backup og meta

သင့်ကလေးကို ယုံကြည်မှုတွေရှိလာစေဖို့


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ယုံကြည်မှုတွေရှိလာစေဖို့

    ယုံကြည်မှုဆိုတာအောင်မြင်ခြင်းလမ်းကြောင်းရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် မိဘတွေဟာသားသမီးတွေကိုအစကတည်းကယုံကြည်မှုတွေရှိတတ်ဖို့ သင်ပေးသင့်တယ်ဆိုတာ သဘာဝကျပါတယ်။ ကိုယ်ဟာအောင်မြင်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုယုံကြည်နေဖို့ ယုံကြည်မှုတွေပေါ့။ ကလေးတွေဟာသူတို့အရည်အချင်းတွေကိုယုံကြည်သွားတာနဲ့အမျှ ကမ္ဘာပတ်စူးစမ်းဖို့တောင် တွန့်ဆုတ်နေတော့မှာမဟုတ်ဘူးလေ။

    အဲ့လိုယုံကြည်မှုတွေရဖို့က လေ့ကျင့်မွေးမြူလို့ရနိုင်တယ်ဆိုတာ သတင်းကောင်းတစ်ခုပဲပေါ့။ ကလေးတွေ မိမိကိုယ်မိမိ ပိုပြီးကောင်းမွန်တဲ့လူတွေဖြစ်လာဖို့ ကြိုးစားအောင် မိဘတွေကလက်ဦးဆရာဖြစ်ပေးသင့်ပါတယ်။

    အဲ့လိုတွေလေ့ကျင့်ပေးဖို့ အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေပါ –

    နေထိုင်သွားလာမှုပုံစံကိုကောင်းမွန်စေခြင်းအားဖြင့် သူတို့ကိုယ်ပိုင်ပုံရိပ်တိုးတတ်ပါစေ

    နေထိုင်သွားလာတဲ့စနစ်၊ပုံစံတွေကိုအထင်မသေးပါနဲ့။ သင့်တော်တဲ့ပုံရိပ်တွေနဲ့ ကလေးတွေဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။ အစပိုင်းမှာနေထိုင်မှုပုံစံတွေ တမင်ကျင့်ယူရင်းနောက်ပိုင်းအသားကျလာဖို့ သင်ပေးသင့်ပါတယ်။ ခေါင်းကိုမော့ ပုခုံးကိုလျှော့ကာခါးကိုမတ်မတ်ထားပြီးရင်ကိုဖွင့်ထားတာမျိုးပေါ့။ ဒီလိုပုံစံမှန်နေထိုင်ခြင်းဟာသူတို့ကိုယုံကြည်မှုရှိလာစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။

    ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါစေ

    ကိုယ်ပိုင်ယုံကြည်မှုတွေတိုးတက်လာဖို့ နည်းကောင်းတစ်ခုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေပေးခြင်းပါ။ သူတို့ဆုံးဖြတ်ရမှာတွေကသူတို့အသက်အလိုက်တော့ သင့်တော်ဖို့လိုတာပေါ့လေ၊ ဒီလိုလေ့ကျင့်မှုမျိုးဟာသူတို့ကိုယ်သူတို့ ပိုအစွမ်းရှိတယ်လို့ခံစားလာရစေပြီးကိုယ်ပိုင်ယုံကြည်မှုတွေတိုးလာစေမှာပါ။

    အလွန်အကျွံချီးမွမ်းခြင်းကိုရှောင်ပါ

    သူတို့ကြိုးစားအားထုတ်မှုတွေ အလျှော့မပေးတတ်တဲ့စိတ်ဓါတ်တွေကိုချီးကျူးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်ပိုင်အစွမ်းအစတွေကိုတော့ အရမ်းမချီးကျူးပါနဲ့ ။ ဒါတွေကိုခဏခဏချီးကျူးတာများသွားရင်တော့ ပြဿနာကြုံရင် သတ္တိမရှိဘဲနေပါလိမ့်မယ်။

    အမူအကျင့်ကောင်းဖို့သင်ပြပေးပါ

    အမူအကျင့်ကောင်းတာနဲ့ ယုံကြည်မှုရှိတာဘယ်လိုသက်ဆိုင်လဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာမျိုး၊ တြားလူတွေနဲ့ ဆက်ဆံတဲ့အခါ သင့်တော်တဲ့အသုံးအနှုန်းနဲ့ ခေါ်ပြောဆက်ဆံတတ်တာမျိုးဟာသူတို့ယုံကြည်မှုတွေ တိုးလာစေဖို့ အခြေခံအချက်တွေဖြစ်မှာပါ။

    ပြနာတွေဖြေရှင်းတတ်ပါစေ

    ကလေးတွေမှာစိန်ခေါ်မှုတွေတွေ့လာရတဲ့အခါ မိဘတွေကဝေမျှပြီးကူညီဖြေရှင်းပေးတတ်ကြတယ်။ သင်အမြဲအဲ့လိုဖြေရှင်းပေးနေမယ်ဆိုရင် ကလေးဟာကိုယ့်အပေါ်မှီခိုမှုများလာပြီး သူတို့ဘဝနဲ့ပတ်သတ်တာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်လာပါလိမ့်မယ်။ အဲ့အစားသူတို့ပြဿနာအဖြေကိုသူတို့ကိုပဲရှာခိုင်းလိုက်ပါ။ တခါတလေကောင်းကောင်းမွန်မွန်ဖြေရှင်းပြီးသွားပေမယ့် ကလေးကသူ့ကိုသူအားမရတွေဖြစ်ကျန်နေခဲ့တတ်ပါတယ်။ အဲ့လိုဖြစ်တာကိုလည်းစိတ်မပူပါနဲ့၊ ဘာကြောင့်လဲဆို နှစ်ခုစလုံးကသင့်ကလေးကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့၊ ကျွမ်းကျင်လိမ္မာတတ်မြောက်ဖို့အတွက် အထောက်အပံ့ကောင်းတွေဖြစ်ပါလိမ့်မယ်။

    တာဝန်ယူတတ်ပါစေ

    ဒီနေရာမှာ တာဝန်ယူမှုဆိုတာ ကိုယ့်အိပ်ရာကိုယ်ခင်းတာသိမ်းတာ၊ အိမ်သန့်ရှင်းရေးလုပ်ပေးတာ၊ ပန်းကန်ဆေးတာမျိုးတွေပေါ့။ ဒီလိုမျိုးတွေလုပ်ပေးခြင်းဖြင့် သူတို့ကိုယ်သူတို့ပိုယုံကြည်လာစေပြီးမိသားစုမှာသူ့တန်ဖိုးကိုပိုသိမြင်လာစေပါလိမ့်မယ်။

    သင်ကိုယ်တိုင်လည်းကိုယ်ပိုင်ယုံကြည်ချက်တိုးတက်နေပါစေ

    မိဘတွေဟာကလေးတွေရဲ့ စံပြလူသားတွေပါ။ သူတို့ကိုမသင်ကြားခင်မှာသင်ကိုယ်တိုင်ကလည်းကိုယ်ပိုင်ယုံကြည်ချက်တွေမြင့်တက်နေမှဖြစ်မှပါ။ ဒါကအရေးအကြီးဆုံးအချက်ဆိုတာမမေ့ပါနဲ့နော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement