသောက်ရမလားထပ်မံစစ်ဆေးရအုန်းမလားဆိုတာကိုဆရာဝန်ကပြောပြပါလိမ့်မယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


မိခင်နို့တိုက်ကျွေးခြင်း

မိခင်ဖျားနေစဉ် ကလေးကိုမိခင်နို့တိုက်လို့ရသလား

မိခင်နို့တိုက်ကျွေးနေသော မိခင်တစ်ယောက်ဖျားခြင်းသည် ကလေးနို့တိုက်ဖို့အတွက် စိတ်ပူစရာတစ်ခုဖြစ်ပါသည်။ အမှန်တကယ်တော့ မိခင်ဖျားနေစဉ် အချိန်အတွင်း ကလေးအား မိခင်နို့်ဆက်လက်တိုက်ခြင်းသည် ကလေးအတွက် စိတ်ချရရုံ အန္တရာယ်ကင်းရုံသာမက ကလေးအတွက် ပိုမိုပင်အကျိုးရှိစေနိုင်ပါသည်။   မိခင်ဖျားနေပါက ကလေးကို နို့တိုက်နိုင်ပါသလား။ အခြေအနေအများစုတွင် မိခင်နို့တိုက် နိုင်ပါသည။် သင်သည် နှစ်ဆယ့် လေးနာရီပတ်လုံး ဖျားနေမည်ဆိုလျှင် ကလေးကိုပါ အဖျားကူးမှာ စိတ်ပူတတ်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ သို့သော်လည်း မိခင်နို့တိုက်ခြင်းသည် ကလေးငယ်အတွက် တကယ်ပင်ကောင်းမွန်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်ဖျားနေသောအချိန်တွင် သင့်ခန္ဓါကိုယ်သည် ပိုးမွှားများကို တိုက်ခိုက်ပေးမည့် ကိုယ်ခံအားများ တည်ဆောက်နေပါသည်။ ဤဖြစ်စဉ်သည် သင်၏ခန္ဓါကိုယ်တွင် ရောဂါပိုးရှိနေသော ပထမနှစ်ဆယ့်လေးနာရီအတွင်း ဖြစ်ပွားပါသည်။ ကံအားလျော်စွာဖြင့် ပထမနှစ်ဆယ့်လေးနာရီအတွင်း ရောဂါလက္ခဏာများ မပြသေးပါ။ ထိုခုခံအားများသည် သင့်ခန္ဓါကိုယ်ထဲတွင် လေးရက်မှ ငါးရက် အထိ ရှိနေနိုင်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်အများစု၏ ရောဂါလက္ခဏာပြဖို့ကြာချိန်သည် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိဘများမှဆင်းသက်လာသည် ဆိုသည်မှာ မှန်ပါသလား။

သိပ္ပံပညာရှင်များသည် ထိုမေးခွန်းကို ရာစုနှစ်တစ်ခု ထက်ပိုပြီး လေ့လာစမ်းသပ်ခဲ့ကြသည်။ အဖြေကတော့ ရှင်းပါသည်။ လူအမျိုးမျိုးတွင် ဉာဏ်ရည်ဉာဏ်သွေး အမျိုးမျိုးကွဲပြားခြားနားခြင်းသည် မျိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့်ဖြစ်သည်။   ဉာဏ်ရည်တိုင်းတာခြင်း လူသားများ၏အမူအကျင့်နှင့် အသိအမြင်အခန်းကဏ္ဍများကဲ့သို့ပင် ဉာဏ်ရည်သည်လည်းပဲ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးခြင်းကိုခံရသော ရှုပ်ထွေးသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် လေ့လာဖို့အတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။ ၎င်းကိုနည်းလမ်းမျိုးစုံဖြင့် တိုင်းတာ သတ်မှတ်နိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်သော သတ်မှတ်ချက်အများစုတွင် အတွေ့အကြုံများမှ လေ့လာနိုင်ခြင်းစွမ်းရည်နှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိအောင် ပြောင်းလဲနေထိုင်နိုင်ခြင်းများ ပါဝင်သည်။ ဉာဏ်ရည်ဉာဏ်သွေး၌ ပါဝင်ဖွဲ့စည်းထားသော အချက်အလက်များတွင် ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း ၊ အစီအစဉ်ချနိုင်စွမ်း၊ ပြဿနာများဖြေရှင်းနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ ရှုပ်ထွေးသော ကိစ္စရပ်များကို နားလည်နိုင်စွမ်းတို့ပါဝင်ကြသည်။ လေ့လာချက်များစွာသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ အတိုင်းအတာ အိုင်ကျူ(IQ)ဟုခေါ်သော ဉာဏ်ရည်တိုင်းတာမှုတစ်ခုပေါ်တွင် မှီခိုကြသည်။   ဘယ်အရာသည်ကလေး၏ဉာဏ်ရည်ကိုဆုံးဖြတ် […]


ကလေးအရေပြားပြဿနာများ

ကလေး သေးခံလောင်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။ ဘယ်အရာများသည်အနှီးပူလောင်ခြင်းကို ဖြစ်ပွား စေနိုင်သလဲ။ စိုစွတ်ခြင်း ဘယ်လောက်ပဲ စုပ်ယူမှုအားကောင်းသည်ဟု ကြော်ငြာထားသော ကလေးသေးခံ (Diaper) ဖြစ်စေကာမူ စိုထိုင်းမှုအနည်းငယ်တော့ရှိပြီး သင့်ကလေး အရေပြားနှင့်ထိတွေ့နေရမည်ဖြစ်သည်။ ထို့အပြင် သင့်ကလေး၏ ဆီးနှင့်ဝမ်းမျာ း ရောသွားသောအခါ ဘက်တီးရီးယားပိုးများပေါက်ပွားရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများသည် သေးခံလောင်ခြင်းဝေဒနာကို ပိုမိုခံစားရ လေ့ ရှိသည်။ တစ်ဖက်တွင်မူ သေးစိုခံဒိုင်ပါ ပုံမှန်လဲပေးနေလျှင်တောင်မှ သေးခံလောင်ခြင်း မဖြစ်ဘူးဟု အာမမခံနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိခိုက်လွယ်သောအရေပြားသည် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။ ဓါတုပစ္စည်းများထိတွေ့မှု သေးခံလောင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်သည် သေးစိုခံဒိုင်ပါနှင့် ကလေး၏အရေပြားများ ပွတ်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် သေးစိုခံဒိုင်ပါတွင် ပါဝင်သောအမွှေးရနံ့များ သို့မဟုတ် အနှီးလျှော်ရာတွင်သုံးသော ဆပ်ပြာများ စသောဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်သည်။ သေးခံလောင်ခြင်းသည် ကလေးငယ်ကိုသုံးပေးသော ကလေးလိုးရှင်း သို့မဟုတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း

(ဒီကလေး ငါပြောသမျှစကားကိုနားမထောင်တာဘယ်တော့ရပ်မလဲ၊ငါပြောတဲ့အတိုင်းဘယ်တော့မှ လုပ်မလဲ) သင်ဒီလိုမျိုး စဉ်းစားဖူးပါသလား။ ဤအရာသည် အလွန်စိတ်ပျက်စရာလည်း ကောင်းကာ ပင်ပန်းပါသည်။ သင့်ကလေးသည် သင်ပြောသမျှအရာတိုင်းကို ဆန့်ကျင်မည်၊ ဒေါသထွက်မည်၊ စိတ်ပျက်စရာ ကောင်းလောက်အောင်ပြုမူနေမည်ဆိုလျှင် ဤကဲ့သို့ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းပြီး ခြေကုန်လက်ပမ်း ကျနိုင်ဖွယ်ရှိပါသည်။ မိဘများသည် မကြာခဏဆိုသလို ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကူကယ်ရာမဲ့သလို ခံစားတတ်ကြပါသည်။ ထိုကဲ့သို့ခေါင်းမာသောကလေးများကို အနာဂါတ်နှင့်ပက်သက်ပြီး စိတ်ပူတတ်ကြပါသည်။ ကံကောင်းသည်ကတော့ ကလေးများတွင် ထိုကဲ့သို့စကားနားမထောင်တာကို ဖြေရှင်းဖို့က် သင်ထင်ထားသည်ထက်ပိုမိုလွယ်ကူသောနည်းလမ်းများရှိပါသည်။ သင်သိလိုပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ပါ။   ကျောင်းမတက်မီကလေးများသည်အဘယ်ကြောင့် မိဘများ ကိုဆန့်ကျင်ကြသနည်း။ ကလေးများသည် သူငယ်ချင်းများ အိမ်မှပြန်ဖို့ငြင်းဆန်မည်၊သင်ပြောသမျှကိုအရုပ်များနှင့် ပစ်ပေါက်ပြီးငြင်းဆန်မည်၊သင်ဘယ်လောက် သတိပေးပေး လှေကားတွင် ကားများတွန်းပြီးဆော့နေမည်၊ ဘာကြောင့်ကလေးသည် ထိုကဲ့သို့ခေါင်းမာပြီးမိဘစကားနားမထောင်ရသလဲ။ မူကြိုအရွယ်ကလေးများသည် လမ်းလျှောက်တတ်ကာစ အရွယ်ကထက်စာလျှင် သင့်ကို မှီခိုမှုကင်းမဲ့သွားပြီဖြစ်ပါသည်။ ယခုဆိုလျှင်သူတို့သည်ပိုမိုသန်မာကြံ့ခိုင်လာပြီဖြစ် ပါသည်။ ပုန်ကန်တတ်သောအလေ့အကျင့်အနည်းငယ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် သူတစ်ယောက် ဘယ်လိုရှာဖွေမလဲ

အိမ်ကိုမွေးကင်းစကလေးတစ်ယောက် ရောက်လာပြီဆိုတာနဲ့ သင်ဘာကိုအရင်ဆုံးတွေးမိမလဲ။ ကလေးအတွက်လိုအပ်တာတွေ မဝယ်ခင် နာမည်ပေးတာတွေမလုပ်ခင် အရေးကြီးဆုံးက ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးဖို့သူတစ်ယောက် ရဖို့ပါ။ ဒါမှသာသင့်ကလေးရဲ့အရေးကြီးဆုံး အချိန်ကာလမှာလုံခြုံမှုနဲ့ ကျန်းမာမှုရစေမှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကလေးနဲ့သင့်လျော်တဲ့ စောင့်ရှောက်မှုရစေဖို့အောက်ပါစာပိုဒ်လေးတွေကို သေချာဖတ်ရှုစေချင်ပါတယ်။   ကလေးကျန်းမာရေး စောင့်ရှောက်သူတစ်ယောက် ရှာဖို့ သင့်တော်တဲ့အချိန် ကလေးမီးမဖွားခင်ကာလတည်းက မိဘတိုင်းက စောင့်ရှောက်သူတစ်ယောက်ရှိသင့်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှမြန်မြန်ရှာဖို့ ပဲတိုက်တွန်းချင်ပါတယ်။ ဒီလိုမှ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချစရာ အချိန်များများ ရနေမှာဖြစ်တယ် သင့်တော်တဲ့အချိန်ကတော့ မွေးမယ့်ရက်မတိုင်ခင် ၃လခန့်ဖြစ်ပါတယ်။ ဒါပေမယ့်မြို့ကြီးပြကြီးမှာ နေသူတွေအတွက်ကတော့ ၆လအလိုတည်းက ကြိုရှာထားသင့်တယ်။-ဒါပေမယ့် အဲဒီလိုလူတွေနဲ့မဆက်သွယ်ခင်မှာ သင်ဘယ်လို စောင့်ရှောက်သူမျိုးကိုလိုချင်တယ် ဘယ်လိုကျန်းမာရေးအခြေအနေမျိုးက သင့်ကလေးနဲ့သင့်တော်တယ်ဆိုတာ ကြိုစဉ်းစားသင့်ပါတယ်။   ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူ အမျိုးအစားများ ဝန်ဆောင်မှုပေးသူ (၃)မျိုးရှိပါတယ်။ ၁။ ကလေးအထူးကုဆရာဝန် ဆရာဝန်တွေဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေအတွက် စောင့်ရှောက်မှုပေးရာမှာထူးချွန်ပြီးသားသူ တွေဖြစ်ပါတယ်။ သူတို့အဓိက လုပ်မယ့်အရာတွေက ကလေးအတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း