ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးပြုစုစောင့်ရှောက်ခြင်း

22 လအရွယ်ကလေးငယ်

၂၂လအရွယ်ကလေးကိုပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိထားဖို့ လိုအပ်သလဲ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးတိုးတက်လာသင့်သလဲ။ သင့်ကလေးဟာခုဆိုရင် အသက်၂၂လရှိနေပါပြီ။ သူဟာဘီးပါတဲ့ကစားစရာလေးတွေကိုလျှောက်လမ်းတစ်လျှောက်တွန်းချင်နေတာမျိုးဒါမှမဟုတ် သူလုပ်ချင်တာတွေ အများကြီးရှိနေမှာပါ။ သင်ကသူတွေးနေတာတွေကိုနှောက်ယှက်မယ် ဒါမှမဟုတ် သူလုပ်ချင်တာတွေကိုပိတ်ထားမယ်ဆိုရင် သူအမူအရာတွေ ချက်ချင်းပြောင်းလဲသွားတာကိုတွေ့ရမှာပါ။ ဒီအရွယ်ကလေးတွေဟာအရမ်းကိုထိခိုက်ခံစားလွယ်ပါတယ်။ သူလိုချင်တာရတဲ့အခါမှာပျော်ရွှင်သွားတာနဲ့ စိတ်တိုင်းမကျတဲ့အပြုအမူတွေကိုသိသိသာသာပြတတ်လာပါတယ်။ ဒါတွေဟာသူ့ရဲ့လွတ်လပ်ခွင့်ကိုသူရဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အာရုံပြောင်းခြင်းဟာအဓိကသော့ချက်ပါပဲ။ သင့်ကလေးရဲ့အာရုံစိုက်နိုင်စွမ်းဟာအကြာဆုံးမှ ၁၀မိနစ်ပဲရှိတာပါ။ အာရုံလွှဲခြင်းနဲ့ မဖြစ်နိုင်တာတဲ့အရာတွေ လျှောက်လုပ်ခြင်းကိုတားဆီးလိုက်တာဟာသူ့ရဲ့ထိန်းချုပ်ရခက်တဲ့ အတွေးတွေကိုမေ့သွားစေနိုင်ပါတယ်။ ဒေါသတကြီးအော်ဟစ်မနေတော့ဘဲတခြားအရာတစ်ခုကိုအာရုံရောက်သွားစေနိုင်ပါတယ်။ တစ်ခါတလေသင့်ကလေးကိုပွေ့ပြီးအခြားအခန်းတစ်ခန်းကိုခေါ်သွားတာမျိုးအထူးသဖြင့် အပြင်ထွက်တာမျိုးတွေဟာသူစိတ်ပြေစေနိုင်တဲ့နည်းလမ်းတွေပါ။ သင့်ကလေးဟာသင့်ရဲ့အာရုံစိုက်မှုကိုရဖို့ သူလုပ်နေတာတွေကိုရပ်ထားလိုက်ပါလိမ့်မယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ အလုပ်တစ်ခုကိုအောင်မြင်မှချိးကျူးပေးတာမျိုးမဟုတ်ဘဲခက်ခက်ခဲခဲလုပ်နေရတဲ့အချိန်မှာအားပေးချီးမြှောက်တာကလည်းစိတ်ပျက်ခြင်းတွေကြားထဲမှာစိတ်ဓါတ်တက်ကြွလာစေပြီးအခက်အခဲတွေဖြေရှင်းနိုင်မှာပါ။ တကယ်လို့သူကငိုယိုပြီးမဖြစ်ဖြစ်အောင်ကြိုးစားနေရင် သင်က “ သားအတွက်ဖိနပ်စီးရတာခက်ခဲနေမယ်မှန်းမေမေသိတယ်။ ဒါပေမဲ့ သားကတကယ်ကြိုးစားနေတာပဲ” “ အိုသားစိတ်ဆိုးနေတာလား။ မေမေဘာလုပ်ပေးရမလဲ” စသဖြင့် သင်ပြောပေးလို့ရပါတယ်။ လေးလံတဲ့ဘလော့တုံးတွေကိုနေရာတကျပြန်စီတာမျိုးနဲ့ အပင်တွေကိုရေကူလောင်းပေးတာမျိုးလိုခက်ခဲပြီးစိန်ခေါ်မှုတွေပြည့်နေတဲ့ အလုပ်တွေဟာသင့်ကလေးရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့စိတ်ကိုပိုပြီးလျင်မြန်စွာတိုးတက်စေနိုင်ပါတယ်။ သူနည်းနည်းအခက်တွေ့နေတယ်လို့ထင်ရင် ချက်ချင်းပြေးပြီးကူညီတာမျိုးမလုပ်မိအောင်ထိန်းပါ။ အဲ့ဒီလိုလုပ်ပေးလိုက်တာဟာ သူ့ကိုမှီခိုတတ်တဲ့စိတ်တွေဝင်သွားစေပြီး ယုံကြည်မှုတွေ ယိုင်နဲ့သွားစေပါတယ်။ သင့်ကလေးအလုပ်အသစ်တွေကိုစတင်လုပ်တဲ့အခါမှာသင့်ရဲ့မိခင်စိတ်နဲ့ ဝင်ရောက်ကူညီပြီး ကလေးကိုကာကွယ်ချင်တဲ့စိတ်ကသင့်အတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပါပဲ။ ကလေးကိုသင့်ထံမှအကူအညီတောင်းခံလာအောင်လုပ်နေတာကသိပ်ပြီးအကျိုးမရှိပါဘူး။ သင့်ကလေးအိပ်ပျော်သွားတာမျိုးကစားနည်းထဲမှာ အာရုံဝင်စားနေတာမျိုး […]


ကလေးငယ်ပထမနှစ်

17 လအရွယ်ကလေး

၁၇လအရွယ်ကလေးအကြောင်းသင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးကြီးထွားလာမှုနဲ့ အပြုအမူများ ကလေးဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ သင့်ကလေးဟာခုဆို ၁၇လရှိပါပြီ။ သင့်ကလေးဆီကအသံတချို့ထွက်လာတာသင်သတိထားမိမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာကြောက်ကြောက်လန့်လန့်အော်လိုက်တဲ့အသံပါ။ သင့်မှာအော်ဟစ်တတ်တဲ့ကလေးမရှိတဲ့အတွက် သင်ကံကောင်းတယ်လို့ ခုတော့သင်ထင်နေမှာပဲ။ စဉ်းစားကြည့်ပါ။ သင်ဟာအခုအော်တတ်တဲ့ကလေးရဲ့မိဘတစ်ယောက်ဆိုရင်ရော။ ဒီအချိန်တွေဟာသိပ်ကြာမှာမဟုတ်တဲ့အတွက်စိတ်ပူဖို့တော့မလိုအပ်ပါဘူး။ သင့်ကလေးဟာသူအသံထွက်နိုင်မှန်းသိပြီးတဲ့နောက် သူ့အသံဘယ်လောက်ထိကျယ်နိုင်လဲလို့ စမ်းသပ်နေတာပါ။ ဒါကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ လျစ်လျူရှုထားခြင်းပါပဲ။ သင်ဂရုစိုက်နေလေလေသူကပိုပြီးအော်ချင်လေလေဖြစ်မှာပါ။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။ သင့်ကလေးဟာ လျှာနဲ့ ပါးစပ်ကြွက်သားတွေ သန်မာလာတဲ့အလျောက် အသံထွက်ကလည်းပိုပြီးတိုးတက်လာပါလိမ့်မယ်။ သူပြောတဲ့စကားကိုထပ်ခါထပ်ခါ ပြန်ပြောခိုင်းပါ။ ဒီလိုလုပ်ခြင်းဟာအသံထွက်မှန်ကန်လာစေပြီးဖခင်နဲ့အခြားသူတွေကိုနားလည်သွားအောင်လုပ်ပေးနိုင်မှာပါ။ အချိန်နဲ့ စိတ်ရှည်သည်းခံမှုတွေနဲ့အတူကလေးတွေဟာအမြဲတမ်းဒီအခြေအနေကနေ ကြီးလာကြတာပါ။ သင့်ကလေးဟာသင့်နားနားကပ်ပြီးအော်ဟစ်ပစ်နိုင်ပါတယ်။ အဲ့လိုအော်ဟစ်ခြင်းဟာသင့်နားကိုနာကျင်စေတယ်ဆိုတာသူတို့ကိုရှင်းပြပါ။ ပြီးတော့ သူပုံမှန်အသံနဲ့ မပြောမချင်းသူ့ကိုတုံ့ပြန်မှာမဟုတ်ဘူးဆိုတာပြောပြပါ။ သူ့ကိုအဲ့ဒါတွေပြောနေတဲ့အချိန်မှာလည်းမအော်မိပါစေနဲ့။ “ ဒါကသားရဲ့ အပြင်အသံလေဒီအသံကိုပန်းခြံထဲမှာကစားကွင်းထဲမှာကစားတအဲ့ခါ သုံးကြတာပေါ့” လို့ပြောပါ။ ကလေးစကားနားထောင်တာအာရုံစိုက်တာကိုသင်တကယ်လိုချင်တယ်ဆိုရင်တော့ သူ့ကိုစကားပြောတဲ့အချိန်မှာလေသံကိုလျှော့ပြီးတိုးတိုးလေးပြောပါ။ အစာကျွေးချိန်တိုင်းမှာ မျှတတဲ့ပေါင်းစပ်မှုပုံစံနဲ့ကျွေးကြည့်ပါ။ တကယ်လို့သင်ကကျန်းမာရေးနဲ့သင့်တော်တဲ့ အစာအုပ်စုပေါင်းစုံကအစာတွေကိုများများကျွေးမယ်ဆိုရင် သူကတစ်ချိန်မှာအသီးအရွက်ကြီးပဲစားပြီးနောက်တစ်ချိန်မှာ အနှံတွေကြီးပဲစားမယ်ဆိုရင်တောင် သူလိုအပ်တဲ့အာဟာရတွေကပြည့်စုံနေမှာပါ။ တစ်ပတ်လုံးမှာသူဘာတွေကိုအများဆုံးစားသလဲဆိုတာကသင့်ရဲ့အာဟာရပြည့်ဝတဲ့အရောအနှောတွေကို တစ်ရက်တည်းမှာသို့မဟုတ် အစာကျွေးချိန်တိုင်းမှာကျွေးနေတာထက်ပိုပြီးအရေးပါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကိုရွေးချယ်တဲ့နေရာမှာသူတို့လိုအပ်တဲ့အာဟာရတွေနဲ့ လိုအပ်တဲ့ပမာဏကကလေးငယ်တွေက သဘာဝတရားအရကို ကောင်းမွန်စွာရွေးချယ်နိုင်ပါတယ်။   ကျန်းမာရေးနဲ့ […]


ကလေးငယ်ပထမနှစ်

18 လအရွယ်ကလေးငယ်

၁၈လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ ဒီလထဲမှာသင့်ကလေးအလျင်အမြန်ဖွံ့ဖြိုးလာတာကိုတွေ့ရမှာပါ။ ယေဘုယျအားဖြင့် သင့်ကလေးရဲ့အတိုင်းအတာတွေကအောက်ပါအတိုင်းရှိသင့်ပါတယ်။ အလေးချိန် : 10kg မှ 14kg (ကျား), 9kg မှ 13kg (မ) အရပ်အမြင့် :77cm မှ 87cm (ကျား), 74cm မှ 86cm (မ) ဦးခေါင်းအရွယ်အစား : 46cm မှ 50cm(ကျား), 44cmမှ 49cm (မ) တကယ်လို့ သင့်ကလေးကဒီအတိုင်းအတာတွေအတိုင်းမဖြစ်လည်းစိတ်မပူပါနဲ့။ ဒါကယေဘုယျတိုင်းတာထားတာပါ။ သင့်ကလေးပုံမှန်ကြီးထွားနေပြီးသွက်လက်နေဖို့ပဲအရေးကြီးတာပါ။ သင်စိတ်ပူနေသမျှအရာအားလုံးကို ဆရာဝန်ကိုမေးပါ။ သင့်ကလေးဟာသူ့ခြေထောက်ပေါ်သူမတ်မတ်ရပ်နိုင်ပါပြီ။ ဘောလုံးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးသင့်ထံလည်းပစ်ပေးနိုင်ပါပြီ။ သူ့မျက်စိရှေ့မှာမရှိတဲ့ပစ္စည်းတွေကိုဘယ်လိုခေါ်သလဲဆိုတာကိုတောင် သူမှတ်မိနေပါပြီ။ သူအကြိုက်ဆုံးပစ္စည်းတွေနဲ့ တူတူပုန်းတမ်းဆော့ဖို့ အကောင်းဆုံးအချိန်ပါ။ အရောင်တွေနဲ့ အထိအတွေ့ကိုအသုံးပြုပြီးတော့ သူ့ရဲ့အာရုံခံစားနိုင်စွမ်းပိုကောင်းလာဖို့လည်းလုပ်ပေးနိုင်ပါသေးတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ရမလဲ။ တစ်ခါတလေမှာကိုယ့်ဖာသာလမ်းလျှောက်နိုင်တဲ့ကလေးကိုလည်းပွေ့ချီခေါ်သွားဖို့လိုအပ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ပါ။ လူတွေကြားထဲမှာသင့်ကလေးဟာပျောက်သွားမှာကိုကြောက်နေတတ်ပြီးကိုယ့်ကိုကိုယ်လည်းသိမ်ငယ်နေတတ်ပါတယ်။ သူတကယ်ကိုပင်ပန်းနေတာပါ။ သူ့ကိုအာရုံစိုက်ပြီးဂရုစိုက်ဖို့ တကယ်ကိုလိုအပ်နေတာပါ။ သင်ပွေ့သွားမယ်ဆိုပြီးပွေ့ပြီးခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်ကိုသို့မဟုတ် […]


ကလေးငယ်ပထမနှစ်

19 လအရွယ်ကလေးငယ်

ကလေးကိုဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်သလဲ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ ကလေးဟာဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ သင့်ကလေးရဲ့ ဝေါဟာရတွေဟာ ခုချိန်တွေမှာအလျင်အမြန်ကိုတိုးတက်လာတော့မှာပါ။ ပထမမှာသူကတစ်လုံးတည်းရှိတဲ့စကားတွေ အမည်တွေပြောနေပေမဲ့ သိပ်မကြာခင်မှာတော့ အဲ့ဒီစကားလုံးတွေနဲ့တွဲသုံးလို့ရတဲ့ စကားလုံးတွဲတွေကိုပါပြောတတ်လာတော့မှာပါ။ ခုချိန်မှာသင့်ရဲ့ ၁၉လ ကလေးလေးဟာမျက်လုံးနဲ့လက်လှုပ်ရှားမှုတွေတစ်ထပ်တည်းကျလာမယ်။ ခြေထောက်နဲ့လက်မောင်းကြွက်သားတွေသန်မာလာပြီးတော့ လှုပ်ရှားနိုင်တဲ့စွမ်းရည်တွေကိုလှေကားအတက်အဆင်းပြုလုပ်ခြင်းကနေရလာပါလိမ့်မယ်။ ဒီလှုပ်ရှားနိုင်တဲ့စွမ်းအားကိုသူဘယ်လိုအသုံးပြုလဲဆိုတာကတော့ သူ့ရဲ့ပင်ကိုယ်အရည်အချင်းပေါ်မှာမူတည်ပါတယ်။ တက်ရခက်ခဲတဲ့နေရာတွေမှာဘယ်နေရာလေးပဲခြေကုပ်ရရရအောင်နေတတ်ကြတဲ့ တောင်ဆိတ်တွေလိုမျိုးသူ့ခုံပေါ်ကနေခုတင်ပေါ်ကို ၊ သူ့အတွက်ခြံဝင်းလေးထဲကနေ မီးဖိုထဲကိုဘယ်လိုသွားရသလဲဆိုတာကိုသူသေချာလေ့လာနေနိုင်ပါတယ်။ အဲ့လိုတွေ တက်တတ်နေတာကောင်းပေမဲ့ အန္တရာယ်ကင်းဖို့လိုပါတယ်။ သင့်ကလေးဟာ ရုတ်တရက်အိပ်ရာဝင်ရမှာကိုငြင်းဆန်တတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာကသူမပါဘဲနဲ့ ကမ္ဘာကြီးဟာပိုပျော်စရာကောင်းတယ်လို့သူထင်နေလို့ပါ။ သူကပျင်းစရာကောင်းတဲ့အိပ်ရာထဲမှာတစ်ယောက်တည်းနေနေရချိန်မှာဖေဖေနဲ့မေမေကပျော်စရာတွေအများကြီးနဲ့ အရမ်းပျော်နေကြမှာပဲလို့ ထင်နေပါတယ်။ အထူးသဖြင့် လူတွေစကားပြောတာနဲ့ TVထဲကအသံတွေကို ကြားနေရတဲ့ကလေးတွေမှာဒီလိုဖြစ်ရပ်မျိုးပိုဖြစ်တတ်ပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ ဒီအချိန်ဟာ ရေအိမ်ဝင်တတ်အောင်သင်ပေးတာကို အရှိန်မြှင့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ ခြေထောက်ထောက်ထားလို့ရပြီးအိုးပါတဲ့ထိုင်ခုံလေးတွေနဲ့သင်ပေးတာကအလွယ်ကူဆုံးနည်းလမ်းဖြစ်မှာပါ။ တပ်ထားတဲ့ ရေအိမ်ထိုင်ခုံကအနည်းငယ်တော့ ဆန်းကြယ်နေပါမယ်။ ဒီရေအိမ်ကိုသုံးတတ်ဖို့အတွက် သင့်ကလေးဟာခြေနင်းခုံတွေကိုအသုံးပြုပြီးရေအိမ်ပေါ် သူကိုယ်တိုင် တစ်ယောက်တည်းတက်သွားနိုင်တဲ့ အသက်အရွယ်ရှိရမှာဖြစ်ပြီးနာခံတတ်ဖို့လည်းလိုပါတယ်။ အရမ်းကိုနာခံတတ်ပြီးပျော်ရွှင်နေတတ်တဲ့ကလေးတွေတောင်မှ တစ်ခါတလေမှာငိုတတ်၊ အီတတ်ပြီးတစ်ခုခုကိုအကြောက်အကန် ကိုင်ထားတတ်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူစိတ်တိုင်းမကျတာစိတ်ညစ်နေတာတွေကိုသင်သိနေကြောင်းပြောပြပါ။ သူ့ခံစားချက်လေးတွေကိုအသိအမှတ်ပြုပေးပါ။ ဒါပေမဲ့ ဒီလိုအခြေအနေကနေလွတ်ရင်ပြီးရောဆိုပြီးမလုပ်ပါနဲ့။ တကယ်လို့သူကငိုနေမယ်၊အကြောက်အကန်ငြင်းနေမယ်ဆိုရင် […]


ကလေးငယ်ပထမနှစ်

20 လအရွယ်ကလေးငယ်

လ၂၀ အရွယ်ကလေးငယ် လ၂၀အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ လ၂၀အရွယ်မှာ သင့်ကလေးဟာ ဝါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်တော့ပြောနိုင်နေပါပြီ။ သူဟာစာအုပ်တွေကိုအရမ်းစိတ်ဝင်စားပါလိမ့်မယ်။ ဒါဟာစာဖတ်ခြင်းကိုအားပေးဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ သင့်ကိုဖတ်ပြခိုင်းစေချင်တဲ့ သူအနှစ်သက်ဆုံးစာအုပ်လည်းရှိနေနိုင်ပါတယ်။ စာအုပ်ထဲကမတူညီတဲ့ ပုံတွေကိုလည်းသူပြပေးနိုင်ပါလိမ့်မယ်။ ဒါဟာသူ့ရဲ့ ပြောဆိုဆက်သွယ်ခြင်းနဲ့ နားလည်သိတတ်မှုစွမ်းရည်တွေ တိုးတက်လာတဲ့ သင်္ကေတပါ။ စာအုပ်ကိုသူကိုယ်တိုင်ကိုင်ထားတာ ကြည့်ခြင်းအားဖြင့် သူ့ရဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တိုးတက်လာတာကိုလည်း မြင်နိုင်ပါတယ်။ ဒါကတကယ်ကောင်းပါတယ်။ စာရွက်တွေကိုလည်းသူကိုယ်တိုင် လှန်ကောင်းလှန်နိုင်ပါလိမ့်မယ်။ ဒီအချက်ကောင်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ကလေးဟာပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာကိုသိနိုင်ပါတယ်။ သူဟာဘောလုံးကိုပစ်နိုင် ကန်နိုင်တဲ့အခြေအနေမှာလည်းရှိနေနိုင်ပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ စာဖတ်ချိန်မှာစာဖတ်ဖို့ စာအုပ်တွေဝယ်ပေးတာပါ။ အိပ်ရာမဝင်ခင်မှာ စာဖတ်ချိန်ဆိုပြီးစီစဉ်ထားရှိပေးနိုင်ပါတယ်။ ဒါကသင့်ကလေးအိပ်ရာမဝင်ခင်မှာ အေးအေးချမ်းချမ်းအနားယူနိုင်ဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါ။ အခြားအချိန်တွေမှာလည်းစာဖတ်ချိန်တွေ ထပ်ထည့်ပေးနိုင်ပါတယ်။ ဥပမာ ကစားချိန်အတွင်းမှာ၊ နေ့လည်မအိပ်ခင်အချိန်မှာနဲ့ ရေအိမ်ဝင်တဲ့အချိန်မှာရောပေါ့။ ပုံအမည်ပေးစာအုပ် ကဗျာစာအုပ် စသဖြင့်လည်းစာအုပ်အမျိုးမျိုးကိုသင်ရွေးချယ်နိုင်ပါသေးတယ်။ သင့်ကလေးကိုစာအုပ်ဆိုင်ခေါ်သွားပြီးသူဘယ်စာအုပ်အမျိုးအစားကို စိတ်ဝင်စားလဲဆိုတာ သိအောင်လုပ်နိုင်ပါတယ်။ စာအုပ်ရွေးချယ်ရာမှာသင့်ကလေးပါ ပါပါစေ။ ဒါကသူ့ကိုစိတ်လှုပ်ရှားပျော်ရွှင်စေမှာပါ။ သင့်ကလေးဟာသူတစ်ယောက်တည်းပိုပြီးရပ်တည်နိုင်လာပါပြီ။ “ကိုယ့်ဖာသာလုပ်မယ်”ဆိုတဲ့စကားတွေကိုစပြောလာပါတော့မယ်။ သင့်ကလေးတွေကိုအလုပ်သေးသေးလေးတွေ […]


ကလေးငယ်ပထမနှစ်

21 လအရွယ်ကလေးငယ်

၂၁လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ သင့်ကလေးကခုဆိုရင် ၂၁လရှိနေပါပြီ။ သင့်ကလေးကအရမ်းကိုသွက်လက်ပြီးဘယ်လိုပြေးတယ်ဆိုတာလေ့လာနေတဲ့အရွယ်လေးပေါ့။ သူတို့ဟာနောက်ပြန်လျှောက်ဖို့နဲ့ လှေကားတက်ဖို့တောင် ကြိုးစားနေချင်ကြပါသေးတယ်။ ကောင်းပါတယ်။ သူ့ရဲ့ကြွက်သားတွေ သန်မာလာပြီးနဲ့ မျက်လုံးနဲ့လက်လှုပ်ရှားမှု အံဝင်ခွင်ကျဖြစ်လာတာပေါ့။ တကယ်လို့သင့်ကလေးကတိတ်တိတ်လေးထိုင်နေတယ်ဆိုရင်လည်းသိပ်စိတ်မပူပါနဲ့။ တစ်ခါတလေမှာသင့်ကလေးက သူ့ပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ နားလည်ဖို့ အချိန်ယူရပါတယ်။ ကလေးအများစုဟာတစ်ရက်တာရဲ့ ၂၀%ကို ဒီလိုလုပ်ခြင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ သင့်ကလေးက လုံးဝတက်တက်ကြွကြွမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ကိုပြောပြပါ။ သင့်ကလေးဟာဘလော့တုံးတွေနဲ့ တာဝါတိုင်ဆောက်တဲ့ ကစားနည်းတွေတတ်နေနိုင်ပြီးစာရွက်ပေါ်မှာဒါမှမဟုတ် နံရံပေါ်မှာလျှောက်ခြစ်နေတတ်ပါပြီ။ ဒါကသူ့ရဲ့ လှုပ်ရှားနိုင်စွမ်းတိုးတက်လာပါ။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကိုလွပ်လွပ်လပ်လပ်ပြေးခိုင်းပြီးလဲကျခိုင်းလိုက်ပါ။ အမေတစ်ယောက်အနေနဲ့ ဒီလိုကြီးလက်လွှတ်လိုက်ရမှာတကယ်ခက်ခဲမှာပါ။ သင့်ကလေးနာကျင်မှာကိုသင်ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါပေမဲ့ သင့်ကလေးဟာလဲကျလေလေ ပြန်လည်ထူထောင်နိုင်လာလေလေပါပဲ။ ဒါဟာသင့်ကလေးလေ့လာသင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်ကလေးဟာပုံတွေဆွဲချင်ပြီးလျှောက်ခြစ်ချင်နေပါလိမ့်မယ်။ သင့်ကလေးကိုစာရွက်လွတ်နဲ့ ရောင်စုံခဲတံတွေပေးပြီးတော့သာဆွဲခိုင်းလိုက်ပါ။ တကယ်လို့များသင်က ကလေးကို marker pen ပေးချင်တယ်ဆိုရင် ဖျက်လို့ရတဲ့ဟာဖြစ်နေပါစေ။ သင့်ကလေးတီထွင်ဖန်တီးမှု ဉာဏ်ရည်ကွန့်မြူးမှု အားကောင်းလာဖို့ ဒီနည်းလမ်းတွေနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ဘာလုပ်မလဲ

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခံရတာ(ဝါ)မုဒိန်းကျင့်ခံရတယ်ဆိုတာဟာအလိုမတူဘဲအတင်းအကျပ်လိင်ဆက်ဆံခံရတာကိုရည်ညွှန်းပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်အခြေအနေဟာကျားမမရွေး၊အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ပြစ်မှုတခုပါ။ စော်ကားခံရသူဟာကျန်းမာရေးစောင့်ရှောက်မှု၊နှစ်သိမ့်အားပေးမှု၊နားလည်ပေးမှုနဲ့စာနာထောက်ပံ့မှုစတာတွေကိုလိုအပ်ပါတယ်။ ကိုယ့်ကလေးမုဒိမ်းကျင့်ခံရမှန်းဘယ်လိုသိနိုင်မလဲ။ ကလေးအများစုဟာလိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အကြောင်းမိဘတွေကိုပြောပြလေ့မရှိပေမယ့်သူတို့လေးတွေနာကျင်ခံစားနေရပြီးအကူအညီလိုအပ်နေကြောင်းကိုအောက်ပါအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ စိတ်တိုစိတ်ဆတ်မယ်၊ဒေါသတကြီးဖြစ်နေမယ်၊ကြောက်နေမယ်။ စိတ်ဓါတ်ကျမယ်၊စိုးရိမ်ပူပန်၊ဂဏှာမငြိမ် ဖြစ်နေမယ်။ လူတွေနဲ့ဝေးရာမှာတယောက်ထဲနေနေမယ်။ အိပ်မပျော်ဖူး။ အရင်ကကြိုက်တဲ့စားနေကျအစားအစာတွေကိုမစားတော့ဖူး။ အာရုံစိုက်နိုင်စွမ်းလျော့နည်းသွားမယ်။ ဒီလက္ခဏာတွေဟာ post-traumatic stress disorder(တခါတလေလည်း rape trauma syndromeလို့ရည်ညွှန်းလေ့ရှိတယ်) လို့ခေါ်တဲ့ (မတော်တဆမှု၊အကြမ်းဖက်ခံရမှု၊လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတို့နောက်မှာကပ်ပါလာတဲ့) စိတ်ဒါဏ်ရာအစုအဝေးရဲ့လက္ခဏာတွေ ဖြစ်တယ်။ တကယ်လို့ဒီလက္ခဏာတွေကိုသင့်ကလေးမှာသတိထားမိတယ်ဆိုရင်ကလေးကို(သမီးလေးပဲ ဖြစ်ဖြစ်၊သားလေးပဲဖြစ်ဖြစ်) နှစ်သိမ့်အားပေးပါ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေသူတို့လေးတွေရဲ့ဘေးမှာမိဘဖြစ်တဲ့သင်ဟာမားမားမတ်မတ်ရပ်တည်ပေးနေမယ်၊ရှိနေမယ်ဆိုတာသူတို့သိထားပါစေ။ လုံခြုံမှုခံစားရပါစေ။ တကယ်လို့သင့်ကလေးအနေနဲ့သင့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြဖို့ ငြင်းဆန်နေဦးမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေဆီခေါ်သွားပြီးဆွေးနွေးတိုင်ပင်ပါ။ ဆေးဝါးကုသမှုခံယူပါ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု (မုဒိမ်းကျင့်ခံရတာ) ကိုအကြမ်းဖျဉ်းအခြေအနေနှစ်မျိုးခွဲခြားနိုင်ပါတယ်။ ပထမတမျိုးက၇၂နာရီအတွင်း ဖြစ်ပွားထားတဲ့ကိစ္စမျိုးပါ။ ကလေးကိုဆေးရုံခေါ်သွားရမှာ ဖြစ်သလိုရဲစခန်းကိုလည်းအကြောင်းကြားရပါမယ်။ ဆေးရုံရောက်တဲ့အခါသင့်ကလေးမှာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိနဲ့အတွင်းပိုင်းဒါဏ်ရာတွေရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာအရေးကြီးတာကဆေးဝါးကုသမှုကိုအချိန်မီခံယူနိုင်ဖို့နဲ့မှန်ကန်လုံလောက်တဲ့သက်သေအထောက်အထားတွေရယူနိုင်ဖို့အတွက်ကလေးကိုရေချိုးမသန့်စင်ပေးမီဆေးရုံကိုခေါ်သွားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ နောက်တမျိုးကလွန်ခဲ့တဲ့၇၂နာရီအကျော်အချိန်တခုခုမှာ ဖြစ်ပွားထားတဲ့ကိစ္စမျိုးတွေပဲ ဖြစ်တယ်။ ဒီလိုအနေအထားမျိုးမှာလည်းရဲကိုအကြောင်းကြားဖို့လိုသလိုကလေးကိုဆေးရုံခေါ်သွားဖို့လည်းလိုအပ်ပါတယ်။ ကလေးကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှာလဲ။ မစမ်းသပ်ခင်မှာဆရာဝန်ဒါမှမဟုတ်လူမှုရေးအကူအညီပေးတဲ့ဝန်ထမ်းတယောက်ကသင့်ကလေးဘာဖြစ်ခဲ့တယ်ဆိုတာကိုနားထောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ပေးခြင်းဟာနောက်ပိုင်းဆက်လက်ကုသမှုနဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါဆရာဝန်အနေနဲ့ခဏနေလို့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးမိဘအုပ်ထိမ်းသူဆီကခွင့်ပြုချက်တောင်းခံမှာ ဖြစ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေသင့်ကလေးမှာရှိနေမနေကိုစစ်ဆေးပါမယ်။ တကယ်လို့မိန်းကလေးဖြစ်မယ်ဆိုရင်မလိုလားအပ်တဲ့ကိုယ်ဝန်ရမလာအောင်သင့်တော်တဲ့ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ပြီးရင်အတွင်းပိုင်းအဂါၤတွေမှာမုဒိမ်းကျင့်ခံရတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဒါဏ်ရာအနာတရတွေရှိမရှိနဲ့သင့်ကလေးရဲ့အဝတ်အစားဒါမှမဟုတ်ခန္ဓါကိုယ်မှာမုဒိမ်းကျင့်သူရဲ့အမွှေးအမျှင်၊အရေပြား၊ခြေသည်းလက်သည်းတွေ၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေရှိမရှိကိုဆက်လက်ရှာဖွေပါလိမ့်မယ်။ ကလေးကိုဆေးခပ်ပြီးလိင်ပိုင်းဆိုင်ရာစော်ကားတာလားသိရအောင်လည်းစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ဒါဏ်ရာအနာတရတွေရှိခဲ့ရင်ဓါတ်ပုံရိုက်ပြီးအထောက်အထားမှတ်တမ်းအဖြစ်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပါ။ မုဒိမ်းကျင့်ခံရသူတွေဟာကြုံတွေ့ခဲ့ရတဲ့အိပ်မက်ဆိုးကြီးကိုနောက်တခေါက်ပြန်မပြောချင်ပါဖူး။ ဒါပေမယ့်ရေရှည်ကိုမျှော်တွေးမယ်ဆိုရင်နားလည်တတ်ကျွမ်းပြီးအထူးလေ့ကျင့်ထားတဲ့ပညာရှင်ဆီကနှစ်သိမ့်ဆွေးနွေးမှုခံယူတာဟာအကောင်းဆုံးအဖြေဖြစ်ပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျပြီးသတ်သေတာမျိုး၊မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်တာမျိုးစတဲ့ဆိုးရွားအန္တရာယ်ရှိတဲ့အဖြစ်အပျက်မျိုးတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို ယုံကြည်မှုတွေရှိလာစေဖို့

ယုံကြည်မှုဆိုတာအောင်မြင်ခြင်းလမ်းကြောင်းရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် မိဘတွေဟာသားသမီးတွေကိုအစကတည်းကယုံကြည်မှုတွေရှိတတ်ဖို့ သင်ပေးသင့်တယ်ဆိုတာ သဘာဝကျပါတယ်။ ကိုယ်ဟာအောင်မြင်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုယုံကြည်နေဖို့ ယုံကြည်မှုတွေပေါ့။ ကလေးတွေဟာသူတို့အရည်အချင်းတွေကိုယုံကြည်သွားတာနဲ့အမျှ ကမ္ဘာပတ်စူးစမ်းဖို့တောင် တွန့်ဆုတ်နေတော့မှာမဟုတ်ဘူးလေ။ အဲ့လိုယုံကြည်မှုတွေရဖို့က လေ့ကျင့်မွေးမြူလို့ရနိုင်တယ်ဆိုတာ သတင်းကောင်းတစ်ခုပဲပေါ့။ ကလေးတွေ မိမိကိုယ်မိမိ ပိုပြီးကောင်းမွန်တဲ့လူတွေဖြစ်လာဖို့ ကြိုးစားအောင် မိဘတွေကလက်ဦးဆရာဖြစ်ပေးသင့်ပါတယ်။ အဲ့လိုတွေလေ့ကျင့်ပေးဖို့ အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေပါ - နေထိုင်သွားလာမှုပုံစံကိုကောင်းမွန်စေခြင်းအားဖြင့် သူတို့ကိုယ်ပိုင်ပုံရိပ်တိုးတတ်ပါစေ နေထိုင်သွားလာတဲ့စနစ်၊ပုံစံတွေကိုအထင်မသေးပါနဲ့။ သင့်တော်တဲ့ပုံရိပ်တွေနဲ့ ကလေးတွေဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။ အစပိုင်းမှာနေထိုင်မှုပုံစံတွေ တမင်ကျင့်ယူရင်းနောက်ပိုင်းအသားကျလာဖို့ သင်ပေးသင့်ပါတယ်။ ခေါင်းကိုမော့ ပုခုံးကိုလျှော့ကာခါးကိုမတ်မတ်ထားပြီးရင်ကိုဖွင့်ထားတာမျိုးပေါ့။ ဒီလိုပုံစံမှန်နေထိုင်ခြင်းဟာသူတို့ကိုယုံကြည်မှုရှိလာစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါစေ ကိုယ်ပိုင်ယုံကြည်မှုတွေတိုးတက်လာဖို့ နည်းကောင်းတစ်ခုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေပေးခြင်းပါ။ သူတို့ဆုံးဖြတ်ရမှာတွေကသူတို့အသက်အလိုက်တော့ သင့်တော်ဖို့လိုတာပေါ့လေ၊ ဒီလိုလေ့ကျင့်မှုမျိုးဟာသူတို့ကိုယ်သူတို့ ပိုအစွမ်းရှိတယ်လို့ခံစားလာရစေပြီးကိုယ်ပိုင်ယုံကြည်မှုတွေတိုးလာစေမှာပါ။ အလွန်အကျွံချီးမွမ်းခြင်းကိုရှောင်ပါ သူတို့ကြိုးစားအားထုတ်မှုတွေ အလျှော့မပေးတတ်တဲ့စိတ်ဓါတ်တွေကိုချီးကျူးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်ပိုင်အစွမ်းအစတွေကိုတော့ အရမ်းမချီးကျူးပါနဲ့ ။ ဒါတွေကိုခဏခဏချီးကျူးတာများသွားရင်တော့ ပြဿနာကြုံရင် သတ္တိမရှိဘဲနေပါလိမ့်မယ်။ အမူအကျင့်ကောင်းဖို့သင်ပြပေးပါ အမူအကျင့်ကောင်းတာနဲ့ ယုံကြည်မှုရှိတာဘယ်လိုသက်ဆိုင်လဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာမျိုး၊ တြားလူတွေနဲ့ ဆက်ဆံတဲ့အခါ သင့်တော်တဲ့အသုံးအနှုန်းနဲ့ ခေါ်ပြောဆက်ဆံတတ်တာမျိုးဟာသူတို့ယုံကြည်မှုတွေ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

ကလေးတွေအတွက်သံဓါတ်က ဘာလို့အရေးကြီးတာလဲ။ သံဓါတ်ဟာကလေးကြီးထွားဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ သံဓါတ်ကအောက်စီဂျင်ကိုအဆုတ်ကနေတစ်ကိုယ်လုံးကိုပို့ဆောင်ပေးပါတယ်။ ပြီးတော့ကြွက်သားတွေအောက်စီဂျင်ကိုသုံးဖို့နဲ့သိုလှောင်ဖို့ကိုကူညီပေးပါသေးတယ်။ သင့်ကလေးကသံဓါတ်ပါသောအစာများမစားပါကသံဓါတ်ချို့တဲ့ခြင်းကိုခံစားရနိုင်ပါတယ်။ အဲဒီအခြေအနေဟာသံဓါတ်ကုန်ခန်းခြင်းကနေသွေးအားနည်းရောဂါအထိအဆင့်ဆင့်ရှိနိုင်ပါတယ်။ သွေးအားနည်းရောဂါဆိုတာကသွေးထဲမှာကျန်းမာတဲ့သွေးနီဥတွေနည်းနေခြင်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကိုမကုသပါကကြီးထွားဖွံ့ဖြိုးုခြင်းကိုထိခိုက်နိုင်ပါတယ်။ ကလေးတွေကသံဓါတ်ဘယ်လောက်စားဖို့လိုသလဲ။ ကလေးတွေအတွက်တစ်နေ့စားသင့်တဲ့သံဓါတ်ပမာဏဟာအောက်ပါအတိုင်းဖြစ်ပါတယ်။ ၇လမှ၁၂လ-တစ်ရက်ကို 11mg ၁နှစ်မှ၃နှစ်-တစ်ရက်ကို 7mg ၄နှစ်မှ၈နှစ်-တစ်ရက်ကို 10mg ၉နှစ်မှ၁၃နှစ်-တစ်ရက်ကို 8mg ၁၄နှစ်မှ၁၈နှစ်(မိန်းကလေး)-တစ်ရက်ကို၁၅mg ၁၄နှစ်မှ၁၈နှစ်(ယောက်ျားလေး)-တစ်ရက်ကို 11mg   သံဓါတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။ သံဓါတ်ချို့တဲ့ခြင်းဟာကလေးတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ ကံမကောင်းစွာဖြင့်ကလေးအများစုမှာသံဓါတ်ချို့တဲ့သောလက္ခဏာမပြပါဘူး။ သွေးအားနည်းရောဂါဖြစ်မှသာသိရပါတယ်။ သွေးအားနည်းခြင်းရဲ့ရောဂါလက္ခဏာတွေကတော့ အသားရောင်ဖျော့နေခြင်း မောပန်းနွမ်းနယ်ခြင်း ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်း အစာစားချင်စိတ်မရှိခြင်း အသက်ရှုမြန်ခြင်းမမှန်ခြင်း အပြုအမူများထူးဆန်းနေခြင်း ဖျားနာလွယ်ခြင်း ရေခဲ၊ဖုန်မှုန့်၊ဆိုးဆေးနဲ့ကော်စတဲ့စားစရာမဟုတ်တဲ့အရာတွေကိုအငမ်းမရစားခြင်း တို့ပဲဖြစ်ပါတယ်။ လပြည့်တဲ့ကလေးတွေအတွက်ကတော့၄လမှာသံဓါတ်အားဖြည့်ဆေးစတိုက်ပါ။ သံဓါတ်ကြွယ်ဝတဲ့cereals၊ချက်ပြုတ်ထားတဲ့အသားတွေတစ်နေ့တစ်ကြိမ်နှစ်ကြိမ်စားနိုင်တဲ့ထိတိုက်ကြွေးပါ။ ကလေးကိုမိခင်နို့ကောနို့မှုန့်ပါတိုက်ကျွေးနေပြီးနို့မှုန့်ကိုအဓိကထားကျွေးနေပါကဆေးဆက်တိုက်ရန်မလိုပါ။ လမပြည့်သေးတဲ့ကလေးတွေအတွက်ကတော့သံဓါတ်အားဖြည့်ဆေးကို၂ပတ်မှာစတိုက်ပေးပါ။၁နှစ်မပြည့်မချင်းဆက်ပေးပါ။ မိခင်နို့နှင့်နို့မှုန့်တိုက်ကျွေးရာတွင်နို့မှုန့်ကိုအဓိကတိုက်ကျွေးပါကဆေးဆက်တိုက်ရန်မလိုပါ။   သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန်အခြားနည်းလမ်းများ သံဓါတ်ကြွယ်ဝတဲ့အစားအစာများကျွေးပါ။ ပုံမှန်အားဖြင့်လေးလမှခြောက်လအတွင်းမှာချက်ပြုတ်ထားတဲ့အသားနဲ့သံဓါတ်အားဖြည့်cerealsတွေကိုကျွေးပေးပါ။ အသက်ပိုကြီးတဲ့ကလေးတွေကိုတော့အနီရောင်ရှိတဲ့အသားများ၊ကြက်သား၊ငါး၊ပဲနှင့်အစိမ်းရောင်ရှိသောအရွက်များကိုကျွေးပေးပါ။ နွားနိအရမ်းမတိုက်ပါနဲ့။ တစ်နှစ်မှငါးနှစ်ကလေးများကိုနို့တစ်လီတာရဲ့လေးပုံသုံပုံထက်ကိုမပိုပါစေနဲ့။ အူမှအစာစုပ်ယူမှုကောင်းအောင်လုပ်ပေးပါ။ ဗီတာမင်စီဟာသံဓါတ်စုပ်ယူမှုကောင်းအောင်လုပ်ပေးမှာပါ။ ဗီတာစီကြွယ်ဝတဲ့အစိမ်းရောင်ရှိတဲ့အရွက်တွေ၊သခွားမွှေး၊ဆစ်ထရစ်ပါတဲ့အသီးများ၊စတော်ဘယ်ရီသီး၊ငရုပ်ကောင်းနဲ့ခရမ်းချဉ်သီးတို့ကိုစားပေးခြင်းအားဖြင့်သံဓါတ်ကိုများများစုပ်ယူစေမှာပါ။ သွေးစစ်ခြင်းအားဖြင့်သံဓါတ်နည်းခြင်းနဲ့သွေးအားနည်းခြင်းတို့ကိုစစ်ဆေးနိုင်မှာပါ။ မွေးကင်းစကလေးငယ်တွေကိုအသက်၉နှစ်မှ၁၂နှစ်အတွင်မှာစစ်ဆေးသင့်ပါတယ်။ သံဓါတ်နည်းနိုင်ခြေရှိတဲ့လူတွေကတော့အသက်ကြီးသွားတဲ့အခါတွေမှာထပ်မံစစ်ဆေးရပါလိမ့်မယ်။ စစ်ဆေးချက်အဖြေကိုကြည့်ကာသံဓါတ်အားဖြည့်ဆေးသောက်ရမလား၊မာတီဗိုက်တာမင်တွေသောက်ရမလားထပ်မံစစ်ဆေးရအုန်းမလားဆိုတာကိုဆရာဝန်ကပြောပြပါလိမ့်မယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


မိခင်နို့တိုက်ကျွေးခြင်း

မိခင်ဖျားနေစဉ် ကလေးကိုမိခင်နို့တိုက်လို့ရသလား

မိခင်နို့တိုက်ကျွေးနေသော မိခင်တစ်ယောက်ဖျားခြင်းသည် ကလေးနို့တိုက်ဖို့အတွက် စိတ်ပူစရာတစ်ခုဖြစ်ပါသည်။ အမှန်တကယ်တော့ မိခင်ဖျားနေစဉ် အချိန်အတွင်း ကလေးအား မိခင်နို့်ဆက်လက်တိုက်ခြင်းသည် ကလေးအတွက် စိတ်ချရရုံ အန္တရာယ်ကင်းရုံသာမက ကလေးအတွက် ပိုမိုပင်အကျိုးရှိစေနိုင်ပါသည်။   မိခင်ဖျားနေပါက ကလေးကို နို့တိုက်နိုင်ပါသလား။ အခြေအနေအများစုတွင် မိခင်နို့တိုက် နိုင်ပါသည။် သင်သည် နှစ်ဆယ့် လေးနာရီပတ်လုံး ဖျားနေမည်ဆိုလျှင် ကလေးကိုပါ အဖျားကူးမှာ စိတ်ပူတတ်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ သို့သော်လည်း မိခင်နို့တိုက်ခြင်းသည် ကလေးငယ်အတွက် တကယ်ပင်ကောင်းမွန်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်ဖျားနေသောအချိန်တွင် သင့်ခန္ဓါကိုယ်သည် ပိုးမွှားများကို တိုက်ခိုက်ပေးမည့် ကိုယ်ခံအားများ တည်ဆောက်နေပါသည်။ ဤဖြစ်စဉ်သည် သင်၏ခန္ဓါကိုယ်တွင် ရောဂါပိုးရှိနေသော ပထမနှစ်ဆယ့်လေးနာရီအတွင်း ဖြစ်ပွားပါသည်။ ကံအားလျော်စွာဖြင့် ပထမနှစ်ဆယ့်လေးနာရီအတွင်း ရောဂါလက္ခဏာများ မပြသေးပါ။ ထိုခုခံအားများသည် သင့်ခန္ဓါကိုယ်ထဲတွင် လေးရက်မှ ငါးရက် အထိ ရှိနေနိုင်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်အများစု၏ ရောဂါလက္ခဏာပြဖို့ကြာချိန်သည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း